(Zawgyi)
ရင္တုန္တယ္ဆိုတာ လူေတာ္ေတာ္မ်ားမ်ား ႀကဳံဖူးတတ္ၾကပါတယ္။
ရင္တုန္တယ္ဆိုတာ ဘာပါလဲ။ အဓိကကေတာ့ ကိုယ့္ႏွလုံးခုန္သံကို ကိုယ္ျပန္သတိထားမိတာပါ။ သာမန္အခ်ိန္ ဆိုႏွလုံးခုန္သံကို သိပ္သတိမထားမိတတ္ဘူး။ ဒါေပမယ့္ အိပ္တဲ့အခါ ေစာင္းအိပ္ရင္ေခါင္းအုံးနဲ႔နားကပ္ေနရင္ ကိုယ့္ႏွလုံးခုန္သံကို ၾကားေနရတယ္။ အဲလိုခံစားမႈမ်ိဳးကို ေျပာတာပါ။
ရင္ခုန္တယ္ဆိုတာ ႏွလုံးခုန္ျမန္တာလည္းျဖစ္ႏိုင္တယ္။ ေႏွးတာလည္းျဖစ္ႏိုင္တယ္။ တစ္ခါတစ္ေလမွျဖစ္တာ လား၊ ေတာက္ေလွ်ာက္ျဖစ္တာလား၊ တစ္ခ်က္တစ္ခ်က္မွျဖစ္တာလား စသျဖင့္သိေနရင္ပိုေကာင္းပါတယ္။
ရင္တုန္တယ္ဆိုရင္ ဘယ္လိုအခ်ိန္ျဖစ္တတ္လဲ ဆိုတာလည္းသိဖို႔လိုပါတယ္။ စိတ္လႈပ္ရွားျခင္း၊ ေၾကာက္လန႔္ ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ ေကာ္ဖီေသာက္ျခင္း၊ စိတ္ႂကြေဆးမ်ားသုံးစြဲျခင္း၊ ေလ့က်င့္ခန္းမ်ားစြာလုပ္ထားျခင္းလည္း ျဖစ္ႏိုင္ပါတယ္။
ရင္တုန္တဲ့အခါ အျခားဘာေတြခံစားရလည္းဆိုတာလဲ သိဖို႔လိုပါတယ္။ ရင္ဘတ္ေအာင့္တာ၊ ေမာတာ၊ ေခါင္းမူး တာ၊ ေခြၽးေစးျပန္ၿပီး ကတုန္ကရင္ျဖစ္တာေတြ၊ ကိုယ္အေလးခ်ိန္က်တာေတြ၊ ပူရွိန္းရွိန္းျဖစ္ၿပီး ဝမ္းေလွ်ာေနတာ ေတြ၊ ေခါင္းကိုက္ၿပီး ျဖဴဖတ္ျဖဴေလွ်ာ္ျဖစ္တာေတြ ရွိမရွိသတိထားပါ။
ရင္တုန္တာက အသက္အ႐ြယ္ေပၚလည္းမူတည္ပါတယ္။ မိသားစုထဲမွာ ႏွလုံးေရာဂါျဖစ္တဲ့သူရွိလား သိဖို႔လိုပါ တယ္။ ႏွလုံးေသြးေၾကာက်ဥ္းတစ္မ်ိဳးတည္း မဟုတ္ပါဘူး။ ႏွလုံးခုန္မမွန္တာမ်ိဳး ရွိခဲ့ရင္ပိုအေရးႀကီးပါတယ္။ ကိုယ္ကိုယ္တိုင္မွာ ႏွလုံးနဲ႔ပတ္သက္ၿပီး တစ္ခုခုျဖစ္ဖူးခဲ့ရင္လည္း အေရးႀကီးပါတယ္။ တခ်ိဳ႕ေသာေသာက္ေဆး မ်ားေၾကာင့္လည္း ျဖစ္တတ္ပါတယ္။
အေကာင္းဆုံးကေတာ့ ရင္တုန္တဲ့အခါ ႏွလုံးကို ECG ဆြဲထားပါ။ ျဖစ္ေနတုန္းဆြဲရင္ ပိုသိႏိုင္ပါတယ္။ တခ်ိဳ႕က ျဖစ္လိုက္ေပ်ာက္လိုက္ဆိုရင္ ေကာင္းတဲ့အခ်ိန္ဆြဲရင္ ဘာမွမေတြ႕ရတာလဲရွိပါတယ္။
ရင္တုန္တယ္ဆိုတာနဲ႔ အသက္ရႈ ရင္တုန္တဲ့ပုံစံ၊ အျခားခံစားရတဲ့ေရာဂါလကၡဏာေတြ၊ အရင္ကျဖစ္ဖူးခဲ့တဲ့ေရာ ဂါေတြ၊ မိသားစုမွာျဖစ္ဖူးထားတဲ့ေရာဂါေတြ၊ စြဲေသာက္ေနရတဲ့ေဆးေတြစသျဖင့္ မူတည္ၿပီး ျဖစ္ႏိုင္တဲ့ေရာဂါ ေတြကိုရွာရပါတယ္။ တျခားစစ္ေဆးမႈေတြလည္း လိုတတ္ပါတယ္။
အခ်ဳပ္ေျပာရရင္ ရင္တုန္တယ္ဆိုတိုင္း ႏွလုံးေရာဂါမဟုတ္ပါဘူး။ တျခားေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ စိတ္ခံစားမႈေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ ခဏခဏျဖစ္ေနတတ္ရင္ေတာ့ ဘာေၾကာင့္ဆိုတဲ့အေၾကာင္းရင္းကို ေသေသခ်ာခ်ာရွာေဖြကုသဖို႔ လိုပါတယ္။
Author – Dr. CST
(Unicode)
ရင်တုန်တယ်ဆိုတာ လူတော်တော်များများ ကြုံဖူးတတ်ကြပါတယ်။
ရင်တုန်တယ်ဆိုတာ ဘာပါလဲ။ အဓိကကတော့ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်သတိထားမိတာပါ။ သာမန်အချိန် ဆိုနှလုံးခုန်သံကို သိပ်သတိမထားမိတတ်ဘူး။ ဒါပေမယ့် အိပ်တဲ့အခါ စောင်းအိပ်ရင်ခေါင်းအုံးနဲ့နားကပ်နေရင် ကိုယ့်နှလုံးခုန်သံကို ကြားနေရတယ်။ အဲလိုခံစားမှုမျိုးကို ပြောတာပါ။
ရင်ခုန်တယ်ဆိုတာ နှလုံးခုန်မြန်တာလည်းဖြစ်နိုင်တယ်။ နှေးတာလည်းဖြစ်နိုင်တယ်။ တစ်ခါတစ်လေမှဖြစ်တာ လား၊ တောက်လျှောက်ဖြစ်တာလား၊ တစ်ချက်တစ်ချက်မှဖြစ်တာလား စသဖြင့်သိနေရင်ပိုကောင်းပါတယ်။
ရင်တုန်တယ်ဆိုရင် ဘယ်လိုအချိန်ဖြစ်တတ်လဲ ဆိုတာလည်းသိဖို့လိုပါတယ်။ စိတ်လှုပ်ရှားခြင်း၊ ကြောက်လန့် ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကော်ဖီသောက်ခြင်း၊ စိတ်ကြွဆေးများသုံးစွဲခြင်း၊ လေ့ကျင့်ခန်းများစွာလုပ်ထားခြင်းလည်း ဖြစ်နိုင်ပါတယ်။
ရင်တုန်တဲ့အခါ အခြားဘာတွေခံစားရလည်းဆိုတာလဲ သိဖို့လိုပါတယ်။ ရင်ဘတ်အောင့်တာ၊ မောတာ၊ ခေါင်းမူး တာ၊ ချွေးစေးပြန်ပြီး ကတုန်ကရင်ဖြစ်တာတွေ၊ ကိုယ်အလေးချိန်ကျတာတွေ၊ ပူရှိန်းရှိန်းဖြစ်ပြီး ဝမ်းလျှောနေတာ တွေ၊ ခေါင်းကိုက်ပြီး ဖြူဖတ်ဖြူလျှော်ဖြစ်တာတွေ ရှိမရှိသတိထားပါ။
ရင်တုန်တာက အသက်အရွယ်ပေါ်လည်းမူတည်ပါတယ်။ မိသားစုထဲမှာ နှလုံးရောဂါဖြစ်တဲ့သူရှိလား သိဖို့လိုပါ တယ်။ နှလုံးသွေးကြောကျဉ်းတစ်မျိုးတည်း မဟုတ်ပါဘူး။ နှလုံးခုန်မမှန်တာမျိုး ရှိခဲ့ရင်ပိုအရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်မှာ နှလုံးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်ဖူးခဲ့ရင်လည်း အရေးကြီးပါတယ်။ တချို့သောသောက်ဆေး များကြောင့်လည်း ဖြစ်တတ်ပါတယ်။
အကောင်းဆုံးကတော့ ရင်တုန်တဲ့အခါ နှလုံးကို ECG ဆွဲထားပါ။ ဖြစ်နေတုန်းဆွဲရင် ပိုသိနိုင်ပါတယ်။ တချို့က ဖြစ်လိုက်ပျောက်လိုက်ဆိုရင် ကောင်းတဲ့အချိန်ဆွဲရင် ဘာမှမတွေ့ရတာလဲရှိပါတယ်။
ရင်တုန်တယ်ဆိုတာနဲ့ အသက်ရှု ရင်တုန်တဲ့ပုံစံ၊ အခြားခံစားရတဲ့ရောဂါလက္ခဏာတွေ၊ အရင်ကဖြစ်ဖူးခဲ့တဲ့ရော ဂါတွေ၊ မိသားစုမှာဖြစ်ဖူးထားတဲ့ရောဂါတွေ၊ စွဲသောက်နေရတဲ့ဆေးတွေစသဖြင့် မူတည်ပြီး ဖြစ်နိုင်တဲ့ရောဂါ တွေကိုရှာရပါတယ်။ တခြားစစ်ဆေးမှုတွေလည်း လိုတတ်ပါတယ်။
အချုပ်ပြောရရင် ရင်တုန်တယ်ဆိုတိုင်း နှလုံးရောဂါမဟုတ်ပါဘူး။ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။ စိတ်ခံစားမှုကြောင့်လည်း ဖြစ်နိုင်တယ်။ ခဏခဏဖြစ်နေတတ်ရင်တော့ ဘာကြောင့်ဆိုတဲ့အကြောင်းရင်းကို သေသေချာချာရှာဖွေကုသဖို့ လိုပါတယ်။
Author – Dr. CST