ဘယ္လိုသိႏိုင္မလဲ ေလျဖတ္ မျဖတ္
ရပ္ကြက္ထဲမွာ ေျပာေနၾက စကားေတြရွိပါတယ္ ေလျဖတ္သြားတယ္ ေလဖ်န္းသြားတယ္ ဆိုၿပီး ေျပာၾကပါတယ္။ အမွန္ေတာ့ ေလျဖတ္တယ္ဆိုတဲ့ စကားလုံးက တစ္မ်ိဳးထဲရွိေပမယ့္ တကယ္ျဖစ္ႏိုင္တာက ဦးေႏွာက္ကိုသြားတဲ့ ေသြးေၾကာေပါက္ျခင္း (Intracerebral haemorrhage) ႏွင့္ ေသြးခဲျဖင့္ ေသြးေၾကာပိတ္ျခင္း (Cerebral Infarct) ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္ ။
ကုသမႈျခင္း ကလုံးဝ မတူပါဘူး ။ ေသြးေၾကာေပါက္တာလား ေသြးေၾကာပိတ္တာလား သိခ်င္ရင္ ဦးေႏွာက္ ကြန္ပ်ဴတာ ဓာတ္မွန္(CT)႐ိုက္မွသိႏိုင္ပါတယ္။ ေဆး႐ုံကို အျမန္ဆုံးလာေရာက္ဖို႔ လိုအပ္ပါတယ္။ ေသြးေၾကာပိတ္ျခင္းေၾကာင့္ ဦေႏွာက္ေသြးမေရာက္ျခင္း ဟာ CT မွာ အရမ္းေစာရင္ မေပၚေသးတာ မျမင္ရတာျဖစ္ႏိုင္ပါတယ္ ။
ဘယ္လိုသိႏိုင္ လဲ ဆိုေတာ့ လူနာဟာ အေကာင္းႀကီးကေန ႐ုတ္တရတ္ ကိုယ္တစ္ျခမ္း ေလးျခင္း၊ ကိုယ္တစ္ျခမ္း မလႈပ္ရွားႏိုင္ေတာ့ျခင္း၊ စကားေျပာမပီသျခင္း၊ မ်က္ႏွာတစ္ျခမ္း ႏွင့္တစ္ျခမ္း မညီေတာ့ ျခင္း၊ တက္ျခင္း၊ သတိလစ္ျခင္း၊ ခံစားရၿပီဆိုရင္ မေပါ့ဆသင့္ပါဘူး ။ အထူးသျဖင့္ ေသြးတိုး ေရာဂါ၊ ဆီးခ်ိဳ၊ ေသြးက်ဲေဆးေသာက္ေနရသူမ်ား အထူးဂ႐ုစိုက္သင့္ပါတယ္။
ေသြးေၾကာပိတ္ျခင္းဟာ တစ္ခါတစ္ေလ သိသိသာသာ ေရာဂါလကၡဏာ မျပတတ္တာေတြရွိပါတယ္ ။ ေသခ်ာစမ္းသပ္စစ္ေဆးမွ သိႏိုင္တာေတြရွိသလို ေသြးေၾကာပိတ္တဲ့ေနရာေပၚမူတည္ၿပီး ဦေႏွာက္မွာ ေနရာမ်ားမ်ား ေသြးမေရာက္ရင္ သတိလစ္ေမ့ေျမာတဲ့ အထိျဖစ္ႏိုင္ပါတယ္။ ေလျဖတ္ျခင္း ရဲ႕ လကၡဏာေတြ သိရွိၿပီဆိုရင္ သတိထား ဂ႐ုစိုက္ ၾကရန္ အသိေပးလိုက္ရပါတယ္။
Author : Dr. Lynn
ဘယ်လိုသိနိုင်မလဲ လေဖြတ် မဖြတ်
ရပ်ကွက်ထဲမှာ ပြောနေကြ စကားတွေရှိပါတယ် လေဖြတ်သွားတယ် လေဖျန်းသွားတယ် ဆိုပြီး ပြောကြပါတယ်။ အမှန်တော့ လေဖြတ်တယ်ဆိုတဲ့ စကားလုံးက တစ်မျိုးထဲရှိပေမယ့် တကယ်ဖြစ်နိုင်တာက ဦးနှောက်ကိုသွားတဲ့ သွေးကြောပေါက်ခြင်း (Intracerebral haemorrhage) နှင့် သွေးခဲဖြင့် သွေးကြောပိတ်ခြင်း (Cerebral Infarct) ဆိုပြီး နှစ်မျိုးရှိပါတယ် ။
ကုသမှုခြင်း ကလုံးဝ မတူပါဘူး ။ သွေးကြောပေါက်တာလား သွေးကြောပိတ်တာလား သိချင်ရင် ဦးနှောက် ကွန်ပျူတာ ဓာတ်မှန်(CT)ရိုက်မှသိနိုင်ပါတယ်။ ဆေးရုံကို အမြန်ဆုံးလာရောက်ဖို့ လိုအပ်ပါတယ်။ သွေးကြောပိတ်ခြင်းကြောင့် ဦနှောက်သွေးမရောက်ခြင်း ဟာ CT မှာ အရမ်းစောရင် မပေါ်သေးတာ မမြင်ရတာဖြစ်နိုင်ပါတယ် ။
ဘယ်လိုသိနိုင် လဲ ဆိုတော့ လူနာဟာ အကောင်းကြီးကနေ ရုတ်တရတ် ကိုယ်တစ်ခြမ်း လေးခြင်း၊ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်တော့ခြင်း၊ စကားပြောမပီသခြင်း၊ မျက်နှာတစ်ခြမ်း နှင့်တစ်ခြမ်း မညီတော့ ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ ခံစားရပြီဆိုရင် မပေါ့ဆသင့်ပါဘူး ။ အထူးသဖြင့် သွေးတိုး ရောဂါ၊ ဆီးချို၊ သွေးကျဲဆေးသောက်နေရသူများ အထူးဂရုစိုက်သင့်ပါတယ်။
သွေးကြောပိတ်ခြင်းဟာ တစ်ခါတစ်လေ သိသိသာသာ ရောဂါလက္ခဏာ မပြတတ်တာတွေရှိပါတယ် ။ သေချာစမ်းသပ်စစ်ဆေးမှ သိနိုင်တာတွေရှိသလို သွေးကြောပိတ်တဲ့နေရာပေါ်မူတည်ပြီး ဦနှောက်မှာ နေရာများများ သွေးမရောက်ရင် သတိလစ်မေ့မြောတဲ့ အထိဖြစ်နိုင်ပါတယ်။ လေဖြတ်ခြင်း ရဲ့ လက္ခဏာတွေ သိရှိပြီဆိုရင် သတိထား ဂရုစိုက် ကြရန် အသိပေးလိုက်ရပါတယ်။
Author : Dr. Lynn