fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဈေးကြီးမှ လှနိုင်မှာတဲ့လား…

181
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/03/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ေဈးႀကီးမွ လွႏိုင္မွာတဲ့လား…

” ျဖစ္ၿပီ… နည္းနည္းမေအးလိုက္နဲ႔… ဒီ အသားေတြက ကြာၿပီ”

လက္ဖဝါးက အဖတ္လိုက္ျဖစ္ေနေသာ အေရခြံေတြကိုဆြဲခြာရင္း OT ( ခြဲခန္း ) ထဲက nurse aid ( သူနာျပဳ အကူ) ေလး ေအးစု က ေအာ္ညည္းေလးညည္း သည္။

ျမင္ေနရေတာ့ ေဒါက္တာႏွင္း မေနႏိုင္… ” ဟဲ့ ေလွ်ာက္မခြာနဲ႔… Lotion ျဖစ္ျဖစ္ hand cream ျဖစ္ျဖစ္ အဆီ တစ္ခုခုလိမ္းထား” ဆိုေတာ့ ေအးစု က သူမ ကို မ်က္လုံးျပဴးေလးနဲ႔ ျပန္ၾကည့္ၿပီး ေျပာရွာသည္..

” မမ ေျပာတဲ့ ဟာေတြက ေဈးႀကီးတယ္ဆို… ၿပီးေတာ့ နာမည္ေတြလည္း မသိေပါင္”

ဟုတ္ေတာ့ ဟုတ္သား… ေဆး႐ုံခြဲခန္းထဲ တစ္ေနကုန္ေန… တိုက္ခြၽတ္ေလွ်ာ္ဖြတ္ေဆးေၾကာ … ညေနမွျပန္တဲ့ ေအးစုလို ကေလးေတြခင္မ်ာ ဒီလို အလွကုန္ေတြ ဘယ္တတ္ႏိုင္ပါ့မတုံး”

မေန႔ကလည္း နီမာ ညည္းၿပီးၿပီ… မ်က္ႏွာေတြ ေျခာက္ လာလို႔တဲ့… လိမ္းစရာကလည္း သနပ္ခါးဘူးဖိုးသာသာေလာက္ပဲတတ္ႏိုင္တယ္ ဆိုၿပီး သူတို႔ အခ်င္းခ်င္းေျပာေနတာၾကားသည္။ ကဲ… ကိုယ္တတ္သေလာက္ဆရာလုပ္ဦးမွပါ!

” ေအးစု… နီမာေရာ??”

” ေနာက္ေဖးမယ္ instrument ေဆးေနတယ္ မမ”

” ေအး… ၿပီးရင္ ၂ ေယာက္လုံး မီးဖိုထဲလာ… မုန႔္ဝယ္ထားတယ္”

ေဒါက္တာႏွင္း က ေဆး႐ုံဂ်ဴတီက်လို႔ အားၿပီဆိုတာနဲ႔ OT ထဲက မီးဖို မွာ ဝန္းထမ္းေလးေတြနဲ႔စကားေျပာရင္း သူတို႔ကို မုန႔္ေကြၽးရသည္။ ဒီအရပ္ေဒသရဲ႕ မ႐ိုးႏိုင္တဲ့ သတင္းမ်ားကိုလည္း သူတို႔ဆီကပင္ ၾကားသိ အပ်င္းေျပရသည္။

” မမ…ေခၚတယ္ဆိုလို႔”

” ေအး..မုန႔္လာစား… ေခ်ာကလက္ကိတ္ နဲ႔ ေကာ္ဖီ… မာလာေရာ”

“မာလာဂ်ဴတီ မဟုတ္ဘူး မမ”

” အမက ညည္းတို႔ကို လွနည္းပနည္းေပးမလို႔”

” အယ္ေတာ္…” ၂ ေယာက္ စလုံး ၿပဳံးစိစိနဲ႔ရယ္က်သည္။

” ေဆာင္းတြင္းေရာက္လာၿပီ… နီမာ ဆို ဟိုေန႔က ညည္းေနတာ… မ်က္ႏွာေတြ ေျခာက္ၿပီး ႏႈတ္ခမ္းေတြ ကြဲသတဲ့… ေအးစု က လက္အေရခြံေတြကြာ… အဲဒါ မသက္သာခ်င္ဘူးလား”

” သက္သာခ်င္တာေပါ့ မမ ရယ္…Facebook သုံးရင္ … ဟိုဟာသုံးၿပီး ဟိုလိုလုပ္ပါ ဒီဟာသုံးၿပီး ဒီလိုလုပ္ပါနဲ႔… တစ္ခုမွလည္း ကြၽန္မတို႔ မဝယ္ႏိုင္”

” အို… ေဈးႀကီးမွ လွႏိုင္တာ မဟုတ္ပါဘူးေအ့… အမ နည္းေျပာျပမယ္… လုပ္မလား”

” ပိုက္ဆံ သိပ္မကုန္ရင္ လုပ္မွာေပါ့ မမရဲ႕… ဒါေပမဲ့ ကြၽန္မတို႔မလည္း ၂၀၀၀ /၃၀၀၀ အျပင္ မတတ္ႏိုင္ဘူး”

“ေအးပါဟဲ့…. ငါလည္း ေဈးႀကီးတဲ့နည္း မေပးပါဘူး… နားေထာင္… ခု ေဆာင္းတြင္းက ၁ လ က်န္ေသးေတာ့ အဲဒါနဲ႔ ကိုက္တာေလး ေျပာျပမယ္

မနက္ ညည္းတို႔မ်က္ႏွာသစ္ရင္… ဘာနဲ႔သစ္လဲ??”

“ႀကဳံတဲ့ဆပ္ျပာပဲ… ႀကဳံရာသုံးတာ”

” အဲလိုမလုပ္ရဘူး… မ်က္ႏွာ အေရျပားက ခႏၶာကိုယ္ အေရျပားနဲ႔မတူဘူး… ဆပ္ျပာ အေပ်ာ့စား သုံးရမွာ! ေဈးႀကီးတာဝယ္စရာမလိုဘူး… ကေလးဆပ္ျပာဆိုရၿပီ… Baby mild တို႔ဘာတို႔ ၾကားဖူးတယ္မွတ္လား?? အဲဒါမသုံးႏိုင္ဘူးဆိုရင္ မနက္ပိုင္းကို ႐ိုး႐ိုးေရနဲ႔ပဲသစ္…”

” ဟာ…မမ ကလည္း…အဆီေတြနဲ႔”

” အဲအဆီကိုလိုခ်င္လို႔ေပါ့ဟဲ့… အဲ အဆီမရွိလို႔ နင္တို႔မ်က္ႏွာေတြ ေျခာက္ကပ္ေနတာေပါ့! အိပ္တဲ့အခ်ိန္ မ်က္ႏွာမွာ သဘာဝ အဆီေလးေတြထြက္တယ္… မနက္က်ရင္ၾကည့္လိုက္ အဆီေလး နဲ႔ မ်က္ႏွာေလးက စိုေနေရာ…. သဘာဝ အဆီ ေကာင္းမွေကာင္း … တမင္ေတာင္လိမ္းစရာမလိုဘူး… မနက္ပိုင္းက မ်က္ေခ်းစင္ေအာင္နဲ႔ နည္းနည္းသန႔္ၿပီးလန္းေအာင္က ေရနဲ႔ေသခ်ာသစ္ရင္ရၿပီ! တကယ္သစ္ဖို႔လိုတာ ညပိုင္းပဲ… တစ္ေန႔လုံးေလွ်ာက္သြားထား… ဖုံေတြ ေနေတြ ထိထားတာ… ညကိုေသခ်ာသစ္ရတယ္… အဲဒီ့က်ဆပ္ျပာသုံးေပါ့.. ႐ိုး႐ိုးဆပ္ျပာဆို နည္းနည္းနဲ႔ နံွ႔ေအာင္ေသခ်ာေဆး..ဆပ္ျပာကို အတုံးလိုက္ကိုင္ၿပီးမ်က္ႏွာေပၚမတိုက္ရဘူး..လက္ထဲ အရင္အျမဳပ္ထြက္ေအာင္ပြတ္ ၿပီးမွ အဲ့အျမဳပ္နဲ႔ မ်က္ႏွာကို ပြတ္ရတယ္။ အဲလိုသစ္ၿပီးမွအိပ္ပါ့ ….. တကယ္ဆို အဲအခ်ိန္ အစိုဓာတ္ျဖည့္ေပးႏိုင္ရင္ပိုေကာင္းတယ္..သဘာဝပစၥည္းနဲ႔ပဲ..သခြားသီးေပါ့… အတြင္းသားျဖစ္စရာမလိုဘူး… ညည္းတို႔ တို႔စရာအျဖစ္ဝယ္တဲ့ အခါ အခြံ ကိုသိမ္းထား.. ေရနဲ႔ေသခ်ာေဆးၿပီး မ်က္ႏွာကပ္အိပ္… မနက္က် ေရေလးနဲ႔ပဲေဆးခ်႐ုံပဲ.. ရွားေစာင္းလက္ပတ္ဆိုလည္းရတယ္… အမ ဟိုေန႔က ေဈးထဲမယ္ေတြ႕တာ.. အပင္လိုက္ေတြ တစ္ပင္ ၅၀၀ ပဲ…တစ္ပင္ေလာက္ဝယ္ၿပီးေျမအိုးအေသးေလးနဲ႔စိုက္ထားရင္ တစ္အိမ္လုံးေပါင္းတင္လို႔ရတယ္”

” ဟယ္ … အဟုတ္လား??”

” ေအးေပါ့… ေနာက္ ၿပီး … မာလာဆို မ်က္ႏွာမွာ အဖု ေသးေသးေလးေတြ အားႀကီးပဲ… ဆားဝက္ၿခံ ေခါင္းျဖဴေလးေတြ… အဲဒါ ေခြၽးေပါက္ေတြ ပိတ္ဆို႔လို႔.. ၿပီးေတာ့ အဲေကာင္မေလးၾကည့္လိုက္ရင္ တစ္ခ်ိန္လုံုး မ်က္ႏွာကို ဟိုကိုင္ ဒီကိုင္နဲ႔… အဲလိုဆိုတစ္သက္လုံးမေပ်ာက္ဘူး”

” ဟုတ္ပ မမေရ… သူဆို စတိုးမွာေရာင္တဲ့ ဝက္ၿခံလိမ္းေဆးေတြ လိမ္းတာ… ျဖဴျဖဴ အေတာင့္ေတြေရာ… ဘူးေတြေရာ..ေပ်ာက္လည္းမေပ်ာက္ႏိုင္ဘူး”

” အဲလို ေပါက္ကရဝယ္လိမ္းရင္ ေနာက္ပိုဆိုးလာမွာ… အဲေဆးေတြက ၂ မ်ိဳးပဲ ျဖစ္ႏိုင္တယ္.. ပိုးသတ္ေဆး ျဖစ္ရင္ျဖစ္ ဒါမွ မဟုတ္ steroid ပဲ..! ပိုးသတ္ေဆးဆို လိမ္းနည္းမမွန္ရင္.. ေဆးယဥ္တာ …ပိုပြားလာတာမ်ိဳးျဖစ္တတ္တယ္! Steroid ကေတာ့ သုံးကို မသုံးသင့္တာ.. ေနာက္ပိုင္း steroid အျပင္းစားပါတဲ့ လိမ္းေဆးေတြ ေဈးကြက္ထဲမွာ မိတဲ့သတင္း အမေတာ့ ခဏခဏ ၾကားရတယ္…အဲ့ဒီ ေဆးက သုံးတုန္းခဏေတာ့ သက္သာ သလိုလို နဲ႔ အသားေလး ေခ်ာသြားမယ္.. ေဆးရပ္လိုက္တာနဲ႔ ဝက္ၿခံႀကီးေတြကန္ထြက္ၿပီး အသားအေရလည္းပ်က္စီးတာပဲ”

“ေၾကာက္စရာႀကီးေရာ…မာလာ့ကို ျပန္ေျပာဦးမွပါ”

” ေျပာလိုက္ … ေပ်ာက္ခ်င္ရင္… ေရေႏြးေငြ႕ခံလို႔ .. ညဘက္မ်က္ႏွာသစ္ၿပီးတဲ့ အခါ ေရေႏြးဆူဆူကို ဓာတ္ဘူး အေသးထဲထည့္.. ၿပီးရင္ ဓာတ္ဘူးအဝ ကိုဖြင့္ ကိုယ့္မ်က္ႏွာနဲ႔ ႏွစ္ထြာေလာက္မွာထားၿပီး မ်က္လုံးေလးမွိတ္ထားေပး ၿပီးရင္ မ်က္ႏွာ အႏွံ႔ ေရေႏြးေငြ႕ေလးလာ႐ိုက္ေအာင္ မ်က္ႏွာေလးကို ဟိုဘက္ဒီဘက္ လွည့္ေပး… ၃ မိနစ္ေလာက္ဆိုရၿပီ! ေနာက္တစ္ခုက ဆားဆိုဒါ/ မုန႔္ဖုန္ဆိုဒါေပါ့… ေဈးထဲမွာဝယ္လို႔ရတယ္ ၁၀၀ /၂၀၀ ဖိုးေတာင္ဝယ္လို႔ရတယ္.. အဲဒါေလး ေရေလးနဲ႔ပ်စ္ပ်စ္ေဖ်ာ္လိမ္း… အဆီဖုေတြ ပါးလိုက္လာၿပီး ေနာက္ေပ်ာက္တာပဲ”

“ဟယ္… မိုက္တယ္”

ေနာက္ၿပီး… ေအးစု လက္ အေရခြံေတြကြာ.. အသားေျခာက္တယ္ေနာ္?? အဲဒါေလ… အလွဆီ (glacerine) ဝယ္လိမ္း.. အရင္ ဝင္းသူဇာမွာေရာင္းတယ္..၁ ဘူးမွ ၁၀၀၀ လားပဲ! ခုေတာ့ ေဈးထဲမွာ ဘူးအေသးေလးေတြေရာင္းေနတာေတြ႕တယ္.. ၅၀၀ တဲ့။ အဲဒါ တစ္ကိုယ္လုံးလိမ္းလို႔ရတယ္။ အုန္းဆီနဲ႔ေရာၿပီးေအးလို႔ခဲသြားရင္ႏႈတ္ခမ္းလိမ္းလို႔ရတယ္။အရည္ေပ်ာ္လည္းေပ်ာ္တဲ့အတိုင္းလိမ္းလို႔ရတယ္။ မဟုတ္က ဟုတ္က အေပါစား အလွကုန္ေတြထက္ေတာ့ အႏၲရာယ္ကင္းတယ္.. ေဈးလည္းခ်ိဳတယ္!”

“အဲဒါဝယ္မယ္…၅၀၀ နဲ႔တစ္ကိုယ္လုံးလိမ္းလို႔ရ..တန္တာေပါ့!”

” ၿပီးေတာ့ ညည္းတို႔ သနပ္ခါး ကိုေလ… ဘူးေတြဝယ္.. အဆင္သင့္ခဲေတြဝယ္ၿပီး မ်က္ႏွာမလိမ္းစမ္းနဲ႔! ေျခလက္ ေနကာ အေနနဲ႔ လိမ္းခ်င္လိမ္း.. မ်က္ႏွာကိုေတာ့ သနပ္ခါးတုံးပဲေသြးလိမ္းၾကစမ္းပါ… မပ်င္းပါနဲ႔ေအ! ၿပီးေတာ့ ေက်ာက္ပ်ဥ္ကို သန႔္ေအာင္ထား … ၁ ပတ္တစ္ခါ သနပ္ခါးတုံးေရာ ေက်ာက္ပ်ဥ္ေရာေဆး…ေနလွမ္း .. ၿပီးရင္ ေက်ာက္ပ်ဥ္ကို ပက္လက္ႀကီးအတိုင္းဖြင့္မထားနဲ႔..ႏွီးဖုံးေလးဝယ္ဖုံး… သနပ္ခါးတုံးကိုလည္းအိတ္ႂကြပ္ အသန႔္ေလးနဲ႔ထည့္ခ်ည္… အမဆို သနပ္ခါးတုန္းအေသးေလးထည့္ဖို႔ ဇစ္နဲ႔အိတ္ေလးဝယ္ထားတယ္..၅၀၀ ပဲလားေပးရတာ!ၿပီးေတာ့ ေသြးတဲ့ေရ… ေရသန႔္ပဲသုံး..တစ္ပတ္တစ္ခါ ဘူးေလးလဲေပး”

“မမေျပာမွေတြးမိတယ္.. ဖုံေတြတက္ေနမွာေနာ့ ဒီတိုင္းဆို”

“ေအးေပါ့..တို႔ေတြဆီမယ္ သနပ္ခါးနဲ႔မွ မကင္းႏိုင္ပဲေလ… ဒီဟာသန႔္ွမွ အေရျပားအႏၲရာယ္မျဖစ္မွာေပါ့!

ေနာက္ဆုံး အေနနဲ႔ ၃ ခုေျပာမယ္! ေရမ်ားမ်ားေသာက္ဖို႔ရယ္၊ ဝမ္းခ်ဳပ္မခံဖို႔ရယ္၊ သန္မွန္မွန္ခ်ဖို႔ရယ္ပဲ

ေရက တစ္ေန႔ ၃ လီတာနဲ႔ အထက္ေသာက္ႏိုင္ရင္ နင္ အေရျပားေပၚက အမ်ားႀကီးလိမ္းေနစရာေတာင္မလိုဘူး… သူ႔ဟာသူ အသားအေရကလွေနမွာ!”

” ဟယ္… အဟုတ္ႀကီး??”

” အမဆို ေရသန႔္ ၃ ပုလင္း ထုတ္ၿပီးစားပြဲေပၚေထာင္ထားတယ္… မကုန္မခ်င္းေသာက္တယ္… သြားေလရာ ေရဘူးေဆာင္တယ္! အဲဒါ အသားအေရလွတယ္…ကိုယ္ေရလည္း စစ္တယ္!တစ္ခုပဲ… ထမင္းစားၿပီး ခါစ ကိုေတာ့ ေရ အမ်ားႀကီးနင့္ေအာင္မေသာက္နဲ႔ေပါ့”

” နီမာေရ…ကိုယ္ေရစစ္တယ္တဲ့ေဟ့”

“စြတ္စားရင္ေတာ့ အာမ မခံဘူးေနာ္….” ဆိုေတာ့ ၂ ေယာက္သား တဟီးဟီးနဲ႔ရယ္ၾကျပန္သည္။

“ေနာက္ၿပီးဝမ္းမွန္ဖို႔လိုတယ္… လူမွာ အပုပ္စုေနရင္ အသားအေရ မၾကည္ေတာ့ဘူး…ေနလို႔လည္းမေကာင္းေတာ့ဘူး……ၿပီးေတာ့ သန္တြယ္ေနရင္လည္း ခႏၶာကိုယ္က တုံ႔ျပန္ တဲ့ အေနနဲ႔ ဝက္ၿခံထြက္တတ္တယ္… အလွပ်က္တာေပါ့ေလ… သန္ခ်ေဆးမွွ ၁၀၀၀ ပဲ… တစ္ခါေသာက္ၿပီးရင္ ၆ လခံတယ္။”

” ဟုတ္… ဒီညျပန္ရင္ အမ ေျပာတဲ့နည္းနဲ႔ မ်က္ႏွာသစ္မယ္… သခြားသီးဝယ္မယ္… အလွဆီ… သန္ခ်ေဆး… ေနာက္ၿပီးဘာ.. နီမာ??”

” ရွားေစာင္းလက္ပက္ပင္ေလ… ငါလည္းစိုက္မွာ… ၿပီးေတာ့ ဆားဆိုဒါ ၂၀၀ ဖိုး… ေရေႏြးနဲ႔ေပါင္းတင္ၿပီး လိမ္းဖို႔”

အခ်င္းခ်င္း အခ်ီအခ်ေျပာေနလိုက္ၾကတာ ေဖ်ာ္တိုက္ထားတဲ့ ေကာ္ဖီေတြလည္း ေအးလို႔……။

 

ႏွင္းႏုေအး

 

ဈေးကြီးမှ လှနိုင်မှာတဲ့လား…

” ဖြစ်ပြီ… နည်းနည်းမအေးလိုက်နဲ့… ဒီ အသားတွေက ကွာပြီ”

လက်ဖဝါးက အဖတ်လိုက်ဖြစ်နေသော အရေခွံတွေကိုဆွဲခွာရင်း OT ( ခွဲခန်း ) ထဲက nurse aid ( သူနာပြု အကူ) လေး အေးစု က အော်ညည်းလေးညည်း သည်။

မြင်နေရတော့ ဒေါက်တာနှင်း မနေနိုင်… ” ဟဲ့ လျှောက်မခွာနဲ့… Lotion ဖြစ်ဖြစ် hand cream ဖြစ်ဖြစ် အဆီ တစ်ခုခုလိမ်းထား” ဆိုတော့ အေးစု က သူမ ကို မျက်လုံးပြူးလေးနဲ့ ပြန်ကြည့်ပြီး ပြောရှာသည်..

” မမ ပြောတဲ့ ဟာတွေက ဈေးကြီးတယ်ဆို… ပြီးတော့ နာမည်တွေလည်း မသိပေါင်”

ဟုတ်တော့ ဟုတ်သား… ဆေးရုံခွဲခန်းထဲ တစ်နေကုန်နေ… တိုက်ချွတ်လျှော်ဖွတ်ဆေးကြော … ညနေမှပြန်တဲ့ အေးစုလို ကလေးတွေခင်မျာ ဒီလို အလှကုန်တွေ ဘယ်တတ်နိုင်ပါ့မတုံး”

မနေ့ကလည်း နီမာ ညည်းပြီးပြီ… မျက်နှာတွေ ခြောက် လာလို့တဲ့… လိမ်းစရာကလည်း သနပ်ခါးဘူးဖိုးသာသာလောက်ပဲတတ်နိုင်တယ် ဆိုပြီး သူတို့ အချင်းချင်းပြောနေတာကြားသည်။ ကဲ… ကိုယ်တတ်သလောက်ဆရာလုပ်ဦးမှပါ!

” အေးစု… နီမာရော??”

” နောက်ဖေးမယ် instrument ဆေးနေတယ် မမ”

” အေး… ပြီးရင် ၂ ယောက်လုံး မီးဖိုထဲလာ… မုန့်ဝယ်ထားတယ်”

ဒေါက်တာနှင်း က ဆေးရုံဂျူတီကျလို့ အားပြီဆိုတာနဲ့ OT ထဲက မီးဖို မှာ ဝန်းထမ်းလေးတွေနဲ့စကားပြောရင်း သူတို့ကို မုန့်ကျွေးရသည်။ ဒီအရပ်ဒေသရဲ့ မရိုးနိုင်တဲ့ သတင်းများကိုလည်း သူတို့ဆီကပင် ကြားသိ အပျင်းပြေရသည်။

” မမ…ခေါ်တယ်ဆိုလို့”

” အေး..မုန့်လာစား… ချောကလက်ကိတ် နဲ့ ကော်ဖီ… မာလာရော”

“မာလာဂျူတီ မဟုတ်ဘူး မမ”

” အမက ညည်းတို့ကို လှနည်းပနည်းပေးမလို့”

” အယ်တော်…” ၂ ယောက် စလုံး ပြုံးစိစိနဲ့ရယ်ကျသည်။

” ဆောင်းတွင်းရောက်လာပြီ… နီမာ ဆို ဟိုနေ့က ညည်းနေတာ… မျက်နှာတွေ ခြောက်ပြီး နှုတ်ခမ်းတွေ ကွဲသတဲ့… အေးစု က လက်အရေခွံတွေကွာ… အဲဒါ မသက်သာချင်ဘူးလား”

” သက်သာချင်တာပေါ့ မမ ရယ်…Facebook သုံးရင် … ဟိုဟာသုံးပြီး ဟိုလိုလုပ်ပါ ဒီဟာသုံးပြီး ဒီလိုလုပ်ပါနဲ့… တစ်ခုမှလည်း ကျွန်မတို့ မဝယ်နိုင်”

” အို… ဈေးကြီးမှ လှနိုင်တာ မဟုတ်ပါဘူးအေ့… အမ နည်းပြောပြမယ်… လုပ်မလား”

” ပိုက်ဆံ သိပ်မကုန်ရင် လုပ်မှာပေါ့ မမရဲ့… ဒါပေမဲ့ ကျွန်မတို့မလည်း ၂၀၀၀ /၃၀၀၀ အပြင် မတတ်နိုင်ဘူး”

“အေးပါဟဲ့…. ငါလည်း ဈေးကြီးတဲ့နည်း မပေးပါဘူး… နားထောင်… ခု ဆောင်းတွင်းက ၁ လ ကျန်သေးတော့ အဲဒါနဲ့ ကိုက်တာလေး ပြောပြမယ်

မနက် ညည်းတို့မျက်နှာသစ်ရင်… ဘာနဲ့သစ်လဲ??”

“ကြုံတဲ့ဆပ်ပြာပဲ… ကြုံရာသုံးတာ”

” အဲလိုမလုပ်ရဘူး… မျက်နှာ အရေပြားက ခန္ဓာကိုယ် အရေပြားနဲ့မတူဘူး… ဆပ်ပြာ အပျော့စား သုံးရမှာ! ဈေးကြီးတာဝယ်စရာမလိုဘူး… ကလေးဆပ်ပြာဆိုရပြီ… Baby mild တို့ဘာတို့ ကြားဖူးတယ်မှတ်လား?? အဲဒါမသုံးနိုင်ဘူးဆိုရင် မနက်ပိုင်းကို ရိုးရိုးရေနဲ့ပဲသစ်…”

” ဟာ…မမ ကလည်း…အဆီတွေနဲ့”

” အဲအဆီကိုလိုချင်လို့ပေါ့ဟဲ့… အဲ အဆီမရှိလို့ နင်တို့မျက်နှာတွေ ခြောက်ကပ်နေတာပေါ့! အိပ်တဲ့အချိန် မျက်နှာမှာ သဘာဝ အဆီလေးတွေထွက်တယ်… မနက်ကျရင်ကြည့်လိုက် အဆီလေး နဲ့ မျက်နှာလေးက စိုနေရော…. သဘာဝ အဆီ ကောင်းမှကောင်း … တမင်တောင်လိမ်းစရာမလိုဘူး… မနက်ပိုင်းက မျက်ချေးစင်အောင်နဲ့ နည်းနည်းသန့်ပြီးလန်းအောင်က ရေနဲ့သေချာသစ်ရင်ရပြီ! တကယ်သစ်ဖို့လိုတာ ညပိုင်းပဲ… တစ်နေ့လုံးလျှောက်သွားထား… ဖုံတွေ နေတွေ ထိထားတာ… ညကိုသေချာသစ်ရတယ်… အဲဒီ့ကျဆပ်ပြာသုံးပေါ့.. ရိုးရိုးဆပ်ပြာဆို နည်းနည်းနဲ့ နံှ့အောင်သေချာဆေး..ဆပ်ပြာကို အတုံးလိုက်ကိုင်ပြီးမျက်နှာပေါ်မတိုက်ရဘူး..လက်ထဲ အရင်အမြုပ်ထွက်အောင်ပွတ် ပြီးမှ အဲ့အမြုပ်နဲ့ မျက်နှာကို ပွတ်ရတယ်။ အဲလိုသစ်ပြီးမှအိပ်ပါ့ ….. တကယ်ဆို အဲအချိန် အစိုဓာတ်ဖြည့်ပေးနိုင်ရင်ပိုကောင်းတယ်..သဘာဝပစ္စည်းနဲ့ပဲ..သခွားသီးပေါ့… အတွင်းသားဖြစ်စရာမလိုဘူး… ညည်းတို့ တို့စရာအဖြစ်ဝယ်တဲ့ အခါ အခွံ ကိုသိမ်းထား.. ရေနဲ့သေချာဆေးပြီး မျက်နှာကပ်အိပ်… မနက်ကျ ရေလေးနဲ့ပဲဆေးချရုံပဲ.. ရှားစောင်းလက်ပတ်ဆိုလည်းရတယ်… အမ ဟိုနေ့က ဈေးထဲမယ်တွေ့တာ.. အပင်လိုက်တွေ တစ်ပင် ၅၀၀ ပဲ…တစ်ပင်လောက်ဝယ်ပြီးမြေအိုးအသေးလေးနဲ့စိုက်ထားရင် တစ်အိမ်လုံးပေါင်းတင်လို့ရတယ်”

” ဟယ် … အဟုတ်လား??”

” အေးပေါ့… နောက် ပြီး … မာလာဆို မျက်နှာမှာ အဖု သေးသေးလေးတွေ အားကြီးပဲ… ဆားဝက်ခြံ ခေါင်းဖြူလေးတွေ… အဲဒါ ချွေးပေါက်တွေ ပိတ်ဆို့လို့.. ပြီးတော့ အဲကောင်မလေးကြည့်လိုက်ရင် တစ်ချိန်လုံုး မျက်နှာကို ဟိုကိုင် ဒီကိုင်နဲ့… အဲလိုဆိုတစ်သက်လုံးမပျောက်ဘူး”

” ဟုတ်ပ မမရေ… သူဆို စတိုးမှာရောင်တဲ့ ဝက်ခြံလိမ်းဆေးတွေ လိမ်းတာ… ဖြူဖြူ အတောင့်တွေရော… ဘူးတွေရော..ပျောက်လည်းမပျောက်နိုင်ဘူး”

” အဲလို ပေါက်ကရဝယ်လိမ်းရင် နောက်ပိုဆိုးလာမှာ… အဲဆေးတွေက ၂ မျိုးပဲ ဖြစ်နိုင်တယ်.. ပိုးသတ်ဆေး ဖြစ်ရင်ဖြစ် ဒါမှ မဟုတ် steroid ပဲ..! ပိုးသတ်ဆေးဆို လိမ်းနည်းမမှန်ရင်.. ဆေးယဉ်တာ …ပိုပွားလာတာမျိုးဖြစ်တတ်တယ်! Steroid ကတော့ သုံးကို မသုံးသင့်တာ.. နောက်ပိုင်း steroid အပြင်းစားပါတဲ့ လိမ်းဆေးတွေ ဈေးကွက်ထဲမှာ မိတဲ့သတင်း အမတော့ ခဏခဏ ကြားရတယ်…အဲ့ဒီ ဆေးက သုံးတုန်းခဏတော့ သက်သာ သလိုလို နဲ့ အသားလေး ချောသွားမယ်.. ဆေးရပ်လိုက်တာနဲ့ ဝက်ခြံကြီးတွေကန်ထွက်ပြီး အသားအရေလည်းပျက်စီးတာပဲ”

“ကြောက်စရာကြီးရော…မာလာ့ကို ပြန်ပြောဦးမှပါ”

” ပြောလိုက် … ပျောက်ချင်ရင်… ရေနွေးငွေ့ခံလို့ .. ညဘက်မျက်နှာသစ်ပြီးတဲ့ အခါ ရေနွေးဆူဆူကို ဓာတ်ဘူး အသေးထဲထည့်.. ပြီးရင် ဓာတ်ဘူးအဝ ကိုဖွင့် ကိုယ့်မျက်နှာနဲ့ နှစ်ထွာလောက်မှာထားပြီး မျက်လုံးလေးမှိတ်ထားပေး ပြီးရင် မျက်နှာ အနှံ့ ရေနွေးငွေ့လေးလာရိုက်အောင် မျက်နှာလေးကို ဟိုဘက်ဒီဘက် လှည့်ပေး… ၃ မိနစ်လောက်ဆိုရပြီ! နောက်တစ်ခုက ဆားဆိုဒါ/ မုန့်ဖုန်ဆိုဒါပေါ့… ဈေးထဲမှာဝယ်လို့ရတယ် ၁၀၀ /၂၀၀ ဖိုးတောင်ဝယ်လို့ရတယ်.. အဲဒါလေး ရေလေးနဲ့ပျစ်ပျစ်ဖျော်လိမ်း… အဆီဖုတွေ ပါးလိုက်လာပြီး နောက်ပျောက်တာပဲ”

“ဟယ်… မိုက်တယ်”

နောက်ပြီး… အေးစု လက် အရေခွံတွေကွာ.. အသားခြောက်တယ်နော်?? အဲဒါလေ… အလှဆီ (glacerine) ဝယ်လိမ်း.. အရင် ဝင်းသူဇာမှာရောင်းတယ်..၁ ဘူးမှ ၁၀၀၀ လားပဲ! ခုတော့ ဈေးထဲမှာ ဘူးအသေးလေးတွေရောင်းနေတာတွေ့တယ်.. ၅၀၀ တဲ့။ အဲဒါ တစ်ကိုယ်လုံးလိမ်းလို့ရတယ်။ အုန်းဆီနဲ့ရောပြီးအေးလို့ခဲသွားရင်နှုတ်ခမ်းလိမ်းလို့ရတယ်။အရည်ပျော်လည်းပျော်တဲ့အတိုင်းလိမ်းလို့ရတယ်။ မဟုတ်က ဟုတ်က အပေါစား အလှကုန်တွေထက်တော့ အန္တရာယ်ကင်းတယ်.. ဈေးလည်းချိုတယ်!”

“အဲဒါဝယ်မယ်…၅၀၀ နဲ့တစ်ကိုယ်လုံးလိမ်းလို့ရ..တန်တာပေါ့!”

” ပြီးတော့ ညည်းတို့ သနပ်ခါး ကိုလေ… ဘူးတွေဝယ်.. အဆင်သင့်ခဲတွေဝယ်ပြီး မျက်နှာမလိမ်းစမ်းနဲ့! ခြေလက် နေကာ အနေနဲ့ လိမ်းချင်လိမ်း.. မျက်နှာကိုတော့ သနပ်ခါးတုံးပဲသွေးလိမ်းကြစမ်းပါ… မပျင်းပါနဲ့အေ! ပြီးတော့ ကျောက်ပျဉ်ကို သန့်အောင်ထား … ၁ ပတ်တစ်ခါ သနပ်ခါးတုံးရော ကျောက်ပျဉ်ရောဆေး…နေလှမ်း .. ပြီးရင် ကျောက်ပျဉ်ကို ပက်လက်ကြီးအတိုင်းဖွင့်မထားနဲ့..နှီးဖုံးလေးဝယ်ဖုံး… သနပ်ခါးတုံးကိုလည်းအိတ်ကြွပ် အသန့်လေးနဲ့ထည့်ချည်… အမဆို သနပ်ခါးတုန်းအသေးလေးထည့်ဖို့ ဇစ်နဲ့အိတ်လေးဝယ်ထားတယ်..၅၀၀ ပဲလားပေးရတာ!ပြီးတော့ သွေးတဲ့ရေ… ရေသန့်ပဲသုံး..တစ်ပတ်တစ်ခါ ဘူးလေးလဲပေး”

“မမပြောမှတွေးမိတယ်.. ဖုံတွေတက်နေမှာနော့ ဒီတိုင်းဆို”

“အေးပေါ့..တို့တွေဆီမယ် သနပ်ခါးနဲ့မှ မကင်းနိုင်ပဲလေ… ဒီဟာသန့်ှမှ အရေပြားအန္တရာယ်မဖြစ်မှာပေါ့!

နောက်ဆုံး အနေနဲ့ ၃ ခုပြောမယ်! ရေများများသောက်ဖို့ရယ်၊ ဝမ်းချုပ်မခံဖို့ရယ်၊ သန်မှန်မှန်ချဖို့ရယ်ပဲ

ရေက တစ်နေ့ ၃ လီတာနဲ့ အထက်သောက်နိုင်ရင် နင် အရေပြားပေါ်က အများကြီးလိမ်းနေစရာတောင်မလိုဘူး… သူ့ဟာသူ အသားအရေကလှနေမှာ!”

” ဟယ်… အဟုတ်ကြီး??”

” အမဆို ရေသန့် ၃ ပုလင်း ထုတ်ပြီးစားပွဲပေါ်ထောင်ထားတယ်… မကုန်မချင်းသောက်တယ်… သွားလေရာ ရေဘူးဆောင်တယ်! အဲဒါ အသားအရေလှတယ်…ကိုယ်ရေလည်း စစ်တယ်!တစ်ခုပဲ… ထမင်းစားပြီး ခါစ ကိုတော့ ရေ အများကြီးနင့်အောင်မသောက်နဲ့ပေါ့”

” နီမာရေ…ကိုယ်ရေစစ်တယ်တဲ့ဟေ့”

“စွတ်စားရင်တော့ အာမ မခံဘူးနော်….” ဆိုတော့ ၂ ယောက်သား တဟီးဟီးနဲ့ရယ်ကြပြန်သည်။

“နောက်ပြီးဝမ်းမှန်ဖို့လိုတယ်… လူမှာ အပုပ်စုနေရင် အသားအရေ မကြည်တော့ဘူး…နေလို့လည်းမကောင်းတော့ဘူး……ပြီးတော့ သန်တွယ်နေရင်လည်း ခန္ဓာကိုယ်က တုံ့ပြန် တဲ့ အနေနဲ့ ဝက်ခြံထွက်တတ်တယ်… အလှပျက်တာပေါ့လေ… သန်ချဆေးမှှ ၁၀၀၀ ပဲ… တစ်ခါသောက်ပြီးရင် ၆ လခံတယ်။”

” ဟုတ်… ဒီညပြန်ရင် အမ ပြောတဲ့နည်းနဲ့ မျက်နှာသစ်မယ်… သခွားသီးဝယ်မယ်… အလှဆီ… သန်ချဆေး… နောက်ပြီးဘာ.. နီမာ??”

” ရှားစောင်းလက်ပက်ပင်လေ… ငါလည်းစိုက်မှာ… ပြီးတော့ ဆားဆိုဒါ ၂၀၀ ဖိုး… ရေနွေးနဲ့ပေါင်းတင်ပြီး လိမ်းဖို့”

အချင်းချင်း အချီအချပြောနေလိုက်ကြတာ ဖျော်တိုက်ထားတဲ့ ကော်ဖီတွေလည်း အေးလို့……။

 

နှင်းနုအေး

Previous Post

မွေးလမ်းကြောင်းချဲ့ခြင်း

Next Post

အာခြောက်တယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
810

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အာခြောက်တယ်

မလိမ္မာ တခါမိုက်

ဘာလို့  ကလေးရဖို့  ခက်နေတာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.