(Zawgyi)
ညီမျဖစ္သူ မိမိႀကီးတစ္ေယာက္ ကို ၾကည့္ရသည္မွာ ပုံမွန္မဟုတ္ဟု ေဒၚတင္တင္ထင္သည္။ လူကၾကည့္ရသည္မွာ အားနည္းေနပုံရသည္။ ႏြမ္းနယ္ေနသည္ဟုလည္းထင္သည္။ မ်က္ႏွာကလည္း ျဖဴဖတ္ျဖဴေရာ္ႏွင့္ တစ္ခုခုေတာ့ ျဖစ္ေနသည္မွာ ေသခ်ာသည္။ အခုတစ္ေလာ မူးသည္ဟုေျပာကာ အိပ္ယာထဲလွဲေနတတ္သည္မွာလဲ မၾကာခဏ။ ေနမေကာင္းဘူးလား လို႔ေမးေတာ့လည္း ေကာင္းပါတယ္ လို႔ ေျပာေန၍ ဘာဆက္ေျပာရမွန္းမသိ။
တစ္ေန႔ မိမိႀကီး ေရခ်ိဳုးခန္းမွ အထြက္ မူး လဲသည္။ ေဒၚတင္တင္၏ သားအႀကီးဆုံး ေမာင္ေမာင္က ေပြ႕ၿပီး ကုတင္ေပၚတင္၊ ၿပီး လမ္းထိပ္ကဆရာဝန္ေလး ေဒါက္တာေအာင္ႏိုင္ ကိုေျပးေခၚရသည္။
ဆရာဝန္ကစမ္းသပ္ၿပီးေတာ့
“လူနာက အရမ္းကိုေသြးအားနည္းေနတယ္။ ျဖဴဖတ္ျဖဴေရာ္ကို ျဖစ္ေနတာ။”
“ဟုတ္တယ္ ေဒါက္တာရယ္ ကြၽန္မလည္းထင္ေနတာပဲ။ သူ႔ကိုေနေကာင္းလား လို႔ေမးေတာ့လည္း ေနေကာင္းတယ္လို႔ပဲ ေျပာေနတာ။ ေခါင္းမူးမူးေနတယ္လို႔ ေျပာေျပာေနေတာ့ ကြၽန္မသိတယ္။ ေမာတယ္လို႔လည္း ေျပာတယ္။ အဲဒါ ေဆးခန္းသြားျပပါဆိုတာကို သြားမျပဘူးေလ”
“ေသြးအားနည္းေနတာပါ။ အစားအေသာက္ေကာ ပုံမွန္စားရဲ႕လား။ ရာသီေသြးေရာ အမ်ားႀကီး ဆင္းသလား။”
“အစားအေသာက္က ပုံမွန္စားပါတယ္။ ေသြးဆုံးသြားတာကလည္း ၾကာပါၿပီ။”
“ေသြးဆင္းတာလည္း မဟုတ္ပဲနဲ႔ ဘာလို႔ ေသြးအားေတြ အဲဒီေလာက္ႀကီးနည္းေနရတာလဲ။”
“သူ႔မွာ လိပ္ေခါင္းေရာဂါေတာ့ ရွိတယ္။ အရင္ကေတာ့ လိပ္ေခါင္းက ေသြးက်တယ္လို႔ေတာ့ေျပာတယ္။ အဲဒါေၾကာင့္မ်ားေသြးအားနည္းတာလား”
“ျဖစ္ႏိုင္တာေပါ့။ အခုေရာလိပ္ေခါင္းက ေသြးက်လား”
“ကြၽန္မလည္း မေျပာတတ္ပါဘူး ေဒါက္တာရယ္။ သူက အပ်ိဳႀကီးမလား။ သိပ္ရွက္တတ္တာ။ သူ႔ရဲ႕ေရာဂါ အေၾကာင္းလည္း ဘယ္သူ႔မွ မေျပာဘူး။ ေဆးခန္းေတာ့ အရင္ကသြားျပတယ္။ ေသာက္ေဆးေတြေတာ့ ေသာက္ေနတယ္ ေဒါက္တာ။”
“အခုပိုဆိုးလာလား။ ေသြးေတြဆင္းတာမ်ားလို႔ မူးလဲတာလည္း ျဖစ္ႏိုင္တယ္။”
“ဟုတ္မွာေပါ့ ေဒါက္တာရယ္။ ေဆးခန္းကိုလည္း ဘယ္သူ႔မွ မေခၚဘူး။ သူတစ္ေယာက္တည္းသြားတာေလ။ အဲဒီေတာ့ ကြၽန္မတို႔လည္း သူ႔ေရာဂါအေၾကာင္းဘာမွ မသိဘူး”
“ဘာလို႔လိုက္မသြားၾကတာလဲ။”
“သူ႔မွာ တူေတြေရာ တူမေတြေရာ ရွိတာပါ ေဒါက္တာရယ္။ သူက လိပ္ေခါင္းျဖစ္တာကို သိပ္ရွက္တာ။ အပ်ိဳႀကီးမလား။ ဆရာဝန္ျပရတာကိုလည္းရွက္တယ္ေလ။ ဒါေၾကာင့္ဘယ္သူမွကို ေခၚမသြားတာ။ ေခၚသြားၿပီး ျပန္ေရာက္ရင္ သူ႔တူေတြတူမေတြက စမွာဆိုးလို႔ေလ။”
“လိပ္ေခါင္းေၾကာင့္ေသြးအားနည္းတာျဖစ္ႏိုင္တယ္”
“ေၾသာ္ ..သတိရၿပီ ေဒါက္တာ။ ဟိုတစ္ေခါက္ကေတာ့ ဆရာဝန္က ခြဲခိုင္းတယ္လို႔ေျပာတယ္။ အဲဒါ ေဆးခန္းက အျပန္ စိတ္ဆိုးလာတယ္။ မခြဲႏိုင္ဘူးေပါ့။ ေသာက္ေဆးပဲ ေသာက္မယ္ဆိုၿပီးေန ေနတာ။ ဟိုက လိုအပ္လို႔ခြဲခိုင္းတာေနမွာ။”
“ျဖစ္ႏိုင္ပါတယ္။ လိုအပ္လို႔ ခြဲခိုင္းတာကို ေဆးေသာက္ရင္ေပ်ာက္မယ္လို႔ ထင္တတ္ၾကတယ္ေလ”
“သူကိုပဲ ေမးၾကည့္ရမွာပဲ”
မိမိႀကီးအခန္းထဲသို႔ ေဒၚတင္တင္ႀကီးႏွင့္ ေဒါက္တာ ေအာင္ႏိုင္တို႔ႏွစ္ေယာက္ဝင္ခဲ့ၾကသည္။ တူေတြ တူမေတြကို အျပင္ထြက္ေနဖို႔ မ်က္ႏွာရိပ္ မ်က္ႏွာကဲျပလိုက္သည္။ သူတို႔ရွိေနလွ်င္ မိမိႀကီးက ဆရာဝန္ေမးသည္ကို ေျဖမည္မဟုတ္။
“ေဒၚေဒၚေနေကာင္းရဲ႕လား”
“ေကာင္းပါတယ္ ေဒါက္တာ”
“ေဒၚေဒၚ ေသြးအားနည္းေနတယ္”
“ဟုတ္မွာပါေဒါက္တာ။ အားေဆးေတြ ေသာက္ေနပါတယ္။”
“အားေဆးေသာက္႐ုံအျပင္ ဘာေၾကာင့္ ေသြးအားနည္းတာလဲဆိုတာကိုလည္း သိဖို႔လိုတယ္။ ေသြးအားနည္းတဲ့အေၾကာင္းရင္းေတြထဲမွာ ကိုယ္ခႏၶာရဲ႕ တစ္ေနရာကေန ေသြးဆုံးရႈံး တာလည္းျဖစ္ႏိုင္တယ္ေလ။ ဥပမာ ရာသီေသြးဆင္းတာမ်ိဳးေပါ့။ ဒါေပမယ့္ ေဒၚေဒၚက ေသြးဆုံးၿပီးၿပီဆိုေတာ့”
ေဒၚမိမိႀကီးသက္ျပင္းရွည္ႀကီးခ်လိုက္သည္။
“လိပ္ေခါင္းေပါ့ ေဒါက္တာရယ္ လိပ္ေခါင္းေပါ့။”
ေဒၚတင္တင္ႀကီးတစ္ေယာက္ ညီမျဖစ္သူကိုၾကည့္ရင္း ဂ႐ုဏာသက္မိသည္။
“ လိပ္ေခါင္းကေန ေသြးေတြ အမ်ားႀကီးဆင္းလို႔လား ေဒၚေဒၚ”
“ဆင္းတယ္ ေဒါက္တာ။ ပိုမ်ားလာတယ္လို႔ေတာ့ မဟုတ္ပါဘူး။”
“ဆရာဝန္သြားမျပဘူးလား။ ျပေနက်ဆရာဝန္ရွိတယ္ဆို”
“သြားျပပါတယ္ ေဒါက္တာရယ္။ အရင္ကေတာ့ ေသာက္ေဆးေတြ ေပးတယ္။ အခု ခြဲရမယ္ေျပာေနလို႔သြားမျပေတာ့ဘူး။”
ေတြ႕ပါၿပီ။ ျပသနာရဲ႕ အရင္းအျမစ္ကို။
“ခြဲစိတ္ဆရာဝန္က လိုအပ္လို႔ခြဲရမယ္လို႔ေျပာရင္ ခြဲရမွာေပါ့။ ခြဲရမွာေၾကာက္လို႔လား။ အခုေခတ္က ေခတ္မီ စက္ပစၥည္းေတြ အမ်ားႀကီးရွိေနပါၿပီ။ ေၾကာက္စရာမလိုေတာ့ပါဘူး။”
“စက္ကိရိယာေတြကို မယုံၾကည္လို႔ မဟုတ္ပါဘူး”
“ဒါဆို ဘာေၾကာင့္ လဲ”
“ဆရာမသိပါဘူး”
“ကြၽမ္းက်င္တဲ့ ဆရာဝန္ႀကီးေတြ အမ်ားႀကီးရွိပါတယ္။ ကြၽန္ေတာ့္ ဆရာေတြနဲ အပ္ေပးရမလား။”
“ဆရာဝန္ေတြကို မယုံၾကည္လို႔မဟုတ္ပါဘူး”
“ဒါဆို ဘာလို႔သြားမျပတာလဲ”
“ကြၽန္မရွက္လို႔ပါ”
ေဒၚမိမိႀကီးတစ္ေယာက္ ညီမျဖစ္သူကို သည္းလြန္းသည္ဟု အၾကည့္မ်ိဳး ျဖင့္ ေျပာင္းၾကည့္လိုက္သည္။
“ဆရာဝန္မေတြနဲ႔ျပလို႔ရပါတယ္။ ခြဲခန္းေတြထဲမွာလည္း ဆရာမေလးေတြပဲရွိတာပါ။ ဆရာဝန္မႀကီးေရာ လက္ေထာက္ဆရာဝန္မေတြေရာ ဆရာမေလးေတြေရာ အားလုံးကို အမ်ိဳးသမီးေတြနဲ႔ပဲ လုပ္လို႔ရပါတယ္။ ”
“ဟုတ္လို႔လား ေဒါက္တာရယ္”
“ေၾသာ္ ဟုတ္တာေပ့ါ။ ေသေသခ်ာခ်ာေျပာျပရင္ ရတာေပါ့။ လိပ္ေခါင္းဆိုတာမ်ိဳးက ေသေသခ်ာခ်ာ ကုရတာေနာ္။ လိုအပ္လို႔ ခြဲစိတ္ရမယ္လို႔ေျပာ ရင္လည္း ခြဲစိတ္ရမယ္။ ေသာက္ေဆးနဲ႔ေတာ့ အရွင္းမေပ်ာက္ကင္းႏိုင္ဘူးေလ။ လိပ္ေခါင္းေရာဂါကို ေသာက္ေဆးေသာက္လိုက္လို႔ ေပ်ာက္သြားတယ္လို႔ ေျပာေနတဲ့ ေဆးခန္းေတြရွိတယ္။ အဲဒါ လိမ္တာပဲ”
“ဟုတ္ကဲ့ပါ ေဒါက္တာ ကြၽန္မ စဥ္းစားပါရေစဦး။”
“ဘာ စဥ္းစားပါရေစဦး။ ဟုတ္လား။”
ေဒၚတင္တင္ႀကီးတစ္ေယာက္ ညီမျဖစ္သူကို ေငါက္လိုက္သည္။
“အခုက ခြဲစိတ္ဖို႔လိုအပ္ေနၿပီလို႔ ဆရာဝန္က ေျပာရင္ ခြဲစိတ္ရမွာေပါ့။ အသက္ထက္ ဘာကမ်ားပို အေရးႀကီးေနလို႔လဲ။”
“မမ ကဘာသိလို႔လဲ ခြဲရင္ ေနရမဲ့ပုံစံကို မမသိလို႔လား”
“သိတာေပါ့။ ငါက ကေလး ၅ ေယာက္ေမြးလာတာ။”
ေဒါက္တာ ေအာင္ႏိုင္တစ္ေယာက္ ညီအစ္မႏွစ္ေယာက္ကို ၾကည့္ၿပီးၿပဳံးေနမိသည္။
“ဘာစကားမွ မရွည္နဲ႔ နက္ျဖန္က်ရင္ ေဆးခန္းသြားျပမယ္။ နင့္ကို ဒီလိုမ်ိဳး နင့္သေဘာ လႊတ္ထားလို႔ မရဘူး။ ငါကိုယ္တိုင္ ဆရာဝန္နဲ႔ ဝင္ေဆြးေႏြးမယ္။ ဒါပဲ”
ထို႔ေနာက္ ေဒါက္တာေအာင္ႏိုင္ဖက္လွည့္၍
“ကြၽန္မ ဆရာဝန္ဆီေခၚသြားလိုက္မယ္ ဆရာ။ အခုေတာ့ သူ႔ အေျခအေန စိုးရိမ္ရလား။ ခြဲစိတ္ဖို႔ အားအင္ရွိရဲ႕လား။ အဆင္ေျပရဲ႕လား။”
“အားေတာ့ အရမ္းနည္းေနတယ္။ ခြဲသင့္ မသင့္ကေတာ့ အရင္ျပေနက် ဆရာဝန္က ဆုံးျဖတ္ပါလိမ့္မယ္။ လိုအပ္ရင္လည္း လိုအပ္သလို ၫႊန္ၾကားပါလိမ့္မယ္။ အခုေတာ့ အားရွိေအာင္ နားပါေစဦး”
“ေက်းဇူးပါေဒါက္တာ”
ေဒါက္တာ ေအာင္ႏိုင္တစ္ေယာက္ အျပန္လမ္းတစ္ေလ်ာက္ စဥ္စားခန္းဖြင့္လာခဲ့သည္။
လူနာေတာ္ေတာ္မ်ားမ်ားသည္ ခြဲစိတ္ရမည္ဆိုလွ်င္ ေၾကာက္ၾကသည္။ ေဆးေလးေပးၿပီး ေပ်ာက္ေအာင္ကုခိုင္းသည္။ ခြဲစိတ္ရမည္ဟုဆိုလွ်င္ ဆရာဝန္ဆီ မလာေတာ့။ ေဆးၿမီးတိုမ်ားႏွင့္ ကုၾကသည္။ အခုက လိပ္ေခါင္းေရာဂါမို႔လို႔။ ကင္ဆာေရာဂါဆိုလွ်င္ေတာ့ မလြယ္ပါ။ ျမန္မာလူမ်ိဳးတို႔၏ က်န္းမာေရးအသိက ေတာ္ေတာ္ကို ေနာက္က်ေနေသးသည္ မွာ အမွန္ပင္ျဖစ္သည္။
(Unicode)
ညီမဖြစ်သူ မိမိကြီးတစ်ယောက် ကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်ဟု ဒေါ်တင်တင်ထင်သည်။ လူကကြည့်ရသည်မှာ အားနည်းနေပုံရသည်။ နွမ်းနယ်နေသည်ဟုလည်းထင်သည်။ မျက်နှာကလည်း ဖြူဖတ်ဖြူရော်နှင့် တစ်ခုခုတော့ ဖြစ်နေသည်မှာ သေချာသည်။ အခုတစ်လော မူးသည်ဟုပြောကာ အိပ်ယာထဲလှဲနေတတ်သည်မှာလဲ မကြာခဏ။ နေမကောင်းဘူးလား လို့မေးတော့လည်း ကောင်းပါတယ် လို့ ပြောနေ၍ ဘာဆက်ပြောရမှန်းမသိ။
တစ်နေ့ မိမိကြီး ရေချိုုးခန်းမှ အထွက် မူး လဲသည်။ ဒေါ်တင်တင်၏ သားအကြီးဆုံး မောင်မောင်က ပွေ့ပြီး ကုတင်ပေါ်တင်၊ ပြီး လမ်းထိပ်ကဆရာဝန်လေး ဒေါက်တာအောင်နိုင် ကိုပြေးခေါ်ရသည်။
ဆရာဝန်ကစမ်းသပ်ပြီးတော့
“လူနာက အရမ်းကိုသွေးအားနည်းနေတယ်။ ဖြူဖတ်ဖြူရော်ကို ဖြစ်နေတာ။”
“ဟုတ်တယ် ဒေါက်တာရယ် ကျွန်မလည်းထင်နေတာပဲ။ သူ့ကိုနေကောင်းလား လို့မေးတော့လည်း နေကောင်းတယ်လို့ပဲ ပြောနေတာ။ ခေါင်းမူးမူးနေတယ်လို့ ပြောပြောနေတော့ ကျွန်မသိတယ်။ မောတယ်လို့လည်း ပြောတယ်။ အဲဒါ ဆေးခန်းသွားပြပါဆိုတာကို သွားမပြဘူးလေ”
“သွေးအားနည်းနေတာပါ။ အစားအသောက်ကော ပုံမှန်စားရဲ့လား။ ရာသီသွေးရော အများကြီး ဆင်းသလား။”
“အစားအသောက်က ပုံမှန်စားပါတယ်။ သွေးဆုံးသွားတာကလည်း ကြာပါပြီ။”
“သွေးဆင်းတာလည်း မဟုတ်ပဲနဲ့ ဘာလို့ သွေးအားတွေ အဲဒီလောက်ကြီးနည်းနေရတာလဲ။”
“သူ့မှာ လိပ်ခေါင်းရောဂါတော့ ရှိတယ်။ အရင်ကတော့ လိပ်ခေါင်းက သွေးကျတယ်လို့တော့ပြောတယ်။ အဲဒါကြောင့်များသွေးအားနည်းတာလား”
“ဖြစ်နိုင်တာပေါ့။ အခုရောလိပ်ခေါင်းက သွေးကျလား”
“ကျွန်မလည်း မပြောတတ်ပါဘူး ဒေါက်တာရယ်။ သူက အပျိုကြီးမလား။ သိပ်ရှက်တတ်တာ။ သူ့ရဲ့ရောဂါ အကြောင်းလည်း ဘယ်သူ့မှ မပြောဘူး။ ဆေးခန်းတော့ အရင်ကသွားပြတယ်။ သောက်ဆေးတွေတော့ သောက်နေတယ် ဒေါက်တာ။”
“အခုပိုဆိုးလာလား။ သွေးတွေဆင်းတာများလို့ မူးလဲတာလည်း ဖြစ်နိုင်တယ်။”
“ဟုတ်မှာပေါ့ ဒေါက်တာရယ်။ ဆေးခန်းကိုလည်း ဘယ်သူ့မှ မခေါ်ဘူး။ သူတစ်ယောက်တည်းသွားတာလေ။ အဲဒီတော့ ကျွန်မတို့လည်း သူ့ရောဂါအကြောင်းဘာမှ မသိဘူး”
“ဘာလို့လိုက်မသွားကြတာလဲ။”
“သူ့မှာ တူတွေရော တူမတွေရော ရှိတာပါ ဒေါက်တာရယ်။ သူက လိပ်ခေါင်းဖြစ်တာကို သိပ်ရှက်တာ။ အပျိုကြီးမလား။ ဆရာဝန်ပြရတာကိုလည်းရှက်တယ်လေ။ ဒါကြောင့်ဘယ်သူမှကို ခေါ်မသွားတာ။ ခေါ်သွားပြီး ပြန်ရောက်ရင် သူ့တူတွေတူမတွေက စမှာဆိုးလို့လေ။”
“လိပ်ခေါင်းကြောင့်သွေးအားနည်းတာဖြစ်နိုင်တယ်”
“သြော် ..သတိရပြီ ဒေါက်တာ။ ဟိုတစ်ခေါက်ကတော့ ဆရာဝန်က ခွဲခိုင်းတယ်လို့ပြောတယ်။ အဲဒါ ဆေးခန်းက အပြန် စိတ်ဆိုးလာတယ်။ မခွဲနိုင်ဘူးပေါ့။ သောက်ဆေးပဲ သောက်မယ်ဆိုပြီးနေ နေတာ။ ဟိုက လိုအပ်လို့ခွဲခိုင်းတာနေမှာ။”
“ဖြစ်နိုင်ပါတယ်။ လိုအပ်လို့ ခွဲခိုင်းတာကို ဆေးသောက်ရင်ပျောက်မယ်လို့ ထင်တတ်ကြတယ်လေ”
“သူကိုပဲ မေးကြည့်ရမှာပဲ”
မိမိကြီးအခန်းထဲသို့ ဒေါ်တင်တင်ကြီးနှင့် ဒေါက်တာ အောင်နိုင်တို့နှစ်ယောက်ဝင်ခဲ့ကြသည်။ တူတွေ တူမတွေကို အပြင်ထွက်နေဖို့ မျက်နှာရိပ် မျက်နှာကဲပြလိုက်သည်။ သူတို့ရှိနေလျှင် မိမိကြီးက ဆရာဝန်မေးသည်ကို ဖြေမည်မဟုတ်။
“ဒေါ်ဒေါ်နေကောင်းရဲ့လား”
“ကောင်းပါတယ် ဒေါက်တာ”
“ဒေါ်ဒေါ် သွေးအားနည်းနေတယ်”
“ဟုတ်မှာပါဒေါက်တာ။ အားဆေးတွေ သောက်နေပါတယ်။”
“အားဆေးသောက်ရုံအပြင် ဘာကြောင့် သွေးအားနည်းတာလဲဆိုတာကိုလည်း သိဖို့လိုတယ်။ သွေးအားနည်းတဲ့အကြောင်းရင်းတွေထဲမှာ ကိုယ်ခန္ဓာရဲ့ တစ်နေရာကနေ သွေးဆုံးရှုံး တာလည်းဖြစ်နိုင်တယ်လေ။ ဥပမာ ရာသီသွေးဆင်းတာမျိုးပေါ့။ ဒါပေမယ့် ဒေါ်ဒေါ်က သွေးဆုံးပြီးပြီဆိုတော့”
ဒေါ်မိမိကြီးသက်ပြင်းရှည်ကြီးချလိုက်သည်။
“လိပ်ခေါင်းပေါ့ ဒေါက်တာရယ် လိပ်ခေါင်းပေါ့။”
ဒေါ်တင်တင်ကြီးတစ်ယောက် ညီမဖြစ်သူကိုကြည့်ရင်း ဂရုဏာသက်မိသည်။
“ လိပ်ခေါင်းကနေ သွေးတွေ အများကြီးဆင်းလို့လား ဒေါ်ဒေါ်”
“ဆင်းတယ် ဒေါက်တာ။ ပိုများလာတယ်လို့တော့ မဟုတ်ပါဘူး။”
“ဆရာဝန်သွားမပြဘူးလား။ ပြနေကျဆရာဝန်ရှိတယ်ဆို”
“သွားပြပါတယ် ဒေါက်တာရယ်။ အရင်ကတော့ သောက်ဆေးတွေ ပေးတယ်။ အခု ခွဲရမယ်ပြောနေလို့သွားမပြတော့ဘူး။”
တွေ့ပါပြီ။ ပြသနာရဲ့ အရင်းအမြစ်ကို။
“ခွဲစိတ်ဆရာဝန်က လိုအပ်လို့ခွဲရမယ်လို့ပြောရင် ခွဲရမှာပေါ့။ ခွဲရမှာကြောက်လို့လား။ အခုခေတ်က ခေတ်မီ စက်ပစ္စည်းတွေ အများကြီးရှိနေပါပြီ။ ကြောက်စရာမလိုတော့ပါဘူး။”
“စက်ကိရိယာတွေကို မယုံကြည်လို့ မဟုတ်ပါဘူး”
“ဒါဆို ဘာကြောင့် လဲ”
“ဆရာမသိပါဘူး”
“ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေ အများကြီးရှိပါတယ်။ ကျွန်တော့် ဆရာတွေနဲ အပ်ပေးရမလား။”
“ဆရာဝန်တွေကို မယုံကြည်လို့မဟုတ်ပါဘူး”
“ဒါဆို ဘာလို့သွားမပြတာလဲ”
“ကျွန်မရှက်လို့ပါ”
ဒေါ်မိမိကြီးတစ်ယောက် ညီမဖြစ်သူကို သည်းလွန်းသည်ဟု အကြည့်မျိုး ဖြင့် ပြောင်းကြည့်လိုက်သည်။
“ဆရာဝန်မတွေနဲ့ပြလို့ရပါတယ်။ ခွဲခန်းတွေထဲမှာလည်း ဆရာမလေးတွေပဲရှိတာပါ။ ဆရာဝန်မကြီးရော လက်ထောက်ဆရာဝန်မတွေရော ဆရာမလေးတွေရော အားလုံးကို အမျိုးသမီးတွေနဲ့ပဲ လုပ်လို့ရပါတယ်။ ”
“ဟုတ်လို့လား ဒေါက်တာရယ်”
“သြော် ဟုတ်တာပေ့ါ။ သေသေချာချာပြောပြရင် ရတာပေါ့။ လိပ်ခေါင်းဆိုတာမျိုးက သေသေချာချာ ကုရတာနော်။ လိုအပ်လို့ ခွဲစိတ်ရမယ်လို့ပြော ရင်လည်း ခွဲစိတ်ရမယ်။ သောက်ဆေးနဲ့တော့ အရှင်းမပျောက်ကင်းနိုင်ဘူးလေ။ လိပ်ခေါင်းရောဂါကို သောက်ဆေးသောက်လိုက်လို့ ပျောက်သွားတယ်လို့ ပြောနေတဲ့ ဆေးခန်းတွေရှိတယ်။ အဲဒါ လိမ်တာပဲ”
“ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်မ စဉ်းစားပါရစေဦး။”
“ဘာ စဉ်းစားပါရစေဦး။ ဟုတ်လား။”
ဒေါ်တင်တင်ကြီးတစ်ယောက် ညီမဖြစ်သူကို ငေါက်လိုက်သည်။
“အခုက ခွဲစိတ်ဖို့လိုအပ်နေပြီလို့ ဆရာဝန်က ပြောရင် ခွဲစိတ်ရမှာပေါ့။ အသက်ထက် ဘာကများပို အရေးကြီးနေလို့လဲ။”
“မမ ကဘာသိလို့လဲ ခွဲရင် နေရမဲ့ပုံစံကို မမသိလို့လား”
“သိတာပေါ့။ ငါက ကလေး ၅ ယောက်မွေးလာတာ။”
ဒေါက်တာ အောင်နိုင်တစ်ယောက် ညီအစ်မနှစ်ယောက်ကို ကြည့်ပြီးပြုံးနေမိသည်။
“ဘာစကားမှ မရှည်နဲ့ နက်ဖြန်ကျရင် ဆေးခန်းသွားပြမယ်။ နင့်ကို ဒီလိုမျိုး နင့်သဘော လွှတ်ထားလို့ မရဘူး။ ငါကိုယ်တိုင် ဆရာဝန်နဲ့ ဝင်ဆွေးနွေးမယ်။ ဒါပဲ”
ထို့နောက် ဒေါက်တာအောင်နိုင်ဖက်လှည့်၍
“ကျွန်မ ဆရာဝန်ဆီခေါ်သွားလိုက်မယ် ဆရာ။ အခုတော့ သူ့ အခြေအနေ စိုးရိမ်ရလား။ ခွဲစိတ်ဖို့ အားအင်ရှိရဲ့လား။ အဆင်ပြေရဲ့လား။”
“အားတော့ အရမ်းနည်းနေတယ်။ ခွဲသင့် မသင့်ကတော့ အရင်ပြနေကျ ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။ လိုအပ်ရင်လည်း လိုအပ်သလို ညွှန်ကြားပါလိမ့်မယ်။ အခုတော့ အားရှိအောင် နားပါစေဦး”
“ကျေးဇူးပါဒေါက်တာ”
ဒေါက်တာ အောင်နိုင်တစ်ယောက် အပြန်လမ်းတစ်လျောက် စဉ်စားခန်းဖွင့်လာခဲ့သည်။
လူနာတော်တော်များများသည် ခွဲစိတ်ရမည်ဆိုလျှင် ကြောက်ကြသည်။ ဆေးလေးပေးပြီး ပျောက်အောင်ကုခိုင်းသည်။ ခွဲစိတ်ရမည်ဟုဆိုလျှင် ဆရာဝန်ဆီ မလာတော့။ ဆေးမြီးတိုများနှင့် ကုကြသည်။ အခုက လိပ်ခေါင်းရောဂါမို့လို့။ ကင်ဆာရောဂါဆိုလျှင်တော့ မလွယ်ပါ။ မြန်မာလူမျိုးတို့၏ ကျန်းမာရေးအသိက တော်တော်ကို နောက်ကျနေသေးသည် မှာ အမှန်ပင်ဖြစ်သည်။