ကာလတို အတြင္း ဝိတ္ေတြ အမ်ားႀကီးေလွ်ာ့လိုက္ရင္ ဘာေတြ ျဖစ္လာမလဲ????
ဒီရက္ပိုင္း ဝိတ္ခ်ခ်င္တဲ့ သူေတြ မ်ားလာတာအမွ် social media ေတြမွာလည္း အၿပိဳင္အဆိုင္ ဝိတ္ခ်လာတာေတြ ေခတ္စားလာပါတယ္။ အဆိုးဆုံးကေတာ့ တလ အတြင္း ၁၅ ေပါင္၊ ေပါင္ ၂၀ ခ်တာေတြပါ။
တကယ္အဲ့ေလာက္က်ႏိုင္သလားဆိုေတာ့ ဘာမွ မစားပဲ ခ်မယ္ဆိုရင္ေတာ့ က်ႏိုင္ပါတယ္။ မႏိုင္ဝန္ထမ္းၿပီး ကိုယ္လုပ္ႏိုင္တဲ့ ေလ့က်င့္ခန္းထက္ အဆမတန္ ပိုလုပ္မယ္၊ အာပာာရ လည္း သင့္တင့္ေလ်ာက္ပတ္ေအာင္ မစားဘူးဆိုရင္ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ က်န္းမာေရး အတြက္ေတာ့ လုံးဝ မေကာင္း လာႏိုင္ပါဘူး။
ဒါဆိုရင္ အခ်ိန္ခဏေလး အတြင္းမွာ ဝိတ္အမ်ားႀကီးေလွ်ာ့လိုက္ရင္ ဘာေတြ ျဖစ္လာမလဲ????
ေရဓါတ္ခမ္းေျခာက္လာျခင္း – လူ႔ခႏၶာကိုယ္ရဲ႕ ၆၀ ရာခိုင္ႏႈန္းနီးပါးက ေရဓါတ္ႏွင့္ ဖြဲ႕စည္းထားတာ ျဖစ္တဲ့ အတြက္ ႐ုတ္တရက္ ဝိတ္ခ်လိုက္ျခင္းအားျဖင့္ ခႏၶာကိုယ္မွာရွိေနတဲ့ ေရဓါတ္ေတြ ကိုပါ ေလွ်ာ့ခ်ပစ္လိုက္သလို ျဖစ္သြားႏိုင္ပါတယ္။ ေနာက္ဆက္တြဲ အေနနဲ႔ ဘာေတြ ျဖစ္လာမလဲဆိုေတာျ အသားအေရ ေတြ စိုစိုေျပေျပ မျဖစ္ေတာ့ဘဲမြဲေျခာက္လာပါတယ္။
ခႏၶာကိုယ္မွာ ရွိေနတဲ့ သတၱဳဓါတ္ေတြ၊ (ion ေတြ electrolyte ေတြ) ဆုံးရႈံးသြားတတ္ပါတယ္။ အထူးသျဖင့္ ဆိုဒီယမ္ လိုမ်ိဳး ဆားဓါတ္ေတြ အမ်ားႀကီးဆုံးရႈံသြားရင္ လူက ႏႈန္းသြားၿပီး တစ္ေန႔တာ လုပ္ရမယ့္ လုပ္ငန္းေဆာင္တာ ကို ျပည့္ျပည့္ဝဝ မလုပ္ႏိုင္ေတာ့ျပန္ပါဘူး။
ေသြးေပါင္က်ျခင္း – ဆားဓါတ္ေကာ၊ ေရဓါတ္ေတြ ပါ ဆုံးရႈံးသြားတဲ့ အတြက္ ခႏၶာကိုယ္ထဲရွိ ေသြးရည္ၾကည္ ပမာဏ ကေတာ္ေတာ္ေလး နည္းသြားၿပီး ေသြးေပါင္ခ်ိန္က်ေစပါတယ္။
ႏွလုံးခုန္ျမန္လာျခင္း – ေသြးပမာဏ နည္းသြားတဲ့ အတြက္ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼ ျဖစ္စဥ္ အရ ႏွလုံးခုန္ႏႈန္း ပိုျမန္လာေစတဲ့ အတြက္ေၾကာင့္ ဝိတ္ကို ႐ုတ္တရက္ အမ်ားႀကီး အခ်ိန္တို အတြင္းခ်လိုက္ရင္ ရင္တုန္တတ္ပါတယ္။
ႂကြက္သြားေတြထဲမွာဂသိမ္းထားတဲ့ သၾကားဓါတ္ ပမာဏ အလြန္နည္းသြားျခင္း – ကြၽန္ေတာ္တို႔ လူ႔ခႏၶာကိုယ္ရဲ႕ ဇီဝကမၼ ျဖစ္စဥ္ အရ စားေသာက္ၿပီးတဲ့ အခါ ပိုတဲ့ သၾကားဓါတ္ အခ်ိဳ႕ကို ႂကြက္သားတို႔ အသည္းတို႔ မွာဂသိမ္းထားတတ္ပါတယ္။ ဒါကို ဂလိုင္ကိုဂ်င္ (Glycogen) လို႔ေခၚပါတယ္။ ဒါက ဘာေတြ အေရးႀကီးလဲ ဆိုေတာ့ ကြၽန္ေတာ္တို႔ ဘာမွ မစားျဖစ္လို႔ ဗိုက္ဆာေနတဲ့ အခ်ိန္မွာ ေသြးတြင္း သၾကားဓါတ္ အလြန္နည္းသြားရသ္ သတိေမ့တာေတြ ျဖစ္တတ္ပါတယ္။
ဒီလို ေသြးတြင္းသၾကားဓါတ္ အရမ္းမနည္းသြားေအာင္ အခ်ိန္အတိုင္းအတာ တစ္ခု အထိ ႂကြက္သားတို႔ အသည္းတို႔ မွာ သိမ္းထားတဲ့ Glycogen ကို ယူသုံးေပးရပါတယ္။ ဒါေၾကာင့္ ဝိတ္ကို အခ်ိန္တိုေလး အတြင္းမွာ အျမန္ေလွ်ာ့ခ်လိုက္တယ္ ဆိုရသ္ ခႏၶာကိုယ္ရဲ႕ ႂကြက္သားတို႔ အသည္းတို႔ မွာ ဂလိုင္ကိုဂ်င္ သိမ္းတဲ့စနစ္ (Glycogen Storage System) ခ်ိဳ႕ယြင္းသြားၿပီး ေသြးတြင္း သၾကားဓါတ္ နည္းတာေတြ အလြယ္တကူျဖစ္တတ္ပါတယ္။
စိတ္တိုစိတ္ဆက္လာျခင္း – ဒါကလည္း ေသြးတြင္း သၾကားဓါတ္နည္းရင္ ျဖစ္တတ္တဲ့ လကၡဏာတစ္ခုပါ။
အလုပ္ကို ေကာင္းေကာင္းအာ႐ုံ မစူးစိုက္ႏိုင္ျခင္း – ကြၽန္ေတာ္တို႔ အလုပ္ေတြ ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္ဖို႔ အတြက္ ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ခ်က္ က အရမ္းအေရးႀကီးပါတယ္။ ဦးေႏွာက္ စြမ္းေဆာင္ရည္ေကာင္းဖို႔ ဆိုတာကလည္း ေသြးတြင္းသၾကားဓါတ္ အလုံ အေလာက္ ရွိဖို႔လိုအပ္ပါတယ္။ ဝိတ္ကို အခ်ိန္တိုေလး အတြင္းမွာ အျမန္ေလွ်ာ့ခ်လိုက္တယ္ ဆိုရင္ ေသြးတြင္း သၾကားဓါတ္ေတြ က်ၿပီးေတာ့ ဦးေႏွာက္ စြမ္းေဆာင္ရည္ ေတြက်ဆင္းကာ အလုပ္မွာ အဆင္မေျပတာေတြ ျဖစ္တတ္ပါတယ္။
အပူဓါတ္ အေအးဓါတ္ အေျပာင္းအလဲ ကို မခံႏိုင္ျခင္း – ကြၽန္ေတာ္တို႔ရဲ႕ ဇီဝကမၼ ျဖစ္စဥ္ အရ ရာသီဥတု အေျပာင္းအလဲ ရဲ႕ ဒဏ္ကို ခံႏိုင္ရည္ရွိပါတယ္။ ဒါေပမယ့္ ဝိတ္ကို အခ်ိန္တိုေလး အတြင္းမွာ အျမန္ေလွ်ာ့ခ်လိုက္တဲ့ သူေတြ မွာဂဆိုရင္ ခႏၶာကိုယ္ရဲ႕ အပူအေအး ထိန္းခ်ဳပ္မႈ႕ စနစ္ ခ်ိဳ႕ယြင္းသြားတဲ့ အတြက္ အပူအေအး အေျပာင္းအလဲ ဒါဏ္ကို သူမ်ားေတြ ထက္ပိုၿပီး မခံႏိုင္ၾကပါဘူး။
ဒါဆိုရင္ ဘယ္ေလာက္ေလွ်ာ့ရင္ အေကာင္းဆုံးလဲ
ပုံမွန္ေလွ်ာ့ သြားမယ္ဆိုရင္ ……..
၁ပါတ္ကို ၁ေပါင္ ကေန ၁ေပါင္ခြဲ ေလွ်ာ့လို႔ရသလို။ ေလ့က်င့္ခန္း နဲ႔ ေကာ အစားအေသာက္နဲ႔ပါ ေသခ်ာ ခ်မယ္ဆိုရင္ ၁ ပါတ္ကို ၂ေပါင္ ကေန ၃ ေပါင္ က် ႏိုင္ပါတယ္။ ဒီထက္ေတာ့ပိုၿပီး မခ်သင့္ပါ။ ဒါေၾကာင့္ ၁ လ အတြင္း ေပါင္ ၂၀ ခ်တာတို႔ ေပါင္ အစိတ္ ခ်တာတို႔ဆိုတာ မ်ိဳးကို လိုက္မလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
ကာလတို အတွင်း ဝိတ်တွေ အများကြီးလျှော့လိုက်ရင် ဘာတွေ ဖြစ်လာမလဲ????
ဒီရက်ပိုင်း ဝိတ်ချချင်တဲ့ သူတွေ များလာတာအမျှ social media တွေမှာလည်း အပြိုင်အဆိုင် ဝိတ်ချလာတာတွေ ခေတ်စားလာပါတယ်။ အဆိုးဆုံးကတော့ တလ အတွင်း ၁၅ ပေါင်၊ ပေါင် ၂၀ ချတာတွေပါ။
တကယ်အဲ့လောက်ကျနိုင်သလားဆိုတော့ ဘာမှ မစားပဲ ချမယ်ဆိုရင်တော့ ကျနိုင်ပါတယ်။ မနိုင်ဝန်ထမ်းပြီး ကိုယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းထက် အဆမတန် ပိုလုပ်မယ်၊ အာပာာရ လည်း သင့်တင့်လျောက်ပတ်အောင် မစားဘူးဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက်တော့ လုံးဝ မကောင်း လာနိုင်ပါဘူး။
ဒါဆိုရင် အချိန်ခဏလေး အတွင်းမှာ ဝိတ်အများကြီးလျှော့လိုက်ရင် ဘာတွေ ဖြစ်လာမလဲ????
ရေဓါတ်ခမ်းခြောက်လာခြင်း – လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးက ရေဓါတ်နှင့် ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် ရုတ်တရက် ဝိတ်ချလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိနေတဲ့ ရေဓါတ်တွေ ကိုပါ လျှော့ချပစ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာမလဲဆိုတောြ အသားအရေ တွေ စိုစိုပြေပြေ မဖြစ်တော့ဘဲမွဲခြောက်လာပါတယ်။
ခန္ဓာကိုယ်မှာ ရှိနေတဲ့ သတ္တုဓါတ်တွေ၊ (ion တွေ electrolyte တွေ) ဆုံးရှုံးသွားတတ်ပါတယ်။ အထူးသဖြင့် ဆိုဒီယမ် လိုမျိုး ဆားဓါတ်တွေ အများကြီးဆုံးရှုံသွားရင် လူက နှုန်းသွားပြီး တစ်နေ့တာ လုပ်ရမယ့် လုပ်ငန်းဆောင်တာ ကို ပြည့်ပြည့်ဝဝ မလုပ်နိုင်တော့ပြန်ပါဘူး။
သွေးပေါင်ကျခြင်း – ဆားဓါတ်ကော၊ ရေဓါတ်တွေ ပါ ဆုံးရှုံးသွားတဲ့ အတွက် ခန္ဓာကိုယ်ထဲရှိ သွေးရည်ကြည် ပမာဏ ကတော်တော်လေး နည်းသွားပြီး သွေးပေါင်ချိန်ကျစေပါတယ်။
နှလုံးခုန်မြန်လာခြင်း – သွေးပမာဏ နည်းသွားတဲ့ အတွက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ နှလုံးခုန်နှုန်း ပိုမြန်လာစေတဲ့ အတွက်ကြောင့် ဝိတ်ကို ရုတ်တရက် အများကြီး အချိန်တို အတွင်းချလိုက်ရင် ရင်တုန်တတ်ပါတယ်။
ကြွက်သွားတွေထဲမှာဂသိမ်းထားတဲ့ သကြားဓါတ် ပမာဏ အလွန်နည်းသွားခြင်း – ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ စားသောက်ပြီးတဲ့ အခါ ပိုတဲ့ သကြားဓါတ် အချို့ကို ကြွက်သားတို့ အသည်းတို့ မှာဂသိမ်းထားတတ်ပါတယ်။ ဒါကို ဂလိုင်ကိုဂျင် (Glycogen) လို့ခေါ်ပါတယ်။ ဒါက ဘာတွေ အရေးကြီးလဲ ဆိုတော့ ကျွန်တော်တို့ ဘာမှ မစားဖြစ်လို့ ဗိုက်ဆာနေတဲ့ အချိန်မှာ သွေးတွင်း သကြားဓါတ် အလွန်နည်းသွားရသ် သတိမေ့တာတွေ ဖြစ်တတ်ပါတယ်။
ဒီလို သွေးတွင်းသကြားဓါတ် အရမ်းမနည်းသွားအောင် အချိန်အတိုင်းအတာ တစ်ခု အထိ ကြွက်သားတို့ အသည်းတို့ မှာ သိမ်းထားတဲ့ Glycogen ကို ယူသုံးပေးရပါတယ်။ ဒါကြောင့် ဝိတ်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တယ် ဆိုရသ် ခန္ဓာကိုယ်ရဲ့ ကြွက်သားတို့ အသည်းတို့ မှာ ဂလိုင်ကိုဂျင် သိမ်းတဲ့စနစ် (Glycogen Storage System) ချို့ယွင်းသွားပြီး သွေးတွင်း သကြားဓါတ် နည်းတာတွေ အလွယ်တကူဖြစ်တတ်ပါတယ်။
စိတ်တိုစိတ်ဆက်လာခြင်း – ဒါကလည်း သွေးတွင်း သကြားဓါတ်နည်းရင် ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။
အလုပ်ကို ကောင်းကောင်းအာရုံ မစူးစိုက်နိုင်ခြင်း – ကျွန်တော်တို့ အလုပ်တွေ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ အတွက် ဦးနှောက်ရဲ့ စွမ်းဆောင်ချက် က အရမ်းအရေးကြီးပါတယ်။ ဦးနှောက် စွမ်းဆောင်ရည်ကောင်းဖို့ ဆိုတာကလည်း သွေးတွင်းသကြားဓါတ် အလုံ အလောက် ရှိဖို့လိုအပ်ပါတယ်။ ဝိတ်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တယ် ဆိုရင် သွေးတွင်း သကြားဓါတ်တွေ ကျပြီးတော့ ဦးနှောက် စွမ်းဆောင်ရည် တွေကျဆင်းကာ အလုပ်မှာ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။
အပူဓါတ် အအေးဓါတ် အပြောင်းအလဲ ကို မခံနိုင်ခြင်း – ကျွန်တော်တို့ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ ရာသီဥတု အပြောင်းအလဲ ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ဝိတ်ကို အချိန်တိုလေး အတွင်းမှာ အမြန်လျှော့ချလိုက်တဲ့ သူတွေ မှာဂဆိုရင် ခန္ဓာကိုယ်ရဲ့ အပူအအေး ထိန်းချုပ်မှု့ စနစ် ချို့ယွင်းသွားတဲ့ အတွက် အပူအအေး အပြောင်းအလဲ ဒါဏ်ကို သူများတွေ ထက်ပိုပြီး မခံနိုင်ကြပါဘူး။
ဒါဆိုရင် ဘယ်လောက်လျှော့ရင် အကောင်းဆုံးလဲ
ပုံမှန်လျှော့ သွားမယ်ဆိုရင် ……..
၁ပါတ်ကို ၁ပေါင် ကနေ ၁ပေါင်ခွဲ လျှော့လို့ရသလို။ လေ့ကျင့်ခန်း နဲ့ ကော အစားအသောက်နဲ့ပါ သေချာ ချမယ်ဆိုရင် ၁ ပါတ်ကို ၂ပေါင် ကနေ ၃ ပေါင် ကျ နိုင်ပါတယ်။ ဒီထက်တော့ပိုပြီး မချသင့်ပါ။ ဒါကြောင့် ၁ လ အတွင်း ပေါင် ၂၀ ချတာတို့ ပေါင် အစိတ် ချတာတို့ဆိုတာ မျိုးကို လိုက်မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်