fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

လိပ်ခေါင်းရောဂါ

595
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/03/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi ျဖင့္ဖတ္ရန္)

လိပ္ေခါင္းေရာဂါ လိပ္ေခါင္းေရာဂါဆိုၿပီးၾကားဖူးၾကပါတယ္။ ဘာပါလဲလိပ္ေခါင္းဆိုတာ။ ဘာလို႔လိပ္ေခါင္းေရာဂါ လို႔ေခၚတာလဲ။ လိပ္ေခါင္းလိုဝင္လိုက္ထြက္လိုက္ျဖစ္ေနတတ္လို႔ပါ။ စအိုကိုသြားတဲ့လမ္းေၾကာတစ္ေလွ်ာက္မွာ ရွိတဲ့ေသြးေၾကာနံရံေတြက က်စ္လစ္မႈမရွိေတာ့ဘဲ စအိုလမ္းေၾကာင္းထဲကိုထြက္လာတာပါ။

လိပ္ေခါင္းေရာဂါဘာေၾကာင့္ျဖစ္သလဲ။ အဓိက ကေတာ့ဝမ္းခ်ဳပ္လို႔ပါ။ အၾကာႀကီးဝမ္းညႇစ္ေနရတာလဲ ပါပါ တယ္။ တခ်ိဳ႕က်ေတာ့ ဝမ္းကေတာ့မွန္ပါတယ္။ ဗိုက္ထဲကေနတစ္ခုခုဖိထားသလိုျဖစ္တဲ့အခါ၊ ဗိုက္အတြင္းထဲမွာ Pressure မ်ားတဲ့အခါျဖစ္တတ္တယ္။ ဥပမာအားျဖင့္ ကိုယ္ဝန္ေဆာင္ေနစဥ္မွာျဖစ္တတ္တယ္။ ဗိုက္ထဲမွာအ လုံးအက်ိတ္ရွိရင္လည္း ျဖစ္တတ္တယ္။

လိပ္ေခါင္းေရာဂါက အဆင့္ဆင့္ရွိတယ္။ တခ်ိဳ႕ေတြမွာက စအိုကေနဘာမွမထြက္ဘဲ ဝမ္းသြားၿပီးမွေသြးေတြက် ေနတာပါ။ အတြင္းလိပ္ေခါင္းလဲ ရွိေနတတ္ပါတယ္။ တခ်ိဳ႕က် ေသြးေတာ့မက်ဘဲဝမ္းသြားလို႔ညႇစ္တဲ့အခါ စအို ကေနအလုံးထြက္လာတာပါ။ ဝမ္းသြားၿပီးတဲ့အခါ သူ႔ဟာသူျပန္ဝင္တတ္ပါတယ္။ ဒါေပမယ့္ ၾကာလာရင္ေတာ့ သူ႔ဟာသူျပန္မဝင္ဘဲ လက္နဲ႔ျပန္သြင္းေပးမွဝင္တတ္ပါတယ္။ပိုဆိုးတာကေတာ့ကြၽံထြက္လာတဲ့အလုံးက စအို အျပင္မွာေတာက္ေလွ်ာက္ျဖစ္ၿပီး ျပန္မဝင္ေတာ့တာပါ။

လိပ္ေခါင္းရယ္လို႔ျဖစ္လာတဲ့အခါ ဘာေၾကာင့္ျဖစ္တယ္ဆိုတာသိဖို႔လိုတယ္။ ဝမ္းခ်ဳပ္႐ုံသက္သက္ပဲလား။ လူနာ မွဘာေတြျဖစ္ေနေသးတာေတြရွိလဲ ဆိုတာေတြအေပၚမွာမူတည္ၿပီး လိပ္ေခါင္းျဖစ္ေစတဲ့အျခားအေၾကာင္းအ ရင္းေတြကိုရွာဖို႔လိုပါတယ္။လိပ္ေခါင္းဘယ္လိုကုမလဲ။ အစပိုင္းမွာေတာ့ ဝမ္းမခ်ဳပ္ေအာင္အဓိကလုပ္ရတာပါ။ ေရမ်ားမ်ားေသာက္ၿပီး အမွ်င္ပါတာေတြပိုစားဖို႔လိုပါတယ္။ ေပ်ာ့တာေတြပိုစားရပါတယ္။ အပူအစပ္ေတြေရွာင္ရပါတယ္။ အထိုင္မ မ်ားဘဲလမ္းေလွ်ာက္ေပးဖို႔လဲလိုပါတယ္။ လိုအပ္ရင္ေတာ့ ဝမ္းေပ်ာ့ေဆးပါေသာက္ရပါတယ္။အတြင္းလိပ္လိုအခ်ိန္မ်ိဳးမွာ အထဲကိုမွန္ေျပာင္းၾကည့္ၿပီး သားေရကြင္းပစ္ရတာလည္းရွိပါတယ္။ နဲနဲေတာ့နာႏိုင္ ပါတယ္။ ေသြးထြက္ႏိုင္ပါတယ္။ လုပ္ၿပီးတဲ့အခါဝမ္းသြားခ်င္ေနသလိုမ်ိဳး ခံစားေနရတတ္ပါတယ္။ ေနာက္တစ္ မ်ိဳးကေတာ့မွန္ေျပာင္းနဲ႔ၾကည့္ၿပီး လိပ္ေခါင္းရဲ႕အညႇာကိုေဆးထိုးတာပါ။ ဒီနည္းကေတာ့သားေရကြင္းပစ္တာ ထက္ပိုၿပီးျပန္ျဖစ္လြယ္ပါတယ္။

အျပင္ကိုထြက္လာတဲ့လိပ္ေခါင္းမ်ိဳးေတြမွာေတာ့ အေပၚကနည္းေတြသုံးလို႔မရႏိုင္ပါဘူး။ ခြဲစိပ္မွပဲရပါတယ္။ ခြဲတဲ့ အခါမွာေတာ့ အရင္ကေတာ့ခ်ည္ၿပီးျဖတ္တာမ်ိဳးလုပ္ၾကေပမယ့္ နည္းပညာတိုးတက္လာတာနဲ႔အမွ် ခ်ဳပ္စက္နဲ႔ ခ်ဳပ္တာ၊ ေလဆာနဲ႔ျဖတ္တာစသျဖင့္လည္း လုပ္လာၾကပါတယ္။လိပ္ေခါင္းေရာဂါကပုံမွန္အားျဖင့္ မနာတတ္ပါဘူး။ ဒါေပမယ့္ တစ္ခ်ိန္မွာေတာ့နာႏိုင္ပါတယ္။ ထြက္ေနတဲ့လိပ္ ေခါင္းအလုံးထဲမွာေသြးခဲပါရွိေနတာမ်ိဳးမွာပါ။ အဲဒီအခါတင္းေယာင္ေနၿပီး အရမ္းကိုနာပါတယ္။ အဲလိုအခါေတြ မွာအနာသက္သာဖို႔ေရခဲကပ္ရတာမ်ိဳးေတြ၊ အကိုက္အခဲေပ်ာက္ေဆး ေသာက္ရတာမ်ိဳးေတြလိုတတ္တယ္။ တခ်ိဳ႕ေတြမွာေတာ့ ေသြးခဲကိုဓားနဲ႔ခြဲၿပီး ထုတ္ေပးလိုက္တာေတြလည္းရွိပါတယ္။ ေနာက္ပိုင္းအနာသက္သာတဲ့ အခါက်မွခြဲစိပ္တာလည္းရွိပါတယ္။

လိပ္ေခါင္းခြဲၿပီးတဲ့အခါလည္း အနာက်က္ေအာင္ေသခ်ာဂ႐ုစိုက္ရပါတယ္။ တခ်ိဳ႕ဆားေရစိမ္ခိုင္းတယ္၊ တခ်ိဳ႕ လည္းအေငြ႕ပဲခံခိုင္းတယ္။ မွာတဲ့အတိုင္းေတာ့ လိုက္လုပ္ရပါတယ္။ ေဆးလည္းေသခ်ာထည့္ရပါတယ္။ အနာမ က်က္ခင္မွာဝမ္းေပ်ာ့ေနဖို႔လည္း လိုပါတယ္။လိပ္ေခါင္းခြဲၿပီးတဲ့အခါ တခ်ိဳ႕လည္းဝမ္းကဆက္ခ်ဳပ္ေနၾကတုန္းပ။ဲ ခြဲတာရဲ႕ေနာက္ဆက္တြဲေတြအေနနဲ႔ ပိုးဝင္ တာ၊ ေသြးထြက္တာ၊ ဝမ္းလမ္းေၾကာင္းက်ဥ္းတာေတြျဖစ္တတ္တယ္။ တခ်ိဳ႕ေတြမွာဝမ္းလမ္းေၾကာင္းကို ပစၥည္း ထည့္ၿပီးျဖည္းျဖည္းခ်င္းျပန္ခ်ဲ႕ရတတ္ပါတယ္။
ဒါေတြေၾကာင့္ လိပ္ေခါင္းျဖစ္ၿပီဆိုရင္ မေပါ့ပါနဲ႔။ ခြဲစိပ္ဆရာဝန္နဲ႔ေတာ့ တိုင္ပင္ထားဖို႔လိုပါတယ္။

Author: Dr. CST

(Unicode)

လိပ်ခေါင်းရောဂါ လိပ်ခေါင်းရောဂါဆိုပြီးကြားဖူးကြပါတယ်။ ဘာပါလဲလိပ်ခေါင်းဆိုတာ။ ဘာလို့လိပ်ခေါင်းရောဂါ လို့ခေါ်တာလဲ။ လိပ်ခေါင်းလိုဝင်လိုက်ထွက်လိုက်ဖြစ်နေတတ်လို့ပါ။ စအိုကိုသွားတဲ့လမ်းကြောတစ်လျှောက်မှာ ရှိတဲ့သွေးကြောနံရံတွေက ကျစ်လစ်မှုမရှိတော့ဘဲ စအိုလမ်းကြောင်းထဲကိုထွက်လာတာပါ။

လိပ်ခေါင်းရောဂါဘာကြောင့်ဖြစ်သလဲ။ အဓိက ကတော့ဝမ်းချုပ်လို့ပါ။ အကြာကြီးဝမ်းညှစ်နေရတာလဲ ပါပါ တယ်။ တချို့ကျတော့ ဝမ်းကတော့မှန်ပါတယ်။ ဗိုက်ထဲကနေတစ်ခုခုဖိထားသလိုဖြစ်တဲ့အခါ၊ ဗိုက်အတွင်းထဲမှာ Pressure များတဲ့အခါဖြစ်တတ်တယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်နေစဉ်မှာဖြစ်တတ်တယ်။ ဗိုက်ထဲမှာအ လုံးအကျိတ်ရှိရင်လည်း ဖြစ်တတ်တယ်။

လိပ်ခေါင်းရောဂါက အဆင့်ဆင့်ရှိတယ်။ တချို့တွေမှာက စအိုကနေဘာမှမထွက်ဘဲ ဝမ်းသွားပြီးမှသွေးတွေကျ နေတာပါ။ အတွင်းလိပ်ခေါင်းလဲ ရှိနေတတ်ပါတယ်။ တချို့ကျ သွေးတော့မကျဘဲဝမ်းသွားလို့ညှစ်တဲ့အခါ စအို ကနေအလုံးထွက်လာတာပါ။ ဝမ်းသွားပြီးတဲ့အခါ သူ့ဟာသူပြန်ဝင်တတ်ပါတယ်။ ဒါပေမယ့် ကြာလာရင်တော့ သူ့ဟာသူပြန်မဝင်ဘဲ လက်နဲ့ပြန်သွင်းပေးမှဝင်တတ်ပါတယ်။ပိုဆိုးတာကတော့ကျွံထွက်လာတဲ့အလုံးက စအို အပြင်မှာတောက်လျှောက်ဖြစ်ပြီး ပြန်မဝင်တော့တာပါ။

လိပ်ခေါင်းရယ်လို့ဖြစ်လာတဲ့အခါ ဘာကြောင့်ဖြစ်တယ်ဆိုတာသိဖို့လိုတယ်။ ဝမ်းချုပ်ရုံသက်သက်ပဲလား။ လူနာ မှဘာတွေဖြစ်နေသေးတာတွေရှိလဲ ဆိုတာတွေအပေါ်မှာမူတည်ပြီး လိပ်ခေါင်းဖြစ်စေတဲ့အခြားအကြောင်းအ ရင်းတွေကိုရှာဖို့လိုပါတယ်။လိပ်ခေါင်းဘယ်လိုကုမလဲ။ အစပိုင်းမှာတော့ ဝမ်းမချုပ်အောင်အဓိကလုပ်ရတာပါ။ ရေများများသောက်ပြီး အမျှင်ပါတာတွေပိုစားဖို့လိုပါတယ်။ ပျော့တာတွေပိုစားရပါတယ်။ အပူအစပ်တွေရှောင်ရပါတယ်။ အထိုင်မ များဘဲလမ်းလျှောက်ပေးဖို့လဲလိုပါတယ်။ လိုအပ်ရင်တော့ ဝမ်းပျော့ဆေးပါသောက်ရပါတယ်။အတွင်းလိပ်လိုအချိန်မျိုးမှာ အထဲကိုမှန်ပြောင်းကြည့်ပြီး သားရေကွင်းပစ်ရတာလည်းရှိပါတယ်။ နဲနဲတော့နာနိုင် ပါတယ်။ သွေးထွက်နိုင်ပါတယ်။ လုပ်ပြီးတဲ့အခါဝမ်းသွားချင်နေသလိုမျိုး ခံစားနေရတတ်ပါတယ်။ နောက်တစ် မျိုးကတော့မှန်ပြောင်းနဲ့ကြည့်ပြီး လိပ်ခေါင်းရဲ့အညှာကိုဆေးထိုးတာပါ။ ဒီနည်းကတော့သားရေကွင်းပစ်တာ ထက်ပိုပြီးပြန်ဖြစ်လွယ်ပါတယ်။

အပြင်ကိုထွက်လာတဲ့လိပ်ခေါင်းမျိုးတွေမှာတော့ အပေါ်ကနည်းတွေသုံးလို့မရနိုင်ပါဘူး။ ခွဲစိပ်မှပဲရပါတယ်။ ခွဲတဲ့ အခါမှာတော့ အရင်ကတော့ချည်ပြီးဖြတ်တာမျိုးလုပ်ကြပေမယ့် နည်းပညာတိုးတက်လာတာနဲ့အမျှ ချုပ်စက်နဲ့ ချုပ်တာ၊ လေဆာနဲ့ဖြတ်တာစသဖြင့်လည်း လုပ်လာကြပါတယ်။လိပ်ခေါင်းရောဂါကပုံမှန်အားဖြင့် မနာတတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်မှာတော့နာနိုင်ပါတယ်။ ထွက်နေတဲ့လိပ် ခေါင်းအလုံးထဲမှာသွေးခဲပါရှိနေတာမျိုးမှာပါ။ အဲဒီအခါတင်းယောင်နေပြီး အရမ်းကိုနာပါတယ်။ အဲလိုအခါတွေ မှာအနာသက်သာဖို့ရေခဲကပ်ရတာမျိုးတွေ၊ အကိုက်အခဲပျောက်ဆေး သောက်ရတာမျိုးတွေလိုတတ်တယ်။ တချို့တွေမှာတော့ သွေးခဲကိုဓားနဲ့ခွဲပြီး ထုတ်ပေးလိုက်တာတွေလည်းရှိပါတယ်။ နောက်ပိုင်းအနာသက်သာတဲ့ အခါကျမှခွဲစိပ်တာလည်းရှိပါတယ်။

လိပ်ခေါင်းခွဲပြီးတဲ့အခါလည်း အနာကျက်အောင်သေချာဂရုစိုက်ရပါတယ်။ တချို့ဆားရေစိမ်ခိုင်းတယ်၊ တချို့ လည်းအငွေ့ပဲခံခိုင်းတယ်။ မှာတဲ့အတိုင်းတော့ လိုက်လုပ်ရပါတယ်။ ဆေးလည်းသေချာထည့်ရပါတယ်။ အနာမ ကျက်ခင်မှာဝမ်းပျော့နေဖို့လည်း လိုပါတယ်။လိပ်ခေါင်းခွဲပြီးတဲ့အခါ တချို့လည်းဝမ်းကဆက်ချုပ်နေကြတုန်းပ။ဲ ခွဲတာရဲ့နောက်ဆက်တွဲတွေအနေနဲ့ ပိုးဝင် တာ၊ သွေးထွက်တာ၊ ဝမ်းလမ်းကြောင်းကျဉ်းတာတွေဖြစ်တတ်တယ်။ တချို့တွေမှာဝမ်းလမ်းကြောင်းကို ပစ္စည်း ထည့်ပြီးဖြည်းဖြည်းချင်းပြန်ချဲ့ရတတ်ပါတယ်။
ဒါတွေကြောင့် လိပ်ခေါင်းဖြစ်ပြီဆိုရင် မပေါ့ပါနဲ့။ ခွဲစိပ်ဆရာဝန်နဲ့တော့ တိုင်ပင်ထားဖို့လိုပါတယ်။

Author: Dr. CST

Previous Post

 နမိုးနီးယားဆိုတာဘာလဲ

Next Post

အစာစားပြီးသောက်ရမဲ့ဆေး နဲ့  အစာမစားခင်သောက်ရမဲ့ဆေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
1.1k
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
909
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

2 years ago
1.6k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

2 years ago
1.7k

နွေရာသီနှင့်မိတ်ပြဿနာ

2 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာစားပြီးသောက်ရမဲ့ဆေး နဲ့  အစာမစားခင်သောက်ရမဲ့ဆေး

နို့တိုက်ခြင်း အနုပညာ

Papaya သဘောင်္သီးအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.