fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

E.coli အကြောင်းသိကောင်းစရာ

155
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/05/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

ဟိုတေလာက ရန္ကုန္ဂ်ိဳးျဖဴေရထဲမွာ မစင္ပါတယ္ဆိုၿပီး ေဖ့ဘြတ္ေတြ ဂ်ာနယ္ေတြထဲ သတင္းအေနနဲ႔ပါလာကာ ျပည္သူလူထုေတြ အုတ္ေအာ္ေသာင္းနင္းျဖစ္တာ ၾကားမိပါတယ္။

ေနာက္ေတာ့ ေရထဲမွာ မစင္ေတြပါတာမဟုတ္ဘဲ မစင္ထဲမွာေတြ႕ေလ့ရွိတဲ့ E.coli (အီးကိုလိုင္)ဆိုတဲ့ပိုးပါတာပါဆိုတဲ့ ရွင္းခ်က္သတင္းေတြထပ္တက္လာတာလည္း ေတြ႕ရပါတယ္။

ဒါေၾကာင့္ ဒီတပတ္မွာ လူတိုင္းစိတ္ဝင္စားေနတဲ့ E.coli ေရာဂါပိုးအေၾကာင္းကို ondr စာဖတ္ပရိသတ္မ်ား သိရွိေစဖို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

E.coli ရဲ႕နာမည္အျပည့္အစုံကေတာ့ Escherichia coli ျဖစ္ပါတယ္။

တုတ္ေခ်ာင္းပုံစံရွိေသာ ဘက္တီးရီးယားပိုး(Rod-shaped bacteria)ျဖစ္ကာ မိုက္ခ႐ိုစကုပ္နဲ႔ဓါတ္ခြဲခန္းထဲမွာၾကည့္မွျမင္ရပါတယ္။

လူနဲ႔တျခားေသြးေႏြးသတၱဝါေတြရဲ႕အူလမ္းေၾကာင္းမွာေနထိုင္ပါတယ္။

အီးကိုလိုင္ပိုးအမ်ိဳးအစားေပါင္းမ်ားစြာ ရွိၿပီး ေတာ္ေတာ္မ်ားမ်ားကေတာ့ လူကို အႏၲရာယ္မျဖစ္ေစတဲ့အျပင္ အူလမ္းေၾကာင္းက်န္းမာေရးကိုပါအေထာက္အကူျပဳပါတယ္။

သို႔ေသာ္ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အီးကိုလိုင္ ပိုးအမ်ိဳးအစား ကူးစက္ခံရရင္ေတာ့ ဖ်ားတာ၊မူးေဝေအာ့အန္တာ၊ဗိုက္ေအာင့္တာ၊ဗိုက္နာတာ၊ဝမ္းေလွ်ာတာ ေသြးဝမ္းသြားတာ စသျဖင့္ျဖစ္ႏိုင္ပါတယ္။တခ်ိဳ႕တေလမွာ အသက္ဆုံးရႈံးထိအထိျပင္းထန္ပါတယ္။

က်က္ေအာင္ မခ်က္ထားတဲ့ အသားေတြ၊ယင္နားစာေတြ စတဲ့ မသန႔္ရွင္းတဲ့အစားအေသာက္ေတြကို စားမိ မသန႔္ရွင္းတဲ့ေရေတြ အခ်ိဳရည္ေတြ ဒိန္ခ်ဥ္စတာေတြကို ေသာက္မိရာကေနတဆင့္ကူးစက္သလို ေရာဂါပိုးရွိေနတဲ့လူ သို႔မဟုတ္ တိရိစာၦန္ေတြနဲ႔ ထိေတြ႕မိရာကေနလည္း ကူးစက္ႏိုင္ပါတယ္။

အသက္အ႐ြယ္က်ားမ မေ႐ြးကူးစက္ခံရႏိုင္ပါတယ္။သို႔ေသာ္ ကေလးငယ္ေတြနဲ႔သက္ႀကီး႐ြယ္အိုေတြ ပိုးကူးစက္ခံရရင္ ကိုယ္ခံအားနည္းတဲ့အတြက္ ေရာဂါကိုပိုမိုျပင္းထန္စြာခံစားရႏိုင္ပါတယ္။

ဖ်ားတာ၊မူးေဝေအာ့အန္တာ၊ဗိုက္ေအာင့္တာ၊ဗိုက္နာတာ၊ဝမ္းေလွ်ာတာ ေသြးဝမ္းသြားတာစတဲ့လကၡဏာေတြရွိခဲ့ရင္ မေပါ့ဆပဲ ဆရာဝန္နဲ႔ျပသၿပီး

အီးကိုလိုင္ပိုးကူစက္ခံရမရေသခ်ာသိဖို႔အတြက္ ဝမ္း(မစင္)ကို ဓါတ္ခြဲခန္းမွာ ေသခ်ာစစ္ေဆးၾကည့္တာ လုပ္ဖို႔လိုပါတယ္။

အဲဒါမွ ပိုးအမ်ိဳးအစားကို အတိအက် သိရၿပီး ပိုးသတ္ေဆးကို ဆရာဝန္က ေ႐ြးခ်ယ္ေပးႏိုင္မွာပါ။

အီးကိုလိုင္ပိုး မကူးစက္ေအာင္ ကာကြယ္နည္းေတြထဲက အဓိကကေတာ့

တကိုယ္ေရသန႔္ရွင္းေရးကို ဂ႐ုျပဳေဆာင္႐ြက္တာ နဲ႔ လက္ေဆးတာပါပဲ။

လက္ကို အထူးသျဖင့္

အိမ္သာတက္ၿပီးတဲ့အခ်ိန္

လူနာကိုထိေတြ႕ကိုင္တြယ္ၿပီးတဲ့အခ်ိန္၊တိရစာၦန္မ်ားကိုထိေတြ႕ကိုင္တြယ္ၿပီးတဲ့အခ်ိန္ေတြနဲ႔

ကေလးကိုမထိေတြ႕မကိုင္တြယ္ခင္အခ်ိန္၊အစားအစာမ်ားကိုမထိေတြ႕မကိုင္တြယ္ခင္အခ်ိန္ေတြမွာ ဆပ္ျပာနဲ႔ေသခ်ာေဆးေၾကာသန႔္စင္ဖို႔လိုပါတယ္။

ဒါ့အျပင္ ေရေကာင္းေရသန႔္ရရွိေစဖို႔အတြက္ က်ိဳခ်က္ထားေသာေရကိုေသာက္ပါ။ယင္နားစာေတြ မသန႔္ရွင္းတဲ့အစားေသာက္ေတြကို ေရွာင္ပါ။

Dr 528

(Unicode)

ဟိုတလောက ရန်ကုန်ဂျိုးဖြူရေထဲမှာ မစင်ပါတယ်ဆိုပြီး ဖေ့ဘွတ်တွေ ဂျာနယ်တွေထဲ သတင်းအနေနဲ့ပါလာကာ ပြည်သူလူထုတွေ အုတ်အော်သောင်းနင်းဖြစ်တာ ကြားမိပါတယ်။

နောက်တော့ ရေထဲမှာ မစင်တွေပါတာမဟုတ်ဘဲ မစင်ထဲမှာတွေ့လေ့ရှိတဲ့ E.coli (အီးကိုလိုင်)ဆိုတဲ့ပိုးပါတာပါဆိုတဲ့ ရှင်းချက်သတင်းတွေထပ်တက်လာတာလည်း တွေ့ရပါတယ်။

ဒါကြောင့် ဒီတပတ်မှာ လူတိုင်းစိတ်ဝင်စားနေတဲ့ E.coli ရောဂါပိုးအကြောင်းကို ondr စာဖတ်ပရိသတ်များ သိရှိစေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

E.coli ရဲ့နာမည်အပြည့်အစုံကတော့ Escherichia coli ဖြစ်ပါတယ်။

တုတ်ချောင်းပုံစံရှိသော ဘက်တီးရီးယားပိုး(Rod-shaped bacteria)ဖြစ်ကာ မိုက်ခရိုစကုပ်နဲ့ဓါတ်ခွဲခန်းထဲမှာကြည့်မှမြင်ရပါတယ်။

လူနဲ့တခြားသွေးနွေးသတ္တဝါတွေရဲ့အူလမ်းကြောင်းမှာနေထိုင်ပါတယ်။

အီးကိုလိုင်ပိုးအမျိုးအစားပေါင်းများစွာ ရှိပြီး တော်တော်များများကတော့ လူကို အန္တရာယ်မဖြစ်စေတဲ့အပြင် အူလမ်းကြောင်းကျန်းမာရေးကိုပါအထောက်အကူပြုပါတယ်။

 

သို့သော် အန္တရာယ်ဖြစ်စေနိုင်တဲ့ အီးကိုလိုင် ပိုးအမျိုးအစား ကူးစက်ခံရရင်တော့ ဖျားတာ၊မူးဝေအော့အန်တာ၊ဗိုက်အောင့်တာ၊ဗိုက်နာတာ၊ဝမ်းလျှောတာ သွေးဝမ်းသွားတာ စသဖြင့်ဖြစ်နိုင်ပါတယ်။တချို့တလေမှာ အသက်ဆုံးရှုံးထိအထိပြင်းထန်ပါတယ်။

 

ကျက်အောင် မချက်ထားတဲ့ အသားတွေ၊ယင်နားစာတွေ စတဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကို စားမိ မသန့်ရှင်းတဲ့ရေတွေ အချိုရည်တွေ ဒိန်ချဉ်စတာတွေကို သောက်မိရာကနေတဆင့်ကူးစက်သလို ရောဂါပိုးရှိနေတဲ့လူ သို့မဟုတ် တိရိစ္ဆာန်တွေနဲ့ ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါတယ်။

အသက်အရွယ်ကျားမ မရွေးကူးစက်ခံရနိုင်ပါတယ်။သို့သော် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေ ပိုးကူးစက်ခံရရင် ကိုယ်ခံအားနည်းတဲ့အတွက် ရောဂါကိုပိုမိုပြင်းထန်စွာခံစားရနိုင်ပါတယ်။

ဖျားတာ၊မူးဝေအော့အန်တာ၊ဗိုက်အောင့်တာ၊ဗိုက်နာတာ၊ဝမ်းလျှောတာ သွေးဝမ်းသွားတာစတဲ့လက္ခဏာတွေရှိခဲ့ရင် မပေါ့ဆပဲ ဆရာဝန်နဲ့ပြသပြီး

အီးကိုလိုင်ပိုးကူစက်ခံရမရသေချာသိဖို့အတွက် ဝမ်း(မစင်)ကို ဓါတ်ခွဲခန်းမှာ သေချာစစ်ဆေးကြည့်တာ လုပ်ဖို့လိုပါတယ်။

အဲဒါမှ ပိုးအမျိုးအစားကို အတိအကျ သိရပြီး ပိုးသတ်ဆေးကို ဆရာဝန်က ရွေးချယ်ပေးနိုင်မှာပါ။

အီးကိုလိုင်ပိုး မကူးစက်အောင် ကာကွယ်နည်းတွေထဲက အဓိကကတော့

တကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်တာ နဲ့ လက်ဆေးတာပါပဲ။

လက်ကို အထူးသဖြင့်

အိမ်သာတက်ပြီးတဲ့အချိန်

လူနာကိုထိတွေ့ကိုင်တွယ်ပြီးတဲ့အချိန်၊တိရစ္ဆာန်များကိုထိတွေ့ကိုင်တွယ်ပြီးတဲ့အချိန်တွေနဲ့

ကလေးကိုမထိတွေ့မကိုင်တွယ်ခင်အချိန်၊အစားအစာများကိုမထိတွေ့မကိုင်တွယ်ခင်အချိန်တွေမှာ ဆပ်ပြာနဲ့သေချာဆေးကြောသန့်စင်ဖို့လိုပါတယ်။

ဒါ့အပြင် ရေကောင်းရေသန့်ရရှိစေဖို့အတွက် ကျိုချက်ထားသောရေကိုသောက်ပါ။ယင်နားစာတွေ မသန့်ရှင်းတဲ့အစားသောက်တွေကို ရှောင်ပါ။

Dr 528

 

Previous Post

ကလေးငယ်များ ရုတ်တရက်သေဆုံးရခြင်းအကြောင်းသိကောင်းစရာ

Next Post

နေမကောင်းရင် တစ်ခုခုဖြစ်ရင် ဘယ်သွားရမလဲ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နေမကောင်းရင် တစ်ခုခုဖြစ်ရင် ဘယ်သွားရမလဲ 

အီးစီးကရက် (Electronic cigarette)ဆိုတာ ဆေးလိပ်ဖြတ်တဲ့အရာလား

လက်ဖက်ရည်နဲ့ ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.