(Zawgyi)
တစ္ေန႔ ေမာင္လူေခ်ာရဲ႕ အျပင္ေဆးခန္းေလးကို အသက္၄၀ ေလာက္ အန္တီတစ္ေယာက္ လာျပတယ္။ ဆရာရယ္ က်မ ေဆးခန္းေတြျပလာတာ မနည္းေတာ့ဘူး ရပ္ကြက္ထဲမွာလဲ ေဆးလိုက္ထိုးတဲ့ ဆရာနဲ႔ ခဏခဏ အားေဆးထိုးတယ္။ မသက္သာဘူး။သူမ်ားေတြေျပာတာမ်ားလို႔ ဆရာ့ေဆးခန္းလာျပတာတဲ့..ဘာေတြမ်ားေျပာလိုက္လို႔လဲ မသိ…..???
ခဏေလး ေနပါအုံး အန္တီ… အန္တီဘာျဖစ္တာလဲ က်ေနာ့္အရင္ေျပာပါအုံး။ အဲ့က်မွ.. ေအာ္ဟုတ္သားပဲ!!!
ဒီလိုဆရာရဲ႕…”က်မ ေနမေကာင္းတာ သုံးလ ေလးလ ေလာက္ရွိေတာ့မယ္ “…အန္..စၿပီ..လူေခ်ာ ေသခ်ာေမးရပါေတာ့မယ္။
အန္တီ ေနမေကာင္းဘူးဆိုတာ ဘာေတြခံစားရလို႔လဲ။
“ေသခ်ာေတာ့ မေျပာတတ္ပါဘူး ဆရာရယ္…ေနလို႔မေကာင္းဘူး၊၊ မလန္းဘူး။ ႏႈံးခ်ိခ်ိနဲ႔။ မစားခ်င္ မေသာက္ခ်င္ အိပ္ေရးမဝသလိုလိုနဲ႔…”
လူေခ်ာ _ဒါဆို အန္တီဘာေတြ ထပ္ျဖစ္ေသးလဲ?
လူနာ _ဘာမွမျဖစ္ေတာ့ဘူး…
လူေခ်ာ _အန္တီ ဖ်ားခဲ့ေသးလား။
လူနာ _မဖ်ားဘူး။
လူေခ်ာ _ေခ်ာင္းဆိုး သလိပ္ထြက္ရွိေသးလား။
လူနာ _ မရွိပါဘူး။ ဒါ့ေၾကာင့္ေျပာတာ ဆရာရယ္ က်မဘာျဖစ္လဲ မသိဘူး။ အားမရွိဘူးထင္ၿပီး ေဆးခန္းတကာလွည့္ၿပီး အေၾကာေဆး၊ အားေဆး ပတ္ထိုးေနတာ မနည္းေတာ့ဘူး။
လူေခ်ာ _ အန္တီအိပ္ေရးဝဝအိပ္ေပ်ာ္လား။ ညဘက္ ခဏခဏ ထၿပီး အေပါ့ သြားရေသးလား။ ပိန္သြားလား။
လူနာ _ သြားတယ္ ဆီးေကာင္းတယ္ ဆရာ၊ ဆီးကအေရာင္ ျဖဴေနတာပဲ၊ ည ဘက္ ၄၊၅ ခါေလာက္သြားတယ္ေလ။ ေန႔လည္ဘက္လဲ ေကာင္းေကာင္းသြားတယ္။ ပိန္လဲ ပိန္သြားတယ္ ဆရာ အိပ္ေရးမွမဝတာ။
လူေခ်ာ_ ဒါဆို အန္တီ အာေခ်ာက္ေသးလား။
လူနာ _ ေရငတ္တယ္ေလ၊ ေသာက္လို႔ကို မဝႏိုင္ဘူး။ ေရမ်ားမ်ားေသာက္လိုက္ ဆီးေတြသြားလိုက္နဲ႔။
လူေခ်ာ_ အန္တီတို႔ မိဘေဆြမ်ိဳးေတြမွာ ဆီးခ်ိဳေသြးခ်ိဳ ျဖစ္တဲ့သူရွိလား။
လူနာ_ မရွိဘူး။
လူေခ်ာ????
ဒါနဲ႔ပဲ လူေခ်ာ ေသြးေပါင္ခ်ိန္တယ္ စမ္းသပ္မႈ႕တခ်ိဳ႕လုပ္တယ္။ ဘာမွသိပ္ထူးတာမေတြ႕မိဘူး။
လူေခ်ာထင္ေနတာက …
ဟုတ္မွာပါေလ ဆိုၿပီး အန္တီကို ေသြးနည္းနည္းေဖာက္ၾကည့္ခ်င္တယ္ ဆိုေတာ့… အန္တီက လုပ္ပါတဲ့။
လူေခ်ာ ေသြးေဖာက္စစ္လိုက္ေတာ့ အခ်ိဳဓာတ္က ၄၀၀ ေက်ာ္ေနတယ္။ (>400mg/dl)
ေသခ်ာၿပီ အန္တီ …. အန္တီအခ်ိဳဓာတ္ေတြ မ်ားေနတာ ရပ္ကြက္ အေခၚအရ ဆီးခ်ိဳေရာဂါ ပါ၊ ဒါေၾကာင့္ အန္တီအေၾကာေဆးေတြ သြင္းေနတာ မသက္သာပဲ ျဖစ္ေနတာကိုး။ ဆီးခ်ိဳ ေသြးခ်ိဳ နဲ႔ သက္ဆိုင္တဲ့ ေဆးေတြ ေသာက္ရမယ္၊ အစားအေသာက္ အေနအထိုင္ ဆင္ျခင္ရမယ္၊ ေဆးပုံမွန္ေသာက္ ပုံမွန္ စစ္ေဆးမႈေတြလုပ္ရမယ္ စသျဖင့္ ရွင္းျပရတာေပါ့။
အေၾကာေဆးသြင္းတိုင္း ေကာင္းတာမဟုတ္ဘူးဆိုတာ အန္တီ သိသြားပါၿပီတဲ့ …..
ႀကိဳးစားလ်က္။
Author – ေမာင္လူေခ်ာ ( အေရးေပၚကုသမႈ ေဆးပညာ)
(Unicode)
တစ်နေ့ မောင်လူချောရဲ့ အပြင်ဆေးခန်းလေးကို အသက်၄၀ လောက် အန်တီတစ်ယောက် လာပြတယ်။ ဆရာရယ် ကျမ ဆေးခန်းတွေပြလာတာ မနည်းတော့ဘူး ရပ်ကွက်ထဲမှာလဲ ဆေးလိုက်ထိုးတဲ့ ဆရာနဲ့ ခဏခဏ အားဆေးထိုးတယ်။ မသက်သာဘူး။သူများတွေပြောတာများလို့ ဆရာ့ဆေးခန်းလာပြတာတဲ့..ဘာတွေများပြောလိုက်လို့လဲ မသိ…..???
ခဏလေး နေပါအုံး အန်တီ… အန်တီဘာဖြစ်တာလဲ ကျနော့်အရင်ပြောပါအုံး။ အဲ့ကျမှ.. အော်ဟုတ်သားပဲ!!!
ဒီလိုဆရာရဲ့…”ကျမ နေမကောင်းတာ သုံးလ လေးလ လောက်ရှိတော့မယ် “…အန်..စပြီ..လူချော သေချာမေးရပါတော့မယ်။
အန်တီ နေမကောင်းဘူးဆိုတာ ဘာတွေခံစားရလို့လဲ။
“သေချာတော့ မပြောတတ်ပါဘူး ဆရာရယ်…နေလို့မကောင်းဘူး၊၊ မလန်းဘူး။ နှုံးချိချိနဲ့။ မစားချင် မသောက်ချင် အိပ်ရေးမဝသလိုလိုနဲ့…”
လူချော _ဒါဆို အန်တီဘာတွေ ထပ်ဖြစ်သေးလဲ?
လူနာ _ဘာမှမဖြစ်တော့ဘူး…
လူချော _အန်တီ ဖျားခဲ့သေးလား။
လူနာ _မဖျားဘူး။
လူချော _ချောင်းဆိုး သလိပ်ထွက်ရှိသေးလား။
လူနာ _ မရှိပါဘူး။ ဒါ့ကြောင့်ပြောတာ ဆရာရယ် ကျမဘာဖြစ်လဲ မသိဘူး။ အားမရှိဘူးထင်ပြီး ဆေးခန်းတကာလှည့်ပြီး အကြောဆေး၊ အားဆေး ပတ်ထိုးနေတာ မနည်းတော့ဘူး။
လူချော _ အန်တီအိပ်ရေးဝဝအိပ်ပျော်လား။ ညဘက် ခဏခဏ ထပြီး အပေါ့ သွားရသေးလား။ ပိန်သွားလား။
လူနာ _ သွားတယ် ဆီးကောင်းတယ် ဆရာ၊ ဆီးကအရောင် ဖြူနေတာပဲ၊ ည ဘက် ၄၊၅ ခါလောက်သွားတယ်လေ။ နေ့လည်ဘက်လဲ ကောင်းကောင်းသွားတယ်။ ပိန်လဲ ပိန်သွားတယ် ဆရာ အိပ်ရေးမှမဝတာ။
လူချော_ ဒါဆို အန်တီ အာချောက်သေးလား။
လူနာ _ ရေငတ်တယ်လေ၊ သောက်လို့ကို မဝနိုင်ဘူး။ ရေများများသောက်လိုက် ဆီးတွေသွားလိုက်နဲ့။
လူချော_ အန်တီတို့ မိဘဆွေမျိုးတွေမှာ ဆီးချိုသွေးချို ဖြစ်တဲ့သူရှိလား။
လူနာ_ မရှိဘူး။
လူချော????
ဒါနဲ့ပဲ လူချော သွေးပေါင်ချိန်တယ် စမ်းသပ်မှု့တချို့လုပ်တယ်။ ဘာမှသိပ်ထူးတာမတွေ့မိဘူး။
လူချောထင်နေတာက …
ဟုတ်မှာပါလေ ဆိုပြီး အန်တီကို သွေးနည်းနည်းဖောက်ကြည့်ချင်တယ် ဆိုတော့… အန်တီက လုပ်ပါတဲ့။
လူချော သွေးဖောက်စစ်လိုက်တော့ အချိုဓာတ်က ၄၀၀ ကျော်နေတယ်။ (>400mg/dl)
သေချာပြီ အန်တီ …. အန်တီအချိုဓာတ်တွေ များနေတာ ရပ်ကွက် အခေါ်အရ ဆီးချိုရောဂါ ပါ၊ ဒါကြောင့် အန်တီအကြောဆေးတွေ သွင်းနေတာ မသက်သာပဲ ဖြစ်နေတာကိုး။ ဆီးချို သွေးချို နဲ့ သက်ဆိုင်တဲ့ ဆေးတွေ သောက်ရမယ်၊ အစားအသောက် အနေအထိုင် ဆင်ခြင်ရမယ်၊ ဆေးပုံမှန်သောက် ပုံမှန် စစ်ဆေးမှုတွေလုပ်ရမယ် စသဖြင့် ရှင်းပြရတာပေါ့။
အကြောဆေးသွင်းတိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ အန်တီ သိသွားပါပြီတဲ့ …..
ကြိုးစားလျက်။
Author – မောင်လူချော ( အရေးပေါ်ကုသမှု ဆေးပညာ)