ပန်းနာရင်ကျပ်ဆိုတာ လေပြွန်နဲ့ဆိုင်တဲ့ ရောဂါတစ်ခုပါ။ ရင်ကျပ်တယ်ဆိုတိုင်းတော့ ပန်းနာရင်ကျပ် ဟုတ်ချင်မှ ဟုတ်ပါမယ်။
ပန်းနာရင်ကျပ်ဆိုတာ အများအားဖြင့် အသက်တစ်နှစ်အောက်မှာ စဖြစ်တတ်ကြပါတယ်။ တချို့လည်း အသက် ကြီးမှဖြစ်တတ်တယ်။ မတည့်တာတစ်ခုခုတော့ ရှိတတ်တယ်။ မတည့်တဲ့အစားအစာ စားမိရင်ဖြစ်ဖြစ်၊ အနံ့တွေ ရှုမိရင်ဖြစ်ဖြစ်၊ အေးတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊ လေထုညစ်ညမ်းတဲ့အခါ၊ ဆေးလိပ်ငွေ့ရှုမိတဲ့အခါ၊ ဖုန် မှုန့်နဲ့ တိရိစ္ဆာန်အမွေးတွေရှုမိတဲ့အခါ၊ တချို့ဆေးတွေသောက်ပြီးတဲ့အခါ ဖြစ်တတ်ပါတယ်။ တချို့လည်း မျိုးရိုး လိုက်ပါတယ်။
ပန်းနာရင်ကျပ်ဖြစ်သွားတဲ့ ခဏသာ ရောဂါလက္ခဏာခံစားရတာပါ။ တခြားအချိန်တွေမှာ လူကောင်းပကတိပါပဲ။ ဖြစ်လိုက် ပျောက်လိုက်ပဲဖြစ်နေမှာပါ။
ပန်းနာရင်ကျပ်ဖြစ်ပြီဆိုရင် မတည့်တာတွေကြောင့် လေပြွန်တွေရောင်လာပါမယ်။ သလိပ်အထွက်များလာမယ်။ ချောင်းဆိုးလာမယ်။ အသက်ရှုမဝဖြစ်မယ်။ အသက်ရှုရင် တရွှီရွှီမြည်လာပါမယ်။ ဒီထက်ပိုဆိုးရင် အသက်ရှုမြန် ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ စကားကောင်းကောင်းမပြောနိုင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီထက်ပိုဆိုးပြီး သတိလစ် ချင်သလိုဖြစ်ခြင်း၊ အသက်ရှုခက်ခဲလာခြင်း၊ ပြာလာခြင်း၊ နှလုံးခုန်နှေးလာခြင်း၊ သွေးပေါင်ကျလာခြင်းတွေဆိုရင် အသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။
ပန်းနာရင်ကျပ်ဖြစ်တဲ့သူ တချို့ကျတော့ အလုပ်တွေနဲ့ဆိုင်တယ်။ အလုပ်မှာပဲဖြစ်ပြီး အိမ်ပြန်ရောက်ရင်ကောင်း နေတတ်တယ်။ အလုပ်သွားရတဲ့ရက်တွေ ဖြစ်ပြီး အားလပ်ရက်တွေဆို သက်သာနေတတ်တယ်။ ဒါတွေဆို အ လုပ်နဲ့ပြန်ပြီး စဉ်းစားဖို့လိုတတ်ပါတယ်။
ပန်းနာရင်ကျပ်ဖြစ်နေတဲ့သူတွေမှာ ရောဂါရာဇဝင်သေချာမေးဖို့လိုတယ်။ စမ်းသပ်တဲ့အခါ ဘာမှမတွေ့ရတတ် ဘူး။ ဓာတ်မှန်လည်းကောင်းနေတတ်တယ်။ ဒါပေမယ့် ဓာတ်မှန်ရိုက်ဖို့တော့ လိုတတ်တယ်။ အဆုတ်အအေးမိ တာနောက်ဆက်တွဲ ဘာတွေဖြစ်နေသလဲဆိုတာသိဖို့လိုပါတယ်။ ပန်းနာရင်ကျပ်မှာ PEER မှုတ်ခြင်း၊ အာဖြန်း ဆေးဗူးရှုပြီးနဲ့ မရှုခင်အဆုတ်ကို လုပ်ဆောင်ရေတိုင်းခြင်းတွေ စတာတွေလုပ်ဖို့လိုပါတယ်။
တခြားအနေနဲ့ကတော့ ဘာလို့ရင်ကျပ်ဖြစ်တာလဲ၊ ရင်ကျပ်ကဘယ်လောက်ထိဆိုးလဲ၊ နောက်ဆက်တွဲဘာတွေ ဖြစ်နေပြီလဲ ဆိုတာတွေသိဖို့ စစ်ရတာလည်း ရှိတတ်ပါတယ်။ ပန်းနာရင်ကျပ် ကုတဲ့အခါ တစ်ဆင့်ချင်းကုရတာ ပါ။ တစ်ဆင့်ချင်းနဲ့ မသက်သာမှ နောက်တစ်ဆင့်ကို တိုးရတာပါ။ တကယ်ကုတဲ့အခါ အာဖြန်းဆေးဗူးတွေနဲ့ စရ တာပါ။ တဖြည်းဖြည်းတိုးလာပြီး လိုအပ်မှ သောက်ဆေးတွေသောက်ရတာပါ။ တချို့ကျ သောက်ဆေးကို အစ ကတည်းကသောက်ဖြစ်တယ်။ ဒါကလည်း သတ်မှတ်ထားတဲ့ အခြေအနေမှပါ။ စွဲသောက်ဖို့မလိုပါဘူး။ ပန်းနာ ရင်ကျပ် အရေးပေါ်ဖြစ်နေရင်တော့ ဆေးရုံတက်ကုသဖို့လည်း လိုတတ်ပါတယ်။
ပန်းနာရင်ကျပ်ဖြစ်တဲ့သူတွေက ကိုယ်နဲ့မတည့်တာကို မှတ်ထားပြီး ဂရုတစိုက်ရှောင်ကြဉ်ရပါမယ်။ အိမ်၊ အလုပ်၊ ပတ်ဝန်းကျင် သန့်ရှင်းဖို့လည်းလိုပါတယ်။ အနံ့စူးစူးရှရှတွေ၊ ဖုန်တွေ၊ အငွေ့တွေရှောင်ရပါမယ်။ မလိုဘဲ ဘာ ဆေးမှမသောက်ရပါဘူး။ နေမကောင်းဖြစ်တဲ့အခါမှာလည်း ဆေးရုံ၊ ဆေးခန်းတွေမှာ သေချာကုသဖို့လိုပါတယ်။ ပန်းနာရင်ကျပ်ကိုလည်း တစ်ဆင့်ချင်းသေချာ စနစ်တကျကုသသင့်တယ်။ ဒါမှရောဂါအတွက်ပိုကောင်းသလို မလိုအပ်ဘဲ ဆေးအများကြီး မသုံးရတဲ့အတွက် ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကိုလည်း နည်းစေပါတယ်။
Author – Dr. CST