(Zawgyi)
(၁)အာဟာရချို့တဲ့ခြင်း
(၃)ကိုယ်ဝန်ဆောင်ခြင်း
(၅)မိုပိုးဝင်ခြင်း
ခြေတွင်မိုပိုးဝင်ခြင်းဖြစ်လျှင်လည်းခြေပူခြင်းခံစားရနိုင်ပါတယ်။
(၇)ကင်ဆာဆေးသွင်းခြင်း
(၈)ကျောက်ကပ်ရောဂါ
(၁၀)အရက်သောက်ခြင်း
ကာကွယ်နည်းများ
ကုသခြင်း
Dr.ပြည့်ရှင်း
(Unicode)
ခြေပူရှိန်းရှိန်း ခံစားမူက ခံစားဖူးသူတိုင်းအတွက် ခံရခက်တဲ့ဝေဒနာတစ်ရပ်ပဲဖြစ်ပါတယ်။အများအားဖြင့် ညဘက်တွင် ခြေ ပူရှိန်းမူကို ခံစားရလေ့ရှိပါတယ်။ထိုဝေဒနာသည် မသိမသာခံရခက်သည်မှ ဆိုးရွားသည်အထိဖြစ်တတ်ပါတယ်။ပုံမှန်အားဖြင့် ပူရှိန်းမူအပြင် ခြေလက်ထုံကျင်၊နီကျင်၊ရောင်ရမ်းမူပါ ခံစားရနိုင်ပါတယ်။သို့သော် လက်တွေ့တွင် ပြင်ပလက္ခဏာအနေဖြင့်ဖြစ်ပေါ်လေ့မရှိပါ။
ဘာကြောင့်ခြေပူရှိန်းရသလဲဟူသောမေးခွန်းများ ondrတွင် မေးလေ့ရှိပါတယ်။
ခြေပူရှိနိးရသောအကြောင်းရင်းများမှာအောက်ပါအကြောင်းရင်းများပင်ဖြစ်ပါတယ်။
(၁)အာဟာရချို့တဲ့ခြင်း
အာရုံကြောများသည် မိမိရဲ့တာဝန်လုပ်ဆောင်မူများပြုလုပ်ရန် အာဟာရဓာတ်များ လိုအပ်ပါတယ်။ကိုယ်ခန္ဓာမှ အာဟာရစုပ်ယူမူ အားနည်းသောအခါ အာရုံ ကြောများချို့တဲ့သောအခါ ခြေပူရှိန်းမူဖြစ်စေပါတယ်။ဗီတာမင်B6;ဗီတာမင်B12နှင့်ဖောလိတ်ချို့တဲ့သောအခါ အာရုံကြောပြဿနာများဖြစ်တတ်ပါတယ်။သုတေသနပြုချက်များအရအရက်သောက်သူများ၊အစာမမှန်သူများ၊အိမ်ယာမဲ့များ၊အသက်ကြီးသူများ၊ကိုယ်ဝန်ဆောင်များနှင့်ချို့တဲ့သူများတွင် အာဟာရချို့တဲ့မူပြဿနာများဖြစ်လေ့ရှိပါတယ်။
(၂)ဆီးချိုကြောင့်အာရုံကြောပျက်ဆီးခြင်း
ခြေပူရသောအကြောင်းရင်းရဲ့ အဖြစ်များဆုံးအကြောင်းရင်းမှာ ဆီးချိုဝေဒနာနောက်ဆက်တွဲအာရုံကြောထိခြင်းဖြစ်ပါတယ်။ဆီးချိုရောဂါကိုသေချာကသမူမပြုလုပ်ခဲ့လျှင်နောက်ဆက်တွဲအနေဖြင့်အာရုံကြောများထိခိုက်ပျက်ဆ်ီးမူကိုဖြစ်စေပါတယ်။ခြေပူခြင်းအပြင် နာကျင်ခြင်း၊ထုံကျင်ခြင်းများကို လက်မောင်း၊ခြေလက်များတွင် ခံစားရလေ့ရှိပါတယ်။
(၃)ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်သည်များသည် ဟော်မုန်းပြောင်းလဲမူကြောင့်ကိုယ်တွင်းအပူချိန်တက်ကာ ခြေပူရှိနိးမူဖြစ်စေပါတယ်။ကိုယ်အလေးချိန်တိုးလာခြင်းသည်လည်းကိုယ်ဝန်ဆောင်ခြေပူခြင်းဖြစ်စေပါတယ်။
(၄)သွေးဆုံးသောအမျိုးသမီးများ
၇၅%သွေးဆုံးသောအမျိုးသမီးများတွင် ခြေပူသောဝေဒနာသည် အများဆုံးခံစားရလေ့ရှိပါတယ်။ဟော်မုန်းပြောင်းလဲမူ၊နေထိုင်မူစနစ်ပြောင်းလဲမူနှင့်အစားအသောက်များကြောင့်ခြေပူခြင်းဖြစ်စေပါတယ်။
(၅)မိူပိုးဝင်ခြင်း
ခြေတွင်မိူပိုးဝင်ခြင်းဖြစ်လျှင်လည်းခြေပူခြင်းခံစားရနိုင်ပါတယ်။
(၆)သတ္တုဓာတ်များနှင့်ထိတွေ့ခြင်း
ခဲ၊မာကျျုရီ၊အာစင်နစ်စသောသတ္တုဓာတ်များနှင့်ထိတွေ့ပါက ခြေပူခြင်းခံစားရတတ်ပါတယ်။ထိုဓာတ်များသည် အာရုံကြောထိခိုက်နိုင်ပါတယ်။
(၇)ကင်ဆာဆေးသွင်းခြင်း
ကင်ဆာဆေးသွင်းမူသည် ဆဲလ်များကိုဖျက်ဆီးသောကြောင့်အာရုံကြောထိခိုက်ပြီး ခြေပူ၊ထုံကျင်ခြင်းဖြစ်စေပါတယ်။
(၈)ကျောက်ကပ်ရောဂါ
ကျောက်ကပ်ဝေဒနာရှင်များသည်ခြေပူခြင်းခံစားရသည်မှာ ကျောက်ကပ်မှ ကိုယ်တွင်းအဆိပ်အတောက်များမဖယ်ရှားနိုင်သောကြောင့်ဖြစ်ပါတယ်။
(၉)သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
သိုင်းရွိုက်ဟော်မုန်းနည်းလျှင်ခြေလက်ပူ၊ထုံကျင်ခြင်းကိုဖြစ်စေပါတယ်။အဘယ်ကြောင့်ဆိုသော် ဟော်မုန်းနည်းခြင်းသည်အာရုံကြောပျက်ဆီးစေသောကြောင့်ဖြစ်ပါတယ်။
(၁၀)အရက်သောက်ခြင်း
အရက်အလွန်အကျွံသောက်ခြင်းကြောင့်အာရုံကြောထိခိုက်ကာခြေလက်ထုံကျင်မူဝေဒနာဆိုးရွားစွာခံစားရရှိနိုင်ပါတယ်။အရက်သည် အာရုံကြောအတွက်အဆိပ်အတောက်ဖြစ်စေပါတယ်။
အခြားသောရောဂါများကြောင့်လည်းဖြစ်စေပါတယ်။ဥပမာ HIV;သွေးကြောရောင်ရောဂါများ
ကာကွယ်နည်းများ
စိတ်ဖိစီးမူလျော့ချခြင်း၊ကော်ဖီ၊အရက်၊ပူစပ်သောအစာများ၊ဆေးလိပ်သောက်ခြင်းစသည့်တို့ကိုရှောင်ကြဉ်ပါ။နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ပေးသင့်ပါတယ်။လမ်းလျောက်ခြင်း၊ရေကူးခြင်း
ကုသခြင်း
အချု့်အမျိုးသမီးများအတွက် အထူးကုသရန်မလိုအပ်သော်လည်းအချု့်မှာမူဟော်မုန်းအစားထိုးကုသမူများပြုလုပ်သင့်ပါတယ်။ခြေပူခြင်းဖြစ်စေသောအကြောင်ရင်းကို သေချာစွာကုသမှသက်သာပျောက်ကင်းစေနိုင်ပါတယ်။ဥပမာ ဆီးချို၊