(Zawgyi)
အဖ်ား
အဖ်ားရွိတယ္လို႔ဘယ္ အခ်ိန္မွာေျပာမလဲ? ပုံမွန္ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ အပူခ်ိန္ဟာ 96’F မွ 100.8’F အတြင္း ရွိႏိုင္ပါတယ္။ ေန႔လည္အပူခ်ိန္က ညေနထက္ 1 ‘F ပို တတ္ပိုပါတယ္။ အမ်ိဳးသမီးမ်ားဟာ အမ်ိဳးသားမ်ားထက္ 1’F အပူခ်ိန္ပိုတတ္ပါတယ္။ ပုံမွန္ အဖ်ားတိုင္းေလ့ရွိတဲ့ ေနရာက လွ်ာေအာက္၊ ခ်ိဳင္းေအာက္ေတြမွာတိုင္းပါတယ္။ စအိုထဲထည့္တိုင္းတာ၊ အစာေရမ်ိဳထဲထည့္တိုင္းတာေတြက အရမ္းရွားပါတယ္။ core body temperature လို႔ေခၚတဲ့ ခႏၶာကိုယ္ရဲ႕ ကိုယ္တြင္းအပူခ်ိန္ကို အတိအက် သိခ်င္တဲ့ အခါမ်ိဳးမွသာ တိုင္းေလ့ရွိပါတယ္။
ရက္ရွည္ဖ်ားတယ္လို႔ ဘယ္အခ်ိန္မွာ အမည္တပ္မလဲ ဆိုရင္ ကိုယ္ အပူခ်ိန္က 101’F ရွိၿပီး 3 ပတ္ ၾကာ အဖ်ားရွိမယ္ ဆိုရင္ ေခၚလို႔ရပါၿပီ။ အတြင္းလူနာအေနနဲ႔ ေဆး႐ုံတက္ ကုသၿပီး လိုအပ္တဲ့ ေသြးစစ္ ဆီးစစ္ တာေတြ လုပ္တာ 1 ပတ္ၾကာတဲ့ အထိ အဖ်ားရွိေနရင္လည္း ေခၚႏိုင္ပါတယ္။ ဒီလိုဆိုရင္ မေပါ့သင့္ပါဘူး။ အဖ်ားစတဲ့ ေန႔ကိုေသခ်ာမွတ္သား ထားရပါမယ္။ အဖ်ားရက္ရွည္ေနၿပီဆိုရင္ ေတာ္ယုံ ကုသမႈနဲ႔ မေပ်ာက္ဘူး ဆိုရင္ ပိုၿပီး စဥ္းစားရေတာ့ပါမယ္။ ဒီမွာ အျဖစ္မ်ားတာေတြက ရက္ရွည္ဖ်ားတာ အျပင္ ေခ်ာင္းဆိုးမယ္ ပိန္ တယ္ အစားအေသာက္ပ်က္တယ္ ဆိုရင္ TB တီဘီ ေရာဂါ ျဖစ္ဖို႔ မ်ားပါတယ္။ ေဆးလိပ္ေသာက္ ၊ သိသိသာသာ ပိန္တယ္ ဆိုရင္ေတာ့ Cancer ကင္ဆာကိုလည္း ထည့္သြင္းစဥ္းစားရပါတယ္။
တစ္ျခားျဖစ္ႏိုင္တာေတြေတာ့ အမ်ားႀကီးပါ၊ အသည္းျပည္တည္ျခင္း၊ အဆုတ္ျပည္တည္ျခင္း မ်ားျဖစ္ႏိုင္ပါတယ္။ Connective tissue ေရာဂါမ်ား ၊ အေရျပား ေလးဘက္နာေရာဂါ ေတြလည္း ျဖစ္ႏိုင္ပါတယ္။ မေပါ့ဆသင့္ပါဘူး။ တစ္ခါတစ္ေလ မိမိေသာက္ေနတဲ့ ပိုးသတ္ေဆး ေတြေၾကာင့္လည္း အဖ်ားတက္တာေတြ ရွိပါတယ္။ ေဆးရပ္လိုက္ေတာ့မွ အဖ်ားက်သြားတာေတြေတြ႕ရပါတယ္။ ဒါေပမယ့္ တတ္ကြၽမ္းေသာ ဆရာဝန္မ်ားနဲ႔ေသခ်ာ ျပသၿပီး ေရာဂါရွာေဖြၿပီးမွသာ လုပ္ေဆာင္သင့္ပါတယ္။
Author : Dr. Lynn
(Unicode)
အဖျား
အဖျားရှိတယ်လို့ဘယ် အချိန်မှာပြောမလဲ? ပုံမှန် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အပူချိန်ဟာ 96’F မှ 100.8’F အတွင်း ရှိနိုင်ပါတယ်။ နေ့လည်အပူချိန်က ညနေထက် 1 ‘F ပို တတ်ပိုပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများထက် 1’F အပူချိန်ပိုတတ်ပါတယ်။ ပုံမှန် အဖျားတိုင်းလေ့ရှိတဲ့ နေရာက လျှာအောက်၊ ချိုင်းအောက်တွေမှာတိုင်းပါတယ်။ စအိုထဲထည့်တိုင်းတာ၊ အစာရေမျိုထဲထည့်တိုင်းတာတွေက အရမ်းရှားပါတယ်။ core body temperature လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန်ကို အတိအကျ သိချင်တဲ့ အခါမျိုးမှသာ တိုင်းလေ့ရှိပါတယ်။
ရက်ရှည်ဖျားတယ်လို့ ဘယ်အချိန်မှာ အမည်တပ်မလဲ ဆိုရင် ကိုယ် အပူချိန်က 101’F ရှိပြီး 3 ပတ် ကြာ အဖျားရှိမယ် ဆိုရင် ခေါ်လို့ရပါပြီ။ အတွင်းလူနာအနေနဲ့ ဆေးရုံတက် ကုသပြီး လိုအပ်တဲ့ သွေးစစ် ဆီးစစ် တာတွေ လုပ်တာ 1 ပတ်ကြာတဲ့ အထိ အဖျားရှိနေရင်လည်း ခေါ်နိုင်ပါတယ်။ ဒီလိုဆိုရင် မပေါ့သင့်ပါဘူး။ အဖျားစတဲ့ နေ့ကိုသေချာမှတ်သား ထားရပါမယ်။ အဖျားရက်ရှည်နေပြီဆိုရင် တော်ယုံ ကုသမှုနဲ့ မပျောက်ဘူး ဆိုရင် ပိုပြီး စဉ်းစားရတော့ပါမယ်။ ဒီမှာ အဖြစ်များတာတွေက ရက်ရှည်ဖျားတာ အပြင် ချောင်းဆိုးမယ် ပိန် တယ် အစားအသောက်ပျက်တယ် ဆိုရင် TB တီဘီ ရောဂါ ဖြစ်ဖို့ များပါတယ်။ ဆေးလိပ်သောက် ၊ သိသိသာသာ ပိန်တယ် ဆိုရင်တော့ Cancer ကင်ဆာကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။
တစ်ခြားဖြစ်နိုင်တာတွေတော့ အများကြီးပါ၊ အသည်းပြည်တည်ခြင်း၊ အဆုတ်ပြည်တည်ခြင်း များဖြစ်နိုင်ပါတယ်။ Connective tissue ရောဂါများ ၊ အရေပြား လေးဘက်နာရောဂါ တွေလည်း ဖြစ်နိုင်ပါတယ်။ မပေါ့ဆသင့်ပါဘူး။ တစ်ခါတစ်လေ မိမိသောက်နေတဲ့ ပိုးသတ်ဆေး တွေကြောင့်လည်း အဖျားတက်တာတွေ ရှိပါတယ်။ ဆေးရပ်လိုက်တော့မှ အဖျားကျသွားတာတွေတွေ့ရပါတယ်။ ဒါပေမယ့် တတ်ကျွမ်းသော ဆရာဝန်များနဲ့သေချာ ပြသပြီး ရောဂါရှာဖွေပြီးမှသာ လုပ်ဆောင်သင့်ပါတယ်။
Author : Dr. Lynn