fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဦးဏှောက်အမြှေးရောင်ဘေး အထင်မသေးနဲ့

178
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

က်ေနာ္တို႔ရဲ႕ ဗဟိုအာ႐ုံေၾကာစနစ္ျဖစ္တဲ့ ဦးေဏွာက္နဲ႔ ေက်ာ႐ိုးအာ႐ုံေၾကာမကို အေျမႇးပါးသုံးလႊာနဲ႔ ကာရံေပးထားပါတယ္… အဲ့ဒီ သုံးလႊာကို အျပင္လႊာ (Dura mater) ၊ အလယ္လႊာ (Arachnoid mater)နဲ႔ အတြင္းဆုံးအလႊာ (Pia mater) လို႔ေခၚၿပီး အဲ့ဒီ အလႊာေတြကို ဦးေဏွာက္အေျမႇး (Meninges) ေတြလို႔ေခၚပါတယ္… ဦးေဏွာက္အေျမႇးေရာင္တယ္ (Meningitis) ဆိုတာ အဲ့ဒီ အေျမႇးပါးသုံးခု ေရာင္တာကို ေျပာတာပါ… ဦးေဏွာက္ေရာင္တာ (Encephalitis) နဲ႔ မတူပါဘူး… ဦးေဏွာက္အေျမႇးေရာင္တာက အသက္အႏၲရာယ္ထိခိုက္ေစတဲ့ ေရာဂါတစ္မ်ိဳးျဖစ္တာေၾကာင့္ ေဆးပညာဆိုင္ရာ အေရးေပၚအေျခအေနတစ္ခု ျဖစ္ပါတယ္…

ဦးေဏွာက္အေျမႇးေရာင္တာက ဗိုင္းရပ္စ္ပိုးေတြ၊ ဘက္တီးရီးယားေရာဂါပိုးေတြေၾကာင့္လည္း ေရာင္တတ္သလို တခ်ိဳ႕ေဆးဝါးေတြေၾကာင့္လည္း ေရာင္တတ္ပါတယ္… ဒါေၾကာင့္ အေရျပားမွာ အနာေတြေပါက္ေနတာ၊ လိင္အဂၤါေရယုန္ေတြေပါက္ေနတာေတြရွိရင္လည္း ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္တာလို႔ ယူဆႏိုင္စရာရွိတဲ့ သဲလြန္စေတြပဲျဖစ္ပါတယ္… ကူးစက္တဲ့နည္းလမ္းကလည္း အေနာက္တိုင္းပုံစံနမ္း႐ုွံ႔တာ၊ ေရာဂါပိုးရွိသူရဲ႕ တံေတြး၊ ႏွာရည္၊ သလိပ္ေတြကို ႏွာေခ်၊ေခ်ာင္းဆိုးတာက တဆင့္ ရွဴသြင္းမိရင္၊ ေရာဂါပိုးရွိသူရဲ႕ မစင္ကို တနည္းနည္းနဲ႔ စားမိရင္ ကူးစက္ေစႏိုင္ပါတယ္… ဒါေပမယ့္ ဦးေဏွာက္အေျမႇးေရာင္ေရာဂါျဖစ္ေနတဲ့ လူနာရွိတဲ့ အခန္းထဲက ေလကို ရွဴ႐ုံနဲ႔ေတာ့ မကူးစက္တတ္ပါဘူး…

ဘက္တီးရီးယားေၾကာင့္ ျဖစ္တဲ့အထဲမွာ မနင္ဂိုေကာ့ကယ္ဘက္တီးရီးယား (Mennigococcal Bacteria, Neisseria meningitidis) ေၾကာင့္ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္တာက ေၾကာက္စရာပိုေကာင္းပါတယ္… ေနာက္ၿပီး ႏွလုံးအဆို႔ေရာင္တာကေန ဦးေဏွာက္အေျမႇးေရာင္အထိ ျဖစ္သြားတတ္သလို ကာလသားေရာဂါ (Syphilis) ျဖစ္ေစတဲ့ Treponema pallidum ပိုးေၾကာင့္လည္း ဦးေဏွာက္ေျမႇးေရာင္တတ္ပါတယ္… တီဘီေရာဂါေၾကာင့္၊ ျပင္းထန္ငွက္ဖ်ားေၾကာင့္လည္း ဦးေဏွာက္ေျမႇးေရာင္တတ္ပါတယ္… ဦးေခါင္းထိခိုက္ဒဏ္ရာရရင္လည္း ဦးေဏွာက္ အေျမႇးေရာင္တတ္ပါတယ္… ဦးေဏွာက္အေျမႇးေရာင္ေစတဲ့ အေၾကာင္းရင္း ေတြကေတာ့ အမ်ားႀကီးပါ…

ဦးေဏွာက္အေျမႇးေရာင္ရင္ ျဖစ္တတ္တဲ့ လကၡဏာေတြက ႐ုတ္တရက္အဖ်ားႀကီးတာ၊ အလြန္အမင္းေခါင္းကိုက္တာ၊ ဇက္ေၾကာႀကီးေတာင့္တင္းေနတာ၊ စိတ္အေနအထားေျပာင္းလဲတာေတြျဖစ္ၿပီး တက္တာ၊ သတိလစ္တာ၊ အန္တာ၊ အလင္းေရာင္ဒဏ္နဲ႔ ဆူညံမႈဒဏ္ကို မခံႏိုင္တာေတြျဖစ္တတ္ပါတယ္… ကေလးငယ္ေတြမွာေတာ့ မွိန္းတာ၊ အေၾကာင္းမဲ့ဂ်ီတိုက္ေနတာ၊ အီေနတာ၊ အစာမစား၊ ႏို႔မစို႔တာမ်ိဳးနဲ႔လည္း လာတတ္ပါတယ္… ေျခာက္လေအာက္ကေလးငယ္ေတြမွာေတာ့ ငယ္ထိပ္က ေဖာင္းေနႏိုင္ပါတယ္… ဒါ့အျပင္ ခႏၶာကိုယ္တစ္ခုလုံးအျပင္ လက္ဖဝါး၊ ေျခဖဝါးေတြမွာပါ အနီစက္ေတြ အေျမာက္အမ်ား ထြက္တယ္ဆိုရင္ေတာ့ ကူးစက္တတ္တဲ့ ဘက္တီးရီးယားပိုးတစ္မ်ိဳးျဖစ္တဲ့ မနင္ဂိုေကာ့ကယ္ ဘက္တီးရီးယား (Meningococcal Bacteria) ေၾကာင့္ျဖစ္ႏိုင္ပါတယ္… အဲ့ဒီအနီစက္ေတြက ဖိလိုက္ရင္လည္းျဖဴမသြားဘဲ နီၿမဲ နီေနတတ္ပါတယ္…

ဦးေဏွာက္အေျမႇးေရာင္ေရာဂါဟုတ္၊ မဟုတ္ကို နည္းႏွစ္နည္းနဲ႔လည္း စမ္းသပ္ၾကည့္ႏိုင္ပါတယ္… ကားနစ္ရဲ႕ သေကၤတ နဲ႔ ဗ႐ုဇင္းစ္ကီးရဲ႕ သေကၤတ (Kernig’s sign & Brudzinski sign) ရွိမရွိ စမ္းသပ္တဲ့နည္းပဲျဖစ္ပါတယ္… ကားနစ္ရဲ႕ သေကၤတကို ဘယ္လိုစမ္းသပ္လဲဆိုရင္ လူနာကို ပက္လက္လွဲခိုင္းထားၿပီး ဒူးေခါင္းနဲ႔ ကိုယ္ခႏၶာကို ၉၀ ဒီဂရီျဖစ္ေအာင္ ဒူးကို ေကြးၿပီးေထာင္ခိုင္းလိုက္ရင္ နာလို႔ အဲ့လိုမေထာင္ႏိုင္ဘူးဆိုရင္ ကားနစ္ရဲ႕သေကၤတရွိတယ္၊ Kernig’s sign positive ျဖစ္တယ္လို႔ ေျပာလို႔ရပါတယ္… ဗ႐ုဇင္းစ္ကီးရဲ႕ သေကၤတကိုေတာ့ လူနာကို ေခါင္းငုံ႔ခိုင္းလိုက္တဲ့အခါ တင္ပါးဆစ္နဲ႔ ဒူးဆစ္ပါ တမင္ေကြးတာမဟုတ္ဘဲ အလိုလို ေကြးသြားတယ္ဆိုရင္ positive ျဖစ္တယ္လို႔ ယူဆပါတယ္… ဒီသေကၤတႏွစ္ခုနဲ႔ ဦးေဏွာက္အေျမႇးေရာင္ေရာဂါဟုတ္မဟုတ္ ေယဘုယ်အားျဖင့္ ခြဲျခားေပးႏိုင္တယ္ ဆိုေပမယ့္ အတိအက်ေတာ့ မဟုတ္ပါဘူး… ဘာလို႔လည္းဆိုေတာ့ ဒီသေကၤတေတြက ဦးေဏွာက္အေျမႇးေရာင္ ေရာဂါမွာ အမ်ားဆုံးေတြ႕ရတယ္ဆိုေပမယ့္ ဒီသေကၤတေတြရွိေနႏိုင္တဲ့ တျခား ရွားရွားပါးပါး ေရာဂါေတြလည္း ရွိေနတတ္ေသးလို႔ပါ…

ေနာက္ထပ္ ဦးေဏွာက္အေျမႇးေရာင္ေရာဂါဟုတ္မဟုတ္ စမ္းသပ္ႏိုင္တဲ့ နည္းလမ္းတစ္ခု ရွိပါေသးတယ္… jolt accentuation maneuver လို႔ ေခၚပါတယ္… ဦးေဏွာက္ေျမႇးေရာင္ေနတယ္လို႔ သံသယရွိတဲ့ လူနာရဲ႕ ေခါင္းကို အလ်ားလိုက္ ေဘးတစ္ဘက္တစ္ခ်က္စီကို အျမန္လွည့္ၾကည့္ခိုင္းတဲ့အခါ ေခါင္းကိုက္တာ ပိုဆိုးမလာဘူးဆိုရင္ ဦးေဏွာက္အေျမႇးေရာင္တာ ျဖစ္ႏိုင္ေျခနည္းပါတယ္… ဒါ့အျပင္ ဦးေဏွာက္အေျမႇးေရာင္ေရာဂါဟုတ္၊ မဟုတ္ကို ခါးဆစ္႐ိုးကေန ဦးေဏွာက္နဲ႔ အာ႐ုံေၾကာတြင္းရည္ (Cerebrospinal Fluid) ကိုေဖာက္ၿပီး ဓာတ္ခြဲစစ္ေဆးၾကည့္ျခင္းျဖင့္ သိႏိုင္ပါတယ္…

ဦးေဏွာက္အေျမႇးေရာင္ေရာဂါ ျဖစ္လာၿပီဆိုရင္လည္း ပဋိဇီဝပိုးသတ္ေဆးေတြေပးတာ၊ ဗိုင္းရပ္စ္ ေရာဂါပိုးသတ္ေဆးေတြေပးတာမ်ိဳးနဲ႔ ကုသမႈေပးႏိုင္ပါတယ္… ဦးေဏွာက္ေျမႇး အလြန္အမင္းေရာင္တာရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ကာကြယ္ဖို႔ စတီး႐ြိဳက္ေဟာ္မုန္းေဆးေတြကိုလည္း ထိုးေပးႏိုင္ပါတယ္…

ဦးေဏွာက္အေျမႇးေရာင္တာကို ျမန္ျမန္ဆန္ဆန္ကုသမႈ မခံယူဘူးဆိုရင္ နာတာရွည္ နားထိုင္းတာ၊ ဝက္႐ူးျပန္တာ၊ ဦးေဏွာက္တြင္းေရလွ်ံတာ (Hydrocephalus)အျပင္ အသိအျမင္ခ်ိဳ႕ယြင္းသြားတာမ်ိဳးအထိ ျဖစ္သြားႏိုင္ပါတယ္… မနင္ဂိုေကာ့ကယ္ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္ရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ဆိုရင္လည္း ေျခ လက္ေတြ ပုပ္ေဆြးတာမ်ိဳးအထိ ျဖစ္ႏိုင္ပါတယ္… အရမ္းျပင္းထန္လြန္းရင္ေတာ့ WF ေရာဂါစု (Waterhouse-Friderichsen Syndrome) လို႔ေခၚတဲ့ ေရာဂါစုအထိ ျဖစ္သြားႏိုင္ၿပီး ေသတတ္ပါတယ္… ဦးေဏွာက္အေျမႇးေရာင္ေရာဂါျဖစ္ေနတာကို မကုသဘဲထားရင္ ကုသမႈမခံယူတဲ့ လူနာ အားလုံးနီးပါး ေသပါတယ္… ဒါေၾကာင့္ ဦးေဏွာက္အေျမႇးေရာင္ ေရာဂါျဖစ္ေနၿပီ၊ ျဖစ္ေနတယ္လို႔ သံသယရွိတယ္ဆိုရင္ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းကို သြားၿပီး လ်င္လ်င္ျမန္ျမန္ ကုသမႈ ခံယူသင့္ပါတယ္…

ကာကြယ္ဖို႔အတြက္ကေတာ့ တစ္ကိုယ္ရည္သန႔္ရွင္းေရးကို ဂ႐ုစိုက္တာ၊ လက္ကိုင္ပုဝါေဆာင္ထားၿပီး ေခ်ာင္းဆိုး၊ႏွာေခ်တဲ့သူေတြနဲ႔ေတြ႕ရင္ ကိုယ့္ႏွာေခါင္းနဲ႔ ပါးစပ္ကို လက္ကိုင္ပုဝါ/တံေတာင္ဆစ္ေကြး/ လက္ေကာက္ဝတ္ အဆင္ေျပတာနဲ႔ ဖုံးအုပ္တာမ်ိဳး၊ ကိုယ္ႏွာေခ်၊ေခ်ာင္းဆိုးမယ္ဆိုရင္လည္း အဲ့ဒီလိုပဲ ဖုံးအုပ္ၿပီးမွ ႏွာေခ်၊ ေခ်ာင္းဆိုးတာမ်ိဳးလုပ္သင့္ပါတယ္… ဒါ့အျပင္ သန႔္ရွင္းမႈအားနည္းတဲ့ သြားရည္စာ၊ တုတ္ထိုး၊ အကင္၊ အခ်ဥ္ေတြကို မစားသင့္ပါဘူး… အဆင္ေျပရင္ ကာကြယ္ေဆးပါ ထိုးထားသင့္ပါတယ္…
တခ်ိဳ႕အေၾကာင္းေတြေၾကာင့္ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္ေရာဂါက ကာကြယ္ေဆးထိုးၿပီး ကာကြယ္လို႔ရပါတယ္… အဲ့ဒါက ဘာေတြလည္းဆိုရင္ အခုနက မနင္ဂိုေကာ့ကယ္ဘက္တီးရီးယားပိုး (Meningococcal Bacteria) ေၾကာင့္ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္ေရာဂါ၊ ပါးခ်ိတ္ေရာင္ဗိုင္းရပ္စ္(Mumps) ေၾကာင့္ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္ေရာဂါ၊ န်ဴမိုေကာ့ကယ္ဘက္တီးရီးယားပိုး (Pneumococcal Bacteria) ေၾကာင့္ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္ေရာဂါ၊ အိတ္ခ်္အင္ဖလူရမ္ဇာဘီ (H. influenza b,Hib)ေၾကာင့္ျဖစ္တဲ့ ဦးေဏွာက္အေျမႇးေရာင္ေရာဂါေတြပဲ ျဖစ္ပါတယ္…

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရရင္ ဦးေဏွာက္အေျမႇးေရာင္ေရာဂါရဲ႕ လကၡဏာေတြကို သိရွိထားမယ္၊ အလြယ္တကူ ခြဲျခားႏိုင္မယ့္ နည္းစနစ္ေတြနဲ႔ ခြဲျခားၾကည့္ၿပီး သံသယရွိမယ္ဆိုရင္ ေပါ့ဆမေနဘဲ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းကို အျမန္ဆုံးသြားေရာက္ကုသမႈခံယူၿပီး အသက္ခ်မ္းသာရၾကမယ္လို႔ ေမွ်ာ္လင့္ရင္း က်ေနာ့္ရဲ႕ “ ဦးေဏွာက္အေျမႇးေရာင္ေဘး အထင္မေသးနဲ႔” ဆိုတဲ့ ေဆာင္းပါးကို ဒီမွာပဲ နိဂုံးခ်ဳပ္ခြင့္ျပဳပါခင္ဗ်ာ…။

Author – ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)

(Unicode)

ကျနော်တို့ရဲ့ ဗဟိုအာရုံကြောစနစ်ဖြစ်တဲ့ ဦးဏှောက်နဲ့ ကျောရိုးအာရုံကြောမကို အမြှေးပါးသုံးလွှာနဲ့ ကာရံပေးထားပါတယ်… အဲ့ဒီ သုံးလွှာကို အပြင်လွှာ (Dura mater) ၊ အလယ်လွှာ (Arachnoid mater)နဲ့ အတွင်းဆုံးအလွှာ (Pia mater) လို့ခေါ်ပြီး အဲ့ဒီ အလွှာတွေကို ဦးဏှောက်အမြှေး (Meninges) တွေလို့ခေါ်ပါတယ်… ဦးဏှောက်အမြှေးရောင်တယ် (Meningitis) ဆိုတာ အဲ့ဒီ အမြှေးပါးသုံးခု ရောင်တာကို ပြောတာပါ… ဦးဏှောက်ရောင်တာ (Encephalitis) နဲ့ မတူပါဘူး… ဦးဏှောက်အမြှေးရောင်တာက အသက်အန္တရာယ်ထိခိုက်စေတဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် ဆေးပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်…

ဦးဏှောက်အမြှေးရောင်တာက ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားရောဂါပိုးတွေကြောင့်လည်း ရောင်တတ်သလို တချို့ဆေးဝါးတွေကြောင့်လည်း ရောင်တတ်ပါတယ်… ဒါကြောင့် အရေပြားမှာ အနာတွေပေါက်နေတာ၊ လိင်အင်္ဂါရေယုန်တွေပေါက်နေတာတွေရှိရင်လည်း ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်တာလို့ ယူဆနိုင်စရာရှိတဲ့ သဲလွန်စတွေပဲဖြစ်ပါတယ်… ကူးစက်တဲ့နည်းလမ်းကလည်း အနောက်တိုင်းပုံစံနမ်းရုှံ့တာ၊ ရောဂါပိုးရှိသူရဲ့ တံတွေး၊ နှာရည်၊ သလိပ်တွေကို နှာချေ၊ချောင်းဆိုးတာက တဆင့် ရှူသွင်းမိရင်၊ ရောဂါပိုးရှိသူရဲ့ မစင်ကို တနည်းနည်းနဲ့ စားမိရင် ကူးစက်စေနိုင်ပါတယ်… ဒါပေမယ့် ဦးဏှောက်အမြှေးရောင်ရောဂါဖြစ်နေတဲ့ လူနာရှိတဲ့ အခန်းထဲက လေကို ရှူရုံနဲ့တော့ မကူးစက်တတ်ပါဘူး…

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အထဲမှာ မနင်ဂိုကော့ကယ်ဘက်တီးရီးယား (Mennigococcal Bacteria, Neisseria meningitidis) ကြောင့်ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်တာက ကြောက်စရာပိုကောင်းပါတယ်… နောက်ပြီး နှလုံးအဆို့ရောင်တာကနေ ဦးဏှောက်အမြှေးရောင်အထိ ဖြစ်သွားတတ်သလို ကာလသားရောဂါ (Syphilis) ဖြစ်စေတဲ့ Treponema pallidum ပိုးကြောင့်လည်း ဦးဏှောက်မြှေးရောင်တတ်ပါတယ်… တီဘီရောဂါကြောင့်၊ ပြင်းထန်ငှက်ဖျားကြောင့်လည်း ဦးဏှောက်မြှေးရောင်တတ်ပါတယ်… ဦးခေါင်းထိခိုက်ဒဏ်ရာရရင်လည်း ဦးဏှောက် အမြှေးရောင်တတ်ပါတယ်… ဦးဏှောက်အမြှေးရောင်စေတဲ့ အကြောင်းရင်း တွေကတော့ အများကြီးပါ…

ဦးဏှောက်အမြှေးရောင်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက ရုတ်တရက်အဖျားကြီးတာ၊ အလွန်အမင်းခေါင်းကိုက်တာ၊ ဇက်ကြောကြီးတောင့်တင်းနေတာ၊ စိတ်အနေအထားပြောင်းလဲတာတွေဖြစ်ပြီး တက်တာ၊ သတိလစ်တာ၊ အန်တာ၊ အလင်းရောင်ဒဏ်နဲ့ ဆူညံမှုဒဏ်ကို မခံနိုင်တာတွေဖြစ်တတ်ပါတယ်… ကလေးငယ်တွေမှာတော့ မှိန်းတာ၊ အကြောင်းမဲ့ဂျီတိုက်နေတာ၊ အီနေတာ၊ အစာမစား၊ နို့မစို့တာမျိုးနဲ့လည်း လာတတ်ပါတယ်… ခြောက်လအောက်ကလေးငယ်တွေမှာတော့ ငယ်ထိပ်က ဖောင်းနေနိုင်ပါတယ်… ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးအပြင် လက်ဖဝါး၊ ခြေဖဝါးတွေမှာပါ အနီစက်တွေ အမြောက်အများ ထွက်တယ်ဆိုရင်တော့ ကူးစက်တတ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်တဲ့ မနင်ဂိုကော့ကယ် ဘက်တီးရီးယား (Meningococcal Bacteria) ကြောင့်ဖြစ်နိုင်ပါတယ်… အဲ့ဒီအနီစက်တွေက ဖိလိုက်ရင်လည်းဖြူမသွားဘဲ နီမြဲ နီနေတတ်ပါတယ်…

ဦးဏှောက်အမြှေးရောင်ရောဂါဟုတ်၊ မဟုတ်ကို နည်းနှစ်နည်းနဲ့လည်း စမ်းသပ်ကြည့်နိုင်ပါတယ်… ကားနစ်ရဲ့ သင်္ကေတ နဲ့ ဗရုဇင်းစ်ကီးရဲ့ သင်္ကေတ (Kernig’s sign & Brudzinski sign) ရှိမရှိ စမ်းသပ်တဲ့နည်းပဲဖြစ်ပါတယ်… ကားနစ်ရဲ့ သင်္ကေတကို ဘယ်လိုစမ်းသပ်လဲဆိုရင် လူနာကို ပက်လက်လှဲခိုင်းထားပြီး ဒူးခေါင်းနဲ့ ကိုယ်ခန္ဓာကို ၉၀ ဒီဂရီဖြစ်အောင် ဒူးကို ကွေးပြီးထောင်ခိုင်းလိုက်ရင် နာလို့ အဲ့လိုမထောင်နိုင်ဘူးဆိုရင် ကားနစ်ရဲ့သင်္ကေတရှိတယ်၊ Kernig’s sign positive ဖြစ်တယ်လို့ ပြောလို့ရပါတယ်… ဗရုဇင်းစ်ကီးရဲ့ သင်္ကေတကိုတော့ လူနာကို ခေါင်းငုံ့ခိုင်းလိုက်တဲ့အခါ တင်ပါးဆစ်နဲ့ ဒူးဆစ်ပါ တမင်ကွေးတာမဟုတ်ဘဲ အလိုလို ကွေးသွားတယ်ဆိုရင် positive ဖြစ်တယ်လို့ ယူဆပါတယ်… ဒီသင်္ကေတနှစ်ခုနဲ့ ဦးဏှောက်အမြှေးရောင်ရောဂါဟုတ်မဟုတ် ယေဘုယျအားဖြင့် ခွဲခြားပေးနိုင်တယ် ဆိုပေမယ့် အတိအကျတော့ မဟုတ်ပါဘူး… ဘာလို့လည်းဆိုတော့ ဒီသင်္ကေတတွေက ဦးဏှောက်အမြှေးရောင် ရောဂါမှာ အများဆုံးတွေ့ရတယ်ဆိုပေမယ့် ဒီသင်္ကေတတွေရှိနေနိုင်တဲ့ တခြား ရှားရှားပါးပါး ရောဂါတွေလည်း ရှိနေတတ်သေးလို့ပါ…

နောက်ထပ် ဦးဏှောက်အမြှေးရောင်ရောဂါဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါသေးတယ်… jolt accentuation maneuver လို့ ခေါ်ပါတယ်… ဦးဏှောက်မြှေးရောင်နေတယ်လို့ သံသယရှိတဲ့ လူနာရဲ့ ခေါင်းကို အလျားလိုက် ဘေးတစ်ဘက်တစ်ချက်စီကို အမြန်လှည့်ကြည့်ခိုင်းတဲ့အခါ ခေါင်းကိုက်တာ ပိုဆိုးမလာဘူးဆိုရင် ဦးဏှောက်အမြှေးရောင်တာ ဖြစ်နိုင်ခြေနည်းပါတယ်… ဒါ့အပြင် ဦးဏှောက်အမြှေးရောင်ရောဂါဟုတ်၊ မဟုတ်ကို ခါးဆစ်ရိုးကနေ ဦးဏှောက်နဲ့ အာရုံကြောတွင်းရည် (Cerebrospinal Fluid) ကိုဖောက်ပြီး ဓာတ်ခွဲစစ်ဆေးကြည့်ခြင်းဖြင့် သိနိုင်ပါတယ်…

ဦးဏှောက်အမြှေးရောင်ရောဂါ ဖြစ်လာပြီဆိုရင်လည်း ပဋိဇီဝပိုးသတ်ဆေးတွေပေးတာ၊ ဗိုင်းရပ်စ် ရောဂါပိုးသတ်ဆေးတွေပေးတာမျိုးနဲ့ ကုသမှုပေးနိုင်ပါတယ်… ဦးဏှောက်မြှေး အလွန်အမင်းရောင်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့ စတီးရွိုက်ဟော်မုန်းဆေးတွေကိုလည်း ထိုးပေးနိုင်ပါတယ်…

ဦးဏှောက်အမြှေးရောင်တာကို မြန်မြန်ဆန်ဆန်ကုသမှု မခံယူဘူးဆိုရင် နာတာရှည် နားထိုင်းတာ၊ ဝက်ရူးပြန်တာ၊ ဦးဏှောက်တွင်းရေလျှံတာ (Hydrocephalus)အပြင် အသိအမြင်ချို့ယွင်းသွားတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်… မနင်ဂိုကော့ကယ်ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်ရဲ့ နောက်ဆက်တွဲအနေနဲ့ဆိုရင်လည်း ခြေ လက်တွေ ပုပ်ဆွေးတာမျိုးအထိ ဖြစ်နိုင်ပါတယ်… အရမ်းပြင်းထန်လွန်းရင်တော့ WF ရောဂါစု (Waterhouse-Friderichsen Syndrome) လို့ခေါ်တဲ့ ရောဂါစုအထိ ဖြစ်သွားနိုင်ပြီး သေတတ်ပါတယ်… ဦးဏှောက်အမြှေးရောင်ရောဂါဖြစ်နေတာကို မကုသဘဲထားရင် ကုသမှုမခံယူတဲ့ လူနာ အားလုံးနီးပါး သေပါတယ်… ဒါကြောင့် ဦးဏှောက်အမြှေးရောင် ရောဂါဖြစ်နေပြီ၊ ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြီး လျင်လျင်မြန်မြန် ကုသမှု ခံယူသင့်ပါတယ်…

ကာကွယ်ဖို့အတွက်ကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တာ၊ လက်ကိုင်ပုဝါဆောင်ထားပြီး ချောင်းဆိုး၊နှာချေတဲ့သူတွေနဲ့တွေ့ရင် ကိုယ့်နှာခေါင်းနဲ့ ပါးစပ်ကို လက်ကိုင်ပုဝါ/တံတောင်ဆစ်ကွေး/ လက်ကောက်ဝတ် အဆင်ပြေတာနဲ့ ဖုံးအုပ်တာမျိုး၊ ကိုယ်နှာချေ၊ချောင်းဆိုးမယ်ဆိုရင်လည်း အဲ့ဒီလိုပဲ ဖုံးအုပ်ပြီးမှ နှာချေ၊ ချောင်းဆိုးတာမျိုးလုပ်သင့်ပါတယ်… ဒါ့အပြင် သန့်ရှင်းမှုအားနည်းတဲ့ သွားရည်စာ၊ တုတ်ထိုး၊ အကင်၊ အချဉ်တွေကို မစားသင့်ပါဘူး… အဆင်ပြေရင် ကာကွယ်ဆေးပါ ထိုးထားသင့်ပါတယ်…
တချို့အကြောင်းတွေကြောင့်ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်ရောဂါက ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်… အဲ့ဒါက ဘာတွေလည်းဆိုရင် အခုနက မနင်ဂိုကော့ကယ်ဘက်တီးရီးယားပိုး (Meningococcal Bacteria) ကြောင့်ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်ရောဂါ၊ ပါးချိတ်ရောင်ဗိုင်းရပ်စ်(Mumps) ကြောင့်ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်ရောဂါ၊ နျူမိုကော့ကယ်ဘက်တီးရီးယားပိုး (Pneumococcal Bacteria) ကြောင့်ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်ရောဂါ၊ အိတ်ချ်အင်ဖလူရမ်ဇာဘီ (H. influenza b,Hib)ကြောင့်ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်ရောဂါတွေပဲ ဖြစ်ပါတယ်…

နိဂုံးချုပ်အနေနဲ့ ပြောရရင် ဦးဏှောက်အမြှေးရောင်ရောဂါရဲ့ လက္ခဏာတွေကို သိရှိထားမယ်၊ အလွယ်တကူ ခွဲခြားနိုင်မယ့် နည်းစနစ်တွေနဲ့ ခွဲခြားကြည့်ပြီး သံသယရှိမယ်ဆိုရင် ပေါ့ဆမနေဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ကုသမှုခံယူပြီး အသက်ချမ်းသာရကြမယ်လို့ မျှော်လင့်ရင်း ကျနော့်ရဲ့ “ ဦးဏှောက်အမြှေးရောင်ဘေး အထင်မသေးနဲ့” ဆိုတဲ့ ဆောင်းပါးကို ဒီမှာပဲ နိဂုံးချုပ်ခွင့်ပြုပါခင်ဗျာ…။

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)

Previous Post

ကိုယ်အလေးချိန်မှန်ကန်မှုနှင့် ဆက်ဆံရေးကျေနပ်မှု

Next Post

စကားပြောဆိုရာတွင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စကားပြောဆိုရာတွင်

မူးယစ်ဆေးဝါးစွဲလန်းခြင်းရောဂါ

ကလေးငယ်များနှင့် ပုံမှန်အိပ်စက်ခြင်းစက်ဝန်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.