(၁) နနွင်းမျက်နှာဖုံးနှင့် ဝက်ခြံအရေပြားတွန့်ရှုံ့ခြင်း၊ ဦးရေပြားနှင့် အသားမည်းခြင်းကုသမှု
ဝက်ခြံ၊ အရေပြားတွန့်ရှုံ့ခြင်း၊ အရေပြားအနာဖေးများ၊ အသားမည်း၊ အသားနေလောင်ခြင်းများက အိမ်မက် ခြောက်တွေမက်စေတယ်။ ယင်းပြဿနာတွေကဖျက်ဖို့၊ မျက်နှာနှင့် အသားအရေလှဖို့ အရေပြားမထိခိုက်ဖို့ လုပ်ဆောင် ကြရတယ်။ အလှကုန် ပစ္စည်းတွေနဲ့ အသားမည်းခြင်း၊ နေလောင်ခြင်းနဲ့ အရေပြားတွန့်ရှုံ့ခြင်းစတာတွေကို နနွင်း မျက်နှာဖုံးလိုတပ်ပြီးဖုံးကွယ်ချယ်သပေးကြတယ်။
(၂) မျက်နှာဝက်ခြံနဲ့ အရေပြားအလှအပအတွက် နနွင်းမျက်နှာဖုံးဘယ်လိုလုပ်
ဝက်ခြံပေါက်တာဟာအမေရိကန်လူမျိုးသန်း ၅၀ကျော် ခံစားရတဲ့ အရေပြားပြဿနာဖြစ်တယ်လို့ အမေရိကန် အရေပြား၊ အကယ်ဒမီကဆိုတယ်။ နာတာရှည် ဝက်ခြံရောင်ရမ်းမှုမှာမျက်နှာ၊ လည်ပင်း၊ ပါး၊ နောက်ကျော ပြင်၊ လက်မောင်းနှင့် လက်များမှာတွေ့ရတတ်ပါတယ်။ အချို့မှာမျိုးရိုးနဲ့ သက်ဆိုင်နေတယ်။
(၃) ဦးရေပြားဝက်ခြံမရှိစေဖို့
How to get rid of Ance on Scalp ဦးရေပြား ဝက်ခြံဟာမျက်နှာ၊ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းက ဝက်ခြံများလို ဖြစ်ပေါ်တတ်ပါတယ်။ ယင်းဝက်ခြံကြောင့် လူငယ်ရော၊ လူကြီးတွေပါ စိတ်အနှောင့်အယှက် တွေ့ရပါ တယ်။ ဆံပင်ပေါက်တဲ့ ဦးရေပြားကနေအဆီထွက်တဲ့နေရာမှာ ဝက်ခြံမဖြစ်ဘဲ၊ ပိတ်နေတဲ့နေရာမှာ ဝက်ခြံဖြစ်တယ်။ လက်မသန့်ရှင်းတဲ့ ပစ္စည်းနဲ့ ညှစ်ယူ၊ ဖိယူမယ်ဆိုရင် ယင်းလက်များမှ ဘက်တီးရီးယားများက ဝင်ရောက်ကာ နာကျင်မှုဖြစ်စေတယ်။
(၄) ဝက်ခြံပုန်းနဲ့ ပတ်သက်တဲ့အမှန်သိ
ဝက်ခြံပုန်းဟာ မျက်နှာမှာဖြစ်ရင် အခံရအခက်ဆုံးဖြစ်တယ်။ ဝက်ခြံပုန်းဟာ ပျော့အိပြီး အရည်အချို့နဲ့ ပြည့်နေကာ အကျိတ်ငယ်လေးအဖြစ် အရေပြားပေါ်မှာရှိနေတယ်။ ဝက်ခြံပုန်းပေါက်သွားရင် နာကျင်မှု၊ အရေပြားပျက် စီးမှု၊ အရေပြား၊ အမာရွတ်ထင်ကျန်မှုတို့ ကြုံရနိုင်ပါတယ်။ ဝက်ခြံတိုင်းဂရုစိုက်ဖို့ လိုပါတယ်။
(၅) မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ဝက်ခြံ
ဝက်ခြံဟာအရေပြားပြဿနာ Acne Vulgaris ရောဂါဖြစ်ပါတယ်။ အသက်အရွယ် မရွေးဖြစ်တယ်။ ကြီးကောင် ဝင်စ အရွယ်နဲ့ ငယ်ရွယ်သူများလူငယ်တွေမှာပိုပြီးတွေ့ရတတ်တယ်။ အမေရိကန်ပြည်ထောင်စုလူငယ် ၁၇ သန်းမှာပိုပြီး တွေ့ရတတ် တယ်။ အမေရိကန်ပြည်ထောင်စုလူငယ် ၁၇သန်းမှာ သူတို့ဘဝရဲ့ အချိန်တစ်ခုခုမှာ ဝက်ခြံပေါက်ဖူးကြတယ်။ အချို့ မီးဖိုချောင်သုံးအသီးအနှံ၊ အဆီ၊ အခွံတွေနဲ့ ဝက်ခြံမထွက်အောင် ကြိုတင်ကာကွယ်ထားကြတယ်။ ဥပမာ -သခွားသီးလှီးပြီး ယင်းအစေးနဲ့ ပေါင်းတင်ခြင်း၊ ဟင်းသီးဟင်းရွက် များများစားခြင်း၊ ဝမ်းချုပ်မခံခြင်း၊ အချဉ်စားပေးခြင်းတို့က ဝက်ခြံထွက်မှု ကာကွယ်နိုင်ပါတယ်။
(၆) ဝက်ခြံအယူအဆများ
ဝက်ခြံဟာအရေပြားမှာ တွေ့မြင်နေကြဖြစ်ပြီး၊ အသက်အရွယ်အရွေးဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ ဟော်မုန်းပြောင်းလဲမှုနှင့်အတူ ဝက်ခြံဖြစ်လာတယ်။ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မပျော်ရွှင်တဲ့ဘဝ၊ အသားစားများခြင်း၊ ဟင်းသီးဟင်းရွက် အစားနည်းခြင်းတို့က ဝက်ခြံဖြစ်စေတယ်။ ဒါတွေရှိနေရင် မျက်နှာ၊ ရင်ဘတ်စတဲ့ အရေပြားတွေမှာ ဝက်ခြံပေါက်လိမ့်မယ်။
AUTHOR – ဒေါက်တာလွင်သန့်
Credit to
Health Care Journal (Vol -7 / No -16)