fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အသည်းခြောက်ရောဂါအကြောင်းသိကောင်းစရာ အပိုင်း(၂)

676
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

အပိုင္း(၁)မွာ အသည္းေျခာက္တယ္ဆိုတာဘာလဲ။အသည္းေျခာက္ျခင္းကိုျဖစ္ေစတဲ႔အေၾကာင္းေတြနဲ႔ အသည္းေျခာက္ပါက ျဖစ္ေပၚလာနိုင္တဲ႔လကၡဏာေတြကို ေရးသားတင္ျပခဲ႔ပါတယ္။အခုအပိုင္း၂မွာေတာ႔ အသည္းေျခာက္ေရာဂါရွိမရွိ ဘယ္လိုစမ္းသပ္ရမလဲနဲ႔ အသည္းေျခာက္ေရာဂါျဖစ္ရင္ ဘယ္လိုကုသမႈေတြခံယူရမလဲဆိုတာေတြကို ေရးသားတင္ျပပါ႔မယ္။

အသည္းေျခာက္မေျခာက္စမ္းသပ္မႈေတြအေနနဲ႔ေျပာရရင္

အေျခခံအက်ဆံုးနဲ႔ကုန္က်စရိတ္အနည္းဆံုးကေတာ႔ ဗိုက္ကို အာထရာေဆာင္းရိုက္ၾကည္႔တာပါ။(USG Abdomen)ဒါ႔အျပင္လုပ္နိုင္တာေတြကေတာ႔ ေသြးစစ္တာ၊ကြန္ပ်ဴတာဓါတ္မွန္(CT scan)ရိုက္တာ၊သံလိုက္ဓါတ္မွန္ရိုက္တာ(MRI)သျသျဖင္႔လုပ္နိုင္ပါတယ္။ဒါေတြအျပင္ အသည္းကိုအသားစယူျပီး (Liver Biopsy)စစ္ေဆးတာလည္းရွိပါတယ္။ဒါေပမယ္႔အဲ႔လိုစစ္တာကအႏၱရာယ္မ်ားလို႔ သိပ္မလုပ္ပါဘူး။

စစ္ေဆးလို႔အသည္းေျခာက္ျပီဆိုရင္

ျဖစ္တဲ႔အေၾကာင္းရင္းရွာဖို႔အတြက္ ဘီပိုး၊စီပိုး၊ေသြးထဲကသံဓါတ္စတာေတြကိုစစ္ေဆးတာ နဲ႔ေရာဂါအေျခအေနသိဖို႔အတြက္ အစာအိမ္မွန္ေျပာင္းၾကည္႔တာ၊ေက်ာက္ကပ္ေကာင္းမေကာင္းစစ္တာ စတာေတြပါလုပ္ရပါမယ္။

အသည္းေျခာက္ျခင္း ျဖစ္ပါက ဘယ္လိုကုမလဲ။

အသည္းေျခာက္ျခင္းကို ေရာဂါအေျခအေနနဲ႔စမ္းသပ္စစ္ေဆးခ်က္ေတြေပၚမူတည္ျပီး Child-Pugh Score ဆိုတဲ႔ဟာနဲ႔ အဆင္႔ ေအ၊ဘီ၊စီ ဆိုျပီးသံုးဆင္႔ခြဲထားပါတယ္။အဆင္႔ေအက သိပ္မဆိုးပါဘူး။အဆင္႔စီဆိုရင္ေတာ႔ အသက္အႏၱရာယ္စိုးရိမ္ရပါတယ္။အသည္းေျခာက္ေရာဂါျဖစ္တိုင္း အသည္းတခုလံုးအကုန္ေျခာက္သြားတာမဟုတ္ပါဘူး။ေရာဂါအေျခအေနမျပင္းထန္ေသးရင္

ေကာင္းတဲ႔အစိတ္အပိုင္းေနရာေလးေတြလည္းက်န္နိုင္ပါေသးတယ္။ဒါေၾကာင္႔ေကာင္းတဲ႔အစိတ္အပိုင္းေနရာေလးေတြပါ ေျခာက္ျပီး ေရာဂါအဆင္႔ပိုမဆိုးသြားေအာင္အသည္းေျခာက္ျခင္းေၾကာင္႔ခံစားရတဲ႔ ေ၀ဒနာေတြကိုသက္သာေအာင္ကုသတာအျပင္

အသည္းေျခာက္ျခင္းကိုျဖစ္ေစတဲ႔အေၾကာင္းရင္းကိုလည္း ရွာေဖြ ကုသရပါမယ္။ဥပမာဘီပိုးေၾကာင္႔ျဖစ္တာဆိုလည္းဘီပိုးကိုကုသတာ၊စီပိုးေၾကာင္႔ျဖစ္တာဆိုလည္းစီပိုးကိုကုသတာ၊အရက္ေၾကာင္႔ျဖစ္တာဆိုရင္ အရက္ကိုျဖတ္တာေတြစသျဖင္႔ ျဖစ္တဲ႔အေၾကာင္းရင္းေပၚမႈတည္ျပီး ကုသမႈေတြလုပ္ရပါမယ္။

ဒါ႔အျပင္ အသည္းေျခာက္ျခင္းေၾကာင္႔ျဖစ္လာတဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္တဲ႔ ေရဖ်ဥ္းစြဲတာ၊ေျခေထာက္ေရာင္တာေတြအတြက္ ဆီးေဆးေတြေသာက္ရတာ၊ေရေလွ်ာ႔ေသာက္တာ၊ပရိုတင္းနဲ႔အငန္ေတြေလွ်ာ႔စားတာေတြ၊စတဲ႔ ကုသမႈေတြလုပ္ရပါမယ္။

အစာအိမ္ေသြးေၾကာထံုးမ်ား ရွိ / မရွိ ကိုလည္း အစာအိမ္မွန္ေျပာင္း ၾကည့္ရႈ၍ လိုအပ္ပါက ကုသမႈ ခံယူရပါတယ္။အသည္းအရမ္းေျခာက္သြားတဲ႔အဆင္႔ေရာက္သြားရင္ေတာ႔ အသည္းကင္ဆာမေျပာင္းခင္မွာ အသည္းအစားထိုးကုသဖို႔ကိုစဥ္းစားရပါမယ္။အသည္းေျခာက္တယ္ဆိုတာ ဆီးသီးကို ေနပူထဲအေျခာက္လွမ္းတာနဲ႔ခပ္ဆင္ဆင္ပါပဲ။ေနပူမိလို႔ေျခာက္သြားတဲ႔ဆီးသီးကို တဖန္ျပန္လည္စိမ္းစိုေအာင္ လုပ္ဖို႔မျဖစ္နိုင္သလို ေျခာက္သြားတဲ႔အသည္းအစိတ္အပိုင္းကိုလည္း နဂိုအတိုင္းျဖစ္ေအာင္ ျပန္လုပ္ဖို႔ မျဖစ္နိုင္ပါဘူး။

သို႔ေသာ္

ကုသမႈေသခ်ာခံယူျပီး ဆရာ၀န္ေျပာတာေတြကိုလိုက္နာရင္ အသည္းေျခာက္တာပိုမဆိုးေအာင္၊အသည္းေျခာက္ရာကေနတဆင္႔အသည္းကင္ဆာျဖစ္နိုင္ေျခနည္းေအာင္၊ေနရမယ္႔သက္တမ္းပိုရွည္ေအာင္ေတာ႔လုပ္နိုင္ပါတယ္။အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ အသည္းေျခာက္ေရာဂါျဖစ္ပြားနိုင္ေျခနည္းေအာင္ ငယ္ငယ္ကတည္းကေန မိမိသားသမီးမ်ားကို အသည္းေရာင္အသား၀ါဘီပိုးကာကြယ္ေဆးထိုးေပးပါ။အရက္မေသာက္ပါနဲ႔။ရယ္ဒီမိတ္အစားစာေတြ၊ဆိုးေဆးပါေသာအစားစာေတြကို ေရွာင္နိုင္သေလာက္ေရွာင္ပါ။အဆီအဆိမ္႔ေတြေလွ်ာ႔စားပါ။ဟင္းသီးဟင္းရြက္မ်ားမ်ားစားပါ။ ကိုယ္လက္ေလ႔က်င္႔ခန္းပံုမွန္လုပ္ပါ။

Dr 528

(Unicode)

အပိုင်း(၁)မှာ အသည်းခြောက်တယ်ဆိုတာဘာလဲ။အသည်းခြောက်ခြင်းကိုဖြစ်စေတဲ့အကြောင်းတွေနဲ့ အသည်းခြောက်ပါက ဖြစ်ပေါ်လာနိုင်တဲ့လက္ခဏာတွေကို ရေးသားတင်ပြခဲ့ပါတယ်။အခုအပိုင်း၂မှာတော့ အသည်းခြောက်ရောဂါရှိမရှိ ဘယ်လိုစမ်းသပ်ရမလဲနဲ့ အသည်းခြောက်ရောဂါဖြစ်ရင် ဘယ်လိုကုသမှုတွေခံယူရမလဲဆိုတာတွေကို ရေးသားတင်ပြပါ့မယ်။

အသည်းခြောက်မခြောက်စမ်းသပ်မှုတွေအနေနဲ့ပြောရရင်

အခြေခံအကျဆုံးနဲ့ကုန်ကျစရိတ်အနည်းဆုံးကတော့ ဗိုက်ကို အာထရာဆောင်းရိုက်ကြည့်တာပါ။(USG Abdomen)ဒါ့အပြင်လုပ်နိုင်တာတွေကတော့ သွေးစစ်တာ၊ကွန်ပျူတာဓါတ်မှန်(CT scan)ရိုက်တာ၊သံလိုက်ဓါတ်မှန်ရိုက်တာ(MRI)သသြဖြင့်လုပ်နိုင်ပါတယ်။ဒါတွေအပြင် အသည်းကိုအသားစယူပြီး (Liver Biopsy)စစ်ဆေးတာလည်းရှိပါတယ်။ဒါပေမယ့်အဲ့လိုစစ်တာကအန္တရာယ်များလို့ သိပ်မလုပ်ပါဘူး။

စစ်ဆေးလို့အသည်းခြောက်ပြီဆိုရင်

ဖြစ်တဲ့အကြောင်းရင်းရှာဖို့အတွက် ဘီပိုး၊စီပိုး၊သွေးထဲကသံဓါတ်စတာတွေကိုစစ်ဆေးတာ နဲ့ရောဂါအခြေအနေသိဖို့အတွက် အစာအိမ်မှန်ပြောင်းကြည့်တာ၊ကျောက်ကပ်ကောင်းမကောင်းစစ်တာ စတာတွေပါလုပ်ရပါမယ်။

အသည်းခြောက်ခြင်း ဖြစ်ပါက ဘယ်လိုကုမလဲ။

အသည်းခြောက်ခြင်းကို ရောဂါအခြေအနေနဲ့စမ်းသပ်စစ်ဆေးချက်တွေပေါ်မူတည်ပြီး Child-Pugh Score ဆိုတဲ့ဟာနဲ့ အဆင့် အေ၊ဘီ၊စီ ဆိုပြီးသုံးဆင့်ခွဲထားပါတယ်။အဆင့်အေက သိပ်မဆိုးပါဘူး။အဆင့်စီဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။အသည်းခြောက်ရောဂါဖြစ်တိုင်း အသည်းတခုလုံးအကုန်ခြောက်သွားတာမဟုတ်ပါဘူး။ရောဂါအခြေအနေမပြင်းထန်သေးရင်

ကောင်းတဲ့အစိတ်အပိုင်းနေရာလေးတွေလည်းကျန်နိုင်ပါသေးတယ်။ဒါကြောင့်ကောင်းတဲ့အစိတ်အပိုင်းနေရာလေးတွေပါ ခြောက်ပြီး ရောဂါအဆင့်ပိုမဆိုးသွားအောင်အသည်းခြောက်ခြင်းကြောင့်ခံစားရတဲ့ ဝေဒနာတွေကိုသက်သာအောင်ကုသတာအပြင်

အသည်းခြောက်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းကိုလည်း ရှာဖွေ ကုသရပါမယ်။ဥပမာဘီပိုးကြောင့်ဖြစ်တာဆိုလည်းဘီပိုးကိုကုသတာ၊စီပိုးကြောင့်ဖြစ်တာဆိုလည်းစီပိုးကိုကုသတာ၊အရက်ကြောင့်ဖြစ်တာဆိုရင် အရက်ကိုဖြတ်တာတွေစသဖြင့် ဖြစ်တဲ့အကြောင်းရင်းပေါ်မှုတည်ပြီး ကုသမှုတွေလုပ်ရပါမယ်။

ဒါ့အပြင် အသည်းခြောက်ခြင်းကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ ရေဖျဉ်းစွဲတာ၊ခြေထောက်ရောင်တာတွေအတွက် ဆီးဆေးတွေသောက်ရတာ၊ရေလျှော့သောက်တာ၊ပရိုတင်းနဲ့အငန်တွေလျှော့စားတာတွေ၊စတဲ့ ကုသမှုတွေလုပ်ရပါမယ်။

အစာအိမ်သွေးကြောထုံးများ ရှိ / မရှိ ကိုလည်း အစာအိမ်မှန်ပြောင်း ကြည့်ရှု၍ လိုအပ်ပါက ကုသမှု ခံယူရပါတယ်။အသည်းအရမ်းခြောက်သွားတဲ့အဆင့်ရောက်သွားရင်တော့ အသည်းကင်ဆာမပြောင်းခင်မှာ အသည်းအစားထိုးကုသဖို့ကိုစဉ်းစားရပါမယ်။အသည်းခြောက်တယ်ဆိုတာ ဆီးသီးကို နေပူထဲအခြောက်လှမ်းတာနဲ့ခပ်ဆင်ဆင်ပါပဲ။နေပူမိလို့ခြောက်သွားတဲ့ဆီးသီးကို တဖန်ပြန်လည်စိမ်းစိုအောင် လုပ်ဖို့မဖြစ်နိုင်သလို ခြောက်သွားတဲ့အသည်းအစိတ်အပိုင်းကိုလည်း နဂိုအတိုင်းဖြစ်အောင် ပြန်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

သို့သော်

ကုသမှုသေချာခံယူပြီး ဆရာဝန်ပြောတာတွေကိုလိုက်နာရင် အသည်းခြောက်တာပိုမဆိုးအောင်၊အသည်းခြောက်ရာကနေတဆင့်အသည်းကင်ဆာဖြစ်နိုင်ခြေနည်းအောင်၊နေရမယ့်သက်တမ်းပိုရှည်အောင်တော့လုပ်နိုင်ပါတယ်။အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ အသည်းခြောက်ရောဂါဖြစ်ပွားနိုင်ခြေနည်းအောင် ငယ်ငယ်ကတည်းကနေ မိမိသားသမီးများကို အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးပေးပါ။အရက်မသောက်ပါနဲ့။ရယ်ဒီမိတ်အစားစာတွေ၊ဆိုးဆေးပါသောအစားစာတွေကို ရှောင်နိုင်သလောက်ရှောင်ပါ။အဆီအဆိမ့်တွေလျှော့စားပါ။ဟင်းသီးဟင်းရွက်များများစားပါ။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

Dr 528

Previous Post

ရိုးရိုးအကျိတ်နဲ့ကင်ဆာကျိတ်  ဘာကွာလဲ

Next Post

အစာအိမ်အောင့်ခြင်းနှင့် ဆောင်ရန် ရှောင်ရန်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
852
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်အောင့်ခြင်းနှင့် ဆောင်ရန် ရှောင်ရန်များ

နှလုံးသွေးပြန်ခန်းနှစ်ခုကြားရှိနံရံတွင် အပေါက်ပါခြင်း

အရက်စွဲခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.