(Zawgyi)
အခုတစ္ေလာ ခေရ႕မ်က္ႏွာတြင္ ဝက္ၿခံမ်ားထြက္လာ၏။ ပိုလည္းမ်ားလာသည္ဟုထင္သည္။ အရင္က ဝက္ၿခံထြက္တတ္ေပမဲ့ ဒီေလာက္ႀကီးေတာ့ အမ်ားအျပားမထြက္။ အခုေတာ့ မ်က္ႏွာတြင္ ဝက္ၿခံမ်ားက ၾကည့္မေကာင္းေအာင္ မ်ားျပားေနသည္။ သူငယ္ခ်င္းေတြက ေတာ့ စာေမးပြဲနီးလို႔ နင္စိတ္ဖိစီးလို႔ ဝက္ၿခံထြက္တာေနမွာလို႔ ေျပာၾကသည္။ ကိုယ့္အေၾကာင္းကိုယ္သိသည္။ စာေမးပြဲေပၚတြင္ စိတ္ဖိစီးမႈမ်ားလုံးဝရွိမေနပါ။
ေၾကာ္ျငာသမွ် မ်က္ႏွာသစ္ေဆးမ်ိဳးစုံကိုလည္း သုံးၾကည့္သည္။ ဝက္ၿခံေတြက အရွင္းေပ်ာက္ကင္းသည္မရွိ။ ဆရာဝန္တစ္ေယာက္ေလာက္ႏွင့္ေတာ့ သြားျပၾကည့္မည္။ လမ္းထိပ္က ဆရာဝန္မေလးႏွင့္ မ်က္မွန္းတန္းမိသည္။ ငယ္ငယ္ေခ်ာေခ်ာႏွင့္လွပေၾကာ့ရွင္းသည္။ ေဆးခန္းသြားျပရင္း ဆရာဝန္မေလးေရာ မ်က္ႏွာမွာ ဝက္ၿခံမရွိေအာင္ ဘယ္လိုလုပ္လဲ။ အသားအရည္လွပေအာင္ ဘယ္လိုထိန္းသိမ္းသလဲေမးရမည္။ ညေနခင္းေစာေစာပိုင္းေလာက္ပဲ ေဆးခန္းကိုသြားျပလိုက္သည္။ ေဆးခန္းတြင္လူရွင္းေနသည္မို႔ေအးေအးေဆးေဆး စကားေျပာလို႔ေကာင္းသည္။
“ဆရာမ သမီးမ်က္ႏွာမွာ ဝက္ၿခံေတြထြက္ေနလို႔ပါ။”
ဆရာမမွ မ်က္ႏွာကို ေသခ်ာၾကည့္လိုက္သည္။
“ျဖစ္တာၾကာၿပီလား။”
“ျဖစ္တာ ၾကာေတာ့ၾကာၿပီ။ တစ္ႏွစ္ေလာက္ရွိေတာ့မယ္။”
ဟိုးအရင္က မျဖစ္ဘူးေပါ့ဟုတ္လား”
“ဟုတ္ကဲ့ပါ ဟိုးအရင္က ဆိုရင္ ဝက္ၿခံက တစ္လလုံးေနမွ တစ္လုံးႏွစ္လုံးေလာက္ပဲေပါက္တာ။ ဒါကလည္း ဓမၼာတာလာခါနီးေလးေပါက္တာ။ အခုလိုမ်ိဳး မ်က္ႏွာ တစ္ျပင္လုံးေပါက္ေနတာက တစ္ႏွစ္ေလာက္ရွိၿပီ။ မွတ္မွတ္ရရဆိုရင္ ရန္ကုန္ေျပာင္းလာမွလို႔ေျပာရမယ္။ ”
“ရန္ကုန္မွာ ေက်ာင္းလာတက္တာလား။ အလုပ္လာလုပ္တာလား”
“ေက်ာင္းလာတက္တာပါ။ နယ္ကေန သူငယ္ခ်င္းေတြ စုၿပီး အေဆာင္ေနၾကတယ္။ ”
“ေၾသာ္.. ရန္ကုန္ေရာက္မွ ျဖစ္တာေပါ့။”
“ဟုတ္ကဲ့ ရန္ကုန္ေရာက္မွပါ”
“မ်က္ႏွာသစ္ေဆးေတြေရာ ဘာသုံးလဲ”
“ဝက္ၿခံသမားေတြ သုံးတဲ့ မ်က္ႏွာသစ္ေဆးသုံးတာပါ။”
“မိတ္ကပ္ေတြေရာ အခုလိုမ်ိဴးအမ်ားႀကိးလိမ္းတတ္သလား။ ညီမေလးမိတ္ကပ္ေတြလိမ္းတာ အရမ္းမ်ားလြန္းတယ္”
“ဝက္ၿခံေတြကို ဖုံးခ်င္တာနဲ႔ မိတ္ကပ္ေတြ အမ်ားႀကီးလိမ္းတတ္တယ္”
“ဝက္ၿခံထြက္တတ္တဲ့သူက မိတ္ကပ္ေတြ အထူႀကီးမလိမ္းရဘူး။ ပါးပါးေလးပဲေကာင္းတယ္။ သနပ္ခါးေလးေလာက္ပဲလိမ္းပါလား”
“ဟုတ္ကဲ့”
“cream puff ကေရာ သန႔္သန႔္ရွင္းရွင္းထားရဲ႕လား။ Cream puff ဗူးမွာပါတဲ့ Puff ကို ႏွစ္ပတ္တစ္ႀကိမ္ေလာက္ေလွ်ာ္ေပးရတယ္။ ေလွ်ာ္ရဲ႕လား”
“ဟင့္အင္းဝယ္ကတည္းက Puff ေတြကိုမေလွ်ာ္မိဘူး။ တစ္ဗူးကုန္မွ ေနာက္တစ္ဗူးဝယ္မွပဲ အသစ္သုံးျဖစ္တာ”
“ဝက္ၿခံထြက္တဲ့သူေတြက Puff ကို ခဏခဏေလွ်ာ္ေပးရမယ္။ ညီမေလးဆို တစ္ပတ္တစ္ႀကိမ္ေလာက္ေတာင္ ေလွ်ာ္ေပးရမယ္ေလ။ ညီမေလးက မေလွ်ာ္ေတာ့ ေရာဂါပိုးေတြက Puff မွာ ကပ္ေနတတ္တယ္”
“ဟုတ္ကဲ့ပါ သမီး မသိလို႔ပါ”
“ေနာက္တစ္ခု က မ်က္ႏွာသုတ္ပဝါနဲ႔ ေခါင္းဦးစြပ္ေပါ့”
“ဒီႏွစ္ထည္ကိုလည္း တစ္ပတ္တစ္ႀကိမ္ေလွ်ာ္ေပးရမယ္။ ေလွ်ာ္ျဖစ္လား”
“ႏွစ္လ တစ္ႀကိမ္ေလာက္မွ ေလွ်ာ္ျဖစ္တယ္။ ေက်ာင္းက ေဝး အလုပ္ကလည္းလုပ္ရေတာ့ ဒါမ်ိဳးေတြအတြက္ အခ်ိန္မေပးႏိုင္ဘူး ဆရာမရယ္။ နယ္မွာ ေနတုန္းကေတာ့ အေမက အၿမဲေလွ်ာ္ေပးတယ္။ အခုအေဆာင္မွာဆိုေတာ့ မေလွ်ာ္ျဖစ္ဘူး။ ဒီၾကားထဲ ကိုယ့္အိပ္ယာေပၚသူတက္အိပ္ သူ႔အိပ္ယာေပၚ သူတက္အိပ္နဲ႔။ မ်က္ႏွာသုတ္ပဝါဆိုလည္း သူမ်ားေတြလာလာသုတ္ၾကတယ္။ ႏွစ္လမွလည္း တစ္ခါေလွ်ာ္ျဖစ္တယ္”
“ဒီလိုမ်ိဳးမသန႔္ရွင္းတာေတြေၾကာင့္ ဝက္ၿခံေတြက မေပ်ာက္တာေပါ့ ညီမရယ္”
“ဟုတ္လိမ့္မယ္ေနာ္”
“အခု ေသာက္ေဆးေရာ လိမ္းေဆးေရာ ေပးလိုက္မယ္။ တစ္ပတ္ေနရင္ ျပန္လာျပရမယ္။ ေဆးေတြဘယ္ ေလာက္ ေသာက္ေနေသာက္ေန ဝက္ၿခံဆိုတာမ်ိဳးက သန႔္သန႔္ရွင္းရွင္းေနမွ ေပ်ာက္မယ္။ မ်က္ႏွာသုတ္ပဝါနဲ႔ ေခါင္းဦးစြပ္ကို တစ္ပတ္ကို ႏွစ္ႀကိမ္ေလွ်ာ္ဖြတ္ေပး။ မ်က္ႏွာကို ထိတဲ့ဟာေတြမွန္သမွ်က သန႔္သန႔္ရွင္းရွင္းျဖစ္ေနရမယ္။ ဒါအျပင္ ညအိပ္ရင္လည္းမ်က္ႏွာသစ္ၿပီးမွ အိပ္ရမယ္။ မိတ္ကပ္ေတြ မဖ်က္ပဲနဲ႔ မအိပ္ရဘူး”
“တစ္ခါတစ္ေလမွ မ်က္ႏွာသစ္ျဖစ္တယ္။ ပင္ပန္းလို႔ မသစ္ျဖစ္ပဲ မနက္မွ သစ္လိုက္တာမ်ိဳးေတြရွိတယ္”
“ဒါမ်ိဳးေတြေၾကာင့္ ညီမေလး ဝက္ၿခံေတြ မေပ်ာက္တာေပါ့။ ဒါေတြ ဆင္ျခင္ရင္ ဝက္ၿခံက ေပ်ာက္ႏိုင္ပါတယ္”
“ဟုတ္ကဲ့ပါ ဆရာမရယ္။ ေက်းဇူးတင္ပါတယ္”
ခေရတစ္ေယာက္ ဆရာဝန္မေျပာသည့္အတိုင္း တေသြမသိန္း လိုက္နာသည္။ အခုေတာ့ ဝက္ၿခံေတြ ပါးလာသည္။ ဆရာဝန္ ေျပာတာမွန္သည္။ တစ္ကိုယ္ရည္သန႔္ရွင္းမႈမရွိျခင္းက ဝက္ၿခံေတြကို ပိုထြက္ေစသည္။ အခုေတာ့ ဘယ္သူငယ္ခ်င္းကိုမွ မိမိ၏ မ်က္ႏွာသုတ္ပဝါကို ေပးမသုတ္ေတာ့။ အိပ္ယာေပၚသို႔လည္း ေပးမတတ္ပါ။ သူငယ္ခ်င္းေတြကေတာ့ ဇီဇာေၾကာင္သည္ဟု ေျပာၾကသည္။ ေျပာလည္း မတတ္ႏိုင္ပါ။ အေရးႀကီးတာက ဒီဝက္ၿခံေတြေပ်ာက္သြားဖို႔။
Author – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
အခုတစ်လော ခရေ့မျက်နှာတွင် ဝက်ခြံများထွက်လာ၏။ ပိုလည်းများလာသည်ဟုထင်သည်။ အရင်က ဝက်ခြံထွက်တတ်ပေမဲ့ ဒီလောက်ကြီးတော့ အများအပြားမထွက်။ အခုတော့ မျက်နှာတွင် ဝက်ခြံများက ကြည့်မကောင်းအောင် များပြားနေသည်။ သူငယ်ချင်းတွေက တော့ စာမေးပွဲနီးလို့ နင်စိတ်ဖိစီးလို့ ဝက်ခြံထွက်တာနေမှာလို့ ပြောကြသည်။ ကိုယ့်အကြောင်းကိုယ်သိသည်။ စာမေးပွဲပေါ်တွင် စိတ်ဖိစီးမှုများလုံးဝရှိမနေပါ။
ကြော်ငြာသမျှ မျက်နှာသစ်ဆေးမျိုးစုံကိုလည်း သုံးကြည့်သည်။ ဝက်ခြံတွေက အရှင်းပျောက်ကင်းသည်မရှိ။ ဆရာဝန်တစ်ယောက်လောက်နှင့်တော့ သွားပြကြည့်မည်။ လမ်းထိပ်က ဆရာဝန်မလေးနှင့် မျက်မှန်းတန်းမိသည်။ ငယ်ငယ်ချောချောနှင့်လှပကြော့ရှင်းသည်။ ဆေးခန်းသွားပြရင်း ဆရာဝန်မလေးရော မျက်နှာမှာ ဝက်ခြံမရှိအောင် ဘယ်လိုလုပ်လဲ။ အသားအရည်လှပအောင် ဘယ်လိုထိန်းသိမ်းသလဲမေးရမည်။ ညနေခင်းစောစောပိုင်းလောက်ပဲ ဆေးခန်းကိုသွားပြလိုက်သည်။ ဆေးခန်းတွင်လူရှင်းနေသည်မို့အေးအေးဆေးဆေး စကားပြောလို့ကောင်းသည်။
“ဆရာမ သမီးမျက်နှာမှာ ဝက်ခြံတွေထွက်နေလို့ပါ။”
ဆရာမမှ မျက်နှာကို သေချာကြည့်လိုက်သည်။
“ဖြစ်တာကြာပြီလား။”
“ဖြစ်တာ ကြာတော့ကြာပြီ။ တစ်နှစ်လောက်ရှိတော့မယ်။”
ဟိုးအရင်က မဖြစ်ဘူးပေါ့ဟုတ်လား”
“ဟုတ်ကဲ့ပါ ဟိုးအရင်က ဆိုရင် ဝက်ခြံက တစ်လလုံးနေမှ တစ်လုံးနှစ်လုံးလောက်ပဲပေါက်တာ။ ဒါကလည်း ဓမ္မာတာလာခါနီးလေးပေါက်တာ။ အခုလိုမျိုး မျက်နှာ တစ်ပြင်လုံးပေါက်နေတာက တစ်နှစ်လောက်ရှိပြီ။ မှတ်မှတ်ရရဆိုရင် ရန်ကုန်ပြောင်းလာမှလို့ပြောရမယ်။ ”
“ရန်ကုန်မှာ ကျောင်းလာတက်တာလား။ အလုပ်လာလုပ်တာလား”
“ကျောင်းလာတက်တာပါ။ နယ်ကနေ သူငယ်ချင်းတွေ စုပြီး အဆောင်နေကြတယ်။ ”
“သြော်.. ရန်ကုန်ရောက်မှ ဖြစ်တာပေါ့။”
“ဟုတ်ကဲ့ ရန်ကုန်ရောက်မှပါ”
“မျက်နှာသစ်ဆေးတွေရော ဘာသုံးလဲ”
“ဝက်ခြံသမားတွေ သုံးတဲ့ မျက်နှာသစ်ဆေးသုံးတာပါ။”
“မိတ်ကပ်တွေရော အခုလိုမျိူးအများကြိးလိမ်းတတ်သလား။ ညီမလေးမိတ်ကပ်တွေလိမ်းတာ အရမ်းများလွန်းတယ်”
“ဝက်ခြံတွေကို ဖုံးချင်တာနဲ့ မိတ်ကပ်တွေ အများကြီးလိမ်းတတ်တယ်”
“ဝက်ခြံထွက်တတ်တဲ့သူက မိတ်ကပ်တွေ အထူကြီးမလိမ်းရဘူး။ ပါးပါးလေးပဲကောင်းတယ်။ သနပ်ခါးလေးလောက်ပဲလိမ်းပါလား”
“ဟုတ်ကဲ့”
“cream puff ကရော သန့်သန့်ရှင်းရှင်းထားရဲ့လား။ Cream puff ဗူးမှာပါတဲ့ Puff ကို နှစ်ပတ်တစ်ကြိမ်လောက်လျှော်ပေးရတယ်။ လျှော်ရဲ့လား”
“ဟင့်အင်းဝယ်ကတည်းက Puff တွေကိုမလျှော်မိဘူး။ တစ်ဗူးကုန်မှ နောက်တစ်ဗူးဝယ်မှပဲ အသစ်သုံးဖြစ်တာ”
“ဝက်ခြံထွက်တဲ့သူတွေက Puff ကို ခဏခဏလျှော်ပေးရမယ်။ ညီမလေးဆို တစ်ပတ်တစ်ကြိမ်လောက်တောင် လျှော်ပေးရမယ်လေ။ ညီမလေးက မလျှော်တော့ ရောဂါပိုးတွေက Puff မှာ ကပ်နေတတ်တယ်”
“ဟုတ်ကဲ့ပါ သမီး မသိလို့ပါ”
“နောက်တစ်ခု က မျက်နှာသုတ်ပဝါနဲ့ ခေါင်းဦးစွပ်ပေါ့”
“ဒီနှစ်ထည်ကိုလည်း တစ်ပတ်တစ်ကြိမ်လျှော်ပေးရမယ်။ လျှော်ဖြစ်လား”
“နှစ်လ တစ်ကြိမ်လောက်မှ လျှော်ဖြစ်တယ်။ ကျောင်းက ဝေး အလုပ်ကလည်းလုပ်ရတော့ ဒါမျိုးတွေအတွက် အချိန်မပေးနိုင်ဘူး ဆရာမရယ်။ နယ်မှာ နေတုန်းကတော့ အမေက အမြဲလျှော်ပေးတယ်။ အခုအဆောင်မှာဆိုတော့ မလျှော်ဖြစ်ဘူး။ ဒီကြားထဲ ကိုယ့်အိပ်ယာပေါ်သူတက်အိပ် သူ့အိပ်ယာပေါ် သူတက်အိပ်နဲ့။ မျက်နှာသုတ်ပဝါဆိုလည်း သူများတွေလာလာသုတ်ကြတယ်။ နှစ်လမှလည်း တစ်ခါလျှော်ဖြစ်တယ်”
“ဒီလိုမျိုးမသန့်ရှင်းတာတွေကြောင့် ဝက်ခြံတွေက မပျောက်တာပေါ့ ညီမရယ်”
“ဟုတ်လိမ့်မယ်နော်”
“အခု သောက်ဆေးရော လိမ်းဆေးရော ပေးလိုက်မယ်။ တစ်ပတ်နေရင် ပြန်လာပြရမယ်။ ဆေးတွေဘယ် လောက် သောက်နေသောက်နေ ဝက်ခြံဆိုတာမျိုးက သန့်သန့်ရှင်းရှင်းနေမှ ပျောက်မယ်။ မျက်နှာသုတ်ပဝါနဲ့ ခေါင်းဦးစွပ်ကို တစ်ပတ်ကို နှစ်ကြိမ်လျှော်ဖွတ်ပေး။ မျက်နှာကို ထိတဲ့ဟာတွေမှန်သမျှက သန့်သန့်ရှင်းရှင်းဖြစ်နေရမယ်။ ဒါအပြင် ညအိပ်ရင်လည်းမျက်နှာသစ်ပြီးမှ အိပ်ရမယ်။ မိတ်ကပ်တွေ မဖျက်ပဲနဲ့ မအိပ်ရဘူး”
“တစ်ခါတစ်လေမှ မျက်နှာသစ်ဖြစ်တယ်။ ပင်ပန်းလို့ မသစ်ဖြစ်ပဲ မနက်မှ သစ်လိုက်တာမျိုးတွေရှိတယ်”
“ဒါမျိုးတွေကြောင့် ညီမလေး ဝက်ခြံတွေ မပျောက်တာပေါ့။ ဒါတွေ ဆင်ခြင်ရင် ဝက်ခြံက ပျောက်နိုင်ပါတယ်”
“ဟုတ်ကဲ့ပါ ဆရာမရယ်။ ကျေးဇူးတင်ပါတယ်”
ခရေတစ်ယောက် ဆရာဝန်မပြောသည့်အတိုင်း တသွေမသိန်း လိုက်နာသည်။ အခုတော့ ဝက်ခြံတွေ ပါးလာသည်။ ဆရာဝန် ပြောတာမှန်သည်။ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းက ဝက်ခြံတွေကို ပိုထွက်စေသည်။ အခုတော့ ဘယ်သူငယ်ချင်းကိုမှ မိမိ၏ မျက်နှာသုတ်ပဝါကို ပေးမသုတ်တော့။ အိပ်ယာပေါ်သို့လည်း ပေးမတတ်ပါ။ သူငယ်ချင်းတွေကတော့ ဇီဇာကြောင်သည်ဟု ပြောကြသည်။ ပြောလည်း မတတ်နိုင်ပါ။ အရေးကြီးတာက ဒီဝက်ခြံတွေပျောက်သွားဖို့။
Author – ဒေါက်တာအေးချမ်းမိုး