fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

တီဘီရောဂါ

775
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

တီဘီေရာဂါ

တီဘီရယ္လို႔ေျပာရင္ ဘာေရာဂါလဲဆိုတာ လူေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္။ တီဘီပိုးက အသက္ရွဴလမ္းေၾကာင္းကတစ္ဆင့္ကူးပါတယ္။ တီဘီပိုးက mycobacterium tuberculosis အေကာင္ေၾကာင့္ျဖစ္တာပါ။တီဘီပိုးက ကိုယ္ခႏၶာတစ္ခုလုံးမွာရွိတဲ့ အတြင္းအဂၤါအစိတ္အပိုင္းတိုင္းမွာ ျဖစ္ႏိုင္ပါတယ္ ဒါေပမယ့္ အခ်င္းခ်င္းကူးတာကေတာ့အဆုတ္တီဘီကတစ္ဆင့္ပဲ ကူးပါတယ္။ တီဘီပိုးကူးစက္ခံရတိုင္း ေရာဂါမျဖစ္ပါဘူး ကူးစက္ခံရတဲ့သူကကိုယ္ခံအားေကာင္းမေကာင္းေပၚအမ်ားႀကီးမူတည္ပါတယ္။

ေရာဂါပိုးကူးစက္ခံရၿပီး ေရာဂါလကၡဏာပါျပေနတယ္ဆို ဒါတီဘီေရာဂါပါ Active infection ပါ ေရာဂါလကၡဏာမျပဘဲလည္း တီဘီပိုးက ကိုယ္ထဲမွာ အၾကာႀကီးေနႏိုင္ပါတယ္ ဒါကို latent TB လို႔ေခၚပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္ခံအားက်သြားမွပဲ တီဘီေရာဂါရဲ႕ လကၡဏာေတြ ျပလာမွာျဖစ္ပါတယ္။ လူတစ္ေယာက္ ႏွစ္ပတ္ထက္ပိုၿပီး ေခ်ာင္းဆိုးတယ္ ညေနပိုင္းေတြေငြ႕ေငြ႕ဖ်ားတယ္ အစားအေသာက္စားခ်င္စိတ္ပ်က္လာတယ္။ ကိုယ္အေလးခ်ိန္က်လာတယ္ ညဘက္ေခြၽးထြက္မ်ားလာတယ္။ စတဲ့ လကၡဏာေတြေတြ႕ရတာနဲ႔ တီဘီကိုစစ္ေဆးဖို႔လိုအပ္ပါတယ္။ အခုလတ္တေလာကူးတာမကူးတာနဲ႔ မဆိုင္ပါဘူး တစ္ခ်ိဳ႕သူေတြက်ေတာ့ အက်ိတ္ေတြထြက္လာတတ္တယ္။ အထူးသျဖင့္လည္ပင္းတစ္ဝိုက္မွာတစ္စုတစ္ခဲတည္းျဖစ္တတ္တယ္။ တီဘီအက်ိတ္ေရာဂါပါ တစ္ခ်ိဳ႕က်ေတာ့ အူတီဘီျဖစ္တတ္တယ္ ဗိုက္ႀကီးအခ်ိန္ျပည့္တင္းေနတတ္တယ္။ ဗိုက္ထဲ စုပ္ဆြဲထားသလိုနာတာမ်ိဳးေတြ အန္တာေတြလည္းျဖစ္ႏိုင္တယ္။ တစ္ခ်ိဳ႕က်ေတာ့ ခါးတီဘီျဖစ္တာပါ ခါးနာတာကေန စျဖစ္တတ္တယ္။

 

တီဘီပိုးကဦးေႏွာက္ကိုေရာက္ေနတာမ်ိဳးဆိုရင္ ဖ်ားတာအျပင္ တက္တာေတြ သတိလစ္တာမွိန္းတာေတြ ျဖစ္တယ္ ဇက္ေတြေတာင့္တယ္။ အာ႐ုံေၾကာေတြပါထိခိုက္လာတတ္ပါတယ္။ တစ္ခ်ိဳ႕က်ေတာ့ဆီးလမ္းေၾကာင္းမွာတီဘီျဖစ္တယ္။ ဆီးပိုးဝင္သလိုမ်ိဳးေတြ ခဏခဏျဖစ္တယ္ ေဆးေသာက္လည္းမသက္သာဘူးဆို ဆီးပိုးလည္းေမြးၾကည့္ဖို႔လိုတတ္ပါတယ္။ ႏွလုံးမွာတီဘီျဖစ္တယ္ဆိုရင္ေတာ့ ရင္ဘတ္ေအာင့္တာေတြ ႏွလုံးခုန္မမွန္တာေတြ အျပင္ႏွလုံးျပင္ပမွာေရဝိုင္းတာမ်ိဳးလည္းႀကဳံႏိုင္ပါတယ္။ အေရျပားမွာလည္းတီဘီျဖစ္တတ္တယ္ အေရျပားမွာ အညိဳကြက္လိုအလုံးေတြ ျဖစ္လာတတ္တာကေန အနာအထိျဖစ္ႏိုင္ပါတယ္။

တီဘီ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အဆုတ္တီဘီပါမပါစစ္ေဆးဖို႔လည္းလိုတယ္။ အဆုတ္တီဘီရွိတဲ့သူမွာ သလိပ္ပိုးလည္းစစ္ဖို႔လိုတယ္ လိုအပ္တယ္ဆို gene expert ပါ ထပ္စစ္တယ္ သလိပ္စစ္ရတာပါပဲ ေဆးယဥ္ပါးရွိမရွိပါ သိႏိုင္ပါတယ္။ တီဘီေရာဂါကို စစ္ေဆးမယ္ဆိုရင္ အရင္ဆုံးကေတာ့ ဓာတ္မွန္႐ိုက္တာပါပဲ တစ္ခ်ိဳ႕ဓာတ္မွန္ေတြက မွိန္ေနတာမ်ိဳးေတြျဖစ္တဲ့အခါ အေျဖမတိက်တတ္ဘူး ဒါမ်ိဳးဆိုရင္ေတာ့ Digital Xray ႐ိုက္ေစခ်င္တယ္။ တီဘီ တစ္ခါျဖစ္ထားရင္ တစ္ခ်ိဳ႕ေတြမွာေဆးျပည့္လည္း အမာ႐ြတ္ေတြလိုမ်ိဳးက်န္ေနတတ္တယ္။ ဒါမ်ိဳးကေတာ့ေဖ်ာက္လို႔မရတတ္ဘူး လတ္တေလာတီဘီျဖစ္တာလားအရင္ကျဖစ္တာလားပဲေျပာေပးလို႔ ရပါတယ္။

ဓာတ္မွန္မွာတီဘီလို႔ေျပာတာနဲ႔ တီဘီေဆးကမျဖစ္မေနေသာက္ရမွာပါ။ သလိပ္ပိုးရွိတာမရွိတာနဲ႔မဆိုင္ပါဘူး သလိပ္ပိုးကို ထပ္စစ္ရတဲ့အေၾကာင္းက သလိပ္ပိုးေတြ႕တယ္ဆို တီဘီေဆးမွာ ထိုးေဆးပါတတ္တယ္။ ေဆးေသာက္ရတဲ့အခ်ိန္ပိုၾကာတတ္တယ္ သလိပ္ပိုးရွိတဲ့လူနာက တစ္ျခားသူကိုကူးေစႏိုင္ပါတယ္။ အက်ိတ္ေတြျဖစ္တာဆို အသားစပို႔စစ္ရတယ္။ ခါးတီဘီဆိုရင္ ခါးဓာတ္မွန္အျပင္ လိုအပ္တယ္ဆို MRI ထိ႐ိုက္ရပါတယ္။ ျဖစ္တဲ့ေနရာအလိုက္ လိုအပ္တဲ့ စစ္ေဆးမႈေတြ လိုက္လုပ္ရပါတယ္။

တီဘီကိုအေထာက္အကူျပဳတဲ့ တစ္ျခားေသာေသြးစစ္တာေတြလည္းရွိပါတယ္။ ဒီအေျဖကိုၾကည့္ၿပီး တီဘီလို႔တစ္ထစ္ခ်မေျပာႏိုင္ေပမယ့္ ဓာတ္မွန္နဲ႔ တစ္ျခားေသာအေျဖေတြအားလုံးေပါင္းၿပီး ဒါတီဘီျဖစ္ေနတာလား မဟုတ္ဘူးလားကိုအၾကမ္းဖ်င္းေတာ့ေျပာလို႔ရပါတယ္။ တီဘီေရာဂါမွာ Full blood count မွာ lymphocytosis ေတြ႕ရတတ္တယ္။ ESR စစ္တဲ့အခါမွာလည္း သိသိသာသာ မ်ားေနတတ္တယ္။

တီဘီေရာဂါက ေစာေစာသိၿပီးေစာေစာေသခ်ာကုတယ္ဆို ကုဖို႔လြယ္ပါတယ္။ တီဘီေရာဂါသည္ေတြကိုျပဳစုေစာင့္ေရွာက္တဲ့သူေတြ ကိုယ္ခံအားမေကာင္းတဲ့သူေတြ က်န္းမာေရးဝန္ထမ္းေတြ အိမ္ေျခယာမဲ့ေတြနဲ႔ အခ်ဳပ္က်ခံရတဲ့သူေတြ ကိုလည္း Latent TB အတြက္စစ္ေဆးသင့္ပါတယ္။ ေရာဂါကူးစက္ခံထားရတယ္ဆို သတ္မွတ္ထားသလို ေဆးေသခ်ာကုဖို႔လိုပါတယ္။

ေရာဂါပိုးလည္းရွိတယ္ ေရာဂါလကၡဏာလည္းျပေနတယ္ဆိုရင္ေတာ့ Active infection ပါ ေဆးျပည့္ေအာင္ကုဖို႔တင္မကေတာ့ပါဘူး။ ေနာက္လူမကူးဖို႔အထိပါ လုပ္ဖို႔လိုအပ္ပါတယ္ တီဘီေရာဂါျဖစ္ေနတယ္ဆိုက်န္းမာေရးဌာနေတြအေၾကာင္းၾကားရမယ္။ သလိပ္ပိုးပါေတြ႕တယ္ဆို လူနာကိုသီးသန႔္ထားဖို႔အထိလိုအပ္ပါတယ္။ ေဆးယဥ္ပါးပါျဖစ္တယ္ဆိုရင္ေတာ့ ေဆး႐ုံမွာအခ်ိန္တစ္ခုအထိ ထားဖို႔လိုအပ္ပါတယ္။ တီဘီေရာဂါက နည္းနည္းေလးကေန အမ်ားႀကီးထိ ဒုကၡေပးႏိုင္တဲ့ ေရာဂါျဖစ္တာေၾကာင့္ မေပါ့ေစခ်င္ပါဘူး သက္ဆိုင္ရာဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းေတြနဲ႔ တူတူ ပူးေပါင္းၿပီး ကုသရမွာျဖစ္ပါတယ္။

Dr. CST

တီဘီရောဂါ

တီဘီရယ်လို့ပြောရင် ဘာရောဂါလဲဆိုတာ လူတော်တော်များများသိကြပါတယ်။ တီဘီပိုးက အသက်ရှူလမ်းကြောင်းကတစ်ဆင့်ကူးပါတယ်။ တီဘီပိုးက mycobacterium tuberculosis အကောင်ကြောင့်ဖြစ်တာပါ။တီဘီပိုးက ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ အတွင်းအင်္ဂါအစိတ်အပိုင်းတိုင်းမှာ ဖြစ်နိုင်ပါတယ် ဒါပေမယ့် အချင်းချင်းကူးတာကတော့အဆုတ်တီဘီကတစ်ဆင့်ပဲ ကူးပါတယ်။ တီဘီပိုးကူးစက်ခံရတိုင်း ရောဂါမဖြစ်ပါဘူး ကူးစက်ခံရတဲ့သူကကိုယ်ခံအားကောင်းမကောင်းပေါ်အများကြီးမူတည်ပါတယ်။

ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာပါပြနေတယ်ဆို ဒါတီဘီရောဂါပါ Active infection ပါ ရောဂါလက္ခဏာမပြဘဲလည်း တီဘီပိုးက ကိုယ်ထဲမှာ အကြာကြီးနေနိုင်ပါတယ် ဒါကို latent TB လို့ခေါ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျသွားမှပဲ တီဘီရောဂါရဲ့ လက္ခဏာတွေ ပြလာမှာဖြစ်ပါတယ်။ လူတစ်ယောက် နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုးတယ် ညနေပိုင်းတွေငွေ့ငွေ့ဖျားတယ် အစားအသောက်စားချင်စိတ်ပျက်လာတယ်။ ကိုယ်အလေးချိန်ကျလာတယ် ညဘက်ချွေးထွက်များလာတယ်။ စတဲ့ လက္ခဏာတွေတွေ့ရတာနဲ့ တီဘီကိုစစ်ဆေးဖို့လိုအပ်ပါတယ်။ အခုလတ်တလောကူးတာမကူးတာနဲ့ မဆိုင်ပါဘူး တစ်ချို့သူတွေကျတော့ အကျိတ်တွေထွက်လာတတ်တယ်။ အထူးသဖြင့်လည်ပင်းတစ်ဝိုက်မှာတစ်စုတစ်ခဲတည်းဖြစ်တတ်တယ်။ တီဘီအကျိတ်ရောဂါပါ တစ်ချို့ကျတော့ အူတီဘီဖြစ်တတ်တယ် ဗိုက်ကြီးအချိန်ပြည့်တင်းနေတတ်တယ်။ ဗိုက်ထဲ စုပ်ဆွဲထားသလိုနာတာမျိုးတွေ အန်တာတွေလည်းဖြစ်နိုင်တယ်။ တစ်ချို့ကျတော့ ခါးတီဘီဖြစ်တာပါ ခါးနာတာကနေ စဖြစ်တတ်တယ်။

 

တီဘီပိုးကဦးနှောက်ကိုရောက်နေတာမျိုးဆိုရင် ဖျားတာအပြင် တက်တာတွေ သတိလစ်တာမှိန်းတာတွေ ဖြစ်တယ် ဇက်တွေတောင့်တယ်။ အာရုံကြောတွေပါထိခိုက်လာတတ်ပါတယ်။ တစ်ချို့ကျတော့ဆီးလမ်းကြောင်းမှာတီဘီဖြစ်တယ်။ ဆီးပိုးဝင်သလိုမျိုးတွေ ခဏခဏဖြစ်တယ် ဆေးသောက်လည်းမသက်သာဘူးဆို ဆီးပိုးလည်းမွေးကြည့်ဖို့လိုတတ်ပါတယ်။ နှလုံးမှာတီဘီဖြစ်တယ်ဆိုရင်တော့ ရင်ဘတ်အောင့်တာတွေ နှလုံးခုန်မမှန်တာတွေ အပြင်နှလုံးပြင်ပမှာရေဝိုင်းတာမျိုးလည်းကြုံနိုင်ပါတယ်။ အရေပြားမှာလည်းတီဘီဖြစ်တတ်တယ် အရေပြားမှာ အညိုကွက်လိုအလုံးတွေ ဖြစ်လာတတ်တာကနေ အနာအထိဖြစ်နိုင်ပါတယ်။

တီဘီ ဘယ်နေရာမှာပဲဖြစ်ဖြစ် အဆုတ်တီဘီပါမပါစစ်ဆေးဖို့လည်းလိုတယ်။ အဆုတ်တီဘီရှိတဲ့သူမှာ သလိပ်ပိုးလည်းစစ်ဖို့လိုတယ် လိုအပ်တယ်ဆို gene expert ပါ ထပ်စစ်တယ် သလိပ်စစ်ရတာပါပဲ ဆေးယဉ်ပါးရှိမရှိပါ သိနိုင်ပါတယ်။ တီဘီရောဂါကို စစ်ဆေးမယ်ဆိုရင် အရင်ဆုံးကတော့ ဓာတ်မှန်ရိုက်တာပါပဲ တစ်ချို့ဓာတ်မှန်တွေက မှိန်နေတာမျိုးတွေဖြစ်တဲ့အခါ အဖြေမတိကျတတ်ဘူး ဒါမျိုးဆိုရင်တော့ Digital Xray ရိုက်စေချင်တယ်။ တီဘီ တစ်ခါဖြစ်ထားရင် တစ်ချို့တွေမှာဆေးပြည့်လည်း အမာရွတ်တွေလိုမျိုးကျန်နေတတ်တယ်။ ဒါမျိုးကတော့ဖျောက်လို့မရတတ်ဘူး လတ်တလောတီဘီဖြစ်တာလားအရင်ကဖြစ်တာလားပဲပြောပေးလို့ ရပါတယ်။

ဓာတ်မှန်မှာတီဘီလို့ပြောတာနဲ့ တီဘီဆေးကမဖြစ်မနေသောက်ရမှာပါ။ သလိပ်ပိုးရှိတာမရှိတာနဲ့မဆိုင်ပါဘူး သလိပ်ပိုးကို ထပ်စစ်ရတဲ့အကြောင်းက သလိပ်ပိုးတွေ့တယ်ဆို တီဘီဆေးမှာ ထိုးဆေးပါတတ်တယ်။ ဆေးသောက်ရတဲ့အချိန်ပိုကြာတတ်တယ် သလိပ်ပိုးရှိတဲ့လူနာက တစ်ခြားသူကိုကူးစေနိုင်ပါတယ်။ အကျိတ်တွေဖြစ်တာဆို အသားစပို့စစ်ရတယ်။ ခါးတီဘီဆိုရင် ခါးဓာတ်မှန်အပြင် လိုအပ်တယ်ဆို MRI ထိရိုက်ရပါတယ်။ ဖြစ်တဲ့နေရာအလိုက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လိုက်လုပ်ရပါတယ်။

တီဘီကိုအထောက်အကူပြုတဲ့ တစ်ခြားသောသွေးစစ်တာတွေလည်းရှိပါတယ်။ ဒီအဖြေကိုကြည့်ပြီး တီဘီလို့တစ်ထစ်ချမပြောနိုင်ပေမယ့် ဓာတ်မှန်နဲ့ တစ်ခြားသောအဖြေတွေအားလုံးပေါင်းပြီး ဒါတီဘီဖြစ်နေတာလား မဟုတ်ဘူးလားကိုအကြမ်းဖျင်းတော့ပြောလို့ရပါတယ်။ တီဘီရောဂါမှာ Full blood count မှာ lymphocytosis တွေ့ရတတ်တယ်။ ESR စစ်တဲ့အခါမှာလည်း သိသိသာသာ များနေတတ်တယ်။

တီဘီရောဂါက စောစောသိပြီးစောစောသေချာကုတယ်ဆို ကုဖို့လွယ်ပါတယ်။ တီဘီရောဂါသည်တွေကိုပြုစုစောင့်ရှောက်တဲ့သူတွေ ကိုယ်ခံအားမကောင်းတဲ့သူတွေ ကျန်းမာရေးဝန်ထမ်းတွေ အိမ်ခြေယာမဲ့တွေနဲ့ အချုပ်ကျခံရတဲ့သူတွေ ကိုလည်း Latent TB အတွက်စစ်ဆေးသင့်ပါတယ်။ ရောဂါကူးစက်ခံထားရတယ်ဆို သတ်မှတ်ထားသလို ဆေးသေချာကုဖို့လိုပါတယ်။

ရောဂါပိုးလည်းရှိတယ် ရောဂါလက္ခဏာလည်းပြနေတယ်ဆိုရင်တော့ Active infection ပါ ဆေးပြည့်အောင်ကုဖို့တင်မကတော့ပါဘူး။ နောက်လူမကူးဖို့အထိပါ လုပ်ဖို့လိုအပ်ပါတယ် တီဘီရောဂါဖြစ်နေတယ်ဆိုကျန်းမာရေးဌာနတွေအကြောင်းကြားရမယ်။ သလိပ်ပိုးပါတွေ့တယ်ဆို လူနာကိုသီးသန့်ထားဖို့အထိလိုအပ်ပါတယ်။ ဆေးယဉ်ပါးပါဖြစ်တယ်ဆိုရင်တော့ ဆေးရုံမှာအချိန်တစ်ခုအထိ ထားဖို့လိုအပ်ပါတယ်။ တီဘီရောဂါက နည်းနည်းလေးကနေ အများကြီးထိ ဒုက္ခပေးနိုင်တဲ့ ရောဂါဖြစ်တာကြောင့် မပေါ့စေချင်ပါဘူး သက်ဆိုင်ရာဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တူတူ ပူးပေါင်းပြီး ကုသရမှာဖြစ်ပါတယ်။

Dr. CST

Previous Post

ခန္ဓာကိုယ်ထဲက အက်စစ်တွေ ပုံမှန်ထက် များလာတဲ့အခါ

Next Post

အမျိုးသမီးများ နှင့် မီးယပ်ပြသာနာများ အပိုင်း၁ (မီးယပ်သွေးချုပ်ခြင်းနဲ့ မီးယပ်သွေးငုပ်ခြင်း)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
854
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများ နှင့် မီးယပ်ပြသာနာများ အပိုင်း၁ (မီးယပ်သွေးချုပ်ခြင်းနဲ့ မီးယပ်သွေးငုပ်ခြင်း)

ကလေးများတွင်ဖြစ်သော ပါးချိတ်ရောင်ခြင်း

သန္ဓေတည် ခြင်း နှင့် အာဟာရ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.