fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

လူကြီးဝက်ခြံနှင့် ကုသမှုများ

204
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/01/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ဝက္ၿခံဟာအ႐ြယ္ေရာက္ၿပီး သူမ်ားမွာလည္း အျဖစ္မ်ားၿပီး အထူးသျဖင့္ အမ်ိဳးသမီးေတြမွာ ပိုျဖစ္ေလ့ရွိပါတယ္။ အသက္ ၂၅ ႏွစ္ ေက်ာ္ၿပီးျဖစ္ေသာ အမ်ိဳး သမီးမ်ားရဲ႕ ၂၈ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသားမ်ားရဲ႕ ၁၂ရာခိုင္ႏႈန္းေလာက္မွာ ဝက္ၿခံေပါက္ေလ့ ရွိတတ္ၾက ပါတယ္။ ေဟာ္မုန္းမ်ား၊ အထူးသျဖင့္ အမ်ိဳးသားေဟာ္မုန္း (အင္ဒ႐ိုဂ်င္မ်ား) (၎တို႔ဟာ အမ်ိဳးသမီးမ်ားမွာလည္း ရွိပါတယ္) ေတြက မ်က္ႏွာမွာ အဆီထြက္မႈကိုမ်ားျပားေစၿပီး ဝက္ၿခံျဖစ္ေစ ပါတယ္။ ဒါေၾကာင့္ လည္း မေဟာ္မုန္းျဖစ္တဲ့ အီစထ႐ိုဂ်င္ေတြ ေသြးထဲမွာ နည္းသြားခ်ိန္ျဖစ္တဲ့ ရာသီလာခါနီး ႏွင့္ လာေနခ်ိန္ေတြမွာ ဝက္ၿခံေတြပိုထြက္ေလ့ရွိပါတယ္။ ဆယ္ေက်ာ္ သက္ကာ လမွာ ဝက္ၿခံေပါက္ခဲ့ဖူးတဲ့ အမ်ိဳး သမီးေတြရဲ႕ ၇၉ရာခိုင္ႏႈန္းဟာ လူႀကီးဘဝမွာလည္း ဝက္ၿခံေပါက္ေလ့ရွိၿပီး အရင္ကအတိုင္း (သို႔) ပိုလို႔ပင္ဆိုး လာ တတ္တယ္လို႔ဆိုပါတယ္။ လူစီယားနား တကၠသိုလ္ေဆးေက်ာင္းက အေရျပားေရာဂါ အထူးကုတြဲဖက္ပါ ေမာကၡ ဒိုင္ရီဟူးပါးကေတာ့ “ဝက္ၿခံက အႏၲရာယ္မရွိပါဘူး။ ဒါေပမယ့္ နာက်င္တာ၊ အမာ႐ြတ္ထင္တာ၊ စိတ္ပ်က္ရတာေတြ ေတာ့ ခံစားရႏိုင္ပါတယ္” လို႔ရွင္းျပပါတယ္။

ကာကြယ္ရန္နည္းလမ္းမ်ား
စိတ္ဖိစီးမႈကိုေလ်ာ့ခ်ပါ

စိတ္ဖိစီးမႈျဖစ္ခ်ိန္မွာ အင္ဒ႐ိုဂ်င္ေဟာ္မုန္းေတြ ပိုထြက္လာတတ္ၿပီး ဝက္ၿခံေတြကိုပိုထြက္လာေစတတ္သလို အဆီေတြမ်ားလာတဲ့ အတြက္ရွိၿပီးသားဝက္ၿခံေတြကိုလည္း ပိုဆိုးေစပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစတဲ့ ဘယ္အျပဳအမူကမဆို မ်က္ႏွာ အေရျပားအတြက္ ေကာင္းက်ိဳးကိုျဖစ္ေပၚေစပါတယ္။ ေလ့လာမႈတစ္ခုအရ မိနစ္၉၀စာမွ် ေယာဂေလ့က်င့္ခန္းလုပ္ျခင္းကပင္ အ သက္ ၄၀ႏွင့္ ၆၀ၾကားအမ်ိဳးသမီးေတြမွာ စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစတယ္ဆိုတာ ေတြ႕ျမင္ရပါတယ္။ ပုံမွန္ေလ့က်င့္ေပးႏိုင္မယ္ဆို ရင္ ဒီထက္ေတာင္အက်ိဳးရွိေစႏိုင္ပါတယ္။

သန႔္ရွင္းၿပီးစိုစြတ္မႈရွိေအာင္ထိန္းသိမ္းပါ

တစ္ေန႔တာ ကုန္ဆုံးခ်ိန္မွာမ်က္ႏွာကို ေဆးေၾကာသန႔္စင္ျခင္းက ဖုန္ႏွင့္အညစ္အေၾကးမ်ား၊ မိတ္ကပ္၊ ဆဲလ္အေသမ်ားတို႔က ေမႊးညႇင္းေပါက္မ်ားအား ပိတ္  ျခင္းကိုကာကြယ္ေပးပါတယ္။ မ်က္ႏွာသစ္ၿပီးခ်ိန္ Moisturizer မ်ားအား သုံးစြဲျခင္းဟာ အေရျပား ေျခာက္ေသြ႕ျခင္းမျဖစ္ေအာင္ တားဆီးေပးကာ အဆီဂ  လင္းမ်ားအား ပိုမိုတက္ႂကြေစပါတယ္။ အိပ္ခါနီး လိမ္းမည္ဆိုပါက ဝက္ၿခံ ေပါက္တတ္ေသာ အေရျပားပိုင္ရွင္မ်ားအတြက္ ထုတ္လုပ္ထားေသာႏူးညံ့ေသာ Cleanser မ်ားသုံးစြဲကာ ေနာက္မွေမႊးညႇင္း ေပါက္မ်ားအားပိတ္ေစျခင္းမရွိေသာ Moisturizer ကိုသုံးစြဲသင့္ပါတယ္။

အစားအေသာက္ကိုသတိထားပါ

သၾကားႏွင့္ ကာဗိုဟိုက္ဒရိတ္မ်ားျပားေသာ အစားအစာမ်ားကို စားသုံးျခင္းကေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ေစၿပီးဝက္ၿခံ ေတြကို ပိုထြက္ေစေၾကာင္း ေလ့လာမႈမ်ားကေဖာ္ျပေနပါတယ္။ ေသြးတြင္းသၾကားဓာတ္ ျမင့္မားျခင္းကေရာင္ရမ္းျခင္းႏွင့္ မ်က္ႏွာ အဆီျပန္ျခင္းကို အားေပးပါတယ္။ ဒါေၾကာင့္ ေသြး  တြင္းသၾကားဓာတ္ျမင့္တက္မႈနည္းေသာ အစားအေသာက္မ်ားျဖစ္ၾကတဲ့ ပဲအ မ်ိဳးမ်ိဳး၊ အေစ့အဆန္၊ သစ္သီးမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို မ်ားမ်ားစားေပးသင့္ပါတယ္။

အိမ္တြင္းကုထုံးမ်ား

Benzoyl peroxide လိမ္းေဆး၊ ဒီေဆးကအလြယ္တကူဝယ္ယူလို႔ရတဲ့ ဝက္ၿခံေပ်ာက္ေဆးေတြထဲမွာ အျပင္းဆုံးျဖစ္ပါတယ္။ Benzoyl peroxide လိမ္းေဆးေတြကပိတ္ေနတဲ့ ေမႊးညႇင္းေပါက္ေတြထဲမွာ ခိုေအာင္းကာဝက္ၿခံျဖစ္ေစႏိုင္တဲ့ ဘက္တီးရီးယား မ်ားျဖစ္ၾကေသာ Prop ionibacterium acnes ေတြကိုေသေစႏိုင္ပါတယ္။ ၁၀ရာခိုင္ႏႈန္း သို႔မဟုတ္ ထို႔ထက္ေပ်ာ့ေသာလိမ္း ေဆးမ်ားကို ညဘက္မွာလိမ္းေပးသင့္ပါတယ္။

Salicylic Acid

အေရာင္က်ေစေသာ ဒီလိမ္းေဆးမ်ားက အေရျပားအေပၚလႊာက ပ႐ိုတိန္းမ်ားအား ေလ်ာ့ရဲေစၿပီး ကြာက်ေစတဲ့အတြက္ ေမႊး ညႇင္းေပါက္ေတြ ပိတ္ဆို႔ျခင္း   မရွိေအာင္ တားဆီးေပးပါတယ္။ မ်က္ႏွာျပင္တစ္ခုလုံးနီးပါးမွာ ရွိတဲ့ဝက္ၿခံျဖစ္ေစႏိုင္ေသာ အလုံး ေလးမ်ားအေပၚ ထိေရာက္မႈမရွိေပမယ့္ ဒီေဆးဟာ အေရ  ျပားအတြင္းပိုင္းထိ ထိုးေဖာက္ဝင္ေရာက္ျခင္း မရွိတဲ့အတြက္ေမး႐ိုးစြန္း နားက ဝက္ၿခံေတြအတြက္ေတာ့ ထိေရာက္မႈမရွိပါဘူး။ အျခားေသာဝက္ၿခံလိမ္းေဆးမ်ားလိုပဲ မ်က္ႏွာအေရျပားကို ေျခာက္ေသြ႕ ေစႏိုင္တဲ့အတြက္ Moisturizer ပါဝင္တဲ့အလွကုန္တစ္ခုခုလိမ္းဖို႔ စဥ္းစားသင့္ပါတယ္။

လက္ဖက္ဆီ

လက္ဖက္ဆီဟာ ဘက္တီးရီးယားမ်ားအား ထိေရာက္စြာ ႏွိမ္ႏွင္းႏိုင္တဲ့ေဆးတစ္မ်ိဳး ျဖစ္ပါတယ္။ ေလ့လာမႈတစ္ခုအရ လက္ဖက္ ဆီ ၅ရာခိုင္ႏႈန္းပါဝင္တဲ့  ဂ်ယ္ကိုရက္သတၱပတ္ ၆ပတ္ၾကာလိမ္းေပးတဲ့အခါ ဝက္ၿခံမ်ားအား ၄၀ရာခိုင္ႏႈန္းေလာက္ထိ သက္သာ ေပ်ာက္ကင္းေစတာ ေတြ႕ရွိၾကရပါတယ္။ သို႔ေသာ္လည္း လက္ဖက္ဆီမွာအေရျပားကို ထိခိုက္ေစတဲ့ကြန္ေပါင္းတစ္မ်ိဳး ပါဝင္ေန တတ္တဲ့အတြက္ တခ်ိဳ႕သူေတြမွာ ယားယံျခင္းကိုခံစားၾကရတတ္ပါတယ္။    ေကာင္းတာကေတာ့ ၎ကိုမ်က္ႏွာတစ္ခုလုံး လိမ္း ျခင္းအား ေရွာင္ရွားၿပီးဝက္ၿခံမ်ားတဲ့ ေနရာေတြကိုသာကြက္ၿပီး လိမ္းသင့္ပါတယ္။

ဆရာဝန္က ကုသေပးႏိုင္သည့္ကုထုံးမ်ား
ေသာက္ေဆးမ်ား

Doxycycline ေသာက္ေဆးမ်ားဟာ ဘက္တီးရီးယားေတြကို ေသေစႏိုင္စြမ္းမရွိေပမယ့္ ေရာင္ရမ္းမႈကိုေလ်ာ့က်ေစျခင္းျဖင့္ အ လုပ္လုပ္ပါတယ္။ လိမ္းေဆးေတြထက္စာရင္ သူတို႔ကအေရျပားေအာက္ကို ပိုမိုထိုးေဖာက္ႏိုင္စြမ္းရွိၿပီး ၾကာရွည္သုံးစြဲဖို႔အတြက္ဆို ရင္ ေဘးထြက္ဆိုးက်ိဳးခံစားမႈနည္းေအာင္ ပမာဏနည္းနည္းကိုသာ ေသာက္သင့္ပါတယ္။အီထ႐ိုဂ်င္ပါဝင္မႈမ်ားျပားတဲ့ သေႏၶ တားေဆးမ်ားကလည္းအင္ဒ႐ိုဂ်င္မမွ်တမႈကို ထိန္းသိမ္းေပးျခင္းအားျဖင့္ ဝက္ၿခံ  ေလ်ာ့ပါေအာင္လုပ္ေဆာင္ေပးႏိုင္ပါတယ္။ အင္ဒ႐ိုဂ်င္ေဟာ္မုန္းေတြရဲ႕ လုပ္ေဆာင္မႈက တားဆီးေပးႏိုင္တဲ့ Spironolactone ေတြေသာက္ေပးျခင္းကလည္း ဝက္ၿခံေတြကို ေလ်ာ့ပါးေစႏိုင္ပါေသးတယ္။

အလင္းကုထုံး

အလင္းကိုအသုံးျပဳၿပီး ကုသတဲ့ကုထုံးမွာဆိုရင္ အေရျပားဆရာဝန္က အလင္းေရာင္ကို တုံ႔ျပန္မႈမ်ားတဲ့လိမ္းေဆးတစ္မ်ိဳးကို မ်က္ႏွာကိုလိမ္းေပးထားၿပီး  အေရျပားထဲစိမ့္ဝင္ေအာင္ ၂နာရီေလာက္ထားပါတယ္။ ဒီေနာက္မွာေတာ့ မ်က္ႏွာရွိဝက္ၿခံေပါက္ေစ ေသာ ဘက္တီးရီးယားမ်ားအားေသဆုံးေစကာ    အဆီျပန္ျခင္းကိုေလ်ာ့ပါးေစရန္အတြက္ အဆိုပါလိမ္းေဆးမ်ားအား အျပာေရာင္ အလင္းတန္းနဲ႔ထိေတြ႕ေစပါတယ္။ ေလ့လာမႈမ်ားက ဒီကုသမႈဟာဝက္ၿခံကို ၈၀ရာခိုင္ႏႈန္းေလာက္ထိ သက္သာေပ်ာက္ကင္းေစ တယ္လို႔ဆိုပါတယ္။ သို႔ေသာ္လည္း တစ္ႀကိမ္တည္းမဟုတ္ အႀကိမ္ေတာ္ေတာ္မ်ားမ်ား ကုသမႈခံယူရန္လိုအပ္ၿပီး ေဈးကလည္း ႀကီးပါတယ္။

Author – ေဒါက္တာေက်ာ္စြာထြန္း (ေဆးဝါးေဗဒ) Healthcare Journal

(Unicode)

ဝက်ခြံဟာအရွယ်ရောက်ပြီး သူများမှာလည်း အဖြစ်များပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ အသက် ၂၅ နှစ် ကျော်ပြီးဖြစ်သော အမျိုး သမီးများရဲ့ ၂၈ရာခိုင်နှုန်းနှင့် အမျိုးသားများရဲ့ ၁၂ရာခိုင်နှုန်းလောက်မှာ ဝက်ခြံပေါက်လေ့ ရှိတတ်ကြ ပါတယ်။ ဟော်မုန်းများ၊ အထူးသဖြင့် အမျိုးသားဟော်မုန်း (အင်ဒရိုဂျင်များ) (၎င်းတို့ဟာ အမျိုးသမီးများမှာလည်း ရှိပါတယ်) တွေက မျက်နှာမှာ အဆီထွက်မှုကိုများပြားစေပြီး ဝက်ခြံဖြစ်စေ ပါတယ်။ ဒါကြောင့် လည်း မဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်တွေ သွေးထဲမှာ နည်းသွားချိန်ဖြစ်တဲ့ ရာသီလာခါနီး နှင့် လာနေချိန်တွေမှာ ဝက်ခြံတွေပိုထွက်လေ့ရှိပါတယ်။ ဆယ်ကျော် သက်ကာ လမှာ ဝက်ခြံပေါက်ခဲ့ဖူးတဲ့ အမျိုး သမီးတွေရဲ့ ၇၉ရာခိုင်နှုန်းဟာ လူကြီးဘဝမှာလည်း ဝက်ခြံပေါက်လေ့ရှိပြီး အရင်ကအတိုင်း (သို့) ပိုလို့ပင်ဆိုး လာ တတ်တယ်လို့ဆိုပါတယ်။ လူစီယားနား တက္ကသိုလ်ဆေးကျောင်းက အရေပြားရောဂါ အထူးကုတွဲဖက်ပါ မောက္ခ ဒိုင်ရီဟူးပါးကတော့ “ဝက်ခြံက အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် နာကျင်တာ၊ အမာရွတ်ထင်တာ၊ စိတ်ပျက်ရတာတွေ တော့ ခံစားရနိုင်ပါတယ်” လို့ရှင်းပြပါတယ်။

ကာကွယ်ရန်နည်းလမ်းများ
စိတ်ဖိစီးမှုကိုလျော့ချပါ

စိတ်ဖိစီးမှုဖြစ်ချိန်မှာ အင်ဒရိုဂျင်ဟော်မုန်းတွေ ပိုထွက်လာတတ်ပြီး ဝက်ခြံတွေကိုပိုထွက်လာစေတတ်သလို အဆီတွေများလာတဲ့ အတွက်ရှိပြီးသားဝက်ခြံတွေကိုလည်း ပိုဆိုးစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ ဘယ်အပြုအမူကမဆို မျက်နှာ အရေပြားအတွက် ကောင်းကျိုးကိုဖြစ်ပေါ်စေပါတယ်။ လေ့လာမှုတစ်ခုအရ မိနစ်၉၀စာမျှ ယောဂလေ့ကျင့်ခန်းလုပ်ခြင်းကပင် အ သက် ၄၀နှင့် ၆၀ကြားအမျိုးသမီးတွေမှာ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်ဆိုတာ တွေ့မြင်ရပါတယ်။ ပုံမှန်လေ့ကျင့်ပေးနိုင်မယ်ဆို ရင် ဒီထက်တောင်အကျိုးရှိစေနိုင်ပါတယ်။

သန့်ရှင်းပြီးစိုစွတ်မှုရှိအောင်ထိန်းသိမ်းပါ

တစ်နေ့တာ ကုန်ဆုံးချိန်မှာမျက်နှာကို ဆေးကြောသန့်စင်ခြင်းက ဖုန်နှင့်အညစ်အကြေးများ၊ မိတ်ကပ်၊ ဆဲလ်အသေများတို့က မွှေးညှင်းပေါက်များအား ပိတ်  ခြင်းကိုကာကွယ်ပေးပါတယ်။ မျက်နှာသစ်ပြီးချိန် Moisturizer များအား သုံးစွဲခြင်းဟာ အရေပြား ခြောက်သွေ့ခြင်းမဖြစ်အောင် တားဆီးပေးကာ အဆီဂ  လင်းများအား ပိုမိုတက်ကြွစေပါတယ်။ အိပ်ခါနီး လိမ်းမည်ဆိုပါက ဝက်ခြံ ပေါက်တတ်သော အရေပြားပိုင်ရှင်များအတွက် ထုတ်လုပ်ထားသောနူးညံ့သော Cleanser များသုံးစွဲကာ နောက်မှမွှေးညှင်း ပေါက်များအားပိတ်စေခြင်းမရှိသော Moisturizer ကိုသုံးစွဲသင့်ပါတယ်။

အစားအသောက်ကိုသတိထားပါ

သကြားနှင့် ကာဗိုဟိုက်ဒရိတ်များပြားသော အစားအစာများကို စားသုံးခြင်းကသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီးဝက်ခြံ တွေကို ပိုထွက်စေကြောင်း လေ့လာမှုများကဖော်ပြနေပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်မားခြင်းကရောင်ရမ်းခြင်းနှင့် မျက်နှာ အဆီပြန်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် သွေး  တွင်းသကြားဓာတ်မြင့်တက်မှုနည်းသော အစားအသောက်များဖြစ်ကြတဲ့ ပဲအ မျိုးမျိုး၊ အစေ့အဆန်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို များများစားပေးသင့်ပါတယ်။

အိမ်တွင်းကုထုံးများ

Benzoyl peroxide လိမ်းဆေး၊ ဒီဆေးကအလွယ်တကူဝယ်ယူလို့ရတဲ့ ဝက်ခြံပျောက်ဆေးတွေထဲမှာ အပြင်းဆုံးဖြစ်ပါတယ်။ Benzoyl peroxide လိမ်းဆေးတွေကပိတ်နေတဲ့ မွှေးညှင်းပေါက်တွေထဲမှာ ခိုအောင်းကာဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား များဖြစ်ကြသော Prop ionibacterium acnes တွေကိုသေစေနိုင်ပါတယ်။ ၁၀ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပျော့သောလိမ်း ဆေးများကို ညဘက်မှာလိမ်းပေးသင့်ပါတယ်။

Salicylic Acid

အရောင်ကျစေသော ဒီလိမ်းဆေးများက အရေပြားအပေါ်လွှာက ပရိုတိန်းများအား လျော့ရဲစေပြီး ကွာကျစေတဲ့အတွက် မွှေး ညှင်းပေါက်တွေ ပိတ်ဆို့ခြင်း   မရှိအောင် တားဆီးပေးပါတယ်။ မျက်နှာပြင်တစ်ခုလုံးနီးပါးမှာ ရှိတဲ့ဝက်ခြံဖြစ်စေနိုင်သော အလုံး လေးများအပေါ် ထိရောက်မှုမရှိပေမယ့် ဒီဆေးဟာ အရေ  ပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ခြင်း မရှိတဲ့အတွက်မေးရိုးစွန်း နားက ဝက်ခြံတွေအတွက်တော့ ထိရောက်မှုမရှိပါဘူး။ အခြားသောဝက်ခြံလိမ်းဆေးများလိုပဲ မျက်နှာအရေပြားကို ခြောက်သွေ့ စေနိုင်တဲ့အတွက် Moisturizer ပါဝင်တဲ့အလှကုန်တစ်ခုခုလိမ်းဖို့ စဉ်းစားသင့်ပါတယ်။

လက်ဖက်ဆီ

လက်ဖက်ဆီဟာ ဘက်တီးရီးယားများအား ထိရောက်စွာ နှိမ်နှင်းနိုင်တဲ့ဆေးတစ်မျိုး ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ လက်ဖက် ဆီ ၅ရာခိုင်နှုန်းပါဝင်တဲ့  ဂျယ်ကိုရက်သတ္တပတ် ၆ပတ်ကြာလိမ်းပေးတဲ့အခါ ဝက်ခြံများအား ၄၀ရာခိုင်နှုန်းလောက်ထိ သက်သာ ပျောက်ကင်းစေတာ တွေ့ရှိကြရပါတယ်။ သို့သော်လည်း လက်ဖက်ဆီမှာအရေပြားကို ထိခိုက်စေတဲ့ကွန်ပေါင်းတစ်မျိုး ပါဝင်နေ တတ်တဲ့အတွက် တချို့သူတွေမှာ ယားယံခြင်းကိုခံစားကြရတတ်ပါတယ်။    ကောင်းတာကတော့ ၎င်းကိုမျက်နှာတစ်ခုလုံး လိမ်း ခြင်းအား ရှောင်ရှားပြီးဝက်ခြံများတဲ့ နေရာတွေကိုသာကွက်ပြီး လိမ်းသင့်ပါတယ်။

ဆရာဝန်က ကုသပေးနိုင်သည့်ကုထုံးများ
သောက်ဆေးများ

Doxycycline သောက်ဆေးများဟာ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းမရှိပေမယ့် ရောင်ရမ်းမှုကိုလျော့ကျစေခြင်းဖြင့် အ လုပ်လုပ်ပါတယ်။ လိမ်းဆေးတွေထက်စာရင် သူတို့ကအရေပြားအောက်ကို ပိုမိုထိုးဖောက်နိုင်စွမ်းရှိပြီး ကြာရှည်သုံးစွဲဖို့အတွက်ဆို ရင် ဘေးထွက်ဆိုးကျိုးခံစားမှုနည်းအောင် ပမာဏနည်းနည်းကိုသာ သောက်သင့်ပါတယ်။အီထရိုဂျင်ပါဝင်မှုများပြားတဲ့ သန္ဓေ တားဆေးများကလည်းအင်ဒရိုဂျင်မမျှတမှုကို ထိန်းသိမ်းပေးခြင်းအားဖြင့် ဝက်ခြံ  လျော့ပါအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ အင်ဒရိုဂျင်ဟော်မုန်းတွေရဲ့ လုပ်ဆောင်မှုက တားဆီးပေးနိုင်တဲ့ Spironolactone တွေသောက်ပေးခြင်းကလည်း ဝက်ခြံတွေကို လျော့ပါးစေနိုင်ပါသေးတယ်။

အလင်းကုထုံး

အလင်းကိုအသုံးပြုပြီး ကုသတဲ့ကုထုံးမှာဆိုရင် အရေပြားဆရာဝန်က အလင်းရောင်ကို တုံ့ပြန်မှုများတဲ့လိမ်းဆေးတစ်မျိုးကို မျက်နှာကိုလိမ်းပေးထားပြီး  အရေပြားထဲစိမ့်ဝင်အောင် ၂နာရီလောက်ထားပါတယ်။ ဒီနောက်မှာတော့ မျက်နှာရှိဝက်ခြံပေါက်စေ သော ဘက်တီးရီးယားများအားသေဆုံးစေကာ    အဆီပြန်ခြင်းကိုလျော့ပါးစေရန်အတွက် အဆိုပါလိမ်းဆေးများအား အပြာရောင် အလင်းတန်းနဲ့ထိတွေ့စေပါတယ်။ လေ့လာမှုများက ဒီကုသမှုဟာဝက်ခြံကို ၈၀ရာခိုင်နှုန်းလောက်ထိ သက်သာပျောက်ကင်းစေ တယ်လို့ဆိုပါတယ်။ သို့သော်လည်း တစ်ကြိမ်တည်းမဟုတ် အကြိမ်တော်တော်များများ ကုသမှုခံယူရန်လိုအပ်ပြီး ဈေးကလည်း ကြီးပါတယ်။

Author – ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ) Healthcare Journal

Previous Post

အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်းများတဲ့နိုင်ငံ

Next Post

ငှက်ဖျား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
810

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငှက်ဖျား

မေးခိုင်ရောဂါ ကြောက်စရာ

အသံဝင်ခြင်း (Voice Change)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.