အသံဝင်ခြင်းဆိုတာ အသံကိုအသုံးပြုရဖန်များလို့ အသံဝင်ခြင်း၊ အသံပျက်ခြင်းဖြစ်လာတတ်တာ သဘာဝဖြစ် တယ်။ အလိုအလျောက်အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ ကြာမြင့်စွာအသံဝင်ခြင်းတို့က လူတို့ရဲ့အန္တရာယ်ပေးနိုင် တဲ့ရောဂါဆိုးတွေကြောင့်ဖြစ်နိုင်တယ်။ အသံဝင်ရာမှ အသံလုံးဝမထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
အသံဖြစ်ပေါ်ပုံ
လူတို့ဟာ အလွန်ညင်သာတဲ့အသံမှအစ ဆူညံအော်ဟစ်သံအဆုံး အသံအမျိုးမျိုးကိုဖန်တီးနိုင်တယ်။ ယင်းအ သံဖြစ်ပေါ်လာစေဖို့ များစွာသောအင်္ဂါအစိတ်အပိုင်းတို့ကို အကူအညီယူရတယ်။ ပထမဦးစွာအသံထွက်ဖို့ ပြင် ဆင်တဲ့အနေနဲ့ ပထမအသက်ရှုလိုက်ပြီး၊ အသက်ရှုခြင်းထုတ်ခြင်း ခေတ္တရပ်ကာအသံအိုး (Larynx) မှာအသံ ကြိုးမျှင်များ (Vocal Cord) ကိုနီးကပ်နေစေတယ်။ သည့်နောက် အဆုတ်လေပြွန်နဲ့ အသံအိုးတို့အတွင်းမှလေ ကို အထိန်းအကွပ်နဲ့ပြန်ထွက်စေတဲ့အခါ အသံအိုးအတွင်း အသံကြိုးမျှင်များကို ယင်းလေတို့ဖြတ်ကျော်တိုးဝင် သွားခြင်းက အသံထွက်လာစေတယ်။
ထွက်ပေါ်လာတဲ့အသံများ ပီသကွဲပြားခြင်းမရှိတဲ့ အသံရိုင်းဖြစ်ပြီး လျှာ၊ သွား၊ နှုတ်ခမ်း၊ အာခေါင်းပျော့ (Soft Palate) တို့ကမွမ်းမံပေးခြင်းဖြင့် လိုအပ်တဲ့ရှင်းလင်းပီသသော စကားပြောသံဆိုသံ၊ အော်ဟစ်သံ စသဖြင့်အသံ ထွက်ပေါ်လာတယ်။ ကျယ်လောင်တဲ့အသံဖြစ်လာစေဖို့လည်း လေကိုအရှိန်ပြင်းပြင်းပြန်ထွက်နိုင်စေဖို့၊ ရင်အုပ် ပိုင်းဆိုင်ရာကြွက်သားတွေရဲ့ အကူအညီလည်းလိုအပ်ပါတယ်။
အသံ အနိမ့်၊ အမြင့်၊ အတက်၊ အကျ၊ အတိုး၊ အကျယ်တို့ဟာ အသံအိုးကြိုးမျှင်ရဲ့ တုန်နှုန်း၊ ကျုံ့ခြင်း၊ ဆန့်ခြင်း၊ ဒီဂရီ အရှည်၊ အတို၊ အထူအပါး၊ မှုတ်ထုတ်လိုက်တဲ့လေထုရဲ့ ဖိအားအနည်းအများ၊ အာခေါင်ပျော့ရဲ့ လှုပ်ရှားမှု စတဲ့အပေါ်မှာမူတည်တယ်။ စကားပြောရာမှာ ဌာန်ကရိုဏ်းကျကျနဲ့ အဆင်ပြေမူမှန်စေဖို့၊ ဦးနှောက်နဲ့အာရုံ ကြောတွေကောင်းမွန်ဖို့နဲ့ စိတ်မူမှန်စေဖို့လည်းလိုအပ်ပါတယ်။
အသံဝင်ခြင်းရဲ့ သဘာဝ
စာကြည့်ဖန်များရင် မျက်စိညောင်းတယ်။ လမ်းလျှောက်ဖန်များရင် ခြေညောင်းတယ်။ စကားပြောဖန်များရင် ကျယ်ကျယ်လောင်လောင်အော်ဟစ်ပြောရင် အသံဝင်လာတယ်။ အထူးသဖြင့် အသံကိုအသုံးပြုဖန်များတဲ့ ကျောင်းဆရာမတွေ၊ အဆိုတော်တွေ၊ တရားဟောဆရာတွေ၊ ကားစပယ်ယာတွေရဲ့အသံတွေ၊ အော်ဟစ်အား ပေးတတ်တဲ့ပွဲကြိုက်သူတွေမှာ အသံဝင်တတ်တယ်။ အသံဝင်ခြင်း၊ အသံပျက်ခြင်းမှာ အသံအိုးနဲ့ဆိုင်တဲ့ရောဂါ အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တဲ့ အသံအိုးရောင်ခြင်းအမျိုးမျိုး၊ အသံအိုးမှာ တီဘီအဆုတ်ရောဂါပိုးစွဲကပ်ခြင်း၊ ကာလသားရောဂါကြောင့် အသံအိုးများအနာဖြစ်ခြင်း၊ ဝက်သက်ရောဂါ၊ ဆုံဆို့နာရောဂါ၊ အသံအိုးများအနာဖြစ်ခြင်း၊ အသားပို၊ အကျိတ်လုံးကင်ဆာဖြစ်ခြင်းတို့ကြောင့် အသံဝင်ခြင်း၊ အသံပျက်ခြင်းဖြစ်ရပါတယ်။
အသံအိုးထိခိုက်မိရင်လည်း အသံဝင်နိုင်တယ်။ အသံကြိုးမျှင်ကို ထိန်းချုပ်တဲ့အသံထွက်ပေါ်စေတဲ့ အာရုံကြော တစ်ဖက် (သို့) နှစ်ဖက်ဟာအကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ချွတ်ယွင်းရင်အသံပျက်ပါတယ်။ အအေးမိနှာစေး ခြင်းနဲ့အတူ အသံကပ်ခြင်း၊ အသံဝင်ခြင်းအဖြစ်များတယ်။ ခဏနဲ့ပြန်သက်သာတယ်။ အခြားရောဂါအမျိုးမျိုး ကြောင့်အသံဝင်လေ့ရှိတယ်။ သွိုင်းရွိုက်ဂလင်းလုပ်ငန်းချွတ်ယွင်းခြင်း၊ လွန်ကဲခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက် သားအားနည်းခြင်း၊ အရက်စွဲခြင်း၊ မူးယစ်ဆေးဝါးစွဲခြင်း၊ မေးခိုင်ရောဂါနဲ့ အခြားကြွက်သားတွေတက်တတ်တဲ့ ဝေဒနာတစ်မျိုး (Tetany) မှာအသံပျက်တတ်ပါတယ်။ ဦးနှောက်ရှိ အကျိတ်ချွတ်ယွင်းမှုကြောင့်ဖြစ်တဲ့ ခန္ဓာ ကိုယ်အဆမတန်မူမမှန်ကြီးထွားစေတဲ့ရောဂါ (Acromegaly) မှာအသံပျက်လေ့ရှိတယ်။ ဒါအပြင်အလွန်အား နည်းခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ ပြင်းထန်တဲ့သွေးအားနည်းခြင်းတို့မှာ အသံပျက်လေ့ရှိပါတယ်။
အသံမဝင်ရအောင်
အသံဝင်ခြင်းမဖြစ်ရအောင် အလွန်အမင်းဟစ်အော်ပြောဆိုခြင်း၊ မရပ်မနားအချိန်ကြာမြင့်စွာ စကားပြောခြင်း၊ သီချင်းတစ်ပုဒ်ကိုဟစ်အော်သီဆိုခြင်းတို့ကို ဆင်ခြင်သင့်ပါတယ်။ အစားမှန်၊ အနေမှန်၊ အအိပ်မှန်ဖို့လိုတယ်။ အသံနဲ့ အဓိကနာမည်ကြီးသူ (ဥပမာ-အဆိုတော်တွေဟာ တစ်လလုံးမှာ သုံးလေးရက်လောက်သီချင်းမဆိုဘဲ အနားယူပေးခြင်းနဲ့ အသံဝင်ခြင်းမှကာကွယ်နိုင်ပါတယ်။) တစ်ကယ်လို့အသံကိုလွန်လွန်ကဲကဲ အသုံးမပြုဘဲ အသံဝင်အသံပျက်လာရင်၊ ရုတ်တရက်အသံဝင်လာရင်၊ မကြာခဏအသံဝင်တတ်ရင်၊ ရက်ကြာမြင့်စွာအသံဝင် အသံပျက်နေရင် စတဲ့သဘာဝမကျတဲ့ အသံဝင်ခြင်းမျိုးတို့ရဲ့နောက်ကွယ်မှာ အကြောင်းရင်းရောဂါဆိုးတွေရှိ တတ်လို့ ယင်းတို့ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နဲ့ပြသရပါမယ်။ လိုအပ်တဲ့စမ်းသပ်မှု ဓာတ်မှန်ရိုက်ကြည့်ခြင်း စ သဖြင့် အဆုတ်တီဘီရောဂါဖြစ်ရင် “တိုက်ရိုက်ကြည့်ရှု၊ အချိန်တိုနဲ့ကု (DOTS)”နည်းနဲ့ ၆လမှ ၈လအထိဆက် တိုက်သောက်ပေးဖို့လိုအပ်ပါတယ်။ ဆေးကိုကိုယ့်ဘာသာမဖြတ်ဘဲ ဆရာဝန်နဲ့အစစ်ဆေးခံပြီးမှဖြတ်ရမယ်။
အသံဝင်ခြင်းဆိုးစေတဲ့ ရေခဲရေ၊ အချိုရည်ဗူး၊ အရက်၊ ဘီယာတို့ရှောင်သင့်ပါတယ်။ အချို့ရုတ်တရက်လေဖြတ် ရာမှ အခိုက်အတန့်ပဲဖြစ်ပြီး အသံမထွက်တော့တာတွေ့ရတယ်။ အသံအိုး လေဖြတ်ခြင်းလို့ခေါ်တယ်။ ပြန်မ ကောင်းနိုင်ဘဲ စကားပြောသံမသဲကွဲ ပြောရင်းမောနေတတ်တယ်။ ဆေးလိပ်မှာပါတဲ့ နီကိုဒင်း (Nicotine) ကလူ ကိုစွဲလန်းစေတယ်။ ယင်းနီကိုဒင်းကပဲ အသံကောင်းအောင်ဆောင်ရွက်ပေးတယ်။ အချို့ အဆိုတော် (အင်္ဂလိပ် အဆိုတော် Addle) ကဆေးလိပ်ဖြတ်လိုက်လို့ အသံပျက်သွားတယ်လို့ဆိုဖူးတယ်။ နောက်ပိုင်း ဆေးလိပ်မပါတဲ့ သီဆိုမှုများကို အားမရကြောင်းဆိုပါတယ်။
အသံကြောင့်စိတ်သောကရောက်ခြင်း မဖြစ်ရလေအောင် အသံပျက်စေတဲ့ အန္တရာယ်များ ရှောင်ရှားခြင်း၊ အသံ ဝင်ခြင်းသဘောသဘာဝကို ကောင်းစွာသိရှိနားလည်ပြီး ဂရုစိုက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အသံဝင်ခြင်းလွန်ကဲ ခြင်းမဖြစ်စေဖို့ အအေးခံလွန်းခြင်း၊ ရေခဲရေသောက်ခြင်း၊ အအေးသောက်ခြင်းရှောင်ကြဉ်သင့် ပါတယ်။ အသံကို လွန်လွန်ကဲကဲအသုံးမပြုဘဲ အသံဝင်၊ အသံပျက်ခြင်း၊ ရုတ်တရက်အသံဝင်ခြင်း၊ ရက်ကြာမြင့်စွာအသံဝင် အသံ ပျက်ခြင်း၊ သဘာဝမကျတဲ့အသံဝင်ခြင်းတို့ရဲ့နောက်ကွယ်မှာ ရောဂါဆိုးတွေဖြစ်ပေါ်တတ်လို့ နီးစပ်ရာဆရာဝန် (သို့) နားနှာခေါင်းလည်ချောင်းအထူးကုနဲ့ ပြသသင့်ပါတယ်။
အစားအစာမှာ အဆီများတဲ့အစာ၊ အသင့်စားအမြန်စားအစားအစာ စနပ်များ (Snacks)၊ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ မစားသင့်ပါဘူး။ ယင်းအစားအစာတို့မှာ ပြန်ကြော်ဆီ၊ ဆီအုန်း၊ ဝက်ဆီတို့နဲ့ ပြင် ဆင်ထားလို့ ကိုလက်စထရောမြင့်စေပြီး၊ အဝလွန်ကာအသံပါပျက်စေပါတယ်။ ရေခဲရေ၊ အအေး၊ အိုက်စခရင် သိပ်ကြိုက်သူတွေအနေနဲ့ အသံဝင်ခြင်းမကြာခဏရနိုင်ပြီး ရောဂါပိုးလည်းအလွယ်တကူဝင်ရောက်နိုင်ပါတယ်။
စထရပ်တိုတော့ကပ်ဘက်တီးရီးယား (Streptococcus) တွေဟာသာမန်ရာသီဥတုမှာ လေထုထဲရှိနေနိုင်ပြီး နှာ ချေ၊ ချောင်းဆိုးခြင်းအားဖြင့် မသန့်ရှင်းတဲ့ရေခဲရေ၊ အအေးတို့မှတစ်ဆင့် အစာအိမ်လမ်းကြောင်းထဲဝင်ရောက် ကာ သွေးအတွင်းအဆိပ်အတောက်များ စွန့်ထုတ်ပေးပြီး ပိုးလေးဖက်နာ၊ လေးဖက်နာကြောင့် နှလုံးရောဂါများရ နိုင်သလို၊ အသံအိုးကိုလည်းထိခိုက်စေကာ အသံပျက်နိုင်တယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးအလေးထားဖို့လိုပြီး နေ့စဉ်ရေ ၂လီတာနဲ့အထက်သောက်ဖို့လိုကာ ဝမ်းမှန်မှန်သွား သင့်သလို အိပ်ချိန်မှန်သင့်ပါတယ်။ အသံပျက်နေရင် အသံအိုးကိုအနားပေးခြင်း၊ ရောဂါပိုးကင်းစင်အောင် ပဋိဇီ ဝဆေးကိုမိသားစုဆရာဝန်နဲ့ ပြသပြီးတိကျသေချာတဲ့ကုသမှု ပြုလုပ်သင့်ပါတယ်။ အဆုတ်တီဘီရောဂါ၊ ကာလ သားရောဂါကြောင့် အသံပျက်ခြင်းဖြစ်ပါက တိကျသေချာတဲ့ဆေးအညွှန်းအတိုင်း အဆုတ်တီဘီဆိုပါ က“တိုက် ရိုက်ကြည့်ရှု၊ အချိန်တိုနဲ့ကု (DOTS)”ကူသမှုအရ ၆လမှ ၈လအကြာသောက်သင့်ပါတယ်။ အသားပိုအကျိတ်၊ အလုံးတွေကြောင့်အသံဝင်ရင် နုစဉ်မှာလှီးဖြတ်ပြီး အသားစဓာတ်ခွဲခန်းပို့ကာ ကင်ဆာရောဂါရှိ၊ မရှိစမ်းသပ်စစ် ဆေးသင့်ပါတယ်။ ကင်ဆာဖြစ်ရင် ကင်ဆာကုသမှုခံယူရပါမယ်။ လည်ပင်းကြီးရောဂါတို့ကို ခွဲစိပ်ကုသတဲ့အခါ အသံအာရုံကြောကို လှီးဖြတ်မိတတ်ရင် အသံမထွက်နိုင်ပဲရှိတယ်။
Author – ဒေါက်တာလွင်သန့်