အရိုးပွတယ်ဆိုတာ အရိုးရဲ့သိပ်သည်းဆနည်းတာပါ။ အဖြစ်များတဲ့သူတွေကတော့ အသက်ကြီးပိုင်းတွေပါ။ ဒါ ပေမယ့် တချို့ဆေးဝါးတွေစွဲသောက်နေရတဲ့သူတွေမှာ တခြားအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေ ပိုဖြစ်သလဲဆိုရင် အသက် ၅၀ ကျော်အမျိုးသမီးတွေ ပိုဖြစ်လွယ်တယ်။ မိသားစုမျိုးရိုးဖြစ်ဖူးရင် ပိုဂရုစိုက်ရတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ပိန်တဲ့သူတွေပို ဖြစ်တယ်။ အစားအသောက်အာဟာရ မပြည့်ရင် ဖြစ်နိုင်တယ်။ အမျိုးသမီးအချို့ အရွယ်မတိုင်ခင်သွေးဆုံးတဲ့အ ခါဖြစ်နိုင်တယ်။ အသည်းမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ ဟော်မုန်းနည်းတဲ့သူတွေ၊ Steroid စွဲသောက်နေရတဲ့သူတွေ၊ အစာအိမ်အူလမ်းကြောင်းရောဂါရှိသူတွေ ပိုပြီးဖြစ်လွယ်တယ်။
အရိုးပွတော့ ဘာဖြစ်နိုင်လဲဆိုရင် ကျိုးလွယ်တာပေါ့။ တချို့အမျိုးသမီးကြီးတွေ အရှိန်နည်းနည်းလေးတိုက်မိတာ ချော်လဲတာနဲ့တင် ပေါင်ရိုးကျိုးတာတွေဖြစ်နိုင်တယ်။ တချို့ ခါးဆစ်ရိုးတွေပြားလာပြီး ကျိုးနိုင်တယ်။ ကျိုးရုံမက ဘဲအာရုံကြောတွေပါ ဖိမိတတ်ပြီး နောက်ဆက်တွဲ ပြဿနာတွေပါဖြစ်နိုင်တယ်။
အရိုးပွ၊ မပွသိဖို့ ဓာတ်မှန်ရိုက်ကြည့်လို့ရပါတယ်။ လိုအပ်ရင် Dexa Scan ပါရိုက်ရတယ်။ သွေးလည်းစစ်ဖို့လိုပါ တယ်။ အရိုးပွတာက ကြိုတင်ကာကွယ်လို့ရပါတယ်။ ဆေးလိပ်ဖြတ်ပါ။ အရက်လျှော့ပါ။ Calcium နဲ့ Vitamin D ပါတာတွေစားပါ။ ကိုယ်နေဟန်ချက်ထိန်းတဲ့ အားကစားတွေ ဥပမာ- ထိုက်ကျိကစားတာတွေ လုပ်ပေးလို့ရပါ တယ်။ ဒါတွေက ချော်လဲတာတွေကို သက်သာစေပါတယ်။
အရိုးပွတာတွေက သောက်ဆေးလိုပါတယ်။ အမျိုးသမီး အချို့သွေးဆုံးပြီးချိန်မှာ ဟော်မုန်းဆေးပြန်သောက်ရ တာလည်းဖြစ်နိုင်တယ်။ အရိုးအဆစ်သမားတော်ပဲဖြစ်ဖြစ်၊ အထွေထွေသမားတော်ပဲဖြစ်ဖြစ် ပြပြီးသေချာကုဖို့ လိုပါတယ်။
Author – Dr. CST