(Zawgyi)
ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ (Japanese Encephalitis) ကို အရင္က အီကိုႏိုမို ေအ ဦးေႏွာက္ေရာင္ေရာဂါ (Economo’s A Encephalitis) ကေန ခြဲျခားရလြယ္ေအာင္ဆိုၿပီး ဂ်ပန္ ဘီ ဦးေႏွာက္ေရာင္ေရာဂါ (Japanese B Encephalitis) လို႔ ေခၚခဲ့ၾကပါတယ္… ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါဟာ ဂ်ပန္ဦးေႏွာက္ ေရာင္ဗိုင္းရပ္စ္ေရာဂါပိုး (Japanese Encephalitis Virus, JEV) ေၾကာင့္ျဖစ္တာျဖစ္ၿပီးအဲ့ဒီေရာဂါပိုးဟာ ျခင္ကိုက္တာကတဆင့္ ကူးစက္ပ်ံ႕ႏွံ႔ေစပါတယ္… ဒီေရာဂါပိုးကိုသယ္ေဆာင္ေပးတဲ့ ျခင္က Culex tritaeniorhynchus နဲ႔ Culex vishnui ျခင္ေတြပဲျဖစ္ပါတယ္…
အဲ့ဒီ ဂ်ပန္ဦးေႏွာက္ေရာင္ဗိုင္းရပ္စ္ေရာဂါပိုးဟာ အိမ္ေမြးဝက္ေတြနဲ႔ ငဟစ္ငွက္ (Herons) ေတြမွာ အဓိကေပါက္ပြားၾကၿပီး ျခင္ကတဆင့္ လူကိုကူးစက္ၾကပါတယ္… ဒါေပမယ့္ ကံေကာင္းတာက လူကေန လူကို မကူးစက္ေစတတ္ပါဘူး… ဒါေၾကာင့္ ဒီ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါဟာ ၿမိဳ႕ေပၚမွာထက္ ေတာ႐ြာထဲက ဝက္ေမြးျမဴေရးလုပ္တဲ့အိမ္ေတြမွာ ပိုၿပီးအျဖစ္မ်ားၾကပါတယ္။အထူးသျဖင့္အနီးအနားမွာ ျခင္ေပါက္ဖြားလြယ္တဲ့ ေျမာင္းပုပ္၊ ေရအိုင္၊ ေရကန္ငယ္ေတြရွိတဲ့အိမ္ေတြမွာ ဒီ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ပိုၿပီး ျဖစ္ပြားႏိုင္ပါတယ္…
ဒီေရာဂါပိုးဟာ ကူးစက္ခံရၿပီး ၅ ရက္ကေန ၁၅ ရက္အတြင္းမွာ ေရာဂါလကၡဏာစျပပါတယ္… အမ်ားစုကေတာ့ လုံးဝလကၡဏာမျပဘဲ ေရာဂါကူးစက္ခံရသူ အပုံ ၂၅၀ပုံ တစ္ပုံမွာသာ ဦးေႏွာက္ေရာင္တဲ့အထိ ျဖစ္သြားတတ္တာပါ… ေရာဂါလကၡဏာျပၿပီဆိုရင္ေတာ့ လူနာဟာ အရမ္းကို ခ်မ္းတုန္ၿပီးေတာ့ ဖ်ားတတ္ပါတယ္… ေခါင္းကိုက္၊ ႏုံးေခြတာမ်ိဳးလည္းျဖစ္တတ္ၿပီး ဦးေႏွာက္ေရာင္တာရဲ႕ အေစာပိုင္းလကၡဏာေတြျဖစ္တဲ့ ဇက္ႀကီးေတာင့္တင္းတာ၊ ကိုယ္တပိုင္းေသတာ၊ တက္တာ၊ အဖ်ားႀကီးတာမ်ိဳး အျပင္ စိတ္မူမမွန္တဲ့ လကၡဏာေတြလည္းျဖစ္လာတတ္ပါတယ္ အထူးသျဖင့္ ဒီေရာဂါေၾကာင့္ ခံႏိုင္ရည္မရွိတဲ့ ကေလး ေတြ ေသႏႈန္းျမင့္ပါတယ္…
ေရာဂါျပန္ေကာင္းသြားရင္ေတာင္မွ ဗဟိုအာ႐ုံေၾကာစနစ္ကိုထိခိုက္သြားတယ္ဆိုရင္ တစ္သက္လုံး နားထိုင္းတာ၊ စိတ္မူမမွန္ေတာ့တာ၊ ကိုယ္တပိုင္းခ်ည့္တာ၊ ကိုယ္တပိုင္းေသတာေတြအထိ ျဖစ္သြားတတ္ပါတယ္။ဒါေၾကာင့္ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါဟာ ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္ခု ျဖစ္ပါတယ္။
ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါလို႔ သံသယျဖစ္တယ္ဆိုရင္ လူနာရဲ႕ ေသြးနဲ႔ ဦးေႏွာက္အာ႐ုံေၾကာတြင္းရည္ (Cerebrospinal Fluid) ကို ဓာတ္ခြဲစစ္ေဆးၾကည့္လို႔ရပါတယ္… ေရာဂါျဖစ္ၿပီး ၃ ရက္ကေန ၈ ရက္အတြင္းမွာ ဒီ ဂ်ပန္ဦးေႏွာက္ေရာင္ဗိုင္းရပ္စ္ေရာဂါပိုးကိုခုခံတဲ့ ကိုယ္ခံအားဆဲလ္ (JE virus IgM Antibodies) ကို စမ္းသပ္ေတြ႕ရွိႏိုင္ပါတယ္… အဲ့ဒီ ကိုယ္ခံအားဆဲလ္ေတြက တစ္လကေန သုံးလေက်ာ္တဲ့အထိ ရွိေနႏိုင္ပါတယ္… ဒါေၾကာင့္ ဒီကိုယ္ခံအားဆဲလ္ရွိေနတာဟာ အရင္က ကူးစက္ခံဖူးလို႔ပဲ ျဖစ္ျဖစ္၊ ကာကြယ္ေဆးထိုးထားလို႔ပဲျဖစ္ျဖစ္ ရွိေနတာျဖစ္ႏိုင္ပါေသးတယ္… ဒါေၾကာင့္ ေသခ်ာေအာင္ confirmatory neutralizing antibody testing ဆိုတဲ့ စမ္းသပ္မႈ ထပ္လုပ္သင့္ပါတယ္… ဒါေပမယ့္ ဒီ Confirm လုပ္တဲ့ စမ္းသပ္မႈက National Health Laboratory လို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန လိုေနရာမွာပဲ စစ္လို႔ရတာျဖစ္ၿပီး ေနရာတကာမွာ အလြယ္တကူ စစ္လို႔မရတာမို႔ အခက္အခဲရွိတတ္ပါတယ္… တခါတေလ ေရာဂါျဖစ္ၿပီး ၁၀ ရက္အတြင္းမွာ ယူထားတဲ့ေသြးထဲမွာ IgM ကိုယ္ခံအားဆဲလ္ မေတြ႕ရေသးတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ သံသယရွိရင္ ထပ္ၿပီး စစ္ေဆးသင့္ပါတယ္။
ဒီ ဂ်ပန္ ဦးေႏွာက္ေရာင္ေရာဂါဟာ တစ္ခါျဖစ္ဖူးရင္ တစ္သက္တာ ကိုယ္ခံအားရရွိသြားတဲ့ ေရာဂါျဖစ္ၿပီး ကာကြယ္ေဆးေတြနဲ႔ ႀကိဳတင္ကာကြယ္ထားလို႔ရပါတယ္။ေလာေလာဆယ္အထိ ကာကြယ္ေဆး ၃ မ်ိဳးရွိပါတယ္။ SA 14-14-2၊ IC51 နဲ႔ ChimeriVax-JE တို႔ပဲျဖစ္ပါတယ္… ဒီေရာဂါျဖစ္ပြားရင္ ကုသဖို႔ေတာ့ သီးသန႔္ ကုထုံးအေနနဲ႔ မရွိေသးပါဘူး… လူနာသက္သာေအာင္၊ ပိုမဆိုးေအာင္ပဲ ေစာင့္ၾကည့္ကုသေပးရတာ ျဖစ္ပါတယ္…
ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါမျဖစ္ေအာင္ကာကြယ္ဖို႔ဆိုရင္ ကာကြယ္ေဆးထိုးတာအျပင္ အဓိက ကေတာ့ ျခင္ကိုက္မခံရေအာင္ ကာကြယ္မွသာ အဆင္ေျပမွာျဖစ္ပါတယ္… အထူးသျဖင့္ အိမ္ေမြးဝက္ေတြကို ကိုယ္ေနတဲ့အိမ္ထဲမွာ အတူတူေမြးတာမ်ိဳးမလုပ္သင့္ပါဘူး… ဝက္ၿခံသီးသန႔္ ခြဲၿပီး ေဆာက္သင့္ပါတယ္… အိမ္က ဝက္ေတြ ေသတာ၊ ေနမေကာင္းတာမ်ိဳးရွိရင္ တိရစာၦန္ကုဆရာဝန္နဲ႔ ျပသသင့္ၿပီး သံသယရွိရင္ တိရစာၦန္ကုဆရာဝန္ကေနတဆင့္ နီးစပ္ရာ ျပည္သူ႔က်န္းမာေရးဌာနေတြကို အဆင့္ဆင့္ သတင္းပို႔ၿပီး ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါပိုးကူးစက္ခံေနရတာ ဟုတ္၊ မဟုတ္ စစ္ေဆးသင့္ပါတယ္.. ေနာက္ ၿပီး အိမ္နီးပတ္ဝန္းက်င္မွာ ျခင္ အလြယ္တကူေပါက္ပြားႏိုင္တဲ့ ေရဝပ္ႏိုင္တဲ့ေနရာေတြ၊ ေျမာင္းေတြ၊ ကန္ေတြရွိရင္ ပိုၿပီး သတိထားရပါမယ္။
ျခင္ကိုက္မခံရေအာင္၊ ျခင္မေပါက္ပြားေအာင္ထုံးစံအတိုင္း ဖုံး၊ သြန္၊ လဲ၊ စစ္၊ခပ္၊ ေလာင္း၊ ေထာင္၊ ျမႇဳပ္၊ ရွင္း၊ ဖြင့္၊ မႈတ္ ဆိုတဲ့အတိုင္း လိုက္နာလုပ္ေဆာင္ ၾကရပါမယ္… ေရအိုးေရခြက္ေတြကို ျခင္မဥႏိုင္ေအာင္အဖုံးဖုံးတာ၊ ပိုးေလာက္လန္းေတြ၊ ျခင္ေတြရွိေနႏိုင္တဲ့ ေရအိုးေရခြက္အတြင္းပိုင္းေတြကို တိုက္ခြၽတ္ ေဆးေၾကာၿပီး သြန္ပစ္တာ၊ ဘုရားအိုး၊ပန္းအိုး၊ ေညာင္ေရအိုးေတြကို ေရမၾကာခဏလဲလွယ္ျခင္း၊ ေရအိုးေရခြက္ေတြထဲကိုေရစစ္နဲ႔ ေရစစ္ထည့္တာ၊ ေရအိုး၊ ေရစည္၊ ေရကန္ေတြထဲမွာ ပိုးေလာက္လန္းေတြရွိေနရင္ ေရစစ္နဲ႔ ခပ္ထုတ္ပစ္တာ၊ ေၾကာင္အိမ္ေအာက္ခံခြက္ ေတြထဲကို စက္ဆီအေဟာင္းေတြေလာင္းထည့္တာ၊ဘယ္အခ်ိန္ပဲအိပ္အိပ္၊ျခင္ေထာင္ေထာင္အိပ္တာ၊မိုးေရတင္က်န္ႏိုင္တဲ့ ဘူးခြက္၊တာယာအေဟာင္းေတြကို ေျမျမႇဳပ္ပစ္တာ၊ျခင္မခိုေအာင္းႏိုင္ ေအာင္ အိမ္တြင္း၊ အိမ္ျပင္၊ ၿခဳံေတြကို ရွင္းလင္းတာ၊ အလင္းေရာင္ေကာင္းေကာင္းရၿပီး ေလဝင္ေလထြက္ေကာင္းေအာင္ ေန႔ခင္းဘက္မွာ အခန္းတံခါး ေတြကို ဖြင့္ထားတာ၊ ျခင္ေဆးမႈတ္တာေတြကို ေဆာင္႐ြက္ေပးရပါမယ္… ဒါ့အျပင္ ျခင္လုံဇကာေတြတပ္တာ၊ ျခင္လိမ္းေဆးေတြလိမ္းတာ၊ အက်ၤ ီထူေတြ ဝတ္တာမ်ိဳးနဲ႔လည္း ျခင္ကိုက္မခံရေအာင္ ကာကြယ္ႏိုင္ပါတယ္…
နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ ဒီ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါဟာ ဦးေႏွာက္ေရာင္တဲ့အထိ ျဖစ္ခဲတယ္ဆိုေပမယ့္ ျဖစ္လာရင္လည္း အလြန္ အႏၲရာယ္ႀကီးတာမို႔ မေပါ့ဆဘဲ ကာကြယ္ေဆးထိုးတာ၊ ကာကြယ္တာမ်ိဳးလုပ္ရမယ့္အျပင္ ျဖစ္လာရင္လည္း တုံ႔ဆိုင္းမေနဘဲ ေဆး႐ုံ၊ ေဆးခန္းကို အျမန္ဆုံးသြားေရာက္ ကုသမႈခံယူၾကပါလို႔ ေျပာၾကားရင္း က်ေနာ့္ရဲ႕ “ အမွန္ေၾကာက္စရာ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ” ဆိုတဲ့ ေဆာင္းပါးေလးကို ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ…။
Author – ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)
(Unicode)
ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ကို အရင်က အီကိုနိုမို အေ ဦးနှောက်ရောင်ရောဂါ (Economo’s A Encephalitis) ကနေ ခွဲခြားရလွယ်အောင်ဆိုပြီး ဂျပန် ဘီ ဦးနှောက်ရောင်ရောဂါ (Japanese B Encephalitis) လို့ ခေါ်ခဲ့ကြပါတယ်… ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဂျပန်ဦးနှောက် ရောင်ဗိုင်းရပ်စ်ရောဂါပိုး (Japanese Encephalitis Virus, JEV) ကြောင့်ဖြစ်တာဖြစ်ပြီးအဲ့ဒီရောဂါပိုးဟာ ခြင်ကိုက်တာကတဆင့် ကူးစက်ပျံ့နှံ့စေပါတယ်… ဒီရောဂါပိုးကိုသယ်ဆောင်ပေးတဲ့ ခြင်က Culex tritaeniorhynchus နဲ့ Culex vishnui ခြင်တွေပဲဖြစ်ပါတယ်…
အဲ့ဒီ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ရောဂါပိုးဟာ အိမ်မွေးဝက်တွေနဲ့ ငဟစ်ငှက် (Herons) တွေမှာ အဓိကပေါက်ပွားကြပြီး ခြင်ကတဆင့် လူကိုကူးစက်ကြပါတယ်… ဒါပေမယ့် ကံကောင်းတာက လူကနေ လူကို မကူးစက်စေတတ်ပါဘူး… ဒါကြောင့် ဒီ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ မြို့ပေါ်မှာထက် တောရွာထဲက ဝက်မွေးမြူရေးလုပ်တဲ့အိမ်တွေမှာ ပိုပြီးအဖြစ်များကြပါတယ်။အထူးသဖြင့်အနီးအနားမှာ ခြင်ပေါက်ဖွားလွယ်တဲ့ မြောင်းပုပ်၊ ရေအိုင်၊ ရေကန်ငယ်တွေရှိတဲ့အိမ်တွေမှာ ဒီ ဂျပန်ဦးနှောက်ရောင်ရောဂါ ပိုပြီး ဖြစ်ပွားနိုင်ပါတယ်…
ဒီရောဂါပိုးဟာ ကူးစက်ခံရပြီး ၅ ရက်ကနေ ၁၅ ရက်အတွင်းမှာ ရောဂါလက္ခဏာစပြပါတယ်… အများစုကတော့ လုံးဝလက္ခဏာမပြဘဲ ရောဂါကူးစက်ခံရသူ အပုံ ၂၅၀ပုံ တစ်ပုံမှာသာ ဦးနှောက်ရောင်တဲ့အထိ ဖြစ်သွားတတ်တာပါ… ရောဂါလက္ခဏာပြပြီဆိုရင်တော့ လူနာဟာ အရမ်းကို ချမ်းတုန်ပြီးတော့ ဖျားတတ်ပါတယ်… ခေါင်းကိုက်၊ နုံးခွေတာမျိုးလည်းဖြစ်တတ်ပြီး ဦးနှောက်ရောင်တာရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်တဲ့ ဇက်ကြီးတောင့်တင်းတာ၊ ကိုယ်တပိုင်းသေတာ၊ တက်တာ၊ အဖျားကြီးတာမျိုး အပြင် စိတ်မူမမှန်တဲ့ လက္ခဏာတွေလည်းဖြစ်လာတတ်ပါတယ် အထူးသဖြင့် ဒီရောဂါကြောင့် ခံနိုင်ရည်မရှိတဲ့ ကလေး တွေ သေနှုန်းမြင့်ပါတယ်…
ရောဂါပြန်ကောင်းသွားရင်တောင်မှ ဗဟိုအာရုံကြောစနစ်ကိုထိခိုက်သွားတယ်ဆိုရင် တစ်သက်လုံး နားထိုင်းတာ၊ စိတ်မူမမှန်တော့တာ၊ ကိုယ်တပိုင်းချည့်တာ၊ ကိုယ်တပိုင်းသေတာတွေအထိ ဖြစ်သွားတတ်ပါတယ်။ဒါကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါလို့ သံသယဖြစ်တယ်ဆိုရင် လူနာရဲ့ သွေးနဲ့ ဦးနှောက်အာရုံကြောတွင်းရည် (Cerebrospinal Fluid) ကို ဓာတ်ခွဲစစ်ဆေးကြည့်လို့ရပါတယ်… ရောဂါဖြစ်ပြီး ၃ ရက်ကနေ ၈ ရက်အတွင်းမှာ ဒီ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ရောဂါပိုးကိုခုခံတဲ့ ကိုယ်ခံအားဆဲလ် (JE virus IgM Antibodies) ကို စမ်းသပ်တွေ့ရှိနိုင်ပါတယ်… အဲ့ဒီ ကိုယ်ခံအားဆဲလ်တွေက တစ်လကနေ သုံးလကျော်တဲ့အထိ ရှိနေနိုင်ပါတယ်… ဒါကြောင့် ဒီကိုယ်ခံအားဆဲလ်ရှိနေတာဟာ အရင်က ကူးစက်ခံဖူးလို့ပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးထားလို့ပဲဖြစ်ဖြစ် ရှိနေတာဖြစ်နိုင်ပါသေးတယ်… ဒါကြောင့် သေချာအောင် confirmatory neutralizing antibody testing ဆိုတဲ့ စမ်းသပ်မှု ထပ်လုပ်သင့်ပါတယ်… ဒါပေမယ့် ဒီ Confirm လုပ်တဲ့ စမ်းသပ်မှုက National Health Laboratory လို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန လိုနေရာမှာပဲ စစ်လို့ရတာဖြစ်ပြီး နေရာတကာမှာ အလွယ်တကူ စစ်လို့မရတာမို့ အခက်အခဲရှိတတ်ပါတယ်… တခါတလေ ရောဂါဖြစ်ပြီး ၁၀ ရက်အတွင်းမှာ ယူထားတဲ့သွေးထဲမှာ IgM ကိုယ်ခံအားဆဲလ် မတွေ့ရသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် သံသယရှိရင် ထပ်ပြီး စစ်ဆေးသင့်ပါတယ်။
ဒီ ဂျပန် ဦးနှောက်ရောင်ရောဂါဟာ တစ်ခါဖြစ်ဖူးရင် တစ်သက်တာ ကိုယ်ခံအားရရှိသွားတဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဆေးတွေနဲ့ ကြိုတင်ကာကွယ်ထားလို့ရပါတယ်။လောလောဆယ်အထိ ကာကွယ်ဆေး ၃ မျိုးရှိပါတယ်။ SA 14-14-2၊ IC51 နဲ့ ChimeriVax-JE တို့ပဲဖြစ်ပါတယ်… ဒီရောဂါဖြစ်ပွားရင် ကုသဖို့တော့ သီးသန့် ကုထုံးအနေနဲ့ မရှိသေးပါဘူး… လူနာသက်သာအောင်၊ ပိုမဆိုးအောင်ပဲ စောင့်ကြည့်ကုသပေးရတာ ဖြစ်ပါတယ်…
ဂျပန်ဦးနှောက်ရောင်ရောဂါမဖြစ်အောင်ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးတာအပြင် အဓိက ကတော့ ခြင်ကိုက်မခံရအောင် ကာကွယ်မှသာ အဆင်ပြေမှာဖြစ်ပါတယ်… အထူးသဖြင့် အိမ်မွေးဝက်တွေကို ကိုယ်နေတဲ့အိမ်ထဲမှာ အတူတူမွေးတာမျိုးမလုပ်သင့်ပါဘူး… ဝက်ခြံသီးသန့် ခွဲပြီး ဆောက်သင့်ပါတယ်… အိမ်က ဝက်တွေ သေတာ၊ နေမကောင်းတာမျိုးရှိရင် တိရစ္ဆာန်ကုဆရာဝန်နဲ့ ပြသသင့်ပြီး သံသယရှိရင် တိရစ္ဆာန်ကုဆရာဝန်ကနေတဆင့် နီးစပ်ရာ ပြည်သူ့ကျန်းမာရေးဌာနတွေကို အဆင့်ဆင့် သတင်းပို့ပြီး ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်ခံနေရတာ ဟုတ်၊ မဟုတ် စစ်ဆေးသင့်ပါတယ်.. နောက် ပြီး အိမ်နီးပတ်ဝန်းကျင်မှာ ခြင် အလွယ်တကူပေါက်ပွားနိုင်တဲ့ ရေဝပ်နိုင်တဲ့နေရာတွေ၊ မြောင်းတွေ၊ ကန်တွေရှိရင် ပိုပြီး သတိထားရပါမယ်။
ခြင်ကိုက်မခံရအောင်၊ ခြင်မပေါက်ပွားအောင်ထုံးစံအတိုင်း ဖုံး၊ သွန်၊ လဲ၊ စစ်၊ခပ်၊ လောင်း၊ ထောင်၊ မြှုပ်၊ ရှင်း၊ ဖွင့်၊ မှုတ် ဆိုတဲ့အတိုင်း လိုက်နာလုပ်ဆောင် ကြရပါမယ်… ရေအိုးရေခွက်တွေကို ခြင်မဥနိုင်အောင်အဖုံးဖုံးတာ၊ ပိုးလောက်လန်းတွေ၊ ခြင်တွေရှိနေနိုင်တဲ့ ရေအိုးရေခွက်အတွင်းပိုင်းတွေကို တိုက်ချွတ် ဆေးကြောပြီး သွန်ပစ်တာ၊ ဘုရားအိုး၊ပန်းအိုး၊ ညောင်ရေအိုးတွေကို ရေမကြာခဏလဲလှယ်ခြင်း၊ ရေအိုးရေခွက်တွေထဲကိုရေစစ်နဲ့ ရေစစ်ထည့်တာ၊ ရေအိုး၊ ရေစည်၊ ရေကန်တွေထဲမှာ ပိုးလောက်လန်းတွေရှိနေရင် ရေစစ်နဲ့ ခပ်ထုတ်ပစ်တာ၊ ကြောင်အိမ်အောက်ခံခွက် တွေထဲကို စက်ဆီအဟောင်းတွေလောင်းထည့်တာ၊ဘယ်အချိန်ပဲအိပ်အိပ်၊ခြင်ထောင်ထောင်အိပ်တာ၊မိုးရေတင်ကျန်နိုင်တဲ့ ဘူးခွက်၊တာယာအဟောင်းတွေကို မြေမြှုပ်ပစ်တာ၊ခြင်မခိုအောင်းနိုင် အောင် အိမ်တွင်း၊ အိမ်ပြင်၊ ခြုံတွေကို ရှင်းလင်းတာ၊ အလင်းရောင်ကောင်းကောင်းရပြီး လေဝင်လေထွက်ကောင်းအောင် နေ့ခင်းဘက်မှာ အခန်းတံခါး တွေကို ဖွင့်ထားတာ၊ ခြင်ဆေးမှုတ်တာတွေကို ဆောင်ရွက်ပေးရပါမယ်… ဒါ့အပြင် ခြင်လုံဇကာတွေတပ်တာ၊ ခြင်လိမ်းဆေးတွေလိမ်းတာ၊ အင်္ကျ ီထူတွေ ဝတ်တာမျိုးနဲ့လည်း ခြင်ကိုက်မခံရအောင် ကာကွယ်နိုင်ပါတယ်…
နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဦးနှောက်ရောင်တဲ့အထိ ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်လာရင်လည်း အလွန် အန္တရာယ်ကြီးတာမို့ မပေါ့ဆဘဲ ကာကွယ်ဆေးထိုးတာ၊ ကာကွယ်တာမျိုးလုပ်ရမယ့်အပြင် ဖြစ်လာရင်လည်း တုံ့ဆိုင်းမနေဘဲ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက် ကုသမှုခံယူကြပါလို့ ပြောကြားရင်း ကျနော့်ရဲ့ “ အမှန်ကြောက်စရာ ဂျပန်ဦးနှောက်ရောင်ရောဂါ” ဆိုတဲ့ ဆောင်းပါးလေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေဗျာ…။
Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)