လူတွေရဲ့ခန္ဓာကိုယ်မှာ ကျောရိုးမဏ္ဍိုင်အဖြစ် အရိုးကွင်း (၃၃)ခုကို တစ်ခုနဲ့တစ်ခုအရိုးဆက်ချက်ဝိုင်း (Disc) တွေနဲ့ဆက်ထားတယ်။ ယင်းအရိုးအသီးသီးမှာ ရှေ့ဘက်နဲ့နောက်ဘက်ရှိ ကြွက်သားများနဲ့အရွတ်တွေ တွယ် ဆက်နေတယ်။
ကျောရိုးဆစ်၊ အရိုးကွင်းများရဲ့ အောက်ပိုင်းမှာ လူအများသိကြတဲ့ခါးရိုးကွင်း ငါးခုရှိတယ်။ ယင်းခါးရိုးကွင်းတွေ ဟာ အခြားအရိုးအဆစ်ထက်ကြီးမားပြီး ခန္ဓာကိုယ်ရဲ့အလေးချိန်ကို အဓိကသယ်ဆောင်ပေးတယ်။ ခါးရိုးနဲ့ဆက် နေတဲ့ကြွက်သားနဲ့ အရွတ်တွေဟာ အလွန်သန်မာပြီး ခါးရိုးကိုပုံမှန်အတိုင်းရှိစေဖို့ ထိန်းထားပေးတယ်။ ခါးရိုး တွေလိုအပ်သလို လှုပ်ရှားစေဖို့ကူညီပေးတယ်။ ခါးရိုးကွင်းများဟာ အလွန်တောင့်တင်းခိုင်မာတယ် မဆိုသာ ဘူး။ ခါးရိုးတစ်ဝိုက်ရှိ ကြွက်သားနဲ့အရွတ်များရဲ့ စွမ်းအင်နဲ့တောင့်တင်းခိုင်မာနေကြတာပဲ ဖြစ်တယ်။
ခါးနာခါးကိုက်ခြင်းရဲ့ အကြောင်းရင်းသီးခြားမတွေ့ရဘူး။ ခါးရိုးကွင်းတွေနဲ့ အရိုးဆက်ချပ်ဝိုင်းတွေ ချွတ်ယွင်းတာ ကြောင့်မဟုတ်ဘဲ၊ ခါးအရိုးတလျောက်တွယ်ဆက်နေတဲ့ ကြွက်သားများ၊ အရွတ်များတင်းလွန်းလို့ ဖြစ်တယ်။ ခါး ကိုကုန်းပြီး အလေးအပင်တစ်ခုခုမ တင်လိုက်ချိန်မှာ ခါးရိုးကြွက်သားတွေ အားယူနေတတ်လို့ ယင်းအလေးချိန် တစ်ခုလုံးရဲ့ ပမာဏကြောင့်ခါးရိုးကြွက်သားတွေ အရွတ်တွေတင်းပြီး ဒဏ်ဖြစ်သွားတတ်တယ်။ ခါးကုန်းပြီးအ လွန်လေးလံတဲ့ အရာဝတ္ထုပစ္စည်းတွေကိုမရင်၊ တွန်းရင်၊ ခါးကုန်းလို့ဖြစ်ဖြစ်၊ စောင်းလို့ဖြစ်ဖြစ်၊ ကြာကြာအလုပ် လုပ်ရပါက ခါးရိုးကြွက်သားတွေက ခန္ဓာကိုယ်အလေးချိန်ထိန်းထားနိုင်ဖို့ အစွမ်းကုန်အလုပ်လုပ်ကြရလို့ ကြွက် သားနဲ့အရွတ်တွေတင်းလာပြီး ခါးကိုက်ခါးနာလာရလေ့ရှိတယ်။
တစ်ခါတစ်လေစိတ်ပူပင်သောကလွန်ကဲခြင်း၊ စိတ်ညစ်ညူးခြင်း၊ စိတ်လှုပ်ရှားလွန်းရင်လည်း ကျောရိုးတစ်ဝိုက်ရှိ ကြွက်သားတွေ အလိုလိုတင်းလာပြီး ဇက်ကြောတက်ခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်း၊ ခါးကိုက်ခါးနာခြင်း ဖြစ် တတ်တယ်။ အသက်အရွယ်ကြီးသူတွေမှာ ခါးရိုးတစ်ဝိုက်မှ အရွတ်များ၊ ကြွက်သားများ၊ တဖြည်းဖြည်းအား လျော့လာလို့ ကြွက်သားအားမရှိဖြစ်ကာ အလေးအပင်အနည်းငယ်ကို ခါးကုန်းပြီးမရွှေ့ရုံနဲ့ပဲ ခါးကိုက်ခါးနာခြင်း ဖြစ်ရတယ်။
အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ကာလမှာ ခါးကိုက်ခါးနာဖြစ်တတ်တယ်။ ခါးရိုးနဲ့ကြွက်သားများ၊ အရွတ်တွေ ကမိခင်ရဲ့ ဝမ်းဗိုက်တွင်းရှိ သန္ဓေသားကလေးငယ်ရဲ့ အလေးချိန်ကိုထမ်းထားပေးနိုင်ဖို့ ပိုပြီး အလုပ်လုပ်ရတာ ကြောင့်ဖြစ်တယ်။ အချို့အမျိုးသမီးတွေ ဓမ္မတာလာချိန်၊ ကလေးမွေးချိန်ခါးနာတတ်တယ်။ ခါးကိုက်ခါးနာရင် အိပ်ယာမာမာ ဆန့်ဆန့်ပေါ်မှာ၊ ပက်လက်လှန်ပြီး ငြိမ်ငြိမ်လဲလျောင်းနေခြင်းက ခါးရိုးကြွက်သားနဲ့အရွတ်တွေကို အနားပေးရာရောက်တယ်။ ခန္ဓာကိုယ်ကိုလည်း ကွေးပြီးမအိပ်ဘဲ ဆန့်ဆန့်အိပ်ရမယ်။ အနားယူလို့ ခါးကိုက်ခါး နာပျောက်ကင်းလေ့ရှိတယ်။ သင့်လျော်တဲ့အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ လိမ်းခြင်း၊ ခါးတဝိုက်ရေနွေး အိတ်ကပ်ခြင်းပြုလုပ်ပေးနိုင်တယ်။
တတ်နိုင်သလောက်ဆင်ခြင်နေထိုင်ပေမယ့် ခါးကိုက်ခါးနာခြင်းမပျောက်သေးရင် အခြားရောဂါရှိမရှိ ဆရာဝန်နဲ့ ပြသပြီး လိုအပ်ရင်ဆေးကုသမှု ခံယူသင့်ပါတယ်။ ခါးကိုက်ခါးနာမဖြစ်စေဖို့ ကျန်းမာရေးဆိုင်ရာအချက်အလက် တွေနဲ့အညီ ဆင်ခြင်နေထိုင်သင့်ပါတယ်။
- အသက်အရွယ်ငယ်စဉ်ကတည်းက မတ်မတ်ထိုင်၊ မတ်မတ်ရပ်ပြီး၊ လမ်းလျှောက်ကာ၊ အိပ်တဲ့အခါကိုယ်ကို ဆန့်ဆန့်ထားပြီးသက်တောင့်သက်သာ အိပ်စက်အနားယူရမယ်။ သည်လိုအကျင့်ကောင်းမွေးရမယ်။
- အလုပ်လုပ်တဲ့အခါ စာထိုင်ဖတ်တဲ့အခါမှာ ခါးကုန်း (သို့) စောင်းပြီးကိုယ့်အတွက် သင်တောင့်သက်သာမရှိ လှတဲ့အနေအထားမှာ ကြာကြာမနေသင့်ပါဘူး။
- ခါးရိုးတဝိုက်ကြွက်သားတွေနဲ့ အရွတ်တွေမပင်ပန်းစေဖို့ လေးလံတဲ့ပစ္စည်းတွေကို ကျောမှာကြာမြင့်စွာ ထမ်းပိုးထားခြင်း၊ ခုံမြင့်လွန်းတဲ့ ဖိနပ်များစီးခြင်းများတို့ကို ဆင်ခြင်သင့်ပါတယ်။
- အညောင်းမမိစေဖို့ ကျောရိုးတဝိုက်ကြွက်သားနဲ့ အရွတ်များသန်မာလာစေဖို့ သင့်တော်တဲ့ကိုယ်လက်လှုပ် ရှားအားကစားကို နေ့စဉ်နာရီဝက်မှတစ်နာရီကို (ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း) ပြုလုပ်စေသင့်တယ်။
- အလေးအပင်ပစ္စည်းတစ်ခုခုမ မယ်ဆိုရင် ဘယ်အခါမှ ခါးကုန်းပြီးမမသင့်ပါ။ ဒူကိုကွေးပြီး၊ ထိုင်ချပြီး ဒူးဆန့် ပြီးမရင် ခြေသလုံးကြွက်သားများက အဓိကထမ်းဆောင်အလုပ်လုပ်ရလို့ ခါးရိုးတဝိုက်ကြွက်သားတွေနဲ့ အရွတ် တွေမထိခိုက်ပါဘူး။
- ကိုယ့်အားနဲ့မမျှတတဲ့ မနိုင့်တနိုင်ဖြစ်တဲ့အလေးအပင် ပစ္စည်းတွေကို ဘယ်အခါမှခါးကုန်းပြီးမမသင့်။ ခါးကုန်းပြီး အားစိုက်လို့တွန်းခြင်း၊ ရွေ့ခြင်းလည်းမလုပ်သင့်ပါ။
- ပြည်သူလူထုအတွင်း ခါးကိုက်ခါးနာခြင်းဝေဒနာကို ခံစားရရင်အများအားဖြင့် ခါးရိုးတလျောက်ရှိ တွယ်ဆက်နေတဲ့ ကြွက်သားများ အရွတ်များတင်းလွန်းခြင်းကြောင့် ဖြစ်ရပြီး ခါးရိုးကျီးပေါင်းတက်ခြင်း၊ ခါးရိုး ဆစ်ကျွံဝင်ခြင်းတို့ကြောင့် ခါးကိုက်ခါးနာတာမတွေ့ရတတ်ပါဘူး။
- အသက်အရွယ်ကြီးလာလို့ ခါးကိုက်ခါးနာရင် ခါးရိုးကျီးပေါင်းတက်ခြင်း၊ ခါးရိုးဆစ်ကျွံဝင်ခြင်းမျိုးဖြစ်နိုင်လို့ ခါးရိုးဓာတ်မှန်ရိုက်ပြီး ကျွမ်းကျင်တဲ့ကာယကုသဆရာဝန်နဲ့ ကုသမှုခံယူဖို့လိုပါတယ်။
ခဲဆွဲခြင်း၊ အလေးဆွဲခြင်း၊ ကျောကပ် (ခါးကပ်) ပလာစတာကပ်ခြင်း၊ ဖယောင်းပူနဲ့ကပ်ခြင်း၊ ရေနွေးအိတ်ကပ် ပေးခြင်း၊ သင့်တော်တဲ့အကိုက်အခဲပျောက်ဆေး၊ အာရုံကြောအားဆေးများစားသောက်ခြင်း၊ ထိုးနှံခြင်းပြုလုပ် ပေးသင့်ပါတယ်။ ခါးရိုးဆစ်ကျွံဝင်ခြင်းဖြစ်ရင် နင်းနှိပ်ခံယူခြင်း မလုပ်သင့်ပါ။ ခါးရိုးတစ်ခုလုံးကျွံဝင်သွားနိုင်လို့ အာရုံကြောဖိမိပြီး အောက်ပိုင်းမသန်မစွမ်းတဲ့အထိ ဖြစ်တတ်ပါတယ်။
Author – ဒေါက်တာလွင်သန့်