ရိုးရိုးအကျိတ်နဲ့ကင်ဆာကျိတ် ဘာကွာလဲ
အကျိတ်အလုံး တစ်ခုကိုယ်ပေါ်တွေ့တာနဲ့ တီဘီလာ ကင်ဆာလားဆိုသောမေးခွန်းတွေအစီအရီဖြစ်တတ်ပါတယ်။ကိုယ်ခန္ဓာရှိပြန်ရေကြောအကျိတ်များသည် ကိုယ်တွင်းပိုးဝင်ရောကသည်နှင့်တိုက်ခိုက်ရန် ရောင်ရမ်းကြီးထွားလာတတ်ပါတယ်။ရောဂါပိုးကို တွန်းလှန်ပြီးနောက်နဂိုမူလအရွယ်သို့ပြန်ရောက်သွားတတ်ပါတယ်။ပြန်ရေကြောအကျိတ်သည် ကိုယ်ခန္ဓာအနှံအပြား အတထူးသဖြင့် လည်ပင်း၊ဂျိုင်းအောက်၊ပေါင်ကြားသည်ဖြင့်ရှိနေတတ်ပါတယ်။တခါတရံကြီးထွားလာသောအခါ အလုံးအစုအဝေးအနေဖြင့်စမ်းမိတတ်ပါတယ်။ပြန်ရေကြောအကျိတ်များသည် ဘေလုံး၊အာသီးစသည့်အင်္ဂါများနှင့်အတူ ကိုယ်တွင်းဝင်ရောက်လာသောပိုးမွှားများကို တိုက်ထုတ်ကာကွယ်ပေးပါတယ်။
ပြန်ရေကြောအကျိတ်အတွင်း ဘက်တီရီယား၊ဗိုင်းရပ်စ်များကို တိုက်ထုတ်ပေးသောဆဲလ်များပါဝင်ပါတယ်။အဆိုပါ အန္တရာယ်ရှိပိုးများတိုက်ထုတ်ရန် ဆဲလ်များပိုမိုထုတ်ပေးရသောကြောင့် ပြန်ရေကြောအကျိတ်များကြီးလာပါတယ်။ပြန်ရေကြောအကျိတ်များကြီးရသောအကြောင်းရင်းများကတော့ အအေးမိခြင်း၊နားပိုးဝင်ခြင်းနှင့် သွားပိုးစားခြင်းစသည်တို့ပင်ဖြစ်ပါတယ်။အခြားသောပိုမိုဆိုးရွားသောအကြောင်းရင်းများလည်းရှိပါတယ်။ရောဂါများမှာ
-အဆုတ်ထဲ တီဘီပိုးကူးစက်ခြင်း
-ကိုယ်ခံအားရောဂါဖြစ်ခြင်း
-ပြန်ရေကြောကင်ဆာ
-သွေးကင်ဆာစသည်တို့ပင်ဖြစ်ပါတယ်။
ကြီးမားလာသောအကျိတ်များသည် ရောဂါပိုးကိုတိုက်ထုတ်ပြီးနောက် နဂိုအရွယ်သို့ပြန်လည်ရောက်ရှိနိုင်ပါတယ်။သို့သော်ပြန်ရေကြောအကျ်တ်များသည်
-အကျိတ်များရုတ်တရက်လျင်မြန်စွာကြီးလာခြင်း
-အကျိတ်များ မူမမှန်အရွယ်အစားကြီးမားခြင်း
-အကျိတ်မျာသည် မာခြင်း၊လူပ်လို့မရခြင်း
-အကျိတ်များသည် ကလေးများတွင်၅ရက်ထက်ပိုကြီးခြင်းနှင့်လူကြီးများတွင် ၂ပတ်မှ၄ပတ်ထက်ပိုကြာခြင်း
-အကျိတ်ပတ်ဝန်းကျင်တွင် နီရဲ ခြင်း
-ဂျိုင်း၊ပေါင်ခြံတွင်အကျိတ်ရှိခြင်း
-ရုတ်တရက်ကိုယ်အလေးချိနိလျော့ခြင်း
-အဖျားမကျခြင်း
-ညဘက်ချွေးစီးထွက်ခြင်း
စသောအချက်များကို သတိထားမိပါက နီးစပ်ရာဆရာဝန်ထံသို့ အမြန်ဆုံးကုသမူခံယူပါ။ ပိုးကြောင့်ကြီးလာခဲ့လျှင်လည်း ပြည်တည်နာအကျိတ်သို့မဟုတ် သွေးထဲပိုးကူးစက်မခံရမှီ သေချာကုသမူခံယူသင့်ပါတယ်။ပြန်ရေကြောအကျိတ်ကို အသားစစစ်ဆေးခြင်း၊ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်းစသည်တို့ပြုလုပ်ခြင်းဖြင့်ရောဂါရှာဖွေမူပြုလုပ်နိုင်ပါတယ်။
ပြန်ရေကြောအကျိတ်ကြီးခြင်းကုသရန်နည်းလမ်းများမှာ
-ဘက်တီရီယားကြောင့်ဖြစ်လျှင်ပိုးသတ်ဆေးသောက်သုံးခြင်း
-ရောင်ရမ်းမူသက်သာစေသောဆေးဝါးများသောက်ခြင်း
-ခွဲစိတ်ကုသခြင်း
-ဓာတ်ရောင်ခြည်ကင်ခြင်း
-ကင်ဆာဆေးသွင်းကုသခြင်းစသည်တို့ပင်ဖြစ်ပါတယ်။
ထို့ကြောင့် လူကိုယ်ခန္ဓာပေါ်တွင် အကျ်တ်တစ်လုံးကြီးထွားလာလျှင် အလွန်အမင်းစိုးရိမ်မူမပြုလုပ်ပဲ သေချာနီးစပ်ရာဆရာဝန်သာပြသစစ်ဆေးကုသမူခံယူသင့်ပါတယ်။
Dr. Pyae Shin