fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မျက်လုံးလေဆာပစ်ပြီးပြီဆိုရင်

214
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/06/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

မျက်လုံးလေဆာပစ်ပြီးပြီဆိုရင်

မျက်လုံးကိုလေဆာပစ်ပြီး မျက်မှန်ပါဝါဖျောက်ပေးတဲ့ ကုသနည်းက လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက စကျင့်သုံးခဲ့တာဖြစ်ပါတယ်။ တစ်စထပ်တစ်စ နည်းပညာတွေပိုတိုးတက်လာတာနဲ့ အမျှ ဒီကုသနည်းလမ်းကလည်း ပိုထိရောက်မှုအားကောင်းလာတယ်။ စာရေးသူတို့ မြန်မာနိုင်ငံမှာလည်း လုပ်လို့ရနေပြီဖြစ်တယ်။ ဒါပေမဲ့ လူအတော်များများက မျက်မှန်ပါဝါဖျောက်ချင်လို့ သာသွားလုပ်ကြပေမဲ့ သူ့မှာလည်း သတိထားရမဲ့ ကိစ္စတွေနဲ့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေပါတယ်။ အခုဒီဆောင်းပါးမှာတော့ ဒါတွေကိုဖော်ပြပေးသွားပေးသွားမှာပါ။

မျက်လုံးကိုလေဆာပစ်ပြီးကုသတဲ့နည်းလမ်း အမျိုးမျိုးရှိတဲ့အထဲမှာမှ အခုပြောချင်တာက အခုအသုံးများတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ အတိုကောက် LASIK (Laser-assisted in situ keratomileusis) လို့ခေါ်ဆိုနိုင်တဲ့ ကုသနည်းခံယူပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေအကြောင်းကို ပြောပြပေးသွားမှာပါ။ ပထမဆုံး သိပ်မစိုးရိမ်ကြဖို့ ကြိုပြောချင်ပါတယ်။ ဒီလို လေဆာနဲ့ ပစ်ပြီး မျက်လုံးကုသနည်းကြောင့် မျက်လုံးကွယ်သွားရတဲ့အထိ ဖြစ်သွားတယ်ဆိုတာ သိပ်ကိုရှားပါးပါတယ်၊ မရှိသလောက်ကို ရှားပါးပါတယ်။ နောက်ပြီး ကုသမှုပြီးလို့ ဖြစ်လာတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေအများစုကိုလည်း နောက်တစ်ခါ ဆေးကုသမှုထပ်ခံယူလိုက်ရင် လွယ်လွယ်ကူကူပဲကုသနိုင်ပါတယ်။

အရင်ဆုံး ဒီလေဆာကုသမှုကို လူတိုင်းခံယူလို့ ရသလားဆိုတာ ပြောပါမယ်၊ လူတိုင်းတော့ အဆင်ပြေပြေကုသမှုခံယူနိုင်တာ မဟုတ်ပါဘူး။ အောက်ပါအခြေအနေရှိတဲ့သူတွေဆိုရင်တော့ မျက်လုံးကိုလေဆာနဲ့ ကုသမှုခံယူဖို့အခက်အခဲဖြစ်နေနိုင်ပါတယ်၊ ဘယ်လိုလူတွေလဲဆိုတော့

– မျက်ကြည်လွှာအရမ်းပါးတဲ့ သူတွေ

– သူငယ်အိမ်အရမ်းကျယ်တဲ့သူတွေ

– မျက်လုံးကအလင်းပြန်တာနဲ့ ပတ်သတ်ပြီး ပြဿနာရှိနေတဲ့သူတွေ

– ပုံရိပ် ၂ ထပ်မြင်တဲ့ပြဿနာရှိသူတွေ

– မျက်လုံးအလွန်ခြောက်သွေ့သူတွေ

– ကိုယ်ဝန်ဆောင်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့

– ကိုယ့်မှာအစကတည်းက တခြားရောဂါကြီးကြီးမားမားတစ်ခု ရှိနေသူတွေ၊ ခန္ဓာကိုယ်ခုခံအားနဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုခု ရှိနေသူတွေဆို ကုသမှုခံယူဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။

ဒါဆိုလေဆာပစ်ပြီးရင်ရော ဘာတွေဖြစ်နိုင်ပါသလဲ၊ ဘေးထွက်ဆိုးကျိုးရှိပေမဲ့ ဖြစ်တဲ့သူအရမ်းရှားပါတယ်။ နောက်ပြီးဖြစ်တဲ့ပြဿနာအတော်များများကလည်း နောက်တစ်ခါကုသမှု ထပ်ခံယူလိုက်ရင် ပျောက်ကင်းနိုင်တာကို တွေ့ရပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာတွေထဲမှာ

– ကုသမှုခံယူပြီးတဲ့အခါ မျက်လုံးက ခိုးလုခိုးလုုဖြစ်နေသလို၊ ကြည့်ရတာ အဆင်မပြေသလိုဖြစ်နေတတ်ပါတယ်။ ဒါက ခွဲစိတ်ကုသမှုပြီး ရက်အနည်းငယ်ကြာသည်အထိဖြစ်တတ်ပါတယ်။ဒါဟာပုံမှန်ပါပဲ၊ မျက်လုံးကကြည့်ရင်း အလင်းပြန်တာ၊ အရောင်မညီတာ၊ ပုံရိပ်တွေဝါးတားတားဖြစ်နေတာ၊ မျက်လုံးခြောက်သွေ့တာ စတဲ့ပြဿနာတွေက ကုသမှုခံယူပြီး  ၃လကနေ ၆ လလောက်အတွင်းမှာ ပျောက်ကင်းသက်သာသွားလေ့ရှိပါတယ်။

– မျက်လုံးကို လေဆာပစ်ရာမှာ အရင်ဆုံးအပေါ်ကမျက်ကြည်လွှာကို နည်းနည်းလှီးပစ်ရတယ်၊ ပြီးရင်သူ့အောက်က မျက်ကြည်လွှာကို လေဆာနဲ့ပစ်ပြီးပုံဖော်ပေးတယ် (ဒါစက္ကန့်ပိုင်းလောက်ပဲကြာတတ်ပါတယ်) လေဆာပစ်ပြီးရင်ခုနက လှီးထားတဲ့ မျက်ကြည်လွှာအပိုင်းလေးနဲ့ ပြန်ဖုံးပေးလိုက်ပါတယ်။ နောက်ပိုင်းအချိန်တစ်ခုကြာတဲ့အခါ သူ့အလိုလိုအနာပြန်ကျက်သွားပါတယ်။ တကယ်လို့ အစကလှီးထုတ်တဲ့ အချိန်မှာ မညီမညာဖြစ်နေခဲ့ရင် နောက်ဆုံးပြန်အုပ်တဲ့အခါ အနားသတ်လေးတွေလည်း စင်းလုံးချောမဟုတ်တော့ပဲ အရေးအကြောင်းလေးတွေပေါ်လာတတ်ပါတယ်။ ဒီအခါမှာလူနာအနေနဲ့ ပုံရိပ် ၂ ထပ်ပေါ်တာတွေ၊ အမြင်မကြည်လင်တာတွေဖြစ်လာတတ်ပါတယ်။

ဒီလို အရေးအကြောင်းပေါ်တဲ့ပြဿနာက ရှားတော့အတော်လေးရှားပါတယ်၊ ရာခိုင်နှုန်းနဲ့ ပြောရရင် တစ်ရာခိုင်နှုန်းထပ်နည်းပါတယ်။ နောက်ပြီးဖြစ်လာခဲ့ရင်လည်းကုသလို့ရပါတယ်။

– မျက်လုံးခြောက်သွေ့ခြင်းကလည်း ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါပဲ၊  တချို့လေဆာကုသမှုခံယူပြီးတဲ့ လူတွေမှာ မျက်ရည်အိတ်က မျက်ရည်ထုတ်လုပ်မှုနည်းသွားတတ်တာကြောင့် မျက်လုံးအနေနဲ့ လှုပ်ရှားရတာ အဆင်မပြေသလို ပုံရိပ် ၂ထပ်ပေါ်တာတွေဖြစ်လာတတ်ပါတယ်။ အရမ်းစိုးရိမ်စရာမလိုပါဘူး။ အချိန်တစ်ခုကြာရင် သက်သာသွားလေ့ရှိပါတယ်။ ကြည့်ရရှုရအဆင်ပြေအောင် မျက်စဉ်းခက်ပေးလို့ရပါတယ်။  မျက်ကြည်လွှာပြန်ကောင်းသွားတာနဲ့ အမျှ မျက်ရည်မထွက်တဲ့ပြဿနာလည်း ကောင်းသွားမှာပါ။ အများဆုံး ၆လလောက်အထိတော့ကြာတတ်ပါတယ်။ အစကတည်းက မျက်လုံးခြောက်သွေ့တဲ့ ပြဿနာရှိနေရင်တော့ လေဆာနဲ့ ကုသမှုခံယူဖို့အဆင်မပြေနိုင်ပါဘူး။

– နောက်တစ်ခုကတော့ ကုသတဲ့အခါ လိုချင်တဲ့ ရလဒ်အတိုင်းမရတာပါ။ ဒါက လေဆာပစ်တဲ့အခါ မျက်ကြည်လွှာကိုလိုအပ်တာထပ်ပို ပစ်မိသွားတာ၊ ဒါမှမဟုတ် ပစ်တာလိုသွားတာ၊ ပစ်ပြီးတဲ့အခါမှာလည်း မျက်ကြည်လွှာက အနာကောင်းကောင်းမကျက်တာ စတဲ့အကြောင်းတွေကြောင့်ဖြစ်ပါတယ်။ ဆိုတာတွေကြောင့် လူနာအနေနဲ့ မျက်မှန်ပါဝါအကုန်မပျောက်ပဲ နည်းနည်းကျန်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ကုသပြီးတုန်းကတော့အကောင်းဖြစ်ပြီး နောက်ပိုင်းကျမှ မျက်ကြည်လွှာက လိုအပ်တာထပ်ပိုထူလာတဲ့အတွက်ကြောင့် မျက်လုံးပြန်ဝါးလာတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုပြဿနာတွေဖြစ်လာခဲ့ရင် နောက်တစ်ခေါက်လေဆာကုသမှုထပ်ခံယူပြီး ပြုပြင်နိုင်ပါတယ်။

– နောက်ဆုံးဖြစ်တတ်တဲ့ ပြဿနာကတော့၊ ရှားတော့ရှားပေမဲ့ ပိုးဝင်တာပါ။ လှီးလိုက်တဲ့ မျက်ကြည်လွှာနဲ့ပဲ ပြန်ဖုံးပေးတဲ့အတွက်ကြောင့် မျက်လုံးလေဆာပစ်ပြီး ပိုးဝင်သွားတယ်ဆိုတာတော့ သိပ်ဖြစ်လေ့မရှိပါဘူး။ ဒါပေမဲ့ ပိုးဝင်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သင့်မျက်စိဆရာဝန်အနေနဲ့ ကုသမှုပြီးတဲ့အခါ မျက်စဉ်းခပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။

နည်းပညာတိုးတက်လာတာနဲ့အမျှ ကုသနည်းစနစ်တွေလည်း တိုးတက်လာပါတယ်။ ဒါ့ကြောင့် အရင်တုန်းကလို မျက်လုံးအမြင်အာရုံမကောင်းရင် မျက်မှန်တပ်တာ၊ မျက်ကပ်မှန်တပ်တာလောက်ပဲ လုပ်လို့ရရာကနေ အခုချိန်မှာ မျက်မှန်ပါဝါကို လုံးဝဖျောက်ပေးနိုင်တဲ့ နည်းတွေပါအသုံးပြုနေနိုင်ပါပြီ။ သို့ပေမဲ့ လုံးဝဥသုံစိတ်ချရတဲ့ ကုသနည်းဆိုတာလည်း မရှိတာမို့သူ့ဟာနဲ့သူတော့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေအုံးမှာပါ။ အခုဆောင်းပါးလေးဖတ်ပြီး ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကြိုတင်သိရှိထားနိုင်မယ်၊ ကာကွယ်နိုင်မယ်ဆိုရင်ကို ရေးရကျိုးနပ်ပါပြီလို့ပြောရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။

Dr. Wayne

Previous Post

??ခံတွင်းနဲ့ပတ်သတ်ပြီး ကျန်းမားရေးစစ်ဆေးမှု (Dental Check-Up) ၆လ၁ကြိမ်လုပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ??

Next Post

ချေးချွတ်မယ် ပေါင်းတင်မယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
546
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
803

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချေးချွတ်မယ် ပေါင်းတင်မယ်

သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အပိုင်း(၁)

မဗိုက် ဆံပင်ကျွတ်လို့ စိတ်ညစ်နေသလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.