(Zawgyi)
ပန္းနာရင္က်ပ္ ေရာဂါ
အသက္႐ွဴလမ္းေၾကာင္း မွာ႐ွိ တဲ့ ေလႁပြန္ေလးေတြ က်ဥ္းၿပီး အသက္႐ွဴက်ပ္လာတာပါ။ ႂကြက္သားေတြ spasm ေခတၱ ယာယီ က်ံဳ႕ ျခင္းေၾကာင့္ က်ဥ္းသြားတာပါ။ တစ္ခုခု ဓာတ္မတည့္တာ ႐ွဴမိရင္ ေသာ္လည္းေကာင္း၊ အဆုတ္ အေအးမိရင္ေသာ္လည္းကာင္း ရာသီဥတု အပူခ်ိန္ မမ်ွတရင္ ေသာ္လည္းေကာင္း က်ပ္တတ္ပါတယ္။ မ်ိဳး႐ိုးလိုက္တဲ့ သူေတြလည္း ေတြ႔ဖူးပါတယ္။
တစ္မိသားစုလံုး ရင္က်ပ္တာဟာ genetic ေၾကာင့္ ျဖစ္တာပါ။ ေနာက္ၿပီး တစ္ခုခု ဓါတ္မတည့္တာ စားမိရင္လည္း ျဖစ္တတ္ပါတယ္။ ေနာက္သတိထားရမွာကေတာ့ ေသာက္ေဆးေတြပါ။ အခ်ိဳ႕ေသာ ႏွလံုးေရာဂါ ေသြးတိုးေရာဂါ အတြက္ေသာက္ရတဲ့ ေဆးေတြ ထဲမွာ ရင္က်ပ္ေစတဲ့ ေဆးေတြ ႐ွိပါတယ္ ။ ဆရာဝန္ကီု မိမိတြင္ ရင္က်ပ္႐ွိေၾကာင္းေျပာျပထားဖို႔လိုအပ္ပါတယ္။ ေနာက္ၿပီး အကိုက္ခဲေပ်ာက္ေဆး အဖ်ားက်ေဆး အျဖစ္အသံုးျပဳေနတဲ့ Diclofenac လို ထိုးေဆးေတြဟာလည္း ေရာဂါကို ပိုဆိုးေစ ပိုက်ပ္ေစပါတယ္။ သတိရွိေစခ်င္ပါတယ္။
ရင္က်ပ္ေရာဂါ႐ွိသူေတြဟာ ကိုယ္နဲ႔ မတည့္တဲ့ အစားအစာ ေဆးဝါး ေတြသိ႐ွိမွတ္သား ထားရပါတယ္၊ ေဆးဝါး ႐ွဴေဆး inhaler ကို ကိုယ္နဲ႔ မကြာေဆာင္ထားရပါတယ္။ ျပင္းထန္တဲ့ ကိုယ္လက္လႈပ္႐ွားမႈကို ေ႐ွာင္ၾကဥ္ရပါတယ္။ သင့္တင့္တဲ့ လႈပ္႐ွားမႈေတာ့ လုပ္လို႔ရပါတယ္။
လိုအပ္တဲ့ ေဆးေတြကို ပံုမွန္ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာရပါမယ္၊ လူမ်ား တဲ့ေနရာ ဖုန္ထူတဲ့ေနရာေတြကို ေ႐ွာင္ႏိုင္သေလာက္ေ႐ွာင္ၿပီး အလုပ္ လုပ္တဲ့ေနရာဟာလည္း မိမိေရာဂါနဲ႔ သင့္ေတာ္တဲ့ ေလေကာင္း ေလသန္႔ရတဲ့ ပတ္ဝန္းက်င္မွာ ျဖစ္သငိ့ေၾကာင္း အသိေပးေျပာၾကားလိုပါတယ္။ ေနာက္ဆံုး တစ္ခု ကေတာ့ ရာသီတုပ္ေကြး ခဏခဏ မျဖစ္ေအာင္ ကာကြယ္ေဆး flu vaccine ထိုးထားသင့္ပါတယ္။
က်န္းမာၾကပါေစ
Dr Lynn
(Unicode)
ပန်းနာရင်ကျပ် ရောဂါ
အသက်ရှူလမ်းကြောင်း မှာရှိ တဲ့ လေပြွန်လေးတွေ ကျဉ်းပြီး အသက်ရှူကျပ်လာတာပါ။ ကြွက်သားတွေ spasm ခေတ္တ ယာယီ ကျုံ့ ခြင်းကြောင့် ကျဉ်းသွားတာပါ။ တစ်ခုခု ဓာတ်မတည့်တာ ရှူမိရင် သော်လည်းကောင်း၊ အဆုတ် အအေးမိရင်သော်လည်းကာင်း ရာသီဥတု အပူချိန် မမျှတရင် သော်လည်းကောင်း ကျပ်တတ်ပါတယ်။ မျိုးရိုးလိုက်တဲ့ သူတွေလည်း တွေ့ဖူးပါတယ်။
တစ်မိသားစုလုံး ရင်ကျပ်တာပါ genetic ကြောင့် ဖြစ်တာပါ။ နောက်ပြီး တစ်ခုခု ဓတာတ်မတည့်တာ စားမိရင်လည်း ဖြစ်တတ်ပါတယ်။ နောက်သတိထားရမှာကတော့ သောက်ဆေးတွေပါ။ အချို့သော နှလုံးရောဂါ သွေးတိုးရောဂါ အတွက်သောက်ရတဲ့ ဆေးတွေ ထဲမှာ ရင်ကျပ်စေတဲ့ ဆေးတွေ ရှိပါတယ် ။ ဆရာဝန်ကီု မိမိတွင် ရင်ကျပ်ရှိကြောင်းပြောပြထားဖို့လိုအပ်ပါတယ်။ နောက်ပြီး အကိုက်ခဲပျောက်ဆေး အဖျားကျဆေး အဖြစ်အသုံးပြုနေတဲ့ Diclofenac လို ထိုးဆေးတွေဟာလည်း ရောဂါကို ပိုဆိုးစေ ပိုကျပ်စေပါတယ်။ သတိချပ်စေချင်ပါတယ်။
ရင်ကျပ်ရောဂါရှိသူတွေဟာ ကိုယ်နဲ့ မတည့်တဲ့ အစားအစာ ဆေးဝါး တွေသိရှိမှတ်သား ထားရပါတယ်၊ ဆေးဝါး ရှူဆေး inhaler ကို ကိုယ်နဲ့ မကွာဆောင်ထားရပါတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ကြဉ်ရပါတယ်။ သင့်တင့်တဲ့ လှုပ်ရှားမှုတော့ လုပ်လို့ရပါတယ်။
လိုအပ်တဲ့ ဆေးတွေကို ပုံမှန် ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်၊ လူများ တဲ့နေရာ ဖုန်ထူတဲ့နေရာတွေကို ရှောင်နိုင်သလောက်ရှောင်ပြီး အလုပ် လုပ်တဲ့နေရာဟာလည်း မိမိရောဂါနဲ့ သင့်တော်တဲ့ လေကောင်း လေသန့်ရတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်သငိ့ကြောင်း အသိပေးပြောကြားလိုပါတယ်။ နောက်ဆုံး တစ်ခု ကတော့ ရာသီတုပ်ကွေး ခဏခဏ မဖြစ်အောင် ကာကွယ်ဆေး flu vaccine ထိုးထားသင့်ပါတယ်။
ကျန်းမာကြပါစေ
Dr Lynn