မျက်စိစွန်ခြင်း (အပြင်စွန်) ဆိုသည်မှာ
မျက်တောင်အခြေတွင် ရှိသော ဂလင်းအကြိတ် ငယ်များတွင် ရောဂါပိုးတစ်မျိုးဝင်ခြင်းကြောင့် ဖြစ်သောပြည်တည်နာ တစ်မျိုးကို ခေါ်သည်။ စတိုင်း (Stye) ဟုလည်း ဆေးပညာ အရ ခေါ်ပေသည်။
ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲဆိုရင်ဖြင့် လက်မသန့်မရှင်းနဲ့ မျက်စိကို
မကြာခဏ ပွတ်တတ်သူတွေ ၊မျက်ကပ်မှန်ကို သန့်ရှင်းစွာ မထိန်းသိမ်းထားဘဲ
ထည့်တတ်သူတွေ ၊ဒါမှမဟုတ် မသန့်တဲ့ လက်နဲ့ထည့်တတ်သူတွေ ၊မိတ်ကပ်ကို
ညအိပ်ခါနီး မဖျက်ဘဲ အိပ်တတ်သူတွေ ၊သက်တမ်းကုန်ခါနီး မိတ်ကပ်တွေ သုံးတတ်
သူတွေ ၊မျက်ခမ်းရောင်ရမ်းနာ မကြာခဏဖြစ်တတ်သူတွေ ၊မျက်လုံးတစ်ဝိုက် ဖြစ်
တတ်တဲ့ အရေပြားနာဖြစ်သူတွေမှာ ပိုဖြစ်တတ်သည်။
ဘယ်လို လက္ခဏာတွေ ပြလဲဆိုရင်ဖြင့်
- မျက်လုုံးဖွင့်ရခက်
- မျက်တောင်ခတ်ရင် နေမထိထိုင်မသာ ဖြစ်တတ်
- မျက်လုံးထဲတွင် ခိုးလို့ခုလု ဖြစ်တတ်
- အလင်းရောင်ကို ကြည့်က စူးပြီးကျိန်းတတ်
- မျက်ရည်ပူ ကျတတ်
- မျက်လုံးကိုက်တတ် နာတတ်
အများအားဖြင့် ရက်ပိုင်းအတွင်း ပြည်ဖုကလေးများပေါက်ကာ အနာ
သက်သာပြီး သူ့ဘာသာပျောက်သွားတတ်သည် ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲဆိုရင်ဖြင့်
- တစ်ပတ်အတွင်း မသက်သာက ၊ပြည်လည်းမပေါက်က ၊ပိုဆိုးလာက
- မျက်ခွံ ၊မျက်လုံးပတ်လည် အရေပြားပေါ်တွင် အနာဖု ပြည်ဖုများထွက်လာက
- မကြာခဏ မျက်စိစွန်က
- မကြာခဏ မျက်စိရောင်ရမ်းနာဖြစ်တတ်က
တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသင့်တယ် ။ဆရာဝန်က မျက်စဉ်းဆေး ၊အကိုက်
အခဲပျောက်ဆေးများ ပေးပါလိမ့်မယ် ။လိုအပ်ရင် ပိုးသတ်ဆေးသောက်ဆေး ၊
အစက်ချဆေးပေးပါလိမ့်မယ်။
မိမိဘာသာ ဘာလုပ်ထားသင့်သလဲ ဆိုရင်ဖြင့်
- မျက်လုံး မပွတ်ရ။
- မျက်ကပ်မှန် မတပ်ရ။
- မျက်စိနဲ့ ပတ်သက်ပြီး သုံးတတ်သော မိတ်ကပ်၊အလှပြင်ပစ္စည်းများ မလူးရ ၊
မလိမ်းရ။ - ပြည်မပေါက်သေးဘဲ မညှစ်ရ။
- သန့်စင်သော ရေနွေးဖတ်ကပ်ပေးပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေး ၊အထူးသဖြင့် လက်ကို သန့်ရှင်းစွာထားပါ။
- ပြည်ပေါက်သွားက မျက်စိကို ရေနွေးနွေးဖြင့် သန့်ရှင်းခြောက်သွေ့စွာထားပါ။
ဘယ်လိုကာကွယ်မလဲ ဆိုရင်ဖြင့်
- လက်ကို ပုံမှန် သန့်ရှင်းစင်ကြယ်စွာဆေးပါ။
- မလိုအပ်ဘဲ မျက်စိကို မပွတ်ပါနဲ့။
- မျက်နှာသုတ်ပုဝါ ၊သဘက် သီးသန့်ထားပါ ။မျှမသုံးပါနဲ့။
- မျက်စိသုံး အလှပြင်ပစ္စည်းဟောင်းများ၊သက်တမ်းကုန်ပစ္စည်းများ မသုံးပါနဲ့။
- အလှပြင်ပစ္စည်းများကို မျှမသုံးပါနဲ့။
- ညအိပ်ရာဝင်ခါနီး မိမိ တစ်နေ့တာ လိမ်းထားသော မိတ်ကပ်မျာကို စင်ကြယ်စွာ
ဆေးကြောသန့်စင်ပါ။ - မျက်ကပ်မှန်ကို သန့်ရှင်းသောဆေးရည်တွင် စိမ်ပြီးသေချာ သိမ်းဆည်းပါ။
- မျက်ကပ်မှန်ကို သန့်ရှင်းစင်ကြယ်စွာ စနစ်တကျ ထည့်ပါ။
Author – ခေတ်သစ်ဇီဝက