သဘာဝနည်းဖြင့် မျက်နှာအမည်းစက်ဖယ်ခြင်း
မျက်နှာပေါ်ရှိ အမည်းစက်များကို သဘာဝနည်းဖြင့် ကုသချင်ပါသလား? မျက်နှာပေါ်က အမည်းစက်များရှိခြင်းက မိမိအလှအပအတွက် ယုံကြည်မှု နည်းစေပါတယ်။ အလှပြင်ပစ္စည်းမျိုးစုံ သုံးသော်လည်း ဓာတုဗေဒ ပါဝင်မှုကြောင့် စိုးရိမ်ကြောင်ကြမှု ဖြစ်စေပါတယ်။
ဘာလို့ အမည်းစက် ဖြစ်စေသလဲ?
သင့်အရေပြားရှိ Melanocytes လို့ခေါ်တဲ့ ဆဲလ်မှ melatonin လို့ခေါ်တဲ့ အရောင်ဖြစ်စေတဲ့အရာကို ထုတ်ပေးပါတယ်။ အရေပြားပျက်ဆီးမှုကြောင့် melatonin အများကြီးထုတ်လျှင် အရေပြားအမည်းစက်တွေ ဖြစ်စေပါတယ်။ ပျက်ဆီးစေသော အကြောင်းများမှာ
– နေလောင်ခြင်း
– ထိခိုက်ဒဏ်ရာရခြင်း
– ဟော်မုန်းပြောင်းလဲ ခြင်း
– မလိုအပ်ပဲ အမွေးအမျှင်ဖယ်ခြင်း
– ဓာတ်မတည့်ခြင်း
– မျိုးရိုးဗီဇ စသည်တို့ကြောင့် ပျက်ဆီးတတ်ပါတယ်။
သဘာဝနည်းလမ်းဖြင့်ဖယ်ရှားခြင်း
(1) အာလူး
အာလူးကို ရေဆေးပါ။ ထက်ခြမ်းခွဲပါ။ ခွဲခြမ်းဘက်သို့ ရေတစက်နှစ်စက် ထည့်ပါ။ အာလူးအခြမ်းကို အမည်းစက်နေရာသို့ စက်ဝိုင်းကဲ့သို့ ပွတ်ပေးပါ။ ၁၀ မိနစ်ခန့် ထားပါ။ ရေဆေးချပါ။ အာလူးသည် melatonin အလွန်အကြူး ထုတ်မှုလျော့စေသော အင်ဇိုင်းပါသောကြောင့် အမည်းစက်များ အစက်အပျောက်များကို တရက် ၃ ကြိမ် တလခန့် ပြုလုပ်ခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(2) လိမ္မော်သီး
လိမ္မော်သီး အရည်ညှစ်ကာ ပျားရည်နှင့်ရော၍ အမည်းစက်နေရာကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့် အကြာရေဆေးချပါ။ လိမ္မော်သီးတွင် သဘာဝအရောင်ချွတ် သတ္တိရှိပြီး ပျားရည်သည် အစိုဓာတ် ပေးပါသည်။ လိမ္မော်သီးတွင် ပါဝင်သော vitamin c သည် နေလောင်မှုကို ကာကွယ်ပေးသောကြောင့် တရက် ၂ ကြိမ် ပြုလုပ်ပေးလျှင် အသားအရေ မဲညစ်မှု သက်သာပျောက်ကင်းစေပါတယ်။
(3) လိမ္မော်ရည်နှင့် ဆနွင်းမှုန့်
လိမ္မော်ရည်တဇွန်းနှင့် ဆနွင်းမှုန့် ရောလိမ်းပါ။ ၁၅ မိနစ်ကြာ ရေဆေးချပါ။ အိပ်ရာမဝင်ခင်ပြုလုပ်ပေးပါက အသားအရေ ကြည်လင်တောက်ပ စေပါလိမ့်မယ်။
(4) ပန်းသီး ရှလကာရည်
ပန်းသီး ရှလကာရည်ကို ရေနဲ့ဆတူရော၍ အမည်းစက်နေရာကို သုတ်လိမ်းပေးပါ။ ၅ မိနစ် အကြာ ရေဆေးချပါ။ ပန်းသီးရှလကာရည်သည် အသားအရေကို သဘာဝအတိုင်း ဖြစ်စေပါတယ်။ တနေ့ ၂ ကြိမ် လုပ်ပေးပါ။
(5) ကြက်သွန်နီ
ကြက်သွန်နီကို ပါးပါးလှီးပါ။ အမည်းစက်နေရာသို့ ကြက်သွန်နီကို ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ခန့်အကြာ ရေဆေးချပါ။ ကြက်သွန်နီတွင် ပါဝင်သော vitamin c သည် အမည်းစက်များ ဖယ်ရှားပေးပါလိမ့်မယ်။ တနေ့ ၂ ကြိမ် ပြုလုပ်ပေးပါ။
(6) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ် ၂ ဇွန်း နှင့် ပျားရည် ဇွန်းတဝက် ရောလိမ်းပါ။ မိနစ် ၂၀ အကြာ ရေဆေးချပါ။ တပတ်လျှင် ၂ ကြိမ် ပြုလုပ်ပေးပါ။ ရှားစောင်းလက်ပတ်သည် အသားအရေ အစိုဓာတ်ကိုထိန်းပြီး နေလောင်မှုကို ကာကွယ်ပေးပါတယ်။
(7) သခွားသီး
သခွားသီးရေတဇွန်း၊ ပျားရည်တဇွန်းနှင့် လိမ္မော်တဇွန်း ရောလိမ်းပါ။ ၁၀ မိနစ် အကြာ ရေဆေးချပါ။ သခွားသီးသည် အသားအရေအတွက် ကောင်းမွန်ပြီး အရေးအကြောင်း အမည်းစက် ပျောက်ကင်းစေပါတယ်။
(8) လိမ္မော်အခွံ
လိမ္မော်အခွံ အခြောက်လှမ်းအမှုန့် လုပ်ပါ။ အမှုန့်ကို လိမ္မော်ရည်တဇွန်း၊ နို့တဇွန်း၊ ပျားရည်တဇွန်းရော၍ အမည်းစက်ရှိတဲ့ နေရာလိမ်းပါ။ မိနစ် ၂၀ အကြာ ရေဆေးချပါ။ အမည်းစက်တွေသိသာစွာ ပျောက်ကင်းစေပါတယ်။ တပတ် ၃ -၄ ကြိမ် လုပ်ပါ။
(9) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးအရည်၊ ကွေကာအုပ် ၂ ဇွန်း နှင့် ဒိန်ချဉ် ဇွန်းတဝက်ကို ရောလိမ်းပါ။ မိနစ် ၂၀ အကြာ ရေဆေးချပါ။ ခရမ်းချဉ်သီးသည် သဘာဝ အစွန်းချွတ်စေပြီး ဒိန်ချဉ်သည် အသားအရေတင်းရင်းစေပါတယ်။ ကွေကာအုပ်သည် ချေးချွတ်စေပြီး ငယ်ရွယ်စေပါတယ်။
(10) ထောပတ်သီး
ထောပတ်သီးအမှည့်ချေပြီး မျက်နှာပေါ်သို့ လိမ်းပေးပါ။ မိနစ် ၃၀ အကြာ ရေဆေးချပါ။ ထောပတ်သီးတွင် ပါဝင်သော vitamin c နဲ့ oleic acid သည် အသားအရေ တင်းရင်းစေပြီး အာဟာရဓာတ် ရရှိစေပါတယ်။
(11) ဌက်ပျောသီး
ဌက်ပျောသီးချေပြီး ပျားရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် နို့တဇွန်း ရောလိမ်းပြီး မိနစ် ၃၀ အကြာ ရေဆေးချပါ။ တပတ် ၂ ကြိမ်ခန့် ပြုလုပ်ပေးပါက ဌက်ပျောသီးသည် ချေးချွတ်ပြီး Vitamin k သည် အရေပြားအတွက် အာဟာရဓာတ် ရရှိစေပါတယ်။
Author : Dr. ပြည့်ရှင်း