တစ်နေ့တွင် ဇီဝက ဆေးခန်းသို့ ခပ်၀၀ အမျိုးသမီးတစ်ယောက် အသက် ၅နှစ်အရွယ် ကလေးတစ်ယောက်လက်ကို ဆွဲကာ ဝင်လာ၏။
ဇီဝက ။ ။ အော် ဘယ်သူများလဲ မှတ်တယ်၊ ဒေါ်ဘုမကိုး ။
ဆိုပါဦးဗျ့ ၊လာရင်းကိစ္စက ။
ဒေါ်ဘုမ ။ ။ ဒီလို ဆရာရေ။ ဟောဒီ့ အငယ်ကောင်ပေါ့ ။
ထမင်းကောင်းကောင်းမစားနိုင်လို့ မေးကြည့်မှ ပါးစပ်ထဲ ကျိန်းစပ်
စပ်နဲ့ ၊ကြည့်ကြည့်တော့ ပါးစောင်မှာ အနာတွေ့လို့ ၊ဆရာ ။
ဇီဝက ။ ။ ဟုတ်လား သား ။သားနာမည် က။
ကလေး ။ ။ ဟုတ်ကဲ့ ။မောင်ပေတလူး ပါ ခင်ဗျ့။
ဇီဝက ။ ။ ဖိုးသား ပါးစပ်ကျိန်းစပ်စပ်နဲ့ နာနေတာ ဘယ်လောက်ကြာပြီလဲ ။
တခြားဘာဖြစ်သေးလဲ ။
ပေတလူး ။ ။ ၄-၅ ရက်ရှိပြီး ဦးဦး ။ထမင်းစားမရဘူး ။စားရင် နာတယ် ။
ဇီဝက ။ ။ သားသား ဖျားသေးလား ။
ပေတလူး ။ ။ ဖျားဘူး ။
ဇီဝက ။ ။ သားသား လည်ပင်းမှာ အကြိတ်တွေ ဘာတွေ စမ်းမိသေးလား၊
ဒေါ်ဘုမ ။
ဒေါ်ဘုမ ။ ။ သတိမထားမိဘူး ၊ဆရာ ။
ဇီဝက ။ ။ သားသား သွားသေချာ ပုံမှန် တစ်နေ့ နှစ်ကြိမ်တိုက်လား ကွ ။
ပေတလူး ။ ။ ဟုတ် ၊တိုက်တယ် ဦးဦး ။
ဇီဝက ။ ။ ကဲ လာပါဦး ။ဦးဆရာ တစ်ချက်လောက် စမ်းသပ်ကြည့်ရအောင် ။
စမ်းသပ်ပြီးနောက်
ဒေါ်ဘုမ။ ။ ဘာဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ အရပ် အခေါ်တော့ အပူနာပေါ့ဗျာ ။
ပါးစပ်နာလို့လည်း ခေါ်နိုင်တယ် ဗျာ ။
ဒေါ်ဘုမ ။ ။ ဘာကြောင့်ဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ အများအားဖြင့် ခြေကုန်လက်ပန်းကျချိန်၊ စိတ်ဖိစီးမှုများနေချိန် ၊
စနစ်တကျသွားမတိုက်ရင် ၊သွားတု ၊အံကပ် စတာတွေ စနစ်တကျ
မတပ်ဆင်ရင် ဖြစ်တတ်တယ်ဗျာ ။အမျိုးသမီးတွေမှာ ဆိုရင် ရာသီမ
ပေါ်ခင် ဖြစ်တတ်တယ် ။တစ်ခါတစ် ပါးစပ်ထဲ ပိုးဝင်လို့ ဖြစ်တတ်
တယ် ။တစ်ခါတစ်ရံတော့ ခံတွင်းကင်ဆာနဲ့ တွဲတတ်တယ်ပေါ့ ။
ဒါကတော့ အလွန့်အလွန် ရှားပါတယ် ။
ဒေါ်ဘုမ ။ ။ ဆရာပြောတဲ့ ပါးစပ်နာမှန်း ဘယ်လိုသိနိုင်မလဲ ၊ဆရာ ။
ဇီဝက ။ ။ အနာတွေ့မယ်ဗျာ ။စစချင်း အာခံတွင်း ၊ပါးစောင် ၊နှုတ်ခမ်းအတွင်း
သားတွေမှာ တွေ့မယ် ။စစချင်း နာမယ် ၊ကျိန်းစပ်စပ်ဖြစ်မယ် ၊ပူမယ်
။ နောက် အဖြူရောင် ချိုင့်ကလေးဖြစ်မယ် ။နီရဲလာတတ်တယ် ။
ဒေါ်ဘုမ။ ။ ဘာဆေးသောက်ရမလဲ ၊ဆရာ ။
ဇီဝက ။ ။ ခု သောက်ဆေး ၊လိမ်းဆေး ပေးလိုက်မယ် ။
ပိုးသန့်ဆေးရည် သို့မဟုတ် ဆားရည်နွေးနွေးနဲ့ အစာစားပြီးတိုင်း
အာလုတ်ကျင်းပါ ။
အနာကို သွားဆွနိုင်တဲ့ အစားအသောက်တွေ ဥပမာ ပြောရရင်
အပူအစပ် အစာမာ၊အချဉ်တွေ ၊ကော်ဖီ များကို ရှောင်ပါ ။
သွားတိုက်ရာမှာ သွားပွတ်တံပျော့ပျော့သုံးပါ။သွားတိုက်နည်းမှန်ပါစေ
နောက်မဖြစ်အောင်ဆိုရင်
သွားကို စနစ်တကျ တိုက်ပါ။
အပူအစပ်၊အချဉ် အငန် လျှော့စားပါ။
အံကပ်တို့ သွားတုတို့ကို စနစ်တကျ တပ်ပါ။
ကွမ်း၊ဆေးလိပ် ဖြတ်ပါ။
အစာစားပြီးတိုင်း အာလုတ်ကျင်းပါ ။
စိတ်ဖိစီးမှုလျှော့ပါ။
ခုဆေးယူသွားပေါ့ ဗျာ။ကျွန်တော်မှာတဲ့အတိုင်းကလေးကိုလုပ်ပေးပေါ့
နော် ၊ဟုတ်ပလား။
ဒေါ်ဘုမ။ ။ ကျေးဇူးပါပဲ ဆရာ။
Author – ခေတ်သစ်ဇီဝက