ဆင်၏ခြေထောက်ကဲ့သို့ ကြီးလာသောရောဂါကိုဆင်ခြေထောက်
ရောဂါဟုယေဘူယျ ခေါ်နိုင်ပါတယ် ။အနောက်တိုင်းဆေးပညာအရတော့ Eleph-
tiasisလို့ခေါ်ပါတယ် ။ဘာကြောင့် ဖြစ်တာလဲဆိုရင် သန်ကောင်နွယ်ဝင် ပိုးတစ်မျိုး
ဖြစ်တဲ့ WucheriaBancrofti ဝူချီးရီးယား ဘန်ခရောဖ်တီကြောင့် ဖြစ်တာပါ။
ထိုရောဂါပိုးကို ကြူလက် ဖာတီဂန် CulexFatigansဆိုတဲ့ ခြင်တစ်မျိုး
က လူတစ်ယောက်မှ တစ်ယောက်ထံသယ်ဆောင်လာပါတယ် ။ထိုခြင်တွေဟာ
မသန့်တဲ့ပတ်ဝန်းကျင် ၊ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေမှာပေါက်ပွားနိုင်ကြပါတယ်။
အာရှတိုက် ၊အာဖရိကတိုက်နဲ့ တောင်အမေရိကတိုက်တို့မှာဆင်ခြေထောက်ဖြစ်
စေသော ခြင်တွေ ပေါက်ပွားနိုင်ကြပါတယ် ။Wucheriaလို့ခေါ်တဲ့ ရောဂါပိုးဟာ
ခြင်ကိုက်ခံရတဲ့ လူတွေထံမှာအဖိုအမအတူယှဉ်တွဲပြီးလူ၏ ပေါင်ခြံ ၊ချိုင်းစသည့်
နေရာတွေမှာရှိတဲ့ ပြန်ရည်အကျိတ် ဂလင်း Lymphatic glands တို့မှာနေထိုင်ပါ
တယ် ။ထိုအဖိုအမသန်ကောင်များမှတဆင့် သန်ကောင်ငယ်များထပ်ဆင့်ပေါက်
ပွားကြပါတယ်။
ယင်းသန်ကောင်ငယ်များဟာမိုက်ခရိုဖိုက်လားရီးယား Microfilaria
အဖြစ် လူတို့ရဲ့ သွေးထဲမှာလှည့်ပတ်သွားလာနေထိုင်ပါတယ် ။ဒီသန်ကောင်ပိုး
တွေဟာနေ့ဘက်မှာအဆုတ် ၊အသည်းစတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ
မှာပုန်းအောင်းနေလေ့ရှိပါတယ် ။ညဘက်ရောက်မှသာသွေးထဲမှာသွားလာလေ့
ရှိပါတယ် ။ဒါကြောင့် ဆင်ခြေထောက် ရောဂါပိုးရှိ ၊မရှိကိုညဘက်တွင် စစ်ဆေး
ကြလေ့ရှိပါတယ်။
ရောဂါလက္ခဏာများမှာ –
- မကြာခဏချမ်းတုန်ပြီးအဖျားတက်ခြင်း
- ပေါင်ခြံအကျိတ် ၊ချိုင်းအကျိတ်များရောင်ရမ်းခြင်း
- ခြေ ၊လက်စသည်တို့ ရောင်ရမ်းခြင်း
- အမျိုးသားများတွင် ဝှေးစေ့ ရောင်ရမ်းခြင်း
- ရင်ကြပ်ပန်းနာကဲ့သို့ ချောင်းဆိုးရင်ကြပ်ခြင်း
- အရေပြားမှာအင်ပြင်ကဲ့သို့ အကွက်များထွက်လာခြင်း
- အရေပြားယားယံခြင်း
- ခြေ ၊လက်တို့မှာရှိတဲ့ အရေပြားများထူလာခြင်း
- ဆီးသွားရာတွင် နွားနို့ကဲ့သို့ အဖြူရောင်အနည်ပါသောဆီးများသွားခြင်း
စတာတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုကုသမလဲ
- ရောဂါဖြစ်လာရင်တေ့ာသန်ချဆေးတစ်မျိုးဖြစ်တဲ့ Diethylcarbamazineကို
၂၈ ရက်တိတိတိုက်ကျွေးရပါတယ်။
ဘယ်လိုကာကွယ်မလဲ။
အဓိကကတော့ ခြင်မကိုက်အောင် ၊ခြင်မပေါက်ပွားအောင် လုပ်ရပါ့ မယ်။ - ဖုံး-လှောင်ထားရေတွေကိုသေချာဖုံးထားရမယ်။
- သွန်-ရေတင်ကျန်နေတာတွေကိုသွန်ပစ်ရမယ် ။
- ခပ်-ပိုးလောက်လန်းတွေကိုခပ်ပစ်ရမယ် ။
- စစ်-ရေကိုသေချာစစ်ပြီးမှ သောက်သုံးရမယ်။
- လောင်း-ရေမြောင်းထဲတို့ကိုရေနံဆီတို့ လောင်းရမယ် ။
- ထောင်-နေ့လည်နေ့ခင်းအိပ်ရင် ခြင်ထောင် ထောင်အိပ်ရမယ် ။
- လဲ-ဘုရားသောက်တော်ရေတို့ ၊ပန်းအိုးတို့ ၊ချိုးရေကန်တို့ကိုအချိန်
မှန် လဲလှယ်ရမယ် ။ - ဖွင့်-နေရောင်ရအောင် ပြတင်းတံခါးတွေကိုဖွင့်ရမယ် ။
- မြုပ်-ရေတင်ကျန်နိုင်တဲ့ အိုးခြမ်းပဲ့ ၊တာယာအဟောင်းတွေကိုမြေမြုပ်
ပစ်ရမယ် ။ - ရှင်း-ခြင်အောင်းနိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ၊ပစ္စည်းအဟောင်းတွေ
ကိုရှင်းပစ်ရမယ် ။ - မှုတ်-ခြင်မအောင်းနိုင်အောင် ခြင်ဆေးနဲ့ မှုတ်ထုတ်ပစ်ရမယ် ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး WHO က ၂၀၂၀ ပြည့်နှစ်မှာ
ဆင်ခြေထောက်ရောဂါကို ကမ္ဘာတစ်ဝှမ်း ကင်းစင်ဖို့အတွက် အသက် ၂ နှစ်မှ
စပြီးလူထုတစ်ရပ်လုံးကိုသန်ချဆေး ၂မျိုး တိုက်ကျွေးတဲ့ အစီအစဉ်ကိုအကောင်
အထည် ဖော်လျက်ရှိပါတယ်။
သန်ချ ဆေး၂မျိုးကတော့Albendazole400mgနဲ့Diethylcarbamazine
100mg တို့ပဲဖြစ်ပါတယ် ။ အသက် ၂နှစ်နဲ့ ၅နှစ်ကြားဆိုတစ်မျိုးကိုတစ်လုံးစီ ၊
အသက် ၅နှစ်နဲ့ ၁၄နှစ်ကြားဆိုAlbendazoleတစ်လုံး ၊Diethylcarbamzine
၂လုံး ၊၁၄နှစ်နဲ့ အထက်ဆိုAlbendazoleတစ်လုံး ၊Diethylcarbamzine ၃လုံး ကို
နိုင်ငံအဝန်း တိုုက်ကျွေးပါတယ်။
သန်ချဆေးမသောက်သင့်သူတွေကတော့
- အသက် ၂နှစ်အောက်ကလေးတွေ
- ကိုယ်ဝန်ဆောင်တွေ
- သွေးတိုးဆီးချို ကဲ့သို့သောနာတာရှည်ရောဂါ ရှိသူတွေ
- ရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရသူတွေ
ပဲဖြစ်ပါတယ်။
ဘာတွေဆိုးကျိုးရှိလဲ
- သန်ချဆေးဖြစ်တဲ့အလျောက် လှုပ်ရှားရင် မူးမယ် ၊ပျို့မယ်
- -အင်ပြင်ထမယ်။
- ပျို့ရင် B6 တစ်လုံးသောက် ။အင်ပြင်ထရင် ဘာမီတွန်တစ်လုံးသောက်။
- မသက်သာက ၊ဆေးမတည့်သလို ဖြစ်ကနီးစပ်ရာဆေးရုံ ၊ဆေးခန်းပြပါ။
Author – ခေတ်သစ်ဇီဝက