(Zawgyi)
ႏႈတ္ခမ္းဟာ အလွျပင္ဆရာရဲ႕ အယူအဆအရ မ်က္ႏွာေပၚမွာ အေရာင္အလွဆုံး၊ အမူအရာ အႂကြယ္ဆုံး၊ လူကို ဆြဲေဆာင္မႈ အရွိဆုံးျဖစ္တယ္။ ႏႈတ္ခမ္းရဲ႕ အေရာင္အေသြး နီနီစိုစိုရွိၿပီး ႏႈတ္ခမ္းေသးေသးပါးပါးနဲ႔ ႏႈတ္ခမ္းေထာင့္က အထက္ကို ေကာ့တက္ေနရင္ အျမင္လွတယ္ ယူဆတယ္။
ႏႈတ္ခမ္းေရာင္ ေမွးမွိန္ေမွာင္မႈိင္းရင္ ကိုယ္တြင္း အပူႀကီးျခင္းျဖစ္ႏိုင္တယ္။ ႏႈတ္ခမ္းအေရာင္ဟာ နီလြန္းၿပီး နီေမာင္းေနရင္ ခႏၶာကိုယ္တြင္း အပူမ်ားလို႔ျဖစ္တယ္။ အနံ႔ပါဆိုးေနရင္ သရက္႐ြက္နဲ႔ အစာအိမ္တို႔ အပူမ်ားေနတာ ေဖာ္ျပေနတယ္။ နံေဘးနံေစာင္း ႏွစ္ဖက္ နာက်င္မႈတြဲဖက္ေနရင္ အသည္းႀကီးျခင္းျဖစ္တယ္။ အပူမီး လြန္ကဲလို႔ ႏႈတ္ခမ္းအနီရင့္ရင့္ျဖစ္ေနရင္ အပူမီး အစာအိမ္မီး ေလွ်ာ့ခ်ဖို႔လိုတယ္။
အပူ၊ အစပ္၊ အဆီ၊ အဆိမ့္မ်ားႏွင့္ အခ်ိဳ၊ အခ်ိဳရည္ဗူး၊ အခ်ိဳမႈန႔္ ေလ်ာ့စားရမယ္။ ကယ္လိုရီလြန္ကဲတဲ့ ဆိတ္သား၊ ဂ်င္းစင္းစတဲ့ အစားအစာမ်ား ေရွာင္ၾကဥ္သင့္တယ္။အစာအိမ္မီး ၿငိမ္းေအးေစတဲ့ အစာမ်ားျဖစ္တဲ့ ပဲျပား၊ ပဲတီစိမ္း၊ ၾကက္ဟင္းခါးသီး ၊ တ႐ုတ္နံနံ၊ ဌက္ေပ်ာသီး၊ သစ္ေတာ္သီးႏွင့္ သည္းေျခမီးၿငိမ္း ေအးေစတဲ့ ကြၽဲေကာသီးႏွင့္ ပန္းသီး၊ ၾကာ႐ိုးၾကာစြယ္၊ခရမ္းသီးတို႔ကို ပိုၿပီး စားသင့္ပါတယ္။အားကစားႏွင့္ ကိုယ္လက္ေလ့က်င့္ခန္း မ်ားမ်ားလုပ္ျခင္းျဖင့္ ေသြးလွည့္ပတ္မႈ ပိုျမန္ဆန္ၿပီး မ်က္ႏွာရဲ႕ အေသြးအေရာင္ ေကာင္းေကာင္းျပဳျပင္ ေပးႏိုင္ပါတယ္။
ႏႈတ္ခမ္းဆိုးေဆးဖ်က္တဲ့အခါ ႏႈတ္ခမ္းအတြက္ အထူးသုံးဖို႔ ထုတ္လုပ္ထားတဲ့ ပစၥည္းသုံးရမယ္။
ႏႈတ္ခမ္းသားၾကမ္းပါလွ်င္ – ႏႈတ္ခမ္းအေရာင္မလွရင္ ႏႈတ္ခမ္းနီဆိုးၿပီး ျပဳျပင္ႏိုင္တယ္။ ႏႈတ္ခမ္းသားၾကမ္းရင္ ဖုံးဖိလို႔မရပါ။ ၾကမ္းတမ္းတဲ့ ခံစားခ်က္မ်ား ျပဳျပင္ေပးႏိုင္ပါတယ္။ ႏႈတ္ခမ္းကို ႏူးႏူးညံ့ညံ့ ကိုင္တြယ္ရမယ္။ ပါးစပ္သုတ္တဲ့အခါ မိတ္ကပ္ဖ်က္၊ ႏႈတ္ခမ္းနီဖ်က္တဲ့အခါ ႏူးညံ့ညင္သာမႈ ရွိရပါမယ္။ နည္းမွန္လမ္းမွန္သုံးရင္ ႏႈတ္ခမ္းမထိခိုက္ႏိုင္ပါဘူး။ႏႈတ္ခမ္းကို လ်က္တတ္တဲ့ အက်င့္ဆိုးကို ျပင္ရမယ္။ ႏႈတ္ခမ္းေျခာက္ရင္ အလိုအေလ်ာက္ လွ်ာနဲ႔ လ်က္တတ္တာ လူတို႔ရဲ႕ သဘာဝျဖစ္တယ္။ ႏႈတ္ခမ္းက လ်က္ေလေျခာက္ေလျဖစ္လို႔ေနပါတယ္။ႏႈတ္ခမ္းစိုစြတ္ႏူးညံ့ေစဖို႔ ဂ႐ုစိုက္ၿပီး အာဟာရျဖစ္ေအာင္ စားေပးရပါမယ္။ႏႈတ္ခမ္းနီ မဆိုးခင္ ႏႈတ္ခမ္းစိုစြတ္မႈကို ထိန္းသိမ္းေပးႏိုင္တဲ့ အဆီတစ္လႊာတင္ေပးရမယ္။ေန႔တိုင္း စကၠန႔္ (၃၀) မွ (၆၀) ထိ ႏႈတ္ခမ္းကို ႏွိပ္ႏွယ္ေပးရမယ္။ ေရမ်ားမ်ားေသာက္ေပးရမယ္။ႏႈတ္ခမ္းမစူရပါ။ ႏႈတ္ခမ္းစူရင္ ႏႈတ္ခမ္းေျခာက္ေသြ႕ အက္ကြဲေစပါတယ္။
ႏႈတ္ခမ္းပတ္လည္မဲျခင္း – ႏႈတ္ခမ္းမဲျခင္းဟာ ခႏၶာကိုယ္တြင္း အစိုဓာတ္လြန္ကဲမႈေၾကာင့္ ယူဆတယ္။ ေန႔စဥ္ နာရီဝက္မွ တစ္နာရီ အားကစား (အေျပး၊ လမ္းေလွ်ာက္၊ စက္ဘီးစီး) လုပ္ရမယ္။ ေရေႏြးနဲ႔ ေျခေထာက္စိမ္ရမယ္။ အေအး၊ အစိမ္းစားျခင္း၊ ဆီေၾကာ္၊ အဆီအဆိမ့္ စားျခင္းတို႔ ေရွာင္ရွားသင့္ပါတယ္။
Author – ေဒါက္တာ လြင္သန႔္ Healthcare Journal (VOL:7/ NO:13/ PG: 21)
(Unicode)
နှုတ်ခမ်းဟာ အလှပြင်ဆရာရဲ့ အယူအဆအရ မျက်နှာပေါ်မှာ အရောင်အလှဆုံး၊ အမူအရာ အကြွယ်ဆုံး၊ လူကို ဆွဲဆောင်မှု အရှိဆုံးဖြစ်တယ်။ နှုတ်ခမ်းရဲ့ အရောင်အသွေး နီနီစိုစိုရှိပြီး နှုတ်ခမ်းသေးသေးပါးပါးနဲ့ နှုတ်ခမ်းထောင့်က အထက်ကို ကော့တက်နေရင် အမြင်လှတယ် ယူဆတယ်။
နှုတ်ခမ်းရောင် မှေးမှိန်မှောင်မှိုင်းရင် ကိုယ်တွင်း အပူကြီးခြင်းဖြစ်နိုင်တယ်။ နှုတ်ခမ်းအရောင်ဟာ နီလွန်းပြီး နီမောင်းနေရင် ခန္ဓာကိုယ်တွင်း အပူများလို့ဖြစ်တယ်။ အနံ့ပါဆိုးနေရင် သရက်ရွက်နဲ့ အစာအိမ်တို့ အပူများနေတာ ဖော်ပြနေတယ်။ နံဘေးနံစောင်း နှစ်ဖက် နာကျင်မှုတွဲဖက်နေရင် အသည်းကြီးခြင်းဖြစ်တယ်။ အပူမီး လွန်ကဲလို့ နှုတ်ခမ်းအနီရင့်ရင့်ဖြစ်နေရင် အပူမီး အစာအိမ်မီး လျှော့ချဖို့လိုတယ်။
- အပူ၊ အစပ်၊ အဆီ၊ အဆိမ့်များနှင့် အချို၊ အချိုရည်ဗူး၊ အချိုမှုန့် လျော့စားရမယ်။
- ကယ်လိုရိလွန်ကဲတဲ့ ဆိတ်သား၊ ဂျင်းစင်းစတဲ့ အစားအစာများ ရှောင်ကြဉ်သင့်တယ်။
- အစာအိမ်မီး ငြိမ်းအေးစေတဲ့ အစာများဖြစ်တဲ့ ပဲပြား၊ ပဲတီစိမ်း၊ ကြက်ဟင်းခါးသီး ၊ တရုတ်နံနံ၊ ဌက်ပျောသီး၊ သစ်တော်သီးနှင့် သည်းခြေမီးငြိမ်းအေးစေတဲ့ ကျွဲကောသီးနှင့် ပန်းသီး၊ ကြာရိုးကြာစွယ်၊ ခရမ်းသီးတို့ကို ပိုပြီး စားသင့်ပါတယ်။
- အားကစားနှင့် ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ခြင်းဖြင့် သွေးလှည့်ပတ်မှု ပိုမြန်ဆန်ပြီး မျက်နှာရဲ့ အသွေးအရောင် ကောင်းကောင်းပြုပြင် ပေးနိုင်ပါတယ်။
- နှုတ်ခမ်းဆိုးဆေးဖျက်တဲ့အခါ နှုတ်ခမ်းအတွက် အထူးသုံးဖို့ ထုတ်လုပ်ထားတဲ့ ပစ္စည်းသုံးရမယ်။
နှုတ်ခမ်းသားကြမ်းပါလျှင် – နှုတ်ခမ်းအရောင်မလှရင် နှုတ်ခမ်းနီဆိုးပြီး ပြုပြင်နိုင်တယ်။ နှုတ်ခမ်းသားကြမ်းရင် ဖုံးဖိလို့မရပါ။ ကြမ်းတမ်းတဲ့ ခံစားချက်များ ပြုပြင်ပေးနိုင်ပါတယ်။ - နှုတ်ခမ်းကို နူးနူးညံ့ညံ့ ကိုင်တွယ်ရမယ်။ ပါးစပ်သုတ်တဲ့အခါ မိတ်ကပ်ဖျက်၊ နှုတ်ခမ်းနီဖျက်တဲ့အခါ နူးညံ့ညင်သာမှု ရှိရပါမယ်။ နည်းမှန်လမ်းမှန်သုံးရင် နှုတ်ခမ်းမထိခိုက်နိုင်ပါဘူး။
- နှုတ်ခမ်းကို လျက်တတ်တဲ့ အကျင့်ဆိုးကို ပြင်ရမယ်။ နှုတ်ခမ်းခြောက်ရင် အလိုအလျောက် လျှာနဲ့ လျက်တတ်တာ လူတို့ရဲ့ သဘာဝဖြစ်တယ်။ နှုတ်ခမ်းက လျက်လေခြောက်လေဖြစ်လို့နေပါတယ်။
- နှုတ်ခမ်းစိုစွတ်နူးညံ့စေဖို့ ဂရုစိုက်ပြီး အာဟာရဖြစ်အောင် စားပေးရပါမယ်။
- နှုတ်ခမ်းနီ မဆိုးခင် နှုတ်ခမ်းစိုစွတ်မှုကို ထိန်းသိမ်းပေးနိုင်တဲ့ အဆီတစ်လွှာတင်ပေးရမယ်။
- နေ့တိုင်း စက္ကန့် (၃၀) မှ (၆၀) ထိ နှုတ်ခမ်းကို နှိပ်နှယ်ပေးရမယ်။ ရေများများသောက်ပေးရမယ်။
- နှုတ်ခမ်းမစူရပါ။ နှုတ်ခမ်းစူရင် နှုတ်ခမ်းခြောက်သွေ့ အက်ကွဲစေပါတယ်။
နှုတ်ခမ်းပတ်လည်မဲခြင်း – နှုတ်ခမ်းမဲခြင်းဟာ ခန္ဓာကိုယ်တွင်း အစိုဓာတ်လွန်ကဲမှုကြောင့် ယူဆတယ်။ နေ့စဉ် နာရီဝက်မှ တစ်နာရီ အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်ရမယ်။ - ရေနွေးနဲ့ ခြေထောက်စိမ်ရမယ်။
- အအေး၊ အစိမ်းစားခြင်း၊ ဆီကြော်၊ အဆီအဆိမ့် စားခြင်းတို့ ရှောင်ရှားသင့်ပါတယ်။
Author – ဒေါက်တာ လွင်သန့် Healthcare Journal (VOL:7/ NO:13/ PG: 21)