fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အမာရွတ်

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/07/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အမာရြတ္

ျခင္ကိုက္လို႔ ကုတ္ရာကေန အမာရြတ္ျဖစ္တာ၊၀က္ျခံေရေက်ာက္ေပါက္ျပီးအမာရြတ္က်န္တာ၊ထိခိုက္ဒဏ္ရာရျပီး အမာရြတ္ျဖစ္တာ၊ခြဲစိပ္ရာကေနအမာရြတ္ျဖစ္တာ စသျဖင္႔ အမာရြတ္ျဖစ္ရျခင္းအေၾကာင္းေတြအမ်ားၾကီးရွိပါတယ္။

ဘာေၾကာင္႔ပဲျဖစ္ျဖစ္ ျဖစ္လာတဲ႔အမာရြတ္ဟာ ပံုမွန္အသားေရာင္နဲ႔မတူတဲ႔အတြက္ ၾကည္႔ရတာ အျမင္မလွပါဘူး။တခ်ိဳ႕အမာရြတ္ေတြဆိုခ်ိဳင္႔ခြက္လိုခ်ိဳင္႔၀င္ေနတာမ်ိဳးလည္းရွိပါတယ္။

လူအမ်ားစုအေနနဲ႔ အမာရြတ္က လူမျမင္ကြယ္ရာေနရာမွာျဖစ္ရင္ သာေပ်ာက္ဖို႔ဆႏၵသိပ္မျပင္းျပေပမယ္႔ လူျမင္ကြင္းေနရာေတြမွာျဖစ္ျပီဆိုရင္ ခ်က္ခ်င္းနီးပါးေပ်ာက္ခ်င္ၾကပါတယ္။

အထူးသျဖင္႔ မိန္းကေလးေတြဆိုရင္ မ်က္နွာမွာအမာရြတ္ျဖစ္ျပီဆိုရင္ အျပင္ထြက္ရမွာ ရွက္တဲ႔အတြက္ အျမန္ေပ်ာက္ခ်င္ၾကပါတယ္။

အတိုအျပတ္ေတြ ၀တ္ခ်င္တဲ႔ မိန္းကေလးေတြဆိုရင္လည္း ေျခေထာက္တို႔ ေပါင္တို႔မွာ အမာရြတ္ေတြျဖစ္ခဲ႔ရင္ အတိုအျပတ္၀တ္ပါက အျမင္မလွတဲ႔အတြက္ အျမန္ေပ်ာက္ခ်င္ၾကပါတယ္။

ေယာက္်ားေလးေတြအမ်ားစုအေနနဲ႔ကေတာ႔ အမာရြတ္ရွိျခင္းက သိပ္အေရးမၾကီးဘူးလို႔ထင္မိပါတယ္။သို႔ေသာ္ ေမာ္ဒယ္လုပ္မယ္႔အမ်ိဳးသားေတြ၊အလွအပကိုအေလးထားတဲ႔အမ်ိဳးသားေတြအတြက္ဆိုရင္ေတာ႔အေရးၾကီးနိုင္ပါတယ္။

အမာရြတ္ကျဖစ္ေတာ႔တာ လြယ္ေပမယ္႔ ေပ်ာက္ဖို႔က် သိပ္မလြယ္ပါဘူး။ျဖစ္တဲ႔အေၾကာင္းအရင္း အရြယ္အစားေပၚမူတည္ျပီး တခ်ိဳ႕အမာရြတ္ေတြက အခ်ိန္တိုနဲ႔ေပ်ာက္တာရွိသလို တခ်ိဳ႕အမာရြတ္ေတြကေတာ႔ လကေနနွစ္ခ်ီၾကာတာလည္းရွိပါတယ္။လံုး၀မေပ်ာက္ေတာ႔တဲ႔အမာရြတ္လည္းရွိပါတယ္။

ဒီေခတ္မွာအမာရြတ္ေပ်ာက္လိမ္းေဆးေတြေပၚေနသလို ေလဆာနဲ႔ေဖ်ာက္တာေတြ၊ထိုးေဆးနဲ႔ေဖ်ာက္တာေတြ၊ဓါတ္ေရာင္ျခည္နဲ႔ေဖ်ာက္တာေတြ စတဲ႔နည္းေတြလည္းေပၚေနပါျပီ။

သို႔ေသာ္ ဒီနည္းေတြဟာ ေငြေၾကးအကုန္အက်မ်ားျပီး ျမိဳ႔ၾကီးေတြမွာပဲလုပ္နိုင္ပါတယ္။

လိမ္းေဆးအေနနဲ႔ကလည္း ေစ်းၾကီးျပီး

ေရရွည္စြဲလမ္းရတဲ႔အတြက္ ကြ်န္ေတာ္တို႔နိုင္ငံက လူအေတာ္မ်ားမ်ားအေနနဲ႔က် သိပ္အဆင္မေျပၾကတာမ်ားပါတယ္။

ဒါေၾကာင္႔ ေငြကုန္ေၾကးက်အရမး္မ်ားဘဲ အမာရြတ္ကိုသက္သာေပ်ာက္ကင္းေစမယ္႔ အိမ္တြင္းနည္းအခ်ိဳ႕ သိသေလာက္ေရးသားတင္ျပလိုက္ရပါတယ္။

၁။ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ပင္ဟာ ကြ်န္ေတာ္တို႔ဆီမွာေပါမ်ားစြာေပါက္ေရာက္ပါတယ္။

ရွားေစာင္းလက္ပတ္မွာ Aloin,Barbaloin,aloe emodin,resins,tannis,polysaccharides စတဲ႔ ဓါတ္ေတြနဲ႔ ဗီတာမင္ဓါတ္ေတြမ်ားျပားစြာပါ၀င္ပါတယ္။

ဒီလိုဓါတ္ေတြမ်ားျပားစြာပါတဲ႔အတြက္ ရွားေစာင္းလက္ပတ္ဟာ အနာေတြ နဲ႔ အပူေလာင္ျခင္းေတြ၊အမာရြတ္ေတြကို သက္သာ ေပ်ာက္ကင္းေစႏိုင္ၿပီး အေရျပားပိုး၀င္တာအခ်ိဳ႕ကိုလည္းသက္သာေစနိုင္တယ္လို႔ ေလ့လာေတြ႔ရွိခဲ့ၾကတယ္။

ရွားေစာင္းလက္ပတ္ကို လွီးျပီး အထဲက ဂ်ယ္လီလိုအသားေလးကိုယူကာ အမာရြတ္ေနရာကိုပြတ္လူးပါ။ျပီးရင္တနာရီေလာက္ထားျပီး ေရနဲ႔ေသခ်ာေဆးပါ။တေန႔ကို နွစ္ၾကိမ္ သံုးၾကိမ္ လုပ္ေပးျခင္းျဖင္႔ အမာရြတ္ေတြသက္သာေပ်ာက္ကင္းနိုင္ပါတယ္။

၂။ၾကိတ္မွန္ရြက္

ၾကိတ္မွန္ရြက္ဟာလည္း ကြ်န္ေတာ္တို႔ဆီမွာ လမ္းေဘးအေလ႔က်ေပါက္တဲ႔အပင္ပါ။

အမာရြတ္ေတြျဖစ္ပါက ၾကိတ္မွန္ရြက္ကို ပင္စိမ္းရြက္နဲ႔ဆတူေရာေထာင္းကာ ထြက္လာတဲ႔သတၳဳရည္ကို တေန႔နွစ္ၾကိမ္လိမ္းေပးနိုင္ပါတယ္။

၃။သံပုရာသီး

သံပုရာသီးကေတာ႔ ေစ်းနည္းနည္းၾကီးေပမယ္႔ အရမ္းေစ်းၾကီးတဲ႔အထဲေတာ႔မပါပါဘူး။ ေခတ္သစ္ေလ႔လာခ်က္ေတြအရ သံပုရာသီးဟာ က်န္းမာေရးသာမက အလွအပအတြက္လည္းအေထာက္အကူျပဳေၾကာင္းေတြ႔ရွိရပါတယ္။

အမာရြတ္ျဖစ္တာေတြ၊တံေတာင္ဆစ္ေနရာေတြမွာ မည္းေနတာအတြက္ သံပုရာသီးကိုထက္ျခမ္းျခမ္းျပီး ပြတ္ေပးကာ ၅မိနစ္ေလာက္ထားျပီး ေရေဆးခ်ေပးပါက အမာရြတ္ေတြ၊ မည္းေနတာေတြေပ်ာက္ျပီး အသားအေရျပန္လည္၀င္းပလာနိုင္ပါတယ္။

၄။အာလူး

အာလူးသီးအစိမ္းကိုပါးပါးေလးလွီးျပီးပြတ္ေပးပါကလည္း အမာရြတ္ျဖစ္ေနတာကို သက္သာေပ်ာက္ကင္းေစနိုင္တယ္လို႔ေလ႔လာခ်က္တခုကေျပာထားပါတယ္။

ဒါေတြကေတာ႔ ကြ်န္ေတာ္သိသေလာက္ အမာရြတ္ေပ်ာက္နည္းေလးေတြပါ။

အဆံုးသတ္အေနနဲ႔အၾကံေပးခ်င္တာကေတာ႔ ၀က္ျခံေပါက္တဲ႔အခါမွာလက္နဲ႔ညွစ္တာမ်ိဳးကိုေရွာင္ပါ။လက္မသန္႔ပါက ပိုး၀င္ျပီး အမာရြတ္ျဖစ္နိုင္ေျခမ်ားလို႔ပါ။

အမာရြတ္ျဖစ္တဲ႔ေနရာကို ေနေရာင္နဲ႔မထိေတြ႔ေအာင္ဂရုစိုက္ဖို႔လိုပါတယ္။ေနေရာင္နဲ႔ထိတာမ်ားရင္ အမာရြတ္အေရာင္ကပိုျပီးရင္႔လာနိုင္ပါတယ္။

တခ်ိဳ႕ေသာသူေတြမွာဆိုရင္ ကံမေကာင္းစြာနဲ႔ပဲ အမာရြတ္မွာ အသားလံုးပိုေတြ ထြက္လာတတ္ပါတယ္။ျမန္မာအေခၚအရေတာ႔ မန္းသီးထတယ္လို႔ေခၚပါတယ္။အမာရြတ္ေနရာကသိသိသာသာမို႔တက္ျပီး အမာရြတ္အရြယ္အစားၾကီးလာတာပါ။

ေဆးပညာအေခၚကေတာ႔ Keloid(Hypertrophic scar) လို႔ေခၚပါတယ္။

ဒီလိုမ်ိဳးျဖစ္ရင္ေတာ႔ အေရျပားဆရာ၀န္နဲ႔ေသခ်ာျပသဖို႔လိုပါတယ္။

သီတာႏြယ္(အမရပူရ)

(Unicode)

အမာရွတ်

ခြင်ကိုက်လို့ ကုတ်ရာကနေ အမာရွတ်ဖြစ်တာ၊ဝက်ခြံရေကျောက်ပေါက်ပြီးအမာရွတ်ကျန်တာ၊ထိခိုက်ဒဏ်ရာရပြီး အမာရွတ်ဖြစ်တာ၊ခွဲစိပ်ရာကနေအမာရွတ်ဖြစ်တာ စသဖြင့် အမာရွတ်ဖြစ်ရခြင်းအကြောင်းတွေအများကြီးရှိပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် ဖြစ်လာတဲ့အမာရွတ်ဟာ ပုံမှန်အသားရောင်နဲ့မတူတဲ့အတွက် ကြည့်ရတာ အမြင်မလှပါဘူး။တချို့အမာရွတ်တွေဆိုချိုင့်ခွက်လိုချိုင့်ဝင်နေတာမျိုးလည်းရှိပါတယ်။

လူအများစုအနေနဲ့ အမာရွတ်က လူမမြင်ကွယ်ရာနေရာမှာဖြစ်ရင် သာပျောက်ဖို့ဆန္ဒသိပ်မပြင်းပြပေမယ့် လူမြင်ကွင်းနေရာတွေမှာဖြစ်ပြီဆိုရင် ချက်ချင်းနီးပါးပျောက်ချင်ကြပါတယ်။

အထူးသဖြင့် မိန်းကလေးတွေဆိုရင် မျက်နှာမှာအမာရွတ်ဖြစ်ပြီဆိုရင် အပြင်ထွက်ရမှာ ရှက်တဲ့အတွက် အမြန်ပျောက်ချင်ကြပါတယ်။

အတိုအပြတ်တွေ ဝတ်ချင်တဲ့ မိန်းကလေးတွေဆိုရင်လည်း ခြေထောက်တို့ ပေါင်တို့မှာ အမာရွတ်တွေဖြစ်ခဲ့ရင် အတိုအပြတ်ဝတ်ပါက အမြင်မလှတဲ့အတွက် အမြန်ပျောက်ချင်ကြပါတယ်။

ယောက်ျားလေးတွေအများစုအနေနဲ့ကတော့ အမာရွတ်ရှိခြင်းက သိပ်အရေးမကြီးဘူးလို့ထင်မိပါတယ်။သို့သော် မော်ဒယ်လုပ်မယ့်အမျိုးသားတွေ၊အလှအပကိုအလေးထားတဲ့အမျိုးသားတွေအတွက်ဆိုရင်တော့အရေးကြီးနိုင်ပါတယ်။

အမာရွတ်ကဖြစ်တော့တာ လွယ်ပေမယ့် ပျောက်ဖို့ကျ သိပ်မလွယ်ပါဘူး။ဖြစ်တဲ့အကြောင်းအရင်း အရွယ်အစားပေါ်မူတည်ပြီး တချို့အမာရွတ်တွေက အချိန်တိုနဲ့ပျောက်တာရှိသလို တချို့အမာရွတ်တွေကတော့ လကနေနှစ်ချီကြာတာလည်းရှိပါတယ်။လုံးဝမပျောက်တော့တဲ့အမာရွတ်လည်းရှိပါတယ်။

ဒီခေတ်မှာအမာရွတ်ပျောက်လိမ်းဆေးတွေပေါ်နေသလို လေဆာနဲ့ဖျောက်တာတွေ၊ထိုးဆေးနဲ့ဖျောက်တာတွေ၊ဓါတ်ရောင်ခြည်နဲ့ဖျောက်တာတွေ စတဲ့နည်းတွေလည်းပေါ်နေပါပြီ။

သို့သော် ဒီနည်းတွေဟာ ငွေကြေးအကုန်အကျများပြီး မြို့ကြီးတွေမှာပဲလုပ်နိုင်ပါတယ်။

လိမ်းဆေးအနေနဲ့ကလည်း ဈေးကြီးပြီး

ရေရှည်စွဲလမ်းရတဲ့အတွက် ကျွန်တော်တို့နိုင်ငံက လူအတော်များများအနေနဲ့ကျ သိပ်အဆင်မပြေကြတာများပါတယ်။

ဒါကြောင့် ငွေကုန်ကြေးကျအရမ်းများဘဲ အမာရွတ်ကိုသက်သာပျောက်ကင်းစေမယ့် အိမ်တွင်းနည်းအချို့ သိသလောက်ရေးသားတင်ပြလိုက်ရပါတယ်။

၁။ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ပင်ဟာ ကျွန်တော်တို့ဆီမှာပေါများစွာပေါက်ရောက်ပါတယ်။

ရှားစောင်းလက်ပတ်မှာ Aloin,Barbaloin,aloe emodin,resins,tannis,polysaccharides စတဲ့ ဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေများပြားစွာပါဝင်ပါတယ်။

ဒီလိုဓါတ်တွေများပြားစွာပါတဲ့အတွက် ရှားစောင်းလက်ပတ်ဟာ အနာတွေ နဲ့ အပူလောင်ခြင်းတွေ၊အမာရွတ်တွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်တာအချို့ကိုလည်းသက်သာစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြတယ်။

ရှားစောင်းလက်ပတ်ကို လှီးပြီး အထဲက ဂျယ်လီလိုအသားလေးကိုယူကာ အမာရွတ်နေရာကိုပွတ်လူးပါ။ပြီးရင်တနာရီလောက်ထားပြီး ရေနဲ့သေချာဆေးပါ။တနေ့ကို နှစ်ကြိမ် သုံးကြိမ် လုပ်ပေးခြင်းဖြင့် အမာရွတ်တွေသက်သာပျောက်ကင်းနိုင်ပါတယ်။

၂။ကြိတ်မှန်ရွက်

ကြိတ်မှန်ရွက်ဟာလည်း ကျွန်တော်တို့ဆီမှာ လမ်းဘေးအလေ့ကျပေါက်တဲ့အပင်ပါ။

အမာရွတ်တွေဖြစ်ပါက ကြိတ်မှန်ရွက်ကို ပင်စိမ်းရွက်နဲ့ဆတူရောထောင်းကာ ထွက်လာတဲ့သတ္ထုရည်ကို တနေ့နှစ်ကြိမ်လိမ်းပေးနိုင်ပါတယ်။

၃။သံပုရာသီး

သံပုရာသီးကတော့ ဈေးနည်းနည်းကြီးပေမယ့် အရမ်းဈေးကြီးတဲ့အထဲတော့မပါပါဘူး။ ခေတ်သစ်လေ့လာချက်တွေအရ သံပုရာသီးဟာ ကျန်းမာရေးသာမက အလှအပအတွက်လည်းအထောက်အကူပြုကြောင်းတွေ့ရှိရပါတယ်။

အမာရွတ်ဖြစ်တာတွေ၊တံတောင်ဆစ်နေရာတွေမှာ မည်းနေတာအတွက် သံပုရာသီးကိုထက်ခြမ်းခြမ်းပြီး ပွတ်ပေးကာ ၅မိနစ်လောက်ထားပြီး ရေဆေးချပေးပါက အမာရွတ်တွေ၊ မည်းနေတာတွေပျောက်ပြီး အသားအရေပြန်လည်ဝင်းပလာနိုင်ပါတယ်။

၄။အာလူး

အာလူးသီးအစိမ်းကိုပါးပါးလေးလှီးပြီးပွတ်ပေးပါကလည်း အမာရွတ်ဖြစ်နေတာကို သက်သာပျောက်ကင်းစေနိုင်တယ်လို့လေ့လာချက်တခုကပြောထားပါတယ်။

ဒါတွေကတော့ ကျွန်တော်သိသလောက် အမာရွတ်ပျောက်နည်းလေးတွေပါ။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ဝက်ခြံပေါက်တဲ့အခါမှာလက်နဲ့ညှစ်တာမျိုးကိုရှောင်ပါ။လက်မသန့်ပါက ပိုးဝင်ပြီး အမာရွတ်ဖြစ်နိုင်ခြေများလို့ပါ။

အမာရွတ်ဖြစ်တဲ့နေရာကို နေရောင်နဲ့မထိတွေ့အောင်ဂရုစိုက်ဖို့လိုပါတယ်။နေရောင်နဲ့ထိတာများရင် အမာရွတ်အရောင်ကပိုပြီးရင့်လာနိုင်ပါတယ်။

တချို့သောသူတွေမှာဆိုရင် ကံမကောင်းစွာနဲ့ပဲ အမာရွတ်မှာ အသားလုံးပိုတွေ ထွက်လာတတ်ပါတယ်။မြန်မာအခေါ်အရတော့ မန်းသီးထတယ်လို့ခေါ်ပါတယ်။အမာရွတ်နေရာကသိသိသာသာမို့တက်ပြီး အမာရွတ်အရွယ်အစားကြီးလာတာပါ။

ဆေးပညာအခေါ်ကတော့ Keloid(Hypertrophic scar) လို့ခေါ်ပါတယ်။

ဒီလိုမျိုးဖြစ်ရင်တော့ အရေပြားဆရာဝန်နဲ့သေချာပြသဖို့လိုပါတယ်။

သီတာနွယ်(အမရပူရ)

Previous Post

ရာသီပန်းရဲ့ဒုက္ခ

Next Post

ရဲယိုသီးအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရဲယိုသီးအကြောင်းသိကောင်းစရာ

တစ်ဖြည်းဖြည်းပိန်လာခြင်း

အဖြစ်များတဲ့ ရင်သားကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.