fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးအားနည်းခြင်း (Anaemia)

489
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/01/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တွေ့ရလေ့ရှိသော သွေးအားနည်းရောဂါ (Anaemia) ပဲဖြစ်တယ်။ ကမ္ဘာပေါ် ရှိလူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမ မရွေးဖြစ်ရတဲ့အကြောင်းရင်းကွာခြားပြီး သွေးအားနည်းတတ်တယ်။ သွေး အားနည်းခြင်းဟာ သွေးတိုးရောဂါလိုပဲ အဖြစ်များတယ်။ သွေးတိုးရောဂါဟာ သွေးဖိအားနည်းခြင်းကြောင့်ဖြစ် ပေမယ့် သွေးအားနည်းခြင်းက သွေးဖိအားနည်းခြင်းလို့မဟုတ်ဘဲ သွေးအတွင်းသံဓာတ်နည်းလို့ဖြစ်တယ်။ လူ့ ခန္ဓာကိုယ်အတွင်းမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးရည်ကြည်တို့ပါဝင်တယ်။ သွေးအားနည်းခြင်းဟာ သွေးနီဥနဲ့သာ ဆိုင်တယ်။ သွေးနီဥမှာ ဟေမိုဂလိုဘင်ရှိပြီး ယင်းကိုသံဓာတ်နှင့်ပရိုတိန်းဓာတ်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်။ ဒါကြောင့် သွေးဟာခန္ဓာကိုယ်အတွင်းလိုတဲ့ အောက်စီဂျင်နဲ့ခန္ဓာကိုယ်မှ ပြန်စွန့်ထုတ်မယ့် ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့များကို သယ်ဆောင်နိုင်ခြင်းဖြစ်တယ်။

လူကြီးတစ်ယောက်မှာသွေးပမာဏ တစ်ကုဗမီလီမီတာမှာ ယောကျ်ားတစ်ယောက်သွေးနီဥ (၄.၅ သန်း)မှ (၆.၅ သန်း)ခန့်အထိရှိပြီး၊ မိန်းမသွေးနီဥ (၃.၉ သန်း) မှ (၅.၆ သန်း)အထိရှိတယ်။ မြန်မာလူမျိုးမှ သွေးတစ်ကုဗမီလီမီ တာမှာယောကျ်ားသွေးနီဥ (၄.၅ သန်း)နဲ့မိန်းမသွေးနီဥ (၄ သန်း)ရှိပါတယ်။ သာမန်လူကြီးသွေး (၁၀၀မီလီမီ တာ) မှာယောကျ်ားဟေမိုဂလိုဘင် (၁၃.၅ မှ ၁၀၀ ဂရမ်) နဲ့မိန်းမဟေမိုဂလိုဘင် ဘက် (၁၄.၄ ဂရမ်)နဲ့မိန်းမ (၁၂.၅ ဂရမ်) ပါဝင်တယ်။

သွေးနီဥတွေထုတ်လုပ်ရာမှာ အဓိကသံဓာတ်၊ ဗီတာမင်ဘီနဲ့စီဓာတ်၊ ဖိုလစ်အက်ဆစ်နဲ့ ပရိုတိန်းတို့ပါဝင်တယ်။ သွေးနီဥရဲ့ပျမ်းမျှသက်တမ်းဟာ ရက် ၁၀၀ မှ ၁၂၀ ထိဖြစ်ပြီး၊ သွေးနီဥပျက်စီးတဲ့အခါ ဟေမိုဂလိုဘင်လည်းကွဲ ပျက်ရတယ်။ သွေးအားနည်းခြင်းဆိုတာ သွေးအတွင်းဟေမိုဂလိုဘင်ဟာ လူတစ်ယောက်မှာယောက်ျားမိန်းမအ လိုက်လျော့နည်းနေတယ်။ သွေးအားနည်းရာမှာ ရှိသင့်တာထက် သွေးနီဥအရေအတွက်၊ သွေးနီဥမှာဟေမိုဂလို ဘင်ပါဝင်မှု (သို့) နှစ်မျိုးစလုံးလျော့နည်းနေတတ်တယ်။ သွေး (၁၀၀ မီလီဂရမ်) မှာယောက်ျားဟေမိုဂလိုဘင် (၁၃ ဂရမ်)၊ ကိုယ်ဝန်မရှိသူ (၁၂ ဂရမ်) နဲ့ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၀ ဂရမ်)ထက်နည်းနေရင် သွေးအား နည်းရောဂါရှိတယ်လို့ သတ်မှတ်တယ်။

သွေးအားနည်းခြင်းအကြောင်းအရင်းမှာ သွေးနီဥမွှားပေါက်ကွဲပျက်စီးများခြင်း၊ ခန္ဓာကိုယ်မှသွေးဆုံးရှုံးမှုများခြင်း၊ သွေးနီဥလုံလုံလောက်လောက် မထုတ်နိုင်ခြင်း၊ သွေးနီဥထုတ်လုပ်ဖို့ လိုအပ်တဲ့အာဟာရဓာတ်ချို့တဲ့ခြင်းတို့ ကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးမှာ သံဓာတ်ချို့တဲ့ခြင်းဖြစ်တယ်။ ဗီတာမင်ဘီတွဲ ချို့တဲ့မှုဟာ မြန်မာနိုင်ငံမှာ အဖြစ်နည်းတယ်။ ဗီတာမင်စီချို့တဲ့မှုဟာ အဖြစ်နည်းတယ်။ ပရိုတိန်းချို့တဲ့မှုကြောင့်သွေးအား နည်းခြင်း တစ်ခါတစ်ရံတွေ့ရတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖောလစ်အက်ဆစ်ဓာတ်ချို့တဲ့မှုဖြစ်နိုင်တယ်။

ကလေးငယ်များခန္ဓာကိုယ်ကြီးထွားစဉ်၊ အမျိုးသမီးများရာသီလာစဉ်၊ ကိုယ်ဝန်ဆောင်စဉ်၊ နို့တိုက်ကျွေးစဉ်တို့မှာ ခန္ဓာကိုယ်အတွင်းသံဓာတ်ပိုမိုလိုအပ်တဲ့အခါ သာမန်အာဟာရနဲ့မလုံလောက်ဘဲ သံဓာတ်ချို့တဲ့တယ်။ အစာ လမ်းကြောင်းမှာအစာစုပ်ယူမှု ချွတ်ယွင်းရင်လည်း သံဓာတ်ချို့တဲ့တယ်။ အရိုးတွင်းရိုးတွင်းချဉ်ဆီရဲ့ သွေးနီဥ ထုတ်လုပ်မှုချွတ်ယွင်းရင် သွေးအားနည်းခြင်းဖြစ်နိုင်တယ်။ အပြင်းဖျားခြင်း၊ ကျောက်ကပ်ရောဂါ၊ အသည်းရော ဂါ၊ သွေးကင်ဆာစတဲ့ပြင်းထန်တဲ့ ရောဂါဆိုးများနဲ့ နာတာရှည်ရောဂါများဖြစ်ခြင်းဟာ ရိုးတွင်းခြင်ဆီရဲ့လုပ် ဆောင်မှုပျက်စီးစေတယ်။ အချို့ဆေးများကို တိုက်ဖွိုက်မှာသုံးတဲ့ လာလိုရမ်ဖီနင်ကောစတဲ့ဆေးများ၊ ကင်ဆာ ဆေးအချို့ဟာ သွေးနီဥထုတ်လုပ်မှုကိုထိခိုက်ပျက်စီးစေတယ်။

သွေးနီဥများပျက်စီးပေါက်ကွဲမှုများခြင်းဟာ မူမမှန်ဟေမိုဂလိုဘင်တွေ့ရတဲ့ မျိုးရိုးစဉ်ဆက်ဖြစ်တတ်တယ်။ ဟေမို ဂလို ဘင်ရောဂါများနဲ့ ငှက်ဖျားရောဂါပိုးတို့ကြောင့်ဖြစ်တယ်။ ဒဏ်ရာကြောင့် သွေးအန်ခြင်း၊ သွေးထွက်ခြင်း၊ ရာ သီသွေးလွန်ခြင်း၊ ကိုယ်ဝန်ဆောင်များကလေးမမွေးခင် မွေးနေစဉ်နဲ့မွေးပြီးတဲ့အခါ သွေးအန်ခြင်းစတဲ့သွေးဆုံးရှုံး မှုများရင် သွေးအားနည်းရောဂါရတတ်ပါတယ်။

နေ့စဉ်ရက်ဆက်နဲ့ တစိမ့်စိမ့်နဲ့ကိုယ်ခန္ဓာအတွင်း ဆီးလမ်းကြောင်းအစာလမ်းကြောင်းတု့ိမှ သွေးထွက်ခြင်း ကြောင့်လည်း သွေးအားနည်းရောဂါရတတ်တယ်။ ဥပမာ -အစာအိမ်ရောဂါ၊ အူတီဘီ၊ လိပ်ခေါင်းရောဂါ၊ အစာ အိမ်နဲ့အူကင်ဆာ၊ အူအတွင်းချိတ်သန်ကောင် (Hoch Worm) များကပ်တွယ်ခြင်းတို့ဖြစ်တယ်။ သွေးအားနည်း ခြင်းလက္ခဏာများမှာ မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ တစ်ကိုယ်လုံးရှိကြွက်သားအားနည်းခြင်း၊ အလုပ်အ နည်းလုပ်ရုံနဲ့ ပင်ပန်းတတ်ခြင်း၊ အသားရောင်ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ မစားချင်မသောက်ချင်ဖြစ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်း၊ အသက်ရှုမဝခြင်း၊ မူးဝေခေါင်းကိုက်ခြင်းနဲ့ နားအူခြင်း တို့ဖြစ်တတ်တယ်။

ယင်းရောဂါမျိုးဟာ ဟေမိုဂလိုဘင်မလုံလောက်လို့ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကိုလိုအပ်တဲ့ အောက်စီ ဂျင်အပြည့်အဝမပို့နိုင်လို့ဖြစ်တယ်။ သွေးအားနည်းခြင်းအလွန်များရင် ခြေထောက်များဖောရောင်ခြင်း၊ နှလုံးရော ဂါဖြစ်ခြင်းတို့ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်များမှာ ရောဂါပြင်းထန်ရင် ကိုယ်ဝန်ဆောင်စဉ်နဲ့ကလေးမွေးဖွား စဉ်တလျောက် အခက်အခဲအန္တရာယ်မျိုးစုံနဲ့ ကြုံတွေ့ရတတ်တယ်။

သွေးအားမနည်းရအောင် သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ အသည်း၊ အမြစ်၊ အမဲသား၊ ကန်စွန်းရွက်၊ ဟင်း နုနယ်ရွက်၊ ဒန့်သလွန်ရွက်၊ ဆူးပုပ်ရွက်တို့ကို လုံလုံလောက်လောက်စားပေးသင့်တယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့က လေးနို့တိုက်စဉ် သံဓာတ်အထူးလိုအပ်ပြီး ငါးခြောက်၊ ဟင်းခါးတို့ကိုစားပြီး အစားရှောင်တဲ့အလေ့အထကို ရှောင် ဖို့လိုတယ်။ လိုအပ်ရင်သံဓာတ်ပါတဲ့ အားဆေးများ၊ ဖျူရာမင်ဘီစီ (FBC)၊ အင်ဖရွန်တို့အသုံးပြုသင့်တယ်။ ဖော လစ်အက်ဆစ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်များ ဆလတ်ရွက်၊ ဗူးရွက်များများစားသင့်တယ်။

ပရိုတိန်းဓာတ်မချို့တဲ့ဖို့ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ပဲမျိုးစုံစားပေးသင့်တယ်။ သွေးအားနည်းခြင်းဖြစ်စေတဲ့ရော ဂါများကို တတ်နိုင်သမျှစောစောကုသင့်တယ်။ ချိတ်သန်ကောင် (Hoch Worm) ကာကွယ်ဖို့ ယင်းသန်ကောင် ဟာအရေပြားကိုဖောက်ဝင်တတ်လို့ စနစ်တကျမစင်စွန့်ခြင်း၊ အပြင်ထွက်ရင်ဖိနပ်စီးခြင်း စတဲ့တစ်ကိုယ်ရေသန့် ရှင်းရေးများလုပ်ပေးသင့်ပါတယ်။ သွေးအားနည်းရောဂါပျောက်ကင်းစေဖို့ လူနာကိုအနားယူစေခြင်း၊ ခန္ဓာကိုယ် ရဲ့အောက်စီဂျင်လိုအပ်ချက် လျော့နည်းစေဖို့၊ ရင်တုန်မောဟိုက်အားကုန်ခြင်း သက်သာစေတယ်။

လိုအပ်သလို စားဆေး၊ ထိုးဆေးစတာတွေသုံးရတယ်။ လူနာများ ကိုယ်ခံအားစနစ်လျော့နည်းလေ့ရှိပြီး၊ ကူးစက် တတ်တဲ့ရောဂါများမှလည်း ကာကွယ်ပေးရတယ်။ ရောဂါပြင်းထန်ရင် သွေးသွင်းကုသရတယ်။ ရောဂါအခြေအ နေကိုလိုက်ပြီး အချို့ကိုသွေးရိုးရိုးသွင်းပြီး အချို့ကိုသွေးနီဥတစ်မျိုးတည်းသွင်းပေးရတယ်။ သွေးအားနည်းရော ဂါဘေးမှကင်းဝေးစေဖို့ လွဲမှားတဲ့ကျန်းမာရေးအယူအဆများကို ဖျောက်ဖျက်ပြီးအာဟာရဓာတ်ပြည့်ဝဖို့ စနစ်တ ကျဆေးသောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာအောင်နေထိုင်သင့်ပါတယ်။

လူတိုင်းနှစ်စဉ်သံချဆေး (၂)ကြိမ်သောက်ပေးသင့်သလို အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ အသည်း၊ ဖောလစ် အက်ဆစ်၊ ဖျူရာမင်းဘီစီကိုစားပေးသင့်ပါတယ်။ သွေးအားနည်းရောဂါကြိုတင်ကုသရမယ်။ သွေးအားနည်းခြင်း အဓိကဖြစ်ရတဲ့အကြောင်းရင်းမှာ သွေးနီဥများလုံလောက်အောင်မထုတ်လုပ်နိုင်ခြင်း၊ သွေးနီဥပျက်စီးပေါက်ကွဲမှု များခြင်း၊ ခန္ဓာကိုယ်မှသွေးဆုံးရှုံးမှုများခြင်း၊ နာတာရှည်ရောဂါများကြောင့် ဆေးဝါးကုသမှုခံရခြင်း၊ အိပ်ချ်အိုင်ဗွီစ တဲ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတို့ကြောင့် သွေးအားနည်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်များ သံဓာတ်မချို့တဲ့ရအောင် သံဓာတ်ပါအားဆေးများ နေ့စဉ်မှီဝဲဖို့လိုအပ်ပါတယ်။ သံဓာတ်အားနည်းရင် ပေါင်မ ပြည့်ရက်မစေ့ကလေးများ မွေးနိုင်တယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

သံဆိပ်တက်ခြင်း (Tetanus)

Next Post

ခံတွင်းအနံ့ဆိုးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခံတွင်းအနံ့ဆိုးခြင်း

ကျွန်တော့် မိသားစု ၊ကျွန်တော့် သားသမီးအတွက် စိတ်ပူတာ ကျန်းမာရေး အရ စိုးရိမ်ရလား

ပျိုမေတို့ဓမ္မတာမမှန်လျှင် (Irregular Menstruation)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.