ပခုံးလှုပ်မရသောပြဿနာ (သို့) Frozen Shoulder
Frozen shoulder ဆိုတာ ပခုံးအဆစ်မှာဖြစ်တတ်တဲ့ရောဂါပါ။ ပခုံးအဆစ်ကိုဖုံးထားတဲ့ capsule ယောင်တာကြောင့် ဖြစ်လာတာတာပါ။ ဒါကြောင့် Frozen shoulder ကို ဆေးပညာမှာ Adhesive capsulitis လို့လည်း ခေါ်ပါတယ် ပုံမှန်အားဖြင့် ပခုံးအဆစ်တစ်ခုရဲ့ လှုပ်ရှားမှုကို အရိုးတွေ အရွတ်တွေနဲ့ ထိန်းပေးထားတာပါ Frozen shoulder ဖြစ်ပြီဆိုရင်တော့ ဒီပခုံးက ကောင်းမွန်းစွာမလှုပ်ရှားနိုင်တော့ဘဲ နာကျင်နေမှာပါ ပခုံးအဆစ်ခိုင်တယ်လို့ ပြောလို့ရပါတယ်။
Frozen shoulder က များသောအားဖြင့် ပခုံးတစ်ဖက်မှာပဲ ဖြစ်တတ်ပေမယ့် တစ်ခါတစ်လေတော့ နှစ်ဖက်လုံးမှာ ဖြစ်တတ်ပါတယ်။
Frozen shoulder က စဖြစ်ကာစနေ တစ်ဖြည်းဖြည်းပိုပြီး နာလာတတ်တယ်။ အစပိုင်းမှာ နည်းနည်းပါးပါးလှုပ်လို့ရပေမယ့် နောက်ပိုင်း အဆစ်ကလှုပ်ရှားလို့မရအောင် ခိုင်လာတတ်တယ် ရှေ့လွှဲမရ နောက်လွှဲမရ လက်မြှောက်လို့မရ ဖြစ်တတ်တယ် ညအိပ်တဲ့အချိန်တွေမှာပါ နာနေတတ်တယ်။
Frozen shoulder မှာ အဆင့်သုံးဆင့်ရှိပါတယ် စဖြစ်ဖြစ်ချင်းက လှုပ်လို့တော့ရတယ်။ နာတယ် နောက်တစ်ဆင့်ကတော့ လှုပ်လို့မရဘဲ ခိုင်လာတာပါ နောက်ဆုံးအဆင့်ကတော့ တစ်ဖြည်းဖြည်းပြန်ပြီးလှုပ်ရှာူလို့လွယ်လာတာပါ ဒီအဆင့်ထိရောက်ဖို့ တစ်ချို့တွေ တစ်နှစ်ကနေ သုံးနှစ်အထိစောင့်ရတတ်တယ်။
Frozen shoulder အဓိကဖြစ်တတ်တာက အသက်လေးဆယ်ကျော် အမျိုးသမီးတွေမှာပါ ပခုံးအဆစ်မှာ ထိခိုက်ဒဏ်ရာရထားဖူးတဲ့သူတွေ လက်မောင်းရိုးကျိုးထားတဲ့သူတွေ လက်မောင်းအရွတ်ထိထားလို့ ကောင်းကောင်းမလှုပ်နိုင်တဲ့သူတွေ ခွဲစိတ်ပြီး နလန်ထစလူနာတွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။
တစ်ချို့သောရောဂါတွေကလည်း Frozen shoulder နဲ့ တွဲတတ်ပါတယ် အဲ့ဒီအထဲမှာ ဆီးချိုက အတွဲအများဆုံးပါ တစ်ခြားတွေကတော့ အဆစ်နဲ့ဆိုင်တဲ့ ရောဂါတွေ သိုက်ရွက်ပြဿနာတွေ နှလုံးရောဂါတွေ တီဘီရောဂါတွေ ပါပါတယ်။
ဆီးချိုမှာ Frozen shoulder ဖြစ်တာက ဆီးချိုထိန်းတာကောင်းတာမကောင်းတာနဲ့ မဆိုင်ပါဘူး မကောင်းလည်းဖြစ်နိုင်တယ် ကောင်းလည်းဖြစ်နိုင်ပါတယ်။ ကုသမှုကလည်း ဆီးချိုဆေးနဲ့ပဲ မရတတ်ပါဘူး တစ်ခြားဆေးတွေလည်းလိုပါတယ်။ ဆီးချိုထိန်းထားနိုင်ရင်တော့ လူနာအတွက် ပိုကောင်းတာပါပဲ
Frozen shoulder က ရောဂါလက္ခဏာအရပဲ သိလွယ်တဲ့ရောဂါတစ်ခုပါ ဒါပေမယ့် တစ်ခြားဖြစ်နိုင်ချေတွေအတွက်ပါထည့်စဉ်းစားပြီး သွေးစစ်တာ ဓာတ်မှန်ရိုက်တာလိုနိုင်ပါတယ်။
ဆေးကုတာကတော့ လိမ်းဆေး သောက်ဆေးထိုးဆေးတွေ လိုတတ်ပါတယ် လေ့ကျင့်ခန်းလည်းပြန်လုပ်ပေးရမယ် နာလို့မလုပ်ဘဲထားရင်ပိုခိုင်သွားတတ်ပါတယ် လေ့ကျင့်ခန်းလုပ်တာက လိုအပ်လာရင် ပြန်လည်သန်စွမ်းရေးဌာနလို့ခေါ်တဲ့ Physiotherapists ကျွမ်းကျင်သူတွေရဲ့ အကူအညီယူရပါတယ်။
တစ်ချို့တွေကျတော့ အဆစ်ထဲကို steroid ထိုးပါတယ်။ နာတာလည်းသက်သာစေသလိုလှုပ်ရှားမှုလည်းပြန်ကောင်းလာတတ်တယ် ဒါပေမယ့် အဆစ်ထဲကိုဆေးထိုးရတာကြောင့် အဆစ်မှာပိုးဝင်တတ်တာကိုလည်း ထည့်စဉ်းစားရပါတယ်။အဆစ်ခိုင်တာအရမ်းဆိုးတယ်ဆိုရင်တော့ တင်းနေတဲ့ capsule ကို လျှော့အောင်လုပ်ပေးဖို့ခွဲစိတ်ရတာလည်း လိုတတ်ပါတယ်။ Frozen shoulder က တစ်ခါဖြစ်ပြီး အဲ့ဖက်မှာပဲဖြန်ဖြစ်တာရှားပါတယ် တစ်ချို့တွေကတော့ နောက်တစ်ဖက်မှာ ထပ်ဖြစ်တတ်ပါတယ်။
Dr. CST