fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခေါင်းကိုက်ခြင်း

139
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/06/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

(Zawgyi)

လူတိုင်းလူတိုင်း ခေါင်းကိုက်ဖူးကြမှာပါ။ ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် ၊ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းအရင်းအမျိုးမျိုးကြောင့်ခေါင်းကိုက်တတ်ကြပါတယ်။  ဒါပေမယ့် ခေါင်းကိုက်ပြီဆိုရင် ဘယ်လိုကိုက်တာလဲဆိုတာကို ဝေဒနာခံစားရတဲ့သူက ကွဲကွဲပြားပြားသိဖို့လို့ပါမယ်။ ခေါင်းကိုက်ခြင်းတွေထဲကမှ စိတ်တင်းကျပ်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းအကြောင်းကို ရေးသားလိုက်ရပါတယ်။

စိတ်တင်းကျပ်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း

အများအားဖြင့် စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးတင်းကျပ်မှုကြောင့် ခေါင်းကိုက်တတ်ပါသည်။ စိတ်တင်းကျပ်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းဟာ ဦးခေါင်းနှစ်ဖက်စလုံးမှာ သက်ရောက်ပြီး တစ်ခါတစ်ရံဦးခေါင်းကို တင်းနေအောင်ပတ်ထားတဲ့ကြိုးပြားလို နာ ကျင်မှုကဝိုင်းပတ်နေတယ်။ အဲဒါကြောင့် နဖူး၊ နားထင်နဲ့ ဦးခေါင်းနောက်ဘက်တွေမှာ နာကျင်တယ်။ ခေါင်းရိုး ကိုက်ခေါင်းနာကြောင့် ခေါင်းကိုက်ခြင်းကျတော့ မျက်စေ့တွေရဲ့အပေါ်နဲ့ အောက်နားမှာနာကျင်ပြီး နားထင်၊ မျက်ခုံးနဲ့ပါးအထိ ပျံ့နှံ့သွားကာနှာခေါင်းပတ်လည်မှာ စွဲစွဲမြဲမြဲကိုက်သလိုခံစားရတယ်။ စိတ်တင်းကျပ်မှုကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဟာ မောပန်းခြင်းကလွဲရင်အခြားလက္ခဏာများနဲ့အ တူပါခဲပါတယ်။ စိတ်ဖိစီးမှု၊ မောပန်းခြင်း၊ နာတာရှည်စိတ်ကျခြင်း၊ ကိုယ်ခန္ဓာအနေထားမကောင်းခြင်း ဒါမှမ ဟုတ်အံကြိတ်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတယ်။

ဒီခေါင်းကိုက် ဝေဒနာက ခေါင်းရဲ့ ဘယ်ညာ နှစ်ဖက် စလုံးမှာ ဆွဲစုတ်ထားသလိုမျိုး ခံစားနေရတတ်ပါတယ်။ တစ်ခါတလေမှာ နားထင်နှစ်ဖက်ကို မူလီနဲ့ ဆွဲကြပ်နေသလိုမျိုးကို ခံစားရတတ်တယ်။ လည်ပင်းတွေကော၊ ပခုံးတွေပါ နာကျင်နေတတ်တယ်။ မိနစ် ၂၀ ကနေ ၂ နာရီလောက်ထိ ကိုက်တတ်တယ်။ စိတ်ဖိစီးမှု့တွေ ပင်ပန်းနွမ်းနယ်မှု့တွေကြောင့် ပိုဖြစ်တတ်တယ်။ လည်ပင်းနဲ့ မေးရိုးမှာ ရှိတဲ့ ကြွက်သားတွေမှာ ပြဿနာ တစ်စုံတစ်ခုရှိရင်လည်း ဒီလိုမျိုး ခေါင်းကိုက်တတ်တယ်။

ဒီလိုခေါင်းကိုက်ရင် တရေးတမော အိပ်လိုက်တာမျိုး၊ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာမျိုးက ခေါင်းကိုက်ကို အတန်အသင့်လျော့စေတယ်။ အရမ်းကိုက်တယ်ဆိုရင်တော့ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရတယ်။ ခဏခဏ ဒီလိုပုံစံနဲ့ ခေါင်းကိုက်တတ်တဲ့သူတွေအတွက်တော့ နေ့လည်စာကို အချိန်မှန်မှန်စားတာ၊ စိတ်ဖိစီးမှု့တွေကို လျော့ချတာတွေ လုပ်သင့်တယ်။ စိတ်ဖိစီးမှု့ကို သဘာဝနည်းတွေဖြစ်တဲ့ တရားထိုင်တာ၊ သီချင်းနားထောင်တာတွေနဲ့ လျော့ချလို့မရရင် စိတ်ဖိစီးမှု့ကို သက်သာစေတဲ့ ဆေးဝါးတွေကို သောက်သုံးနိုင်တယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ၂ ဆ ၃ ဆလောက် ပိုအဖြစ်များပါတယ်။ မျိုးရိုးရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်တယ်။ များသောအားဖြင့် ရာသီဥတု အပြောင်းအလဲတွေ၊ အိပ်ချိန်နည်းလွန်း၊များလွန်းတာတွေကြောင့် ဖြစ်လေ့ရှိတယ်။ Tension headache လိုပဲ စိတ်ဖိစီးမှု့တွေ ပင်ပန်းနွမ်းနယ်တာတွေကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်နိုင်တယ်။ ပြီးံတော့ အနံ့စူးစူးတွေ၊ အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာတွေ၊ ဆူညံသံတွေကြောင့်လည်း ခေါင်းကိုက်နိုင်တယ်။

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဟာ အစားအသောက်နဲ့လည်း အနည်းအကျဉ်းဆိုင်တယ်။ အစားကို မစားဘဲနေတာ၊ အရက် (အထူးသဖြင့် ဝိုင်)သောက်တာတွေ ၊ ချိစ်တွေ ၊ ချော့ကလက်တွေ စားရင်လည်း ခေါင်းကိုက်လာတတ်တယ်။ အချိုမှုန့် များလွန်းတဲ့အစားအစာတွေ၊ နိုက်ထရိတ်ပါတဲ့ ငါးခြောက်တွေ စားရင်လည်း ဖြစ်တတ်တယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေကို အလွန်အကျွံ သောက်သုံးရင်လည်း ခေါင်းကိုက်လာတာမျိုးတွေ ရှိတတ်တယ်။

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာသည်တွေရဲ့ ၂၀% လောက်ဟာ ခေါင်းမကိုက်ခင် မျက်စိဝါးသွားတာ ၊ မျက်စိမှာ အဖြူကွင်းတွေ မြင်တာမျိုးတွေ ရှိတတ်တယ်။ ပြင်းထန်တဲ့အခါမှာ အမြင်အာရုံ ခဏတာ ပျောက်သွားတာမျိုး ခေါင်းနဲ့ လက်တွေမှာ ထုံကျဉ်လာတာမျိုးတွေ ရှိတတ်တယ်။ ဒီ့အတွက် လူနာတွေဟာ ငါလေများဖြတ်သွားပြီလားဆိုပြီး တွေးရလောက်တဲ့အထိ ဖြစ်တတ်တယ်။ ဖြစ်ပြီဆိုလဲ တစ်ရက်လောက် ခံရတတ်တယ်။ မပြင်းထန်တဲ့ အဆင့်ဆိုရင်တော့ ပါရာစီတမောလို iburprofen လို အကိုက်အခဲ ပျောက်ဆေးကို သောက်သုံးနိုင်ပါတယ်။ ဆိုးဝါးပြင်းထန်လာရင်တော့ ဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။

ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ တခြားရောဂါတွေလည်း အများကြီး ရှိပါသေးတယ်။ ရေဓာတ်နည်းတာ၊ အိပ်ချိန်နည်းလွန်း များလွန်းတာ၊ အရက်သေစာတွေကြောင့်လည်း ခေါင်းကိုက်နိုင်သလို တခြား ရောဂါတွေဖြစ်တဲ့ ထိပ်ခပ်နာရောဂါ၊ သွေးတိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနဲ့ အအေးမိတာတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါသေးတယ်။

 

Previous Post

အသားအရေခြောက်သွေ့ခြင်း

Next Post

အရိုးတွေ အဆစ်တွေ နာလိုက်တာ


ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
854
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရိုးတွေ အဆစ်တွေ နာလိုက်တာ

ဗီတာမင်စီ အကြောင်း ဘာတွေ သိထားလဲ????

??ခံတွင်းနဲ့ပတ်သတ်ပြီး ကျန်းမားရေးစစ်ဆေးမှု (Dental Check-Up) ၆လ၁ကြိမ်လုပ်ဖို့ ဘာကြောင့်လိုအပ်တာလဲ??

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.