(Zawgyi)
ဘီစီ (၅)ရာစုမွာေထာင့္သန္းေရာဂါဟာ လူနဲ႔တိရိစာၦန္အၾကားကူးစက္ႏိုင္တဲ့ေရာဂါ ျဖစ္ေၾကာင္းေရာမလူမ်ိဳးတို႔ သိရွိခဲ့တယ္။ (၁၉)ရာစုႏွစ္မ်ားမွာ ဥေရာပမွာသိုးႏွင့္ကြၽဲႏြားမ်ား ေထာင့္သန္းေရာဂါနဲ႔ေသဆုံးၾကရာ (၂၀%) မွ (၃၀%) အထိရွိခဲ့တယ္။
(၁၈၅၀) ျပည့္ႏွစ္မွာ ေ႐ြယာႏွင့္ေဒဘီ (Rayer & Davaine) တို႔ကေထာင့္သန္းေရာဂါနဲ႔ ေသဆုံးရတဲ့သိုးရဲ႕ ေသြးထဲမွေထာင့္သန္းေရာဂါပိုး ထုတ္ယူႏိုင္ခဲ့တယ္။ (၁၈၇၇) မွာပါစ္ခ်ာ ႏွင့္ဂ်ိဳးဘတ္ (Pasteur & Joubert) တို႔ ကထပ္မံအတည္ျပဳခဲ့ၿပီး ယင္းေထာင့္သန္းေရာဂါဟာ ႏြား၊ သိုး၊ ဆိတ္၊ ျမင္း၊ ျမည္း၊ ဝက္နဲ႔ေခြးတို႔မွာ ျဖစ္ႏိုင္ ေၾကာင္း၊ ငွက္ကုလားအုတ္၊ ကုလားအုတ္မွာျဖစ္ႏိုင္ေၾကာင္းေတြ႕ရွိရတယ္။ လူကိုေထာင့္သန္းေရာဂါကူးစက္ လြယ္ေၾကာင္းေတြ႕ရွိခဲ့တယ္။ ပြန္းပဲ့ေနတဲ့အေရျပားမွတစ္ဆင့္ ဝင္ေရာက္လြယ္ျခင္း၊ အသက္ရႈရာမွေရာဂါပိုးဝင္ ေရာက္ႏိုင္ျခင္း၊ သားေရစက္႐ုံ၊ သိုးေမႊးစက္႐ုံမ်ားရွိ အလုပ္သမားမ်ားမၾကာခဏျဖစ္တတ္လို႔ သိုးေမႊးလုပ္သား မ်ားရဲ႕ေရာဂါ (Woods otter Disease) လို႔ေခၚဆိုခဲ့တယ္။ အဂၤလန္နဲ႔ေဝးမွာ (၁၉၆၀)ခုႏွစ္မွ (၁၉၆၅)ခုႏွစ္အ တြင္း လူ(၅၆)ေယာက္မွာေထာင့္သန္းကူးစက္ခံရသူ လူ(၄)ေယာက္ေသဆုံးသြားခဲ့တယ္။ (၁၉၆၉)အထိျဖစ္ပြား ၿပီး (၁၉၇၅)မွာရပ္သြားတယ္။
(၂၀၁၁)ခုႏွစ္စက္တင္ဘာလက အေမရိကန္ႏိုင္ငံကမာၻ႔ကုန္သြယ္ေရးဗဟိုဌာနႀကီး (WTO) ကိုအၾကမ္းဖက္ တိုက္ခိုက္မႈမ်ားခံရၿပီးေနာက္ မၾကာမီေလယာဥ္ပ်ံေပၚမွာ ေထာင့္သန္းေရာဂါပိုးပါရွိတဲ့ေပါင္ဒါမႈန႔္သုံးမိလို႔ လူ တစ္ေယာက္ရဲ႕အေရျပားမွာ အနာမ်ားျဖစ္ခဲ့ၿပီး အခ်ိန္မီကုသႏိုင္ခဲ့တယ္။ ဇီဝလက္နက္နဲ႔တိုက္ခိုက္ျခင္း (Bioterror Attach) ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ယူဆၾကတယ္။
(၂၀၀၅)ခုႏွစ္ေမလ (၃)ရက္ကဂီနီယာဘီေဆာ (Guinea Bissau) ႏိုင္ငံမွာေထာင့္သန္းေရာဂါျဖစ္တဲ့ ႏြားမွလူကို ေရာဂါကူးစက္လို႔ လူေပါင္း (၈၀)ကူးစက္ခံရၿပီး (၁၃)ေယာက္ေဆး႐ုံတင္ရကာ (၄)ေယာက္ေသဆုံးတယ္လို႔ဆို တယ္။ ေထာင့္သန္းေရာဂါပိုးရွိတဲ့ ႏြားရဲ႕အဂၤါမ်ားကိုင္တြယ္မိလို႔၊ ေထာင့္သန္းေရာဂါနဲ႔ေသတဲ့အသားပဲစားမိလို႔ ေရာဂါကူးစက္ခဲ့ၾကတယ္ဆိုတယ္။ ကြၽဲႏြားေကာင္ေရ (၅၀၀၀၀) သုတ္သင္ခဲ့တယ္။
လူမွာကူးစက္ခံရပါက ေစာေစာစီးစီးေရာဂါကုသခဲ့ရင္ မေသဆုံးႏိုင္ပါ။ အေရျပားမွကူးစက္ဝင္ေရာက္တဲ့ ေထာင့္ သန္းေရာဂါဆိုရင္ ကုသမႈျမန္ရင္ေပ်ာက္ကင္းတယ္။ ေဆးမကုသပါက အစာလမ္းေၾကာင္းမွဝင္ေရာက္တဲ့ ေထာင့္သန္းေရာဂါပိုးေၾကာင့္ေသဆုံးႏႈန္း (၂၅%) မွ (၇၅%)ထိ၎၊ အသက္ရႈလမ္းေၾကာင္းမွဝင္ေရာက္တဲ့ ေထာင့္သန္းေရာဂါပိုးေၾကာင့္ (၉၀%) မွ (၁၀၀%) ထိ၎ရွိတယ္ဆိုတယ္။
ေထာင့္သန္းေရာဂါဟာ ေက်းလက္ေနလူမ်ားနဲ႔ရင္းႏွီးတဲ့ ေရာဂါျဖစ္တယ္။ ကြၽဲႏြားမ်ားမွာ ကာကြယ္ေဆးထိုးႏွံၿပီး ကာကြယ္ႏိုင္တယ္။ ယင္းေရာဂါနဲ႔ကြၽဲႏြားေသဆုံးရင္ ပါးစပ္၊ ႏွာေခါင္း၊ စအိုေပါက္တို႔မွအမည္းေရာင္ ေသြးယိုစီး ထြက္ျခင္း၊ ေသြးမခဲျခင္း၊ သရက္႐ြက္ႀကီးျခင္း၊ ရင္ေခါင္းႀကီးေနျခင္းေတြ႕ရမယ္။
ေထာင့္သန္းေရာဂါဟာ ဘက္စိလပ္အင္သရက္စစ္ (Bacillus Anthracis) ဘက္တီးရီးယားေရာဂါပိုးေၾကာင့္ ျဖစ္ ပြားရျခင္းျဖစ္တယ္။ ေရာဂါပိုးဟာေျမႀကီးထဲႏွစ္ေပါင္း (၂၅)ႏွစ္ၾကာေနႏိုင္တယ္။ ယင္းဘက္တီးရီးယားမွာအေပၚ ယံဖုံးအုပ္ထားတဲ့အလႊာ (Endospore) ေၾကာင့္ၾကာၾကာေနႏိုင္တာပါ။ တိရိစာၦန္မွေရာဂါကူးစက္ျခင္းမွာ တိရိ စာၦန္တစ္ေကာင္မွတစ္ေကာင္သို႔၎၊ ေရာဂါပိုးရွိေနတဲ့ေျမႀကီး စားက်က္ေျမမွာစားေသာက္ျခင္းမွ၎၊ အစာ (ျမက္)မွာေရာဂါပိုးပါလာျခင္းေၾကာင့္၎ ေထာင့္သန္းေရာဂါကူးစက္တယ္။ ေရာဂါကူးစက္က်ေရာက္ေနတဲ့ေန ရာမွာပိုးမႊားမ်ားကိုက္ျခင္းျဖင့္ တစ္ေကာင္နဲ႔တစ္ေကာင္ကူးစက္ႏိုင္တယ္။
လူကိုေရာဂါကူးစက္ျခင္းဟာ ေထာင့္သန္းေရာဂါနဲ႔ေသဆုံးတဲ့ တိရိစာၦန္အေသေကာင္မ်ားကိုင္တြယ္ျခင္းနဲ႔၊ အ ေမႊးမ်ား၊ အေရခြဲမ်ားမွကူးစက္တယ္။ လူရဲ႕အေရျပား၊ အသက္ရႈလမ္းေၾကာင္းနဲ႔ အစာစားတဲ့လမ္းေၾကာင္းတို႔မွ ေရာဂါပိုးဝင္ေရာက္ႏိုင္တယ္။ လူမွာအေရျပားမွဝင္ေရာက္တဲ့ ေရာဂါပိုးေၾကာင့္ျဖစ္တဲ့ အေရျပားေထာင့္သန္းေရာ ဂါ (Cutuneous Anthrax) ေစာေစာသိရင္ေဆးကုသလြယ္တယ္။ ေပါက္ၿပဲေနတဲ့အေရျပားနဲ႔ ထိေတြ႕မိရင္ကူး စက္ဖို႔လြယ္တယ္။ အစာအိမ္လမ္းေၾကာင္းမွဝင္တဲ့ ေရာဂါပိုးဆိုရင္ ေဆးမကုသပါကေသဆုံးႏႈန္း (၂၅%) မွ (၇၅%) အသက္ရႈလမ္းေၾကာင္းမွဝင္ေရာက္ရင္ ေသဆုံးႏႈန္း (၉၀%) မွ(၁၀၀%) အထိရွိတတ္ပါတယ္။
လူမွာေထာင့္သန္းပိုးပါတဲ့အမႈန္မ်ားရႈမိလို႔ အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ား ျဖစ္ရပါတယ္။ အခ်ိဳ႕ႏိုင္ငံ ႀကီးေတြမွာ ဇီဝစစ္ပြဲ (Biochemical War) ျပဳလုပ္ရင္ေထာင့္သန္းေရာဂါပိုး ထည့္သုံးဖို႔တာစူေနၾကလို႔ ဝိုင္းဝန္း ကန႔္ကြက္ေနၾကပါတယ္။ လူမ်ားမွာေထာင့္သန္းေရာဂါကူးစက္ျခင္းဟာ ေထာင့္သန္းေရာဂါျဖစ္ပြားေနတဲ့ေတာ ႐ိုင္းတိရိစာၦန္မ်ားနဲ႔ ေမြးျမဴေရးတိရိစာၦန္မ်ားမွတစ္ဆင့္ ကူးစက္တယ္။ လူလူခ်င္းကူးစက္မႈမရွိေပမယ့္ အေရျပား မွာေထာင့္သန္းေရာဂါကူးစက္လာရင္ သတိထားရမယ္။ ဘက္တီးရီးယားေၾကာင့္ Anthrax ျဖစ္လို႔ ပဋိဇီဝေဆး ပင္နဆီလင္၊ စီဖရန္၊ စီဖေလာ့ဆလင္ (Ufram, Ciprofloxacin 500mg) (၅၀၀) မီလီဂရမ္တစ္ေန႔တစ္လုံး (၂) ႀကိမ္ (၅)ရက္မွ (၇)ရက္အထိေပးႏိုင္ ထိုးႏိုင္ပါတယ္။ ဓာတ္ဆားရည္ေသာက္ဖို႔လိုၿပီး ေအာက္စီဂ်င္လိုအပ္ရင္ရႈ ေပးဖို႔လိုတယ္။ သီးသန႔္ကုသဖို႔လိုၿပီး ယင္းစားၿပီးအက်န္မ်ားကို ေျမျမႇဳပ္ပစ္ကာေသခ်ာေဆးရမယ္။
အေရျပားေထာင့္သန္းေရာဂါကို ေဆးမကုခဲ့ရင္ ေသြးထြက္လြန္ဦးေႏွာက္အေျမႇးေရာင္ျခင္း (Horton Meningitis) ေရာဂါနဲ႔ေသဆုံးႏိုင္ၿပီး (၂၀%)ရွိပါတယ္။ အဆုတ္ေထာင့္သန္းေရာဂါ (Pulmonary Farm) ဟာ ေရာဂါပိုးပါတဲ့ေလမႈန္ရႈမိျခင္းျဖင့္ လူရဲ႕အဆုတ္ထဲေရာဂါကူးစက္တယ္။ သိုးေမႊးစက္႐ုံ၊ လယ္သာစက္႐ုံလုပ္သား မ်ားအျဖစ္မ်ားတယ္။ အေမြးအေရခြံမွာ ေရာဂါပိုးပါလာၿပီး အသက္ရႈမိရာမွ (၁)ရက္မွ (၅)ရက္အတြင္းအဖ်ား တက္ျခင္း၊ အသက္ရႈက်ပ္ျခင္းျဖစ္တယ္။ အစာအိမ္လမ္းေၾကာင္းမွဝင္တဲ့ ေထာင့္သန္းကို ေရာဂါပိုးရွိတဲ့အသား မ်ားမစားျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။
Author – ေဒါက္တာလြင္သန႔္
(unicode)
(Zawgyi)
ဘီစီ (၅)ရာစုမှာထောင့်သန်းရောဂါဟာ လူနဲ့တိရိစ္ဆာန်အကြားကူးစက်နိုင်တဲ့ရောဂါ ဖြစ်ကြောင်းရောမလူမျိုးတို့ သိရှိခဲ့တယ်။ (၁၉)ရာစုနှစ်များမှာ ဥရောပမှာသိုးနှင့်ကျွဲနွားများ ထောင့်သန်းရောဂါနဲ့သေဆုံးကြရာ (၂၀%) မှ (၃၀%) အထိရှိခဲ့တယ်။
(၁၈၅၀) ပြည့်နှစ်မှာ ရွေယာနှင့်ဒေဘီ (Rayer & Davaine) တို့ကထောင့်သန်းရောဂါနဲ့ သေဆုံးရတဲ့သိုးရဲ့ သွေးထဲမှထောင့်သန်းရောဂါပိုး ထုတ်ယူနိုင်ခဲ့တယ်။ (၁၈၇၇) မှာပါစ်ချာ နှင့်ဂျိုးဘတ် (Pasteur & Joubert) တို့ ကထပ်မံအတည်ပြုခဲ့ပြီး ယင်းထောင့်သန်းရောဂါဟာ နွား၊ သိုး၊ ဆိတ်၊ မြင်း၊ မြည်း၊ ဝက်နဲ့ခွေးတို့မှာ ဖြစ်နိုင် ကြောင်း၊ ငှက်ကုလားအုတ်၊ ကုလားအုတ်မှာဖြစ်နိုင်ကြောင်းတွေ့ရှိရတယ်။ လူကိုထောင့်သန်းရောဂါကူးစက် လွယ်ကြောင်းတွေ့ရှိခဲ့တယ်။ ပွန်းပဲ့နေတဲ့အရေပြားမှတစ်ဆင့် ဝင်ရောက်လွယ်ခြင်း၊ အသက်ရှုရာမှရောဂါပိုးဝင် ရောက်နိုင်ခြင်း၊ သားရေစက်ရုံ၊ သိုးမွှေးစက်ရုံများရှိ အလုပ်သမားများမကြာခဏဖြစ်တတ်လို့ သိုးမွှေးလုပ်သား များရဲ့ရောဂါ (Woods otter Disease) လို့ခေါ်ဆိုခဲ့တယ်။ အင်္ဂလန်နဲ့ဝေးမှာ (၁၉၆၀)ခုနှစ်မှ (၁၉၆၅)ခုနှစ်အ တွင်း လူ(၅၆)ယောက်မှာထောင့်သန်းကူးစက်ခံရသူ လူ(၄)ယောက်သေဆုံးသွားခဲ့တယ်။ (၁၉၆၉)အထိဖြစ်ပွား ပြီး (၁၉၇၅)မှာရပ်သွားတယ်။
(၂၀၁၁)ခုနှစ်စက်တင်ဘာလက အမေရိကန်နိုင်ငံကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနကြီး (WTO) ကိုအကြမ်းဖက် တိုက်ခိုက်မှုများခံရပြီးနောက် မကြာမီလေယာဉ်ပျံပေါ်မှာ ထောင့်သန်းရောဂါပိုးပါရှိတဲ့ပေါင်ဒါမှုန့်သုံးမိလို့ လူ တစ်ယောက်ရဲ့အရေပြားမှာ အနာများဖြစ်ခဲ့ပြီး အချိန်မီကုသနိုင်ခဲ့တယ်။ ဇီဝလက်နက်နဲ့တိုက်ခိုက်ခြင်း (Bioterror Attach) ဖြစ်နိုင်ချေရှိတယ်လို့ ယူဆကြတယ်။
(၂၀၀၅)ခုနှစ်မေလ (၃)ရက်ကဂီနီယာဘီဆော (Guinea Bissau) နိုင်ငံမှာထောင့်သန်းရောဂါဖြစ်တဲ့ နွားမှလူကို ရောဂါကူးစက်လို့ လူပေါင်း (၈၀)ကူးစက်ခံရပြီး (၁၃)ယောက်ဆေးရုံတင်ရကာ (၄)ယောက်သေဆုံးတယ်လို့ဆို တယ်။ ထောင့်သန်းရောဂါပိုးရှိတဲ့ နွားရဲ့အင်္ဂါများကိုင်တွယ်မိလို့၊ ထောင့်သန်းရောဂါနဲ့သေတဲ့အသားပဲစားမိလို့ ရောဂါကူးစက်ခဲ့ကြတယ်ဆိုတယ်။ ကျွဲနွားကောင်ရေ (၅၀၀၀၀) သုတ်သင်ခဲ့တယ်။
လူမှာကူးစက်ခံရပါက စောစောစီးစီးရောဂါကုသခဲ့ရင် မသေဆုံးနိုင်ပါ။ အရေပြားမှကူးစက်ဝင်ရောက်တဲ့ ထောင့် သန်းရောဂါဆိုရင် ကုသမှုမြန်ရင်ပျောက်ကင်းတယ်။ ဆေးမကုသပါက အစာလမ်းကြောင်းမှဝင်ရောက်တဲ့ ထောင့်သန်းရောဂါပိုးကြောင့်သေဆုံးနှုန်း (၂၅%) မှ (၇၅%)ထိ၎င်း၊ အသက်ရှုလမ်းကြောင်းမှဝင်ရောက်တဲ့ ထောင့်သန်းရောဂါပိုးကြောင့် (၉၀%) မှ (၁၀၀%) ထိ၎င်းရှိတယ်ဆိုတယ်။
ထောင့်သန်းရောဂါဟာ ကျေးလက်နေလူများနဲ့ရင်းနှီးတဲ့ ရောဂါဖြစ်တယ်။ ကျွဲနွားများမှာ ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်နိုင်တယ်။ ယင်းရောဂါနဲ့ကျွဲနွားသေဆုံးရင် ပါးစပ်၊ နှာခေါင်း၊ စအိုပေါက်တို့မှအမည်းရောင် သွေးယိုစီး ထွက်ခြင်း၊ သွေးမခဲခြင်း၊ သရက်ရွက်ကြီးခြင်း၊ ရင်ခေါင်းကြီးနေခြင်းတွေ့ရမယ်။
ထောင့်သန်းရောဂါဟာ ဘက်စိလပ်အင်သရက်စစ် (Bacillus Anthracis) ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ် ပွားရခြင်းဖြစ်တယ်။ ရောဂါပိုးဟာမြေကြီးထဲနှစ်ပေါင်း (၂၅)နှစ်ကြာနေနိုင်တယ်။ ယင်းဘက်တီးရီးယားမှာအပေါ် ယံဖုံးအုပ်ထားတဲ့အလွှာ (Endospore) ကြောင့်ကြာကြာနေနိုင်တာပါ။ တိရိစ္ဆာန်မှရောဂါကူးစက်ခြင်းမှာ တိရိ စ္ဆာန်တစ်ကောင်မှတစ်ကောင်သို့၎င်း၊ ရောဂါပိုးရှိနေတဲ့မြေကြီး စားကျက်မြေမှာစားသောက်ခြင်းမှ၎င်း၊ အစာ (မြက်)မှာရောဂါပိုးပါလာခြင်းကြောင့်၎င်း ထောင့်သန်းရောဂါကူးစက်တယ်။ ရောဂါကူးစက်ကျရောက်နေတဲ့နေ ရာမှာပိုးမွှားများကိုက်ခြင်းဖြင့် တစ်ကောင်နဲ့တစ်ကောင်ကူးစက်နိုင်တယ်။
လူကိုရောဂါကူးစက်ခြင်းဟာ ထောင့်သန်းရောဂါနဲ့သေဆုံးတဲ့ တိရိစ္ဆာန်အသေကောင်များကိုင်တွယ်ခြင်းနဲ့၊ အ မွှေးများ၊ အရေခွဲများမှကူးစက်တယ်။ လူရဲ့အရေပြား၊ အသက်ရှုလမ်းကြောင်းနဲ့ အစာစားတဲ့လမ်းကြောင်းတို့မှ ရောဂါပိုးဝင်ရောက်နိုင်တယ်။ လူမှာအရေပြားမှဝင်ရောက်တဲ့ ရောဂါပိုးကြောင့်ဖြစ်တဲ့ အရေပြားထောင့်သန်းရော ဂါ (Cutuneous Anthrax) စောစောသိရင်ဆေးကုသလွယ်တယ်။ ပေါက်ပြဲနေတဲ့အရေပြားနဲ့ ထိတွေ့မိရင်ကူး စက်ဖို့လွယ်တယ်။ အစာအိမ်လမ်းကြောင်းမှဝင်တဲ့ ရောဂါပိုးဆိုရင် ဆေးမကုသပါကသေဆုံးနှုန်း (၂၅%) မှ (၇၅%) အသက်ရှုလမ်းကြောင်းမှဝင်ရောက်ရင် သေဆုံးနှုန်း (၉၀%) မှ(၁၀၀%) အထိရှိတတ်ပါတယ်။
လူမှာထောင့်သန်းပိုးပါတဲ့အမှုန်များရှုမိလို့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ရပါတယ်။ အချို့နိုင်ငံ ကြီးတွေမှာ ဇီဝစစ်ပွဲ (Biochemical War) ပြုလုပ်ရင်ထောင့်သန်းရောဂါပိုး ထည့်သုံးဖို့တာစူနေကြလို့ ဝိုင်းဝန်း ကန့်ကွက်နေကြပါတယ်။ လူများမှာထောင့်သန်းရောဂါကူးစက်ခြင်းဟာ ထောင့်သန်းရောဂါဖြစ်ပွားနေတဲ့တော ရိုင်းတိရိစ္ဆာန်များနဲ့ မွေးမြူရေးတိရိစ္ဆာန်များမှတစ်ဆင့် ကူးစက်တယ်။ လူလူချင်းကူးစက်မှုမရှိပေမယ့် အရေပြား မှာထောင့်သန်းရောဂါကူးစက်လာရင် သတိထားရမယ်။ ဘက်တီးရီးယားကြောင့် Anthrax ဖြစ်လို့ ပဋိဇီဝဆေး ပင်နဆီလင်၊ စီဖရန်၊ စီဖလော့ဆလင် (Ufram, Ciprofloxacin 500mg) (၅၀၀) မီလီဂရမ်တစ်နေ့တစ်လုံး (၂) ကြိမ် (၅)ရက်မှ (၇)ရက်အထိပေးနိုင် ထိုးနိုင်ပါတယ်။ ဓာတ်ဆားရည်သောက်ဖို့လိုပြီး အောက်စီဂျင်လိုအပ်ရင်ရှု ပေးဖို့လိုတယ်။ သီးသန့်ကုသဖို့လိုပြီး ယင်းစားပြီးအကျန်များကို မြေမြှုပ်ပစ်ကာသေချာဆေးရမယ်။
အရေပြားထောင့်သန်းရောဂါကို ဆေးမကုခဲ့ရင် သွေးထွက်လွန်ဦးနှောက်အမြှေးရောင်ခြင်း (Horton Meningitis) ရောဂါနဲ့သေဆုံးနိုင်ပြီး (၂၀%)ရှိပါတယ်။ အဆုတ်ထောင့်သန်းရောဂါ (Pulmonary Farm) ဟာ ရောဂါပိုးပါတဲ့လေမှုန်ရှုမိခြင်းဖြင့် လူရဲ့အဆုတ်ထဲရောဂါကူးစက်တယ်။ သိုးမွှေးစက်ရုံ၊ လယ်သာစက်ရုံလုပ်သား များအဖြစ်များတယ်။ အမွေးအရေခွံမှာ ရောဂါပိုးပါလာပြီး အသက်ရှုမိရာမှ (၁)ရက်မှ (၅)ရက်အတွင်းအဖျား တက်ခြင်း၊ အသက်ရှုကျပ်ခြင်းဖြစ်တယ်။ အစာအိမ်လမ်းကြောင်းမှဝင်တဲ့ ထောင့်သန်းကို ရောဂါပိုးရှိတဲ့အသား များမစားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
Author – ဒေါက်တာလွင်သန့်