ထုိ႔ေၾကာင့္ ျဖစ္သည္
ဟုိကထုိးလုိက္ ဒီကထုိးလုိက္နဲ႔ ေနရတာ အဆင္မေျပလွေခ်။ အလုပ္ကရႈပ္ အစာစားခ်ိန္ကမရွိ စိတ္ေတြက ဖိစီးခ်ိန္ဆုိ ျဖစ္ပါျပီ။ ဗုိက္ထဲက ထုိးထုိးေအာင့္တာ။ တစ္ခါတစ္ေလ ရင္ညႊန္႔နားက။ တစ္ခါတစ္ေလ ဗုိက္တစ္ျပင္လုံး။ တစ္ခါတစ္ေလ နံၾကားထဲက ထုိးထုိးေအာင့္တာေတာင္ ရွိေသးသည္။ ေအာင့္ျပီဆုိရင္လည္း မသက္သာလွေခ်။ ေခၽြးသီးေခၽြးေပါက္ေတြ က်ေလာက္တဲ့ထိ ေအာင့္တတ္သည္။ ကုိယ့္ကုိကုိယ္ ဒီလုိ ျဖစ္တတ္တာ သိေပမယ့္လည္း အလုပ္ေတြ ရႈပ္လာျပီဆုိ က်န္းမာေရးကုိ သတိမထားမိ။ ဒီေတာ့လည္း အလုပ္ဆင္းမွ ေဆးခန္းကုိ တန္းေျပးရေတာ့မည္။ ဟုိေရာက္ရင္လည္း ေဒါက္တာမမက ဆူတာခံရဦးမည္။ တြတ္ပီလုိ ဒီေန႔ ကံမေကာင္းဘူးပဲ ညည္းတြားမိေတာ့သည္။
ဗုိက္ေအာင့္ေနတဲ့အတြက္ အလုပ္လုပ္ရတာ အဆင္မေျပလွေခ်။ စိတ္က ဗုိက္ေအာင့္တဲ့ဆီပဲ ေရာက္ေနသည္။ ေအာင့္တာအျပင္ လူေတြၾကားမွာ ေလခ်ဥ္က တက္ေနေသးသည္။ အလုပ္အတူလုပ္သည့္ ေကာင္မေလးေတြၾကားမွာ ေဆာတီးလုိ႔ ေျပာရင္း စိတ္အေႏွာက္အယွက္ေတြ ျဖစ္ေနရသည္။ အလုပ္ျမန္ျမန္ဆင္းရဖုိ႔သာ ၾကိတ္ဆုေတာင္းေနမိေတာ့သည္။ အလုပ္ဆင္းတာနဲ႔ ေဒါက္တာ မမ ဆီ တန္းေျပးေတာ့သည္။ ဆရာမ ဗုိက္ေအာင့္လို႔ ဆုိတာနဲ႔ အေၾကာင္းသိေနသူပီပီ အစားကုိ အခ်ိန္မွန္ မစားျပန္ဖူးလားလုိ႔ တန္းေမးေတာ့သည္။ တျခားဘာျဖစ္ေသးလဲဆုိေတာ့ ေလခ်ဥ္ေတြတက္ေနတယ္။ တစ္ခ်က္တစ္ခ်က္ ေတာ္ေတာ္ေလး စူးစူးျပီး ေအာင့္တက္လာတဲ့ အေၾကာင္းေတြကုိ စီကာပတ္ကုံး ေျပာျပမိေတာ့သည္။
မမဆရာမက ဘယ္နားက နာတာလဲ ေမးလည္းေမး စမ္းလည္းစမ္းရင္း
“ကုိက အစာအိမ္မေကာင္းဘူး ခဏခဏ ဗုိက္ေအာင့္ဗုိက္နာတတ္တယ္ အစာအိမ္မွာလည္း အနာျဖစ္ဖူးတဲ့ဟာကုိ ဘာလုိ႔ ဂရုမစုိက္ရတာလဲ” လုိ႔ ဂရုဏာေဒါသနဲ႔ ဆူေနေတာ့သည္။
“အစားကုိ အခ်ိန္မွန္မွန္စားဖုိ႔ အဆာမခံဖုိ႔ နည္းနည္းနဲ႔ မၾကာခဏ စားဖုိ႔” လည္း အေခါက္ေခါက္ အခါခါ ထပ္မွာေသးသည္။ ျပီးေတာ့
“အရက္ေတြ ေဆးလိပ္ေတြ ေသာက္ေသးလား” လုိ႔ ေမးသည္။
အရင္တစ္ေခါက္ ျဖစ္ကတည္းက ျဖတ္ခုိင္းထားေပမယ့္ ေလ်ာ့ေသာက္သည့္ အဆင့္ထိသာ လုပ္ႏုိင္ေသးသည္။ ဒီတစ္ေခါက္ေတာ့ ေသခ်ာ ယတိျပတ္ ျဖတ္ရမည္။ “အပူအစပ္ေတြ၊ ေကာ္ဖီေတြ လက္ဖက္ရည္ေတြကုိ ခဏေရွာင္ဖုိ႔ရယ္ အဆီအစိမ့္ေတြကုိ အမ်ားႀကီးမစားဖုိ႔ရယ္” လည္း မွာၾကားေသးသည္။
ေအာင့္ေနတာအတြက္ ေဆးထုိးေပးမယ္ ဆုိေတာ့ ေဆးထုိးေၾကာက္တတ္သူပီပီ ဆရာမရယ္ ေဆးေသာက္လုိ႔ မရဘူးလားလုိ႔ ေစ်းဆစ္မိေသးသည္။
ဆရာမေလးက ေဆးပဲေသာက္ခ်င္တယ္ဆုိရင္လည္း ေသာက္ေဆးေတာ့ ေပးလုိက္မယ္။ ေသာက္ခုိင္းတဲ့အတုိင္း ေသခ်ာေသာက္ေပးပါဆုိျပီး Kremil S အျဖဴေရာင္ေဆးကဒ္ေလး ထုတ္ေပးသည္။
“Kremil S အျဖဴေရာင္မွာ ဓာတ္ေပါင္း ၃ ခု ပါဝင္တဲ့အတြက္ ေလထုိးေလထျဖစ္တာေတြအတြက္လည္း ေသာက္လုိ႔ရတယ္။ အစာမေၾကတာ ရင္ပူတာေတြကုိလည္း သက္သာေစတယ္္။ အခုလုိ ဗုိက္ထဲမွာ ထုိးထုိးေအာင့္တာေတြအတြက္လည္း ေသာက္လုိ႔ရတယ္။” လုိ႔ စိတ္ရွည္လက္ရွည္ ရွင္းျပသည္။
“တကယ္လုိ႔ ရုံးမွာ ဒါမွမဟုတ္ ညအခ်ိန္မေတာ္ ဗုိက္ေအာင့္တဲ့အခါ ေသာက္လုိ႔ရလား” လုိ႔ ဆရာမေလးကို ေသခ်ာေအာင္ ေမးထားရသည္။ ဆရာမေလးက မ်က္ေစာင္းေလး လွမ္းထုိးရင္း ေသာက္လုိ႔ရေၾကာင္းေျပာသည္။
“ေဆးခ်ည္း အားကုိးလုိ႔ မရဘဲ အေနအထုိင္ ဆင္ျခင္ရမယ္”လုိ႔ လည္း ထပ္ျပီးမွာၾကားလုိက္ေသးသည္။
မိမိလည္း မမဆရာဝန္မေလး ေျပာတာကုိ နားေထာင္လုိပါသည္။ သုိ႔ေသာ္ အလုပ္ေတြ သင္တန္းေတြနဲ႔ အစာစားခ်ိန္မမွန္တာရယ္၊ အပူအစပ္ၾကဳိက္တဲ့သူျဖစ္တဲ့အတြက္ အရမ္းအရမ္းႀကီး မေရွာင္ႏုိင္တာရယ္၊ ေဘာ္ဒါေတြနဲ႔ေတြ႔ရင္ အနည္းအက်ဥ္း ေသာက္ျဖစ္တာေလးေတြရယ္ေၾကာင့္ မေတာ္ဗုိက္ျပန္ေအာင့္လာခဲ့ရင္ ေသာက္လုိ႔ ရမရ ၾကဳိျပီးေမးထားရျခင္းပင္။ ေသာက္လုိ႔ရသည္ဆုိေတာ့ အျမဲလြယ္တဲ့ ေက်ာပုိးအိတ္ထဲ ထည့္ျပီးေဆာင္ထားရုံသာ။ ဒါေပမယ့္ မမဆရာဝန္မေလး စကားကုိလည္း နားေထာင္ရမည္ေလ။ အေနအထုိင္အစားအေသာက္ေလးေတြ ဆင္ျခင္ရမည္။ ဗုိက္ေအာင့္လုိ႔ မၾကာခဏ ျပန္လာရမည္ဆုိရင္ မမဆရာဝန္မေလး စိတ္ဆုိးမွာ လြန္စြာ ေၾကာက္မိသည့္အတြက္ေၾကာင့္ပင္ ျဖစ္သည္။
Author : Dr. ေမ
(Unicode)
ထို့ကြောင့် ဖြစ်သည်
ဟိုကထိုးလိုက် ဒီကထိုးလိုက်နဲ့ နေရတာ အဆင်မပြေလှချေ။ အလုပ်ကရှုပ် အစာစားချိန်ကမရှိ စိတ်တွေက ဖိစီးချိန်ဆို ဖြစ်ပါပြီ။ ဗိုက်ထဲက ထိုးထိုးအောင့်တာ။ တစ်ခါတစ်လေ ရင်ညွှန့်နားက။ တစ်ခါတစ်လေ ဗိုက်တစ်ပြင်လုံး။ တစ်ခါတစ်လေ နံကြားထဲက ထိုးထိုးအောင့်တာတောင် ရှိသေးသည်။ အောင့်ပြီဆိုရင်လည်း မသက်သာလှချေ။ ချွေးသီးချွေးပေါက်တွေ ကျလောက်တဲ့ထိ အောင့်တတ်သည်။ ကိုယ့်ကိုကိုယ် ဒီလို ဖြစ်တတ်တာ သိပေမယ့်လည်း အလုပ်တွေ ရှုပ်လာပြီဆို ကျန်းမာရေးကို သတိမထားမိ။ ဒီတော့လည်း အလုပ်ဆင်းမှ ဆေးခန်းကို တန်းပြေးရတော့မည်။ ဟိုရောက်ရင်လည်း ဒေါက်တာမမက ဆူတာခံရဦးမည်။ တွတ်ပီလို ဒီနေ့ ကံမကောင်းဘူးပဲ ညည်းတွားမိတော့သည်။
ဗိုက်အောင့်နေတဲ့အတွက် အလုပ်လုပ်ရတာ အဆင်မပြေလှချေ။ စိတ်က ဗိုက်အောင့်တဲ့ဆီပဲ ရောက်နေသည်။ အောင့်တာအပြင် လူတွေကြားမှာ လေချဉ်က တက်နေသေးသည်။ အလုပ်အတူလုပ်သည့် ကောင်မလေးတွေကြားမှာ ဆောတီးလို့ ပြောရင်း စိတ်အနှောက်အယှက်တွေ ဖြစ်နေရသည်။ အလုပ်မြန်မြန်ဆင်းရဖို့သာ ကြိတ်ဆုတောင်းနေမိတော့သည်။ အလုပ်ဆင်းတာနဲ့ ဒေါက်တာ မမ ဆီ တန်းပြေးတော့သည်။ ဆရာမ ဗိုက်အောင့်လို့ ဆိုတာနဲ့ အကြောင်းသိနေသူပီပီ အစားကို အချိန်မှန် မစားပြန်ဖူးလားလို့ တန်းမေးတော့သည်။ တခြားဘာဖြစ်သေးလဲဆိုတော့ လေချဉ်တွေတက်နေတယ်။ တစ်ချက်တစ်ချက် တော်တော်လေး စူးစူးပြီး အောင့်တက်လာတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြမိတော့သည်။
မမဆရာမက ဘယ်နားက နာတာလဲ မေးလည်းမေး စမ်းလည်းစမ်းရင်း
“ကိုက အစာအိမ်မကောင်းဘူး ခဏခဏ ဗိုက်အောင့်ဗိုက်နာတတ်တယ် အစာအိမ်မှာလည်း အနာဖြစ်ဖူးတဲ့ဟာကို ဘာလို့ ဂရုမစိုက်ရတာလဲ” လို့ ဂရုဏာဒေါသနဲ့ ဆူနေတော့သည်။
“အစားကို အချိန်မှန်မှန်စားဖို့ အဆာမခံဖို့ နည်းနည်းနဲ့ မကြာခဏ စားဖို့” လည်း အခေါက်ခေါက် အခါခါ ထပ်မှာသေးသည်။ ပြီးတော့
“အရက်တွေ ဆေးလိပ်တွေ သောက်သေးလား” လို့ မေးသည်။
အရင်တစ်ခေါက် ဖြစ်ကတည်းက ဖြတ်ခိုင်းထားပေမယ့် လျော့သောက်သည့် အဆင့်ထိသာ လုပ်နိုင်သေးသည်။ ဒီတစ်ခေါက်တော့ သေချာ ယတိပြတ် ဖြတ်ရမည်။ “အပူအစပ်တွေ၊ ကော်ဖီတွေ လက်ဖက်ရည်တွေကို ခဏရှောင်ဖို့ရယ် အဆီအစိမ့်တွေကို အများကြီးမစားဖို့ရယ်” လည်း မှာကြားသေးသည်။
အောင့်နေတာအတွက် ဆေးထိုးပေးမယ် ဆိုတော့ ဆေးထိုးကြောက်တတ်သူပီပီ ဆရာမရယ် ဆေးသောက်လို့ မရဘူးလားလို့ ဈေးဆစ်မိသေးသည်။
ဆရာမလေးက ဆေးပဲသောက်ချင်တယ်ဆိုရင်လည်း သောက်ဆေးတော့ ပေးလိုက်မယ်။ သောက်ခိုင်းတဲ့အတိုင်း သေချာသောက်ပေးပါဆိုပြီး Kremil S အဖြူရောင်ဆေးကဒ်လေး ထုတ်ပေးသည်။
“Kremil S အဖြူရောင်မှာ ဓာတ်ပေါင်း ၃ ခု ပါဝင်တဲ့အတွက် လေထိုးလေထဖြစ်တာတွေအတွက်လည်း သောက်လို့ရတယ်။ အစာမကြေတာ ရင်ပူတာတွေကိုလည်း သက်သာစေတယ်။ အခုလို ဗိုက်ထဲမှာ ထိုးထိုးအောင့်တာတွေအတွက်လည်း သောက်လို့ရတယ်။” လို့ စိတ်ရှည်လက်ရှည် ရှင်းပြသည်။
“တကယ်လို့ ရုံးမှာ ဒါမှမဟုတ် ညအချိန်မတော် ဗိုက်အောင့်တဲ့အခါ သောက်လို့ရလား” လို့ ဆရာမလေးကို သေချာအောင် မေးထားရသည်။ ဆရာမလေးက မျက်စောင်းလေး လှမ်းထိုးရင်း သောက်လို့ရကြောင်းပြောသည်။
“ဆေးချည်း အားကိုးလို့ မရဘဲ အနေအထိုင် ဆင်ခြင်ရမယ်”လို့ လည်း ထပ်ပြီးမှာကြားလိုက်သေးသည်။
မိမိလည်း မမဆရာဝန်မလေး ပြောတာကို နားထောင်လိုပါသည်။ သို့သော် အလုပ်တွေ သင်တန်းတွေနဲ့ အစာစားချိန်မမှန်တာရယ်၊ အပူအစပ်ကြိုက်တဲ့သူဖြစ်တဲ့အတွက် အရမ်းအရမ်းကြီး မရှောင်နိုင်တာရယ်၊ ဘော်ဒါတွေနဲ့တွေ့ရင် အနည်းအကျဉ်း သောက်ဖြစ်တာလေးတွေရယ်ကြောင့် မတော်ဗိုက်ပြန်အောင့်လာခဲ့ရင် သောက်လို့ ရမရ ကြိုပြီးမေးထားရခြင်းပင်။ သောက်လို့ရသည်ဆိုတော့ အမြဲလွယ်တဲ့ ကျောပိုးအိတ်ထဲ ထည့်ပြီးဆောင်ထားရုံသာ။ ဒါပေမယ့် မမဆရာဝန်မလေး စကားကိုလည်း နားထောင်ရမည်လေ။ အနေအထိုင်အစားအသောက်လေးတွေ ဆင်ခြင်ရမည်။ ဗိုက်အောင့်လို့ မကြာခဏ ပြန်လာရမည်ဆိုရင် မမဆရာဝန်မလေး စိတ်ဆိုးမှာ လွန်စွာ ကြောက်မိသည့်အတွက်ကြောင့်ပင် ဖြစ်သည်။
Author : Dr. မေ