(Zawgyi)
ေဒါက္တာသန႔္စင္တစ္ေယာက္ ေဆးခန္းထိုင္ေနတုန္း တစ္ရပ္ကြက္တည္းေနဦးတိုးႀကီးနဲ႔သူ႔မိန္းမ ေဒၚခင္ေခ်ာ တို႔ေရာက္လာၾကၿပီး ဦးတိုးႀကီးက “ဆရာေရ သူ႔ကိုၾကည့္ေပးပါဦး” ဟုေျပာလည္းေျပာ သူ႔မိန္းမဘက္ကိုလည္း ေမးေငါ့ျပတယ္။
“ဘာျဖစ္လာလို႔လဲဗ်” “ကြၽန္ေတာ္ဘာၾကည့္ေပးရမလဲ။”
“ကိုတိုးႀကီးရယ္ ရွင္ကလည္းစကားကိုေသခ်ာေျပာေလ”
“ေအးပါကြာ။ ငါလည္းေလာသြားလို႔ပါ။ ဒီလိုဆရာေရ သူ႔ကိုသတိထားမိတာ ေျခေထာက္ေတြကလႈပ္ေနသလိုပဲ”
“ေျခေထာက္ေတြလႈပ္တာ ဆန္းသလားဗ်”
“အဲလိုမဟုတ္ဘူး ဆရာေရ။ သူကၿငိမ္ေနမွ၊ အိပ္ေနမွေျခေထာက္ေတြက အလိုလိုလႈပ္ေနတာ၊ အစကေတာ့ တစ္ခ်က္တစ္ခ်က္ပဲျဖစ္တာ။ ဒီရက္ေတြ ေတာက္ေလွ်ာက္ဆိုသလိုလႈပ္တာ။ သြားလာလႈပ္ရွားေနရင္ အ ေကာင္းဗ်။ ထိုင္ေနရင္ အိပ္ေနရင္စတာပဲ။ သူ႔ကိုမလႈပ္နဲ႔ေျပာေတာ့လည္း သူတမင္လုပ္တာမဟုတ္ဘူးတဲ့။ သူ႔ စိတ္ထဲမွာ ေျခေထာက္ေတြထုံေနသလိုလို အေကာင္ေလးေတြတက္လာသလို ႐ြစိ႐ြစိနဲ႔တဲ့”
“ေၾသာ္ ဟုတ္ပါၿပီ။ ေဒၚခင္ေခ်ာက အသက္ဘယ္ေလာက္ရွိၿပီလဲဗ်။”
“၄၅ ႏွစ္ျပည့္ပါေတာ့မယ္ဆရာ”
“အခုတေလာေရာ ဘာေတြခံစားေနရသလဲ”
“တျခားေတာ့မရွိဘူး ဆရာ။ ဟိုးတေလာကေတာ့ အိပ္ေရးပ်က္တာေတြမ်ားၿပီး၊ မစားခ်င္မေသာက္ခ်င္နဲ႔ မူးေန သလိုလို၊ အန္ခ်င္သလိုလိုနဲ႔။ အားမရွိသလိုျဖစ္ေနတာ၊ အခုေတာ့အဲေလာက္မျဖစ္ေတာ့ဘူး။”
“ေဒၚခင္ေခ်ာက ဘာေရာဂါေတြရွိလဲဗ် (ဥပမာ-ေသြးတိုး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္၊ ႏွလုံးတို႔)”
“မရွိပါဘူး ဆရာ”
“ေဒၚခင္ေခ်ာကို တစ္ခုေလာက္ေမးခ်င္တယ္”
“ဟုတ္ကဲ့ ေမးပါဆရာ”
“ရာသီေရာ လာေသးလား”
“ကြၽန္မက ဒီႏွစ္ထဲမွာရာသီမမွန္ဘူး ဆရာ။ ေသြးဆုံးခ်င္တာလားမသိဘူး။ ေပၚရင္လည္း ေပၚတယ္။ မေပၚရင္ လည္းသုံးေလးလေလာက္၊ အခုဆိုမေပၚတာႏွစ္လရွိေနၿပီ”
“ေဒၚခင္ေခ်ာရဲ႕ မိဘေဆြမ်ိဳးေတြမွာေရာ ဒီလိုမ်ိဳးျဖစ္တတ္လား”
“တစ္ခါမွေတာ့ မၾကားဘူးဖူးဆရာ”
“ဟုတ္ကဲ့ပါ”
“ဆရာသူဘာျဖစ္တာလဲ စိုးရိမ္ရလား”
“ဒီလိုဗ် ေရာဂါတစ္ခုေတာ့ရွိတယ္။ အဂၤလိပ္လိုေခၚရင္ေတာ့ Resttess Legs Syndrome ေပါ့။ ေျခေထာက္ ေတြအၿငိမ္မေနတာေပ့ါ။ ၿငိမ္ေနရင္ျဖစ္ေရာ၊ လႈပ္ရင္သက္သာတယ္။ ညဆိုပိုဆိုးတတ္တယ္။ ထုံသလိုလို၊ အ ေကာင္ေတြတက္လာသလိုခံစားရတယ္”
“ဟုတ္ကဲ့ပါ”
“အဲ့လိုမ်ိဳးက ဘာအေၾကာင္းမွမရွိလဲ ျဖစ္ႏိုင္တယ္။ တခ်ိဳ႕မ်ိဳး႐ိုးလိုက္တယ္။ သံဓာတ္အားနည္းျခင္း၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္၊ ကိုယ္ဝန္စတာေတြနဲ႔လည္း တြဲႏိုင္တယ္။ ေဒၚခင္ေခ်ာ ေျပာတာအရေတာ့ သံဓာတ္အားနည္းတာ လည္းျဖစ္ႏိုင္တယ္။ ကိုယ္ဝန္လည္းေသခ်ာေအာင္ စစ္သင့္တယ္။ ဆီးခ်ိဳမရွိဘူးဆိုေပမယ့္ ျပန္စစ္ထားသင့္ တယ္။”
“ဟုတ္ကဲ့ပါ ဆရာ”
“ဆရာ ကြၽန္မေလျဖတ္ခ်င္ေနတာလား”
“အဲလိုမဟုတ္ပါဘူး။ ဒါကေရာဂါသက္သက္ပါ။”
“ဟုတ္ကဲ့ပါ ဆရာ”
“ကြၽန္ေတာ္အခုလိုတာေတြ စစ္ထားေပးမယ္။ ေဆးလည္းေပးထားမယ္”
“ဆရာ ဒါကအရွင္းေပ်ာက္မွာလား”
“ေပ်ာက္ႏိုင္ပါတယ္။ ဒါေပမယ့္ခ်က္ခ်င္းသိသာမွာ မဟုတ္ဘူး။ ျဖည္းျဖည္းခ်င္းပဲ။ ေဆးေသာက္ရင္ပိုဆိုးတာ တယ္ဆိုရင္ ျပန္ျပရမယ္။”
“ဟုတ္ကဲ့ပါ ဆရာ။ ကြၽန္ေတာ္တို႔ပုံမွန္ျပပါ့မယ္။ လိုတာရွိလည္း ၫႊန္ေပးပါဦးဆရာ”
“အေထြအထူးေတာ့မရွိပါဘူး။ အခုလိုျဖစ္ေနရင္ ေျခေထာက္အၿငိမ္မထားနဲ႔ေပါ့ဗ်ာ။ စတာပါ။ ဘာပဲျဖစ္ျဖစ္ ေတာ့အစားအေသာက္လည္း ေသခ်ာဂ႐ုစိုက္ပါ။ အာဟာရျဖစ္တာစားပါ။”
“ဟုတ္ကဲ့ပါဆရာ။ ေက်းဇူးတင္ပါတယ္။”
“ဟုတ္ကဲ့ပါ ဆရာေျပာတာလိုက္နာပါ့မယ္။”
Author – Dr. CST
(Unicode)
ဒေါက်တာသန့်စင်တစ်ယောက် ဆေးခန်းထိုင်နေတုန်း တစ်ရပ်ကွက်တည်းနေဦးတိုးကြီးနဲ့သူ့မိန်းမ ဒေါ်ခင်ချော တို့ရောက်လာကြပြီး ဦးတိုးကြီးက “ဆရာရေ သူ့ကိုကြည့်ပေးပါဦး” ဟုပြောလည်းပြော သူ့မိန်းမဘက်ကိုလည်း မေးငေါ့ပြတယ်။
“ဘာဖြစ်လာလို့လဲဗျ” “ကျွန်တော်ဘာကြည့်ပေးရမလဲ။”
“ကိုတိုးကြီးရယ် ရှင်ကလည်းစကားကိုသေချာပြောလေ”
“အေးပါကွာ။ ငါလည်းလောသွားလို့ပါ။ ဒီလိုဆရာရေ သူ့ကိုသတိထားမိတာ ခြေထောက်တွေကလှုပ်နေသလိုပဲ”
“ခြေထောက်တွေလှုပ်တာ ဆန်းသလားဗျ”
“အဲလိုမဟုတ်ဘူး ဆရာရေ။ သူကငြိမ်နေမှ၊ အိပ်နေမှခြေထောက်တွေက အလိုလိုလှုပ်နေတာ၊ အစကတော့ တစ်ချက်တစ်ချက်ပဲဖြစ်တာ။ ဒီရက်တွေ တောက်လျှောက်ဆိုသလိုလှုပ်တာ။ သွားလာလှုပ်ရှားနေရင် အ ကောင်းဗျ။ ထိုင်နေရင် အိပ်နေရင်စတာပဲ။ သူ့ကိုမလှုပ်နဲ့ပြောတော့လည်း သူတမင်လုပ်တာမဟုတ်ဘူးတဲ့။ သူ့ စိတ်ထဲမှာ ခြေထောက်တွေထုံနေသလိုလို အကောင်လေးတွေတက်လာသလို ရွစိရွစိနဲ့တဲ့”
“သြော် ဟုတ်ပါပြီ။ ဒေါ်ခင်ချောက အသက်ဘယ်လောက်ရှိပြီလဲဗျ။”
“၄၅ နှစ်ပြည့်ပါတော့မယ်ဆရာ”
“အခုတလောရော ဘာတွေခံစားနေရသလဲ”
“တခြားတော့မရှိဘူး ဆရာ။ ဟိုးတလောကတော့ အိပ်ရေးပျက်တာတွေများပြီး၊ မစားချင်မသောက်ချင်နဲ့ မူးနေ သလိုလို၊ အန်ချင်သလိုလိုနဲ့။ အားမရှိသလိုဖြစ်နေတာ၊ အခုတော့အဲလောက်မဖြစ်တော့ဘူး။”
“ဒေါ်ခင်ချောက ဘာရောဂါတွေရှိလဲဗျ (ဥပမာ-သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ နှလုံးတို့)”
“မရှိပါဘူး ဆရာ”
“ဒေါ်ခင်ချောကို တစ်ခုလောက်မေးချင်တယ်”
“ဟုတ်ကဲ့ မေးပါဆရာ”
“ရာသီရော လာသေးလား”
“ကျွန်မက ဒီနှစ်ထဲမှာရာသီမမှန်ဘူး ဆရာ။ သွေးဆုံးချင်တာလားမသိဘူး။ ပေါ်ရင်လည်း ပေါ်တယ်။ မပေါ်ရင် လည်းသုံးလေးလလောက်၊ အခုဆိုမပေါ်တာနှစ်လရှိနေပြီ”
“ဒေါ်ခင်ချောရဲ့ မိဘဆွေမျိုးတွေမှာရော ဒီလိုမျိုးဖြစ်တတ်လား”
“တစ်ခါမှတော့ မကြားဘူးဖူးဆရာ”
“ဟုတ်ကဲ့ပါ”
“ဆရာသူဘာဖြစ်တာလဲ စိုးရိမ်ရလား”
“ဒီလိုဗျ ရောဂါတစ်ခုတော့ရှိတယ်။ အင်္ဂလိပ်လိုခေါ်ရင်တော့ Resttess Legs Syndrome ပေါ့။ ခြေထောက် တွေအငြိမ်မနေတာပေ့ါ။ ငြိမ်နေရင်ဖြစ်ရော၊ လှုပ်ရင်သက်သာတယ်။ ညဆိုပိုဆိုးတတ်တယ်။ ထုံသလိုလို၊ အ ကောင်တွေတက်လာသလိုခံစားရတယ်”
“ဟုတ်ကဲ့ပါ”
“အဲ့လိုမျိုးက ဘာအကြောင်းမှမရှိလဲ ဖြစ်နိုင်တယ်။ တချို့မျိုးရိုးလိုက်တယ်။ သံဓာတ်အားနည်းခြင်း၊ ဆီးချို၊ ကျောက်ကပ်၊ ကိုယ်ဝန်စတာတွေနဲ့လည်း တွဲနိုင်တယ်။ ဒေါ်ခင်ချော ပြောတာအရတော့ သံဓာတ်အားနည်းတာ လည်းဖြစ်နိုင်တယ်။ ကိုယ်ဝန်လည်းသေချာအောင် စစ်သင့်တယ်။ ဆီးချိုမရှိဘူးဆိုပေမယ့် ပြန်စစ်ထားသင့် တယ်။”
“ဟုတ်ကဲ့ပါ ဆရာ”
“ဆရာ ကျွန်မလေဖြတ်ချင်နေတာလား”
“အဲလိုမဟုတ်ပါဘူး။ ဒါကရောဂါသက်သက်ပါ။”
“ဟုတ်ကဲ့ပါ ဆရာ”
“ကျွန်တော်အခုလိုတာတွေ စစ်ထားပေးမယ်။ ဆေးလည်းပေးထားမယ်”
“ဆရာ ဒါကအရှင်းပျောက်မှာလား”
“ပျောက်နိုင်ပါတယ်။ ဒါပေမယ့်ချက်ချင်းသိသာမှာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်းပဲ။ ဆေးသောက်ရင်ပိုဆိုးတာ တယ်ဆိုရင် ပြန်ပြရမယ်။”
“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော်တို့ပုံမှန်ပြပါ့မယ်။ လိုတာရှိလည်း ညွှန်ပေးပါဦးဆရာ”
“အထွေအထူးတော့မရှိပါဘူး။ အခုလိုဖြစ်နေရင် ခြေထောက်အငြိမ်မထားနဲ့ပေါ့ဗျာ။ စတာပါ။ ဘာပဲဖြစ်ဖြစ် တော့အစားအသောက်လည်း သေချာဂရုစိုက်ပါ။ အာဟာရဖြစ်တာစားပါ။”
“ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။”
“ဟုတ်ကဲ့ပါ ဆရာပြောတာလိုက်နာပါ့မယ်။”
Author – Dr. CST