fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး
မျက်နှာအရေးအကြောင်းကင်းစင်အောင်
317
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/07/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A
၁။ ရေဓါတ်လုံလောက်ခြင်း
၂။ ခရင်မ်လိမ်းပေးခြင်း
၃။ အစားအသောက်
၆။ မျက်မှောင်ကျုံခြင်း
August
(Unicode)
မျက်နှာအရေးအကြောင်းကင်းစင်အောင်
လူရယ်လို့ဖြစ်လာရင် အလှအပကို ကြိုက်နှစ်သက်ကြသူများပါတယ်။ ဒီထဲကမှ ပျိုမေတို့ကတော့ မိန်းကလေးသဘာဝအတိုင်း အလှအပကို ပိုပြီးစိတ်ဝင်စား ပိုလှချင်ကြပါတယ်။ အခုခေတ်တော့ အမျိုးသမီးတွေတင်မကပါဘူး ယောက်ျားလေးတွေပါ အလှအပစိတ်ဝင်စားတတ်လာကြပြီး ထိန်းသိမ်းတတ်ကြပါတယ်။
အသက် ၂၅ နှစ် နောက်ပိုင်းမှာ အရေပြားဟာ စတင်ယုတ်လျော့လာတယ် ဆိုပေမယ့် တချို့တွေဟာ အရွယ်မတိုင်ခင် အိုမင်းကာ အရေးအကြောင်း ထင်လာစေပါတယ်။ အရေးအကြောင်း ဖြစ်စေတဲ့ အဓိက တရားခံကတော့ အသားအရေ ခြောက်သွေ့လာစေတာပါပဲ။ အသားအရေ စိုပြေစေပြီး တင်းရင်းလှပချင်တယ်ဆိုရင်၊ မျက်နှာအရေးအကြောင်းကင်းစင်အောင် ဘာတွေပြုမူလုပ်ဆောင်ရမလဲဆိုတော့…
၁။ ရေဓါတ်လုံလောက်ခြင်း
ခန္ဓာကိုယ်အတွက် ရေဓါတ်ဟာအင်မတန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ရေ ရေဓာတ်လုံလောက်စွာရှိရင် အရေပြားကျန်းမာပြီး အသားအရည် ကြည်လင်တောက်ပစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ပေးမယ်ဆိုရင် အရေပြားအစိုဓာတ် ထိန်းပေးတဲ့အပြင် အသားအရေ တင်းရင်းကာ အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ တစ်ခုသတိပြုရမှာတော့ ကဖင်းဓါတ်ပါဝင်တဲ့ဖျောရည်တွေကိုတော့ မသောက်သင့်ပါဘူးနော်။
၂။ ခရင်မ်လိမ်းပေးခြင်း
ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုဖြစ်နိုင်တာကြောင့် နေပူပူအပြင်ထွက်ရမယ်ဆိုရင် SPF ပါတဲ့ခရင်မ်တွေလိမ်းပေးသင့်ပါတယ်။ နောက်တစ်ခုကတော့ အရေးအကြောင်းတွေကိုကာကွယ်ပေးတဲ့ ခရင်မ်တွေလည်းလိမ်းနိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ်သုံးတဲ့ ပစ္စည်းက FDA လိုမျိုးအသိအမှတ်ပြုခံထားရတဲ့ပစ္စည်းဖြစ်ပြီး အတုအပတွေမဖြစ်ဖို့တော့ အရေးကြီးပါတယ်နေ်ာ။
၃။ အစားအသောက်
အစားအသောက် စားသုံးတဲ့အခါ အငံကို လျော့စားပါ။ Antioxidant များများပါတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကို ပိုမိုစားသုံးသင့်ပါတယ်။ လက်ဖက်စိမ်းမှာ Antioxidant များစွာပါဝင်ပါတယ်။အသားအရေ တင်းရင်းဖို့အတွက် ငါးကြီးဆီကို စားပေးပါ။ ငါးကြီးဆီမှာ Omega 3 ဟာ အသားအရေအတွက်တင်မက နှလုံးအတွက်ပါ အထူးသင့်တော်ပါတယ်။ ငါးကြီးဆီဓာတ်ကို ပင်လယ်ငါးတွေကနေ ရနိုင်ပြီး Salmon လိုငါးမျိုးတွေမှာလည်း Omega 3 ပါဝင်ပါတယ်။
၄။ မျက်နှာအကြိမ်ကြိမ်သစ်ခြင်း
မျက်နှာကို အကြိမ်များစွာ သစ်ပေးခြင်းသည် အရေပြားရှိ အစိုဓာတ်နှင့် သဘာဝအတိုင်းရှိနေသော အဆီများကို ထိခိုက်စေနိုင်ပြီး မျက်နှာအရေးအကြောင်းများ ဖြစ်လာစေနိုင်ပါသည်။ မျက်နှာသစ်ရာတွင်လည်း အစိုဓာတ် ထိန်းသိမ်းပေးသော ဆပ်ပြာဂျယ်လ်နှင့် သန့်စင်ဆေးခရင်မ်များနှင့် မျက်နှာသစ်ပေးသင့်ပါသည်။ မျက်နှာကို ခဏခဏသစ်ပေးခြင်းကိုမူ ရှောင်ကြဉ်သင့်ပါသည်။မျက်နှာသစ်တဲ့အခါ နည်းစနစ်မှန်ဖို့ လိုအပ်ပါတယ်။မျက်နှာကို လက်နဲ့တအားပွတ်တိုက်ရင်၊ အားနဲ့ ဆွဲလွန်းဖိလွန်းရင် အရေးအကြောင်းတွေ ပိုဖြစ်တတ်ပါတယ်။ မျက်နှာသစ်ဖို့ မဖြစ်မနေ လိုအပ်တဲ့ အချိန်က ညအိပ်ရာဝင်ခါနီး အချိန်ပါပဲ။ ညအိပ်ရာဝင်ချိန် မျက်နှာမှာရှိတဲ့ မိတ်ကပ်၊ သနပ်ခါးစတာတွေကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။
၅။ စီးကရက်နှင့်အရက်သောက်သုံးခြင်း
စီးကရက်နဲ့ အရက်တို့မှာပါတဲ့ နီကိုတင်းနဲ့ တခြား ဓါတုပစ္စည်းတွေဟာ အရေပြားက ကော်လာဂျင်တွေကို ပျက်စီးစေပြီး အသားအရေကို ပါးလွှာစေပါတယ်။ နီကိုတင်းဓာတ်ဟာ သွေးလှည့်ပတ်မှုကို နှေးစေပြီး အရေပြားတွေကို လျော့ရဲတွဲကျစေကာ အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ အရက်နဲ့ ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားတင်းရင်းမှုတွေ ဆုံးရှုံးကာ အသားအရေကို နီရဲစေပါတယ်။ အဲဒီအကျင့်ဆိုးတွေကြောင့် အရေပြားဟာ ရေဓာတ် ခမ်းခြောက်ပြီး ဖောရောင်လာစေကာ အိုမင်းရင့်ရော်မှုကို မြန်စေပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။
၆။ မျက်မှောင်ကျုံခြင်း
မျက်မှောင်ကျုံ့ခြင်းဟာ မျက်နှာရှိ ကြွက်သားများကိုအလုပ်ပိုလုပ်စေကာ မျက်နှာအရေးအကြောင်းများကို ဖြစ်စေနိုင်ပါသည်။ မျက်မှောင်ကျုံ့ခြင်း၊မျက်လုံးကို အလွန်အကျွံပင့်၍ ကြည့်ခြင်း၊ အလွန်အကျွံရယ်မောခြင်း စသည်တို့သည် မျက်နှာအရေးအကြောင်းများကို ဖြစ်စေနိုင်ပါသည်။
၇။ ပက်လက်အိပ်စက်ပေးခြင်း
ခန္ဓာကိုယ်အနေအထားပုံစံကလည်း မျက်နှာအရေးအကြောင်းပေါ်ခြင်းကိုဖြစ်စေတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ် ။ ဘေးစောင်းအိပ်စက်ခြင်း အလေ့အထရှိသူ ဖြစ်ပါက ပါးနှင့်မေးစေ့တွင် အရေးအကြောင်းများ ဖြစ်လာနိုင်ပြီးမျက်နှာကိုမှောက်၍အိပ်စက်သူဖြစ်ပါက နဖူးနှင့်မျက်ခုံးတစ်ဝိုက်၌ အရေးအကြောင်းများဖြစ်လာစေနိုင်သည်။ ဒါကြောင့် မျက်နှာတွင်အရေးအကြောင်း မဖြစ်စေဖို့ အကြောင်းဆုံးအိပ်စက်နည်းကတော့ ပက်လက်လှန် အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။
August
Previous Post
ဒေါင်းရောဂါအကြောင်း အပိုင်း ၂
Next Post
တခူးခူးတခေါခေါနဲ့ဟောက်နေသော်လည်း နိုးလာရင်အိပ်ရေးမဝမလန်းဆန်းခြင်း
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About liposuction, which is becoming popular
ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း
1 year ago
546
About the biotin you should know
သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း
1 year ago
1.1k
How important is biotin for hair health?
ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?
2 years ago
803
မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း
2 years ago
1.5k
ဆံပင်တွေအရမ်းကျွတ်နေရင်
2 years ago
1.6k
To make the skin clear and white from the inside
အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့
2 years ago
2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
တခူးခူးတခေါခေါနဲ့ဟောက်နေသော်လည်း နိုးလာရင်အိပ်ရေးမဝမလန်းဆန်းခြင်း
အမျိုးသားကော အမျိုးသမီးကောဖြစ်တတ်တဲ့ ဂနိုရောဂါ (ခေါ် ) ဆီးပူညောင်းကျရောဂါ ( Gonorrhea )
မိတ်ကပ်တွေလိမ်းပြီး မဖျက်တဲ့အခါ
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.