fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ပျိုမေတို့နဲ့တင်းတိပ်

629
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/07/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

တင်းတိပ်ဆိုတာကတော့ အမျိုုးသမီးတော်တော်များများနဲ့ ရင်းနှီးတဲ့ အရေပြားပြဿနာပါ။ လေ့လာမှုများအရ ဖြစ်တဲ့သူတွေရဲ့ ၉၀% က အမျိုးသမီးဖြစ်ပီး ကျန်တဲ့ ၁၀% သာ အမျိုးသားများဖြစ်လေ့ရှိပါတယ်။ Melasma လို့ခေါ်ပြီး ကိုယ်ဝန်ဆောင်သည်တွေမှာဖြစ်တဲ့ တင်းတိပ်ကိုတော့ Chloasma လို့ခေါ်ပါတယ်။

တင်းတိပ်ဆိုတာ ဘာလဲ?

တင်းတိပ်ဆိုတာ အသားထက် အရောင်နည်းနည်းပိုရင့်တဲ့ အကွက်လေးတွေကို ခေါ်တာပါ။ ပုံမှန်အားဖြင့်တော့ မျက်နှာနားတစ်ဝိုက်ရယ်၊ နေရောင်ထိခံရတဲ့ တခြားခန္ဓာကိုယ်နေရာတွေရယ်မှာ ဖြစ်တတ်ပါတယ်။

မျက်နှာမှာတော့ ပါး၊ နဖူး၊ နှာခေါင်း၊ မေးစေ့ တွေမှာ အဖြစ်များပါတယ်။ လည်ပင်းနဲ့ လက်တွေမှာတော့ ဖြစ်တာရှားပေမဲ့ တွေ့နိုင်ပါတယ်။

ဘာလို့ဖြစ်တာလဲ?

တင်းတိပ်ဘာလို့ဖြစ်လဲ အခုချိန်ထိ သေချာမသိသေးပါဘူး။ ဖြစ်နိုင်တာတွေကတော့ …..

▪️ Progesterone နဲ့ Oestrogen hormone ပါတဲ့ ကိုယ်ဝန်တားဆေးတွေ ( OC pills ) တွေ

▪️ ကိုယ်ဝန်ဆောင်သည်တွေ

▪️ ဟော်မုန်းနဲ့ကုသရတဲ့ တချို့ရောဂါတွေမှာ

▪️ စိတ်ဖိစီးရင်

▪️ လည်ပင်းအကျိတ်ရောဂါ ( Thyroid Disease )

▪️ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (Ultraviolet Rays) တွေကလည်း တင်းတိပ်များကို ဖြစ်စေပါတယ်။

ဘယ်လို စမ်းသပ်မလဲ?

ကျွမ်းကျင်တဲ့ ဆရာဝန်အများစုကတော့ တင်းတိပ်ကို မျက်စိအမြင်နဲ့တင် စမ်းသပ်ဆုံးဖြတ်နိုင်ပါတယ်။ Wood’s lamp examination ဆိုတာကတော့ အထူးပြုလုပ်ထားတဲ့ အလင်းရောင်နဲ့ တင်းတိပ်ကအရေပြားရဲ့ ဘယ်အလွှာအထိ ရောက်နေတယ်ဆိုတာကို အတည်ပြုပေးလို့ရပါတယ်။ အရမ်းဆိုးဝါးရင်တော့ အသားစလေး ( Biopsy ) ယူပြီး သေချာအောင်စမ်းသပ်လို့ရပါတယ်။

တင်းတိပ်က ကုလို့ပျောက်လား?

တချို့အမျိုုးသမီးတွေရဲ့ တင်းတိပ် ( အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သန္ဓေတားဆေးသောက်တဲ့ အမျိုးသမီးတွေ ) ကတော့ အလိုလိုပျောက်သွားလေ့ရှိတယ်။ နေရောင်ခြည်ကာကွယ်တဲ့ Sunscreen နေ့တိုင်းလိမ်းပြီး နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုမှ ရှောင်တာကလည်း အလွန်အရေးကြီးပါတယ်။

ဈေးကွက်ထဲမှာလည်း တင်းတိပ်ပျောက်တဲ့ ဆေးတွေအများကြီးရှိပါတယ်။ အရေပြားဆရာဝန်တွေညွှန်းတဲ့ဆေးကို အထိကထားသုံးသင့်ပါတယ်။ ဆရာဝန်တွေ Steriod cream တွေကို တင်းတိပ်သက်သာအောင် ညွှန်ပေးလေ့ရှိပါတယ်။

ဆေးလိမ်းလို့မှ မသက်သာဘူးဆိုရင် Chemical peels, Deambrasion, Microdeambrasion တို့လည်းလုပ်နိုင်ပါတယ်။ ဒါတွေကတော့ အရေပြားဆရာဝန်တွေ ( Dermatologist ) နဲ့ အလှပအဆိုင်ရာဆရာဝန် ( Aesthetist ) တွေသာလုပ်ဆောင်နိုင်တဲ့ ကုသမှုလေးတွေပါ။

ဒါတွေနဲ့ကုလိုက်လို့ တင်းတိပ်တွေ ဘယ်တော့မှ မဖြစ်တော့ဘူးလို့ အာမ မခံနိုင်ပါဘူး။ ပြန်လည်းဖြစ်နိုင်ပါတယ်။ လုံးဝပျောက်အောင်ကုလို့မရတဲ့ တင်းတိပ်တွေလည်းရှိပါတယ်။ အရေပြားဆရာဝန်နဲ့ ပုံမှန်ကုသမှုခံယူပြီး ဖြစ်နိုင်ချနည်းသွားအောင် လျှော့ချသင့်ပါတယ်။

ကုလို့ မပျောက်ဘူးဆိုရင် ဘာလုပ်မလဲ?

တင်းတိပ်တိုင်းကတော့ ကုလို့မပျောက်ပါဘူး။ မပျောက်တာကိုလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ အောက်မှာပြထားတဲ့ အချက်လေးတွေအတိုင်း လိုက်နာမယ်ဆိုရင် တင်းတိပ်တွေ ပိုမဆိုးဖို့နဲ့၊ ဖြစ်နေပီးသားနေရာလေးတွေလည်း အသားအရောင်နဲ့ ညီသွားအောင် လုပ်နိင်မှာပါ။

  • မိတ်ကပ်ကို အသုံးပြုပီး ဖုံးဖိလို့ရပါတယ်။ ပုံမှန်အားဖြစ်တော့ တင်းတိပ်တွေက အရမ်းကြီး အရောင်မရင့်တဲ့အတွက် Concealer နည်းနည်းလေး အသုံးပြုလိုက်ရုံနဲ့ ပျောက်ကွယ်သွားမှာပါ။
  • သောက်ခိုင်းတဲ့ဆေးတွေကို ဆရာဝန်မှ ညွှန်ကြားထားတဲ့ အတိုင်း တိတိကျကျ သောက်ရပါမယ်။ ဒါမှသာလျှင် ဆေးတွေအကုန်လုံး ထိထိရောက်ရောက် အစွမ်းပြနိုင်မှာပါ။
  • Sunscreen ကိုနေ့တိုင်း SPF 30 ထက်မနည်း ပါဝင်တဲ့ ကုန်ပစ္စည်းကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ Cream type က နည်းနည်းအိုက်လျှင်လည်း Water-based type နဲ့ Spray type တွေကို အသုံးပြုနိုင်ပါသေးတယ်။
  • မျက်နှာကိုပါ အရိပ်ကျတဲ့ ဦးထုပ် ( Wide-brimmed Hat ) နဲ့ ထီးတွေကို ဆောင်ပြီးလည်း နေရောင်ခြည်နဲ့ မျက်နှာ တိုက်ရိုက်မထိတွေ့အောင် ကာကွယ်နိုင်ပါသေးတယ်။ နေပူထဲမှာ မဖြစ်မနေ အချိန်ကြာကြာ နေရမယ်ဆိုရင်လည်း နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်တဲ့ အင်္ကျိလက်ရှည်၊ ဘောင်းဘီအရှည်တို့ကို ဝတ်သင့်ပါတယ်။

တင်းတိပ်ဖြစ်တဲ့ သူအချင်းချင်း အားပေးနှစ်သိမ့်စကားပြောတာကလည်း စိတ်အားငယ်မှုကို လျှော့ချနိုင်မှာပါ။ အနောက်နိုင်ငံတွေမှာတော့ တင်းတိပ်ရှိတဲ့သူတွေကို Flawsome beauty ( အာနည်းချက်၏ အလှတရား ) တစ်ခုလို့ ယူဆလာတဲ့သူတွေလည်း ထုနဲ့ဒေး ရှိတဲ့အတွက်ကြောင့်မို့လို့ လုံးဝလုံးဝ အားငယ်နေဖို့ မလိုကြောင်း Dr.Z မှ ထပ်မံသတိပေးလိုက်ရပါတယ်။

Dr.Z

Previous Post

သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၂)

Next Post

အမျိုးသမီးများအတွက် သားသမီးလွယ်ကူစွာ ရနိုင်ရန် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
543
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများအတွက် သားသမီးလွယ်ကူစွာ ရနိုင်ရန် နည်းလမ်းများ

ရုံးပတီသီးအကြောင်း

ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပေါ်တတ်သောရောဂါများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.