fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ဝက်သက်ရောဂါနှင့် အယူအဆများ

79
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/02/2017
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ဝက်သက်ရောဂါနှင့် ပတ်သက်ပြီး အယူအဆမှားတချို့ကို တင်ပြပါမည်။ ဝက်သက်ရောဂါမှာ အသက်အရွယ်မ ရွေးဖြစ်နိုင်သော်လည်း ကလေးများတွင် အဖြစ်များပါသည်။ လူကြီးများတွင် အဖြစ်နည်းခြင်းမှာလည်း ငယ်စဉ် ကဝက်သက်ရောဂါ ဖြစ်ခဲ့ဖူးသဖြင့် ကိုယ်ခံစွမ်းအားစနစ်၏ ခုခံကာကွယ်နိုင်မှုကြောင့် ဖြစ်နိုင်ပါသည်။

“ဝက်သက်ပေါက်လျှင် ဆေးမထိုးရ” ဟုလက်ခံထားမှုများရှိသည်။ ဝက်သက်ပေါက်သော ကလေးငယ်အားဆေး ထိုးမိလျှင် ဝက်သက်ငုပ်သွားတတ်သည်။ ကလေးငယ်ပိုပြီး ခံစားရတတ်သည်။ အန္တရာယ်ရှိသည် စသည်ဖြင့်ယုံ ကြည်မှုများကြောင့် ဖြစ်သည်။ ဝက်သက်ရောဂါမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ဗိုင်းရပ်စ်ပိုး၏ သဘာဝအရ ပဋိဇီဝဆေးဝါးများကြောင့် အကျိုးသက်ရောက်မှုမဖြစ်နိုင်ပါ။ ဝက်သက်ရောဂါတွင် အနီဖုအစက်အ ပြောက်များမှာ ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ သဘာဝအတိုင်းထွက်လာမည်ဖြစ်၏။

ဗိုင်းရပ်စ်ရောဂါဖြစ်ပေါ်ချိန်တွင် ဒုတိယအဆင့် ဗက်တီးရီးယားကူးစက်မှု Secondary Bacterial Infection ဖြစ် နိုင်သည်။ ဥပမာ – အဆုတ်ရောင်ရောဂါ နမိုးနီးယားဖြစ်တတ်ပါသည်။ ထိုအခါမျိုးတွင် ပဋိဇီဝဆေးကိုထိုးဆေး အဖြစ် သို့မဟုတ် စားဆေးအဖြစ်ပေးရတတ်သည်။ ကိုယ်အပူချိန်အလွန်အကျွံတက်သောကြောင့် ဆေးထိုးရ ခြင်းမျိုး ဆေးတိုက်ရခြင်းမျိုးရှိနိုင်ပါသည်။ ဆေးထိုးခြင်းဖြင့် အန္တရာယ်မရှိပါ။ ဝက်သက်ပေါက်နေသောကလေး ကို ဆေးထိုးပေးနိုင်ပါသည်။

တချို့မိဘများက “ကန်ဆေးထိုးပေးပါ” ဟုတောင်းဆိုမှုများလည်း ရှိသည်။ ဝက်သက်များက ကန်ထွက်လာလေ ကောင်းလေဟုယူဆထားတတ်ကြသည်။ ဝက်သက်ကို များများထွက်လာအောင် (ကန်ထွက်လာအောင်) ဆေး ထိုး၍မရပါ။ ကန်ဆေးဟူ၍ မရှိပါ။ အဖုအပိမ့်အနည်း၊ အများသည် ကလေးငယ်တစ်ဦး၏ ခံနိုင်ရည်စွမ်းအားပေါ် မူတည်ပါသည်။

ဝက်သက်ပေါက်သော ကလေးငယ်အား အိမ်တွင်း၌ပိတ်လှောင်ထားခြင်း၊ ခြင်ထောင်အတွင်း၌ထားခြင်း၊ အ ဝတ်အထူများဝတ်ဆင်ပေးခြင်းစသည့် အပြုအမူများမှာလည်း မှားယွင်းကြောင်းသိထားသင့်ပါသည်။ ကလေး ငယ်အားလေဝင်လေထွက်ကောင်းသော၊ လေကောင်းလေသန့်ရရှိမည့်နေရာတွင် ထားရန်ဖြစ်ပါသည်။ ပိတ် လှောင်ထား၍မရပါ။ အဝတ်အစားများ အထပ်ထပ်ဝတ်ဆင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့် တက်ပြီး နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ – ကိုယ်အပူကြီးပြီးတက်ခြင်း) ဖြစ်နိုင်သည်။

“ဝက်သက်ညှိုးလိုလျှင် ရေနိုင်နိုင်ချိုး” ဟူသော အယူအဆတစ်ခုလည်းရှိပါသည်။ ကလေးငယ်အား ရေအကြာ ကြီးချိုးပေးတတ်ကြသည်။ အပူစင်အောင်ဟူ၍ ထိုသို့အချိန်ကြာကြာချိုးပေးခြင်းဖြစ်သည်။ ဝက်သက်ပေါက် သောကလေးများတွင် နောက်ဆက်တွဲဆိုးကျိုးတစ်ခုမှာ အဆုတ်ရောင်ခြင်း (အဆုတ်အအေးပတ်ခြင်း – နမိုးနီး ယား) ဖြစ်သည်။ နမိုးနီးယားဝင်၍ ခန္ဓာကိုယ်အပူချိန်တက်နေသည်ကို ဝက်သက်အပူမစင်ဟုယူဆကာ ရေကို မနက်ပြန်ညပြန်အချိန်ကြာကြာ ချိုးပေးသည်။ နမိုးနီးယားအဆုတ်ရောင်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။ နမိုး နီးယားရောဂါကြောင့် ကလေးငယ်များသည် အသက်အန္တရာယ်ရှိနိုင်ကြောင်း သိထားသင့်ပါသည်။

တချို့ဒေသများတွင် ဝက်သက်ရောဂါဖြစ်လျှင် ဝက်ချေးခြောက်ရေဖျော်တိုက်သည့် အလေ့အကျင့်မျိုးရှိသည်ဟု ဆိုပါသည်။ ကလေးအကျိုးတစ်စုံတစ်ရာ မရရှိနိုင်သည့်အပြင် အန္တရာယ်ပင်ဖြစ်စေနိုင်ပါသည်။ ထိုသို့သောအပြု အမူများကိုရှောင်ကြဉ်ရပါမည်။

ဝက်သက်ရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေတတ်ပါသ ဖြင့်ဝက်သက်ပေါက်လျှင် ဆေးပညာရှင်ဆရာဝန်နှင့် ပြသပြီးကုသမှုခံယူရပါမည်။ ကလေးငယ်များအားအသက် (၉) လအရွယ်တွင် ဝက်သက်ကာကွယ်ဆေးထိုးခြင်းဖြင့် ဝက်သက်ရောဂါကို ထိရောက်စွာကာကွယ်နိုင်ပါသည်။

ဝက်သက်ရောဂါနှင့်ပတ်သက်၍ –

• ဝက်သက်ပေါက်လျှင် ဆေးထိုးနိုင်ပါသည်။
• ဆေးထိုး၍ ငုပ်မသွားပါ။ အန္တရာယ်လည်းမရှိပါ။
• ဝက်သက်အတွက် ကန်ဆေးဟူ၍မရှိပါ။
• ဝက်သက်ကလေးငယ်အား ပိတ်လှောင်မထားပါနှင့်။
• ရေကို အချိန်ကြာမြင့်စွာ ချိုးပေးခြင်းမပြုရပါ။
• ဆရာဝန်နှင့် ပြသ၍ကုသမှုခံယူပါ။
• ကလေးငယ်များအား ကာကွယ်ဆေးထိုးပေးပါ။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

လက်သည်း ကိုက်တာ ဘယ်လိုလုပ်ရပါ့

Next Post

HIV နဲ့ကိုယ်ဝန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

HIV နဲ့ကိုယ်ဝန်

ဣတ္ထိယတို့အကြောင်း တစ်စေ့တစ်စောင်း

သားသားမီးမီးတို့ ပေါက်လိုက်တာမှ ရွှဲရွှဲစို အိပ်ရာထက်တွင်ကို (Bed Wetting)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.