ကျွန်တော်တို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင်ရှိသော လူအချို့တွင် ကိုယ်အလေးချိန်မြင့်တက်လာ ပြီး အဝလွန်ကဲ နေကြပါသည်။ အမေရိကန်နိုင်ငံတွင် ကလေးငါးဦး၌ တစ်ဦးသည်အဝလွန်ကဲသကဲ့သို့ အမေရိ ကန် လူမျိုးအားလုံး၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် ကိုယ်အလေးချိန်များနေကြပါသည်။ကိုယ်အလေးချိန်မြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်စေပါသည်။
ကိုယ်အလေးချိန်မြင့်တက်လာခြင်းဆိုသည်မှာ
လူတစ်ဦးတွင် ၎င်း၏ခန္ဓာကိုယ်မှလိုအပ်သော ကယ်လိုရီထက် ပိုပြီးစားသုံးသောအခါ၌ ကိုယ်အလေး ချိန် မြင့်တက်လာတတ်ပါသည်။ ၎င်းကိုအလိုအလျောက် ကိုယ်အလေးချိန်မြင့်တက်ခြင်းဟု ခေါ်ဆိုပါသည်။ ထို့အတူ ကိုယ်အလေးချိန်မြင့်တက်လာခြင်းသည် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများကြောင့်လည်း ဖြစ်တတ် ပါသည်။
ကိုယ်အလေးချိန်မြင့်တက်ရသည့် အကြောင်းအရင်းများ
ကာဗွန်ဟိုက်ဒရိတ် (ကစီ)ဓာတ်နှင့် ကယ်လိုရီများသော အစားအသောက်များစားသုံးခြင်း။
အစားအသောက်ကိုလွန်ကဲစွာ စားသောက်ခြင်း။
ဆေးလိပ်ဖြတ်ခါစတွင် ကိုယ်အလေးချိန်ယာယီတက်တတ်ခြင်း။
အသက်ကြီးလာခြင်းကြောင့် ာ၏ဇီဝရုပ်ဖြစ်ပျက်မှု နှေးလာခြင်း။
ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း။
စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ (စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကများခြင်း၊ အပြစ်ရှိသကဲ့သို့ခံစားရ ခြင်း) ဖြစ်ပေါ်ခြင်း။
သိုင်းရွိုက်ဟော်မုန်းထွက်ရှိနှုန်း လျော့နည်းလာခြင်း။
ကော်တီကိုစတီးရွိုက်ဆေး၊ စိတ်ကျသက်သာဆေးများကို သောက်သုံးခြင်း။
သားဥအိမ်တွင် သားဥမကြွေနိုင်ဘဲ ရေအိတ်ငယ်များဖြစ်လာခြင်း။
ကိုယ်အလေးချိန်လျော့ကျစေရန်
ကိုယ်အလေးချိန်လျော့ကျစေရန်အတွက် လုပ်သင့်လုပ်ထိုက်သောအန ္တရာယ်အကင်းဆုံးနည်းလမ်းမှာ မိမိနှင့်သင့်လျော်သော အားကစားပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွှတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် ဓာတုဆိုး ဆေးကင်း အစားအစာများကို ရွေးချယ်စားသောက်ခြင်းပင်ဖြစ်ပါသည်။
ကိုယ်အလေးချိန်မြင့်တက်နေသောသူအား ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရမည့် အခြေအနေ
အဝလွန်ကဲသူသည်အကြောင်းအရင်းတိကျစွာမရှိဘဲကိုယ်အလေးချိန်အလွန်အမင်း မြင့်တက်လာ ခြင်း၊ ခြေထောက်များဖောရောင်လာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ရင်တုန်ခြင်း၊ ခြေလက်တုန်ယင်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှုမဝခြင်း၊ဝမ်းချုပ်ခြင်း၊ထိန်းချုပ်၍မရသည်အထိဆာလောင်နေခြင်း၊အမြင်အာရုံကြောပြောင်းလဲခြင်း နှင့်အအေးဒဏ်ကိုခံနိုင်ရည်မရှိခြင်းများဖြစ်ပါကမပေါ့ဆဘဲတတ်ကျွမ်းနားလည်သောဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပြသရပါမည်။
စမ်းသပ်စစ်ဆေးမှုများ
မိမိအနေဖြင့် မည်သည့်အတွက်ကြောင့် ကိုယ်အလေးချိန်မြင့်တက်နေခြင်းကို သိရှိစေရန် ကိုယ်အလေး ချိန်မှန်မှန်ချိန်ခြင်း၊ သွေးစစ်ဆေးခြင်း၊ ဟော်မုန်းပမာဏတိုင်းတာခြင်းနှင့်အာဟာရတန်းဖိုးတွက်ချက်ခြင်းများ ဆောင်ရွက်ပါမည်။
အဝလွန်ကဲခြင်းသည် စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ပေါ်ပါက စိတ်ကျန်းမာရေးအထူးကုဆရာဝန်များနှင့် ပြသပြီး လမ်းညွှန်မှုများကို ခံယူရပါမည်။
ကိုယ်အလေးချိန်မြင့်တက်လာခြင်းကိုကာကွယ်ရန်သင့်တော်သောအစားအသောက်ကိုစားရပါမည်။ လေ့ကျင့်ခန်းကိုအစီအစဉ်ဆွဲ၍စနစ်တကျ ဆောင်ရွက်ရပါမည်။အခြားကိုယ်အလေးချိန် လျော့ချနိုင်မည့်နည်းလမ်းများကိုဆရာဝန်ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရပါမည်။စိတ်ရှည်လက်ရှည်နှင့်အချိန်ပေးပြီးကိုယ်အလေး ချိန်လျော့ချနည်းများကို လိုက်နာပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
AUTHOR – ဒေါက်တာကောင်းစံ
Credit to:
Health Care Journal (Vol-7, No-27)