fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

အထိုင်အထခက်သတဲ့လား

289
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/09/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အထိုင်အထခက်သတဲ့လား

အထိုင်အထခက်တယ်ဆိုတာ တစ်ခါတစ်လေမှာ လူတော်တော်များများဖြစ်ဖူးကြတယ် ခါးနာတဲ့သူတွေ ဒူးနာတဲ့သူတွေ ထိုင်ရာကနေပြန်ထရင် တော်ရုံလို့မရတတ်ပါဘူး တစ်ချို့ကျတော့လည်း ကိုယ်အလေးချိန်များတာကြောင့်ပါတတ်တယ် တစ်ချို့အသက်ကြီးပိုင်းတွေကျတော့လည်း အရိုးအဆစ်တွေ မကျန်းမာတာလည်းဆိုင်တတ်ပါတယ် ။

အခု ပြောမယ့် အထိုင်အထခက်တာမျိုးကတော့ ဒူးနာခြင်း ခါးနာခြင်းလည်း မရှိဘဲ အသက်ကြီးပိုင်းလည်းမဟုတ်ဘဲ ကိုယ်အလေးချိန်လည်း ပုံမှန်ရှိတဲ့သူတွေမှာပဲ ဖြစ်တဲ့ ရောဂါကြောင့် အထိုင်အထခက်တာမျိုးပါ ။

အထိုင်အထခက်တာလို့ပြောရင် ဆောင့်ကြောင့်ထိုင်နေရာကနေ ပြန်ထတဲ့အခါ ထိုင်ခုံအနိမ့်ထိုင်ပြီးတာကနေ ပြန်ထတဲ့အခါ မထနိုင်တာပါ နာလို့လည်း မဟုတ်ဘဲ ပြန်ကြွဖို့ကို ခက်နေတာမျိုး ခြေထောက်ပြန်ထောက်ဖို့ကို ခက်နေတာမျိုးပါ ပြန်ထဖို့အတွက်ဆို အနားမှာရှိတဲ့ အရာတွေကိုအားပြုပြီးထရတာတောင် တော်တော်ခက်တတ်ပါတယ် ဘေးကိုင်စရာမရှိတဲ့အခါမှာတော့ အတည့်အတိုင်းရပ်လို့မရတော့ဘဲ ရတဲ့ပုံစံနဲ့ မနည်းကြိုးစားထရတ်ပါတယ် ။

ဒီလိုအထိုင်အထခက်ရတာက ပေါင်မှာရှိတဲ့ ကြွက်သားတွေ အားနည်းလို့ပါ ကြွက်သားတွေ တောင့်တင်းမှုမရှိတာကြောင့်ပါ proximal myopathy လို့ ခေါ်ပါတယ် တစ်ချို့တွေကျတော့ လက်မောင်းကကြွက်သားတွေနဲ့တူတူ တွဲဖြစ်တတ်ပါတယ် လက်မောင်းကြွက်သားတွေအားနည်းတဲ့အခါ လက်ကိုအပေါ်မြှောက်ဖို့ မလွယ်ကူတာတွေဖြစ်တတ်ပါတယ် ဘီးဖြီးမရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလိုကြွက်သားအားနည်းတဲ့ရောဂါက ကြွက်သားတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေအပြင် တစ်ခြားရောဂါတွေမှာလည်း တွေ့နိုင်တဲ့ ရောဂါလက္ခဏာတစ်ခုပါ ။

တစ်ချို့ကျတော့ မွေးရာပါဖြစ်တတ်တယ် Duchene myscular dystrophy နဲ့ Becker disease တွေမှာ ဖြစ်တတ်တယ် မွေးစမှာ ခြေထောက်နှစ်ဖက်ကြွက်သား မညီတာမျိုး တွေ့ရတတ်တယ် တစ်ကိုယ်လုံးမှာရှိတဲ့ကြွက်သားတွေ အားလုံးထိနိုင်ပါတယ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေလည်းထိနိုင်ပါတယ် ။

တစ်ချို့တွေမှာ ကြွက်သားတွေယောင်တဲ့ ရောဂါတွေ အသက်လတ်ပိုင်းရောက်ရင် ဖြစ်လာတတ်တယ် Myositis ရောဂါတွေပါ ဒီလိုရောဂါတွေမှာလည်း ကြွက်သားတွေအားနည်းတတ်တယ် အားနည်းတာအပြင် ကြွက်သားတွေ နာတာ ခိုင်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ် တစ်ခြားတွေအနေနဲ့ အဆစ်နာတာနဲ့ အရေပြားအနီကွက်တွေ ဖြစ်တတ်ပါတယ် ။

Vitamin D နည်းလို့ ဖြစ်လာတဲ့ အရိုးပျော့ရောဂါ Osteomalacia ရောဂါမှာလည်း အထိုင်အထိခက်တတ်ပါတယ် Vitamin D နည်းတာကြောင့် အရိုးတွေက သန်မာမှုမရှိဘဲ ပုံစံမမှန်ဘဲ ကွေးနေတာတွေ ဖြစ်နေတာကြောင့် ကြွက်သားလှုပ်ရှားမှုတွေမှာ ခက်ခဲလာတာပါ ငယ်စဉ်က နေရောင်ကောင်းစွာမရတဲ့သူတွေ နို့နဲ့ နို့ထွက်ပစ္စည်း မစားဖြစ်တဲ့သူတွေမှာ ဖြစ်လွယ်ပါတယ် ။

Myasthenia grevis လို့ခေါ်တဲ့ ကြွက်သားပျော့ရောဂါမှာလည်း အထိုင်အထခက်တတ်ပါတယ် ဒီရောဂါက ညနေပိုင်းတွေ လှုပ်ရှားမှုများထားပြီးတဲ့ အချိန်တွေမှာ ပိုဖြစ်လွယ်ပါတယ် အသက်ရှူ လမ်းကြောင်းမှာရှိတဲ့ ကြွက်သားလည်းထိခိုက်နိုင်ပါတယ် အပြီးပျောက်ဖို့တော့ ခက်ပါတယ် ဆေးနဲ့ပဲ တောက်လျှောက်ထိန်းရမှာပါ ။

တစ်ချို့ရောဂါတွေဖြစ်တဲ့ သိုက်ရွက်ရောဂါတွေနဲ့ steroid ဟော်မုန်းများတဲ့ Cushing ရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ် ဒီလိုရောဂါတွေမှာ ပင်ကိုယ်ရောဂါအခံကိုပဲ သက်သာအောင်လုပ်ပေးရင်းပြန်သက်သာလာတတ်ပါတယ် ။

တစ်ချို့ဆေးတွေ သောက်ရင်လည်း ကြွက်သားနာကျင်တာတွေကနေ အထိုင်အထခက်တတ်ပါတယ် ဥပမာအားဖြင့် သွေးအဆီချဆေးတွေ steroid ဆေးတွေပါ ဒီဆေးတွေကြောင့်ဖြစ်တယ်ဆိုရင်တော့ လိုအပ်ခဲ့ရင် ဆေးရပ်တာတွေအထိ လုပ်ရပါတယ်။

ဒီလို အထိုင်အထခက်တတ်တဲ့ရောဂါတွေက ဖြစ်ရတဲ့ အကြောင်းပေါ်မူတည်ပြီး ပြန်ကုလို့ရတာရှိသလို ကုလို့မရတာလည်းဖြစ်နိုင်ပါတယ် မွေးရာပါဖြစ်တဲ့ရောဂါတွေမှာဆိုရင်ဖြင့် လမ်းတောင်သေချာမလျှောက်နိုင်တာတွေလည်း ဖြစ်နိုင်ပါတယ် ။

Dr. CST

Previous Post

ဆီးအိမ်ကင်ဆာ

Next Post

ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်မတိုင်မှီ အချင်းကွာခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.4k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
909
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
858
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.4k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်မိခင်များတွင် အချိန်မတိုင်မှီ အချင်းကွာခြင်း

" နို့ချိုတိုက်ကျွေး မေ့ရင်သွေး ရောဂါမျိုးစုံ ကာကွယ်ပေး "

တားဆေး ဘယ်ထဲထည့်မယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.