မိုးရာသီမှာ အသားအရေ မလှမှာကို စိုးရိမ်ပူပန် နေပါသလား?
မိုးရာသီ / စိုစွတ်ရာသီ / မုတ်သုန်ရာသီအတွက် အရေးကြီးဆုံး အသားအရေ ထိန်းသိမ်းနည်းတွေကို ဒီတစ်ခါ စာဖတ်သူ ပရိသတ်တွေကို ဝေမျှပေးချင်ပါတယ်။
သင့်ရဲ့ ပုံမှန် အသားအရေ ထိန်းသိမ်းနည်းတွေကို နှုတ်ဆက်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ မိုးတွင်းဆိုတာနဲ့ အဓိက သတိထားရမှာက အသားကို ခြောက်သွေ့မှု ကင်းရှင်းပြီး စိုစွတ်အောင် ထားဖို့ပါပဲ။ ဒါကလည်း ပြောတော့သာ အတော့်ကို လွယ်တာပါ။ နည်းနည်းတော့ စိတ်ရှည်ပြီး အချိန်ယူရမှာပါ ။
မိုးရာသီကြောင့် ခြောက်သွေ့လာတဲ့ အသားအရေက ဘက်တီးရီးယားဆွေ၊ မှိုတွေအတွက် စွဲမက်စရာ ကောင်းနေမှာ အမှန်ပါပဲ။ သူတို့တွေက အရေပြားယားယံတာလေးက အစပြုပြီး ပြင်းထန်တဲ့ အရေပြားရောဂါအထိ ဖြစ်နိုင်လို့ မပေါ့သင့်ပါဘူး။ ဒါတွေကနေ ဝေးပြီး စိတ်အေးရအောင်လို့ အောက်ပါ ၁၀ ချက် ကို ဖော်ပြပေးလိုက် ရပါတယ်။
၁။ ပုံမှန် အသားအရေကို ဆေးကြောပေးပါ။
မိုးရာသီမှာ တစ်နေ့ကို အနည်းဆုံး ၃ ကြိမ်ထက်မနည်း ဆေးကြော သန့်စင်ပေးသင့်ပါတယ်။ ရည်ရွယ်ချက်ကတော့ ချွေူပေါက်တွေကို ပိတ်နိင်တဲ့ အညစ်အကြေးတွေနဲ့ အဆီတွေကို ဖယ်ဖို့ပါ။
၂။ Alcohol Based အလှကုန်တွေကို လှည့်မကြည့်ပါနဲ့ ။
သူတို့တွေက အသားအရေကို ပိုပြီး ခြောက်သွေ့စေပါတယ်။ သူတို့ကို မသုံးတဲ့အတွက် အသားအရေရဲ့ pH နဲ့ အရောင်အဆင်းကလည်း ပုံမှန်အတိုင်း ဖြစ်နေမှာ အသေအချာပါပဲ ။
၃။ ရေဓာတ်ဖြည့်ပေးတဲ့ Cream တစ်မျိုးမျိုးကို ပုံမှန် လိမ်းပါ။
မိုးရာသီက သင့်ရဲ့ တန်ဖိုးရှိတဲ့ အသားအရေကို ခြောက်သွေ့ အကျဉ်းတန်စေပါတယ်။ Moisturizer တစ်မျိုးမျိုးကို ဆောင်ထားမှသာ အသားအရေက ပုံမှန်အတိုင်း စိုစွတ်နေမှာပါ။
၄။ အဆီပြန်တဲ့ အသားအရေ တွေအတွက် Water based cosemtics တွေကို အဓိကထား ဝယ်ယူပါ။
အဆီပြန်လွန်းသူ Oily skin type ပိုင်ရှင်များက အသားအရေကို စိုစွတ်စေမယ့် အလှကုန်ရွေးရင် Water based cosmetic တွေကို ဦးစားပေး ရှာသင့်ပါတယ်။ သူက အသားအရေ ခြောက်သွေ့မှုကို ကာကွယ်နိုင်တဲ့ အပြင် အဆီပြန်မှုကိုလည်း အတိုင်းအတာ တစ်ခုအထိ ကျစေပါတယ်။
၅။ Sunscreen သုံးပါ။
မိုးအုံ့တာကြောင့် အလှည့်စား မခံရစေပါနဲ့ ။ ခရမ်းလွန်ရောင်ခြည် ( UV rays ) တွေက နေမပူလည်း မိုးသားကို ဖြတ်ပြီးတော့ အသားအရေကို ဒုက္ခ ပေးတတ်ပါတယ်။ မျက်စိနဲ့ မမြင်ရလို့သာ မသိကြတာပါ။ အဲ့ဒါကြောင့်မို့လို့ အပြင်သွားတိုင်း အနည်းဆုံး SPF 15 လောက်ပါတာကို လိမ်းသွားကြဖို့ သတိမမေ့ကြပါနဲ့ ။
၆။ Exfoliate ပုံမှန်လုပ်ပါ။
Exfoliate ဆိုတာ Cell အဟောင်းတွေ၊ အသေတွေကို ဖယ်တာဖြစ်ပါတယ်။ ဘယ်လိုဖယ်လဲဆိုတော့ နီးစပ်ရာ အလှကုန်ဆိုင်ကနေ Scrub type shower gel တစ်ခုခုကို ဝယ်ပါ။ ပြီးရင် ရေချိုးနေတုန်းမှာ Scrub လေးနဲ့ ဖြည်းဖြည်းချင်း နေရာအနှံ့ ပွတ်တိုက်ပေးပါ။ ဒီလိုမျိုးကို တစ်ပတ် ၁ ခါ ၂ ခါ လောက် လုပ်နိုင်ရင် အဆင်ပြေပါပြီ။ နေ့တိုင်း လုပ်ရင် အသားအရေ ပိုမို ခြောက်သွေ့စေလို့ပါ။
၇။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်သောက်ပါ။
စိုထိုင်းမှုက သင့်ကို ချွေးပိုထွက်စေပါတယ် ။ ချွေးအရမ်းထွက်ရင် အသားအရေက ဖျော့ပြီး ညစ်တစ်တစ် ဖြစ်နေတတ်ပါတယ်။ ဒါကတော့ ရေသောက်ခြင်းဖြင့်ပဲ ကုန်သွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးနိုင်မှာပါ။
၈။ ခေါင်းလျှော်ပါ။
တခြားရာသီဥတုတွေမှာတော့ တစ်ပတ် ၂ ခါ လောက် ခေါင်းလျှော်တာက လုံလောက်ပါတယ်။ မိုးရာသီမှာတော့ အဲ့လိုမရပါဘူး။ စိုထိုင်းမှုက သင့်ရဲ့ခေါင်းကို ချွေးပိုထွက်စေပါတယ်။ ချွေးအရမ်းထွက်ရင် အညစ်အကြေး နဲ့ ဖုန်မှုန့်တွေ ဆံပင်ကို ပိုကပ်စေပြီး ရောဂါပိုးမွှားတွေ ပိုမိုပေါက်ဖွားစေပါတယ်။
၉။ Fancy တွေ / လက်ဝတ်ရတနာတွေ ဖြစ်နိုင်ရင် မဝတ်ပါနဲ့။
စိုထိုင်းမှုကြောင့် ချွေးပိုထွက်ရင် တချို့ အရေပြားပိုင်ရှင် ( ဥပမာ Sensitive skin ) ဆိုရင် အလွယ်တကူ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ မိုးရေကြောင့်လည်း လက်ဝတ်ရတနာတွေ အနည်းနဲ့ အများ ပျက်စီးနိုင်တာကြောင့် ဘာမှ မဝတ်ရင် အကောင်းဆုံးပါ။
၁၀။ သင်ကိုယ်တိုင် ဖော်စပ်ထားတဲ့ ပေါင်းတင်နည်းတွေကို အသုံးပြုပါ။
အပြင်ကဝယ်တာထက် ကိုယ်တိုင်ပြုလုပ်ထားတဲ့ သဘာဝ ပေါင်းတင်ဆေးတွေက ပိုပြီးဘေးကင်းပြီး ဈေးလည်း ပိုသက်သာပါတယ်။ မီးဖိုချောင်ထွက် ပစ္စည်းတွေက အလွယ်တကူရယူနိုင်ပြီး အသုံးပြုရတာလည်း မရှုပ်ထွေးပါဘူး။ Internet ကနေ ဖော်စပ်ပုံတွေ အလွယ်တကူ ရှာဖွေပြီး အသုံးပြုကြဖို့ အကြံပေးလိုက်ပါတယ်။
Dr. Z