(Zawgyi)
ကမာၻေပၚမွာ တီဘီေရာဂါ၊ ကင္းစင္တဲ့ႏိုင္ငံအျဖစ္ ေၾကျငာႏိုင္တဲ့ႏိုင္ငံေတာ့ မရွိေသးပါဘူး။ သည္တစ္ပတ္မဂၤ လာေမာင္မယ္စကားဝိုင္းမွာ တီဘီေရာဂါ ေဆးယဥ္ပါးတီဘီေရာဂါအေၾကာင္း ေဆြးေႏြးထားပါတယ္။
ေမာင္ – တီဘီေရာဂါဟာ ကမာၻမွာဘယ္ေလာက္အထိျဖစ္ပြားေနသလဲ ဆရာ။
ေဒါက္တာမဂၤလာ – ကမာၻ႔လူဦးေရရဲ႕ သုံးပုံတစ္ပုံဟာတီဘီပိုး ကူးစက္ခံရၿပီး ႏွစ္စဥ္ရွစ္သန္းခန႔္ တီဘီေရာဂါျဖစ္ ပြားကာ လူႀကီးလူငယႏွစ္သန္းခန႔္ ေသဆုံးလွ်က္ရွိပါတယ္။
မယ္ – ဘယ္လိုကူးစက္ႏိုင္သလဲ ဆရာ။
ေဒါက္တာမဂၤလာ – ေလမွတစ္ဆင့္ကူးစက္တဲ့ ေရာဂါျဖစ္တယ္။ အိမ္တစ္အိမ္မွာ တီဘီျဖစ္ပြားသူရွိရင္ အျခားသူ မ်ားအလြယ္တကူ ကူးစက္ႏိုင္ပါတယ္။ တီဘီေရာဂါျဖစ္ပြားသူဟာ ေဆးကုသမႈစနစ္တက် မခံယူရင္မိမိမွတစ္ ဆင့္အတူေနမိသားစု ပတ္ဝန္းက်င္ရွိလူမ်ားကိုပါ အလြယ္တကူ ကူးစက္ႏိုင္လို႔ေၾကာက္မက္ဖြယ္ေကာင္းလွပါ တယ္။
ေမာင္ – အမ်ားအားျဖင့္ ကူးစက္ႏိုင္မႈအေျခအေနရွင္းျပပါ ဆရာ။
ေဒါက္တာမဂၤလာ – ႏွာေခ်ျခင္း၊ တံေတြးေထြးျခင္း၊ က်ယ္က်ယ္ေလာင္ေလာင္စကားေျပာျခင္း၊ သီခ်င္းဆိုျခင္းနဲ႔ တီဘီေရာဂါဟာ ေလထဲကိုအလြယ္တကူ ပ်ံ႕ႏွံ႔သြားၿပီးပတ္ဝန္းက်င္ရွိသူမ်ား ရႈရႈိက္မိရာမွေရာဂါကူးစက္ခံရကာ လူစုလူေဝးေနရာမ်ား၊ ႐ုပ္ရွင္႐ုံ၊ ဗီဒီယို၊ ရထားဂိတ္၊ ကားဂိတ္တို႔မွာေဝဒနာရွင္မွ အနီးရွိလူနာမ်ားကိုလည္း ေကာင္း၊ ဘတ္စ္ကား၊ ယာဥ္ရထား၊ သေဘၤာ၊ ေလယာဥ္အတူစီးမိရင္ ေဝဒနာရွင္မွပတ္ဝန္းက်င္ရွိ လူမ်ားကို လည္းေကာင္း၊ စကားေျပာရင္းအတူေနရင္း ကူးစက္လြယ္ပါတယ္။
မယ္ – တီဘီေရာဂါပိုးကူးစက္ခံရတိုင္း တီဘီေရာဂါျဖစ္ပြားေလ့ရွိသလား ဆရာ။
ေဒါက္တာမဂၤလာ – ျဖစ္ပြားေလ့မရွိပါဘူး။ က်န္းမာသန္စြမ္းၿပီး ခႏၶာကိုယ္ခုခံအားစနစ္က တီဘီေရာဂါပိုးကို တိုက္ဖ်က္ႏိုင္စြမ္းရွိတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕စာရင္းအရ တီဘီေရာဂါပိုးကူးစက္ခံရသူ ၁၀၀မွာက်န္းမာေရး ေကာင္းသူ ၂၅ဦးကတီဘီေဆး ေသာက္စရာမလိုဘဲကိုယ္ခံအားက အလိုလိုတီဘီေရာဂါေပ်ာက္ကင္းတာ ေတြ႕ ရပါတယ္။
ေမာင္ – ဘယ္လိုလူေတြ တီဘီေရာဂါျဖစ္သလဲဆရာ။
ေဒါက္တာမဂၤလာ – အာဟာရခ်ိဳ႕တဲ့သူေတြ၊ ခုခံအားက်ဆင္းေနသူမ်ား၊ ေအအိုင္ဒီအက္စ္ေရာဂါ၊ ကင္ဆာေရာ ဂါ၊ အသည္းေရာင္အသားဝါဘီပိုး၊ စီပိုးရွိသူမ်ား၊ နာတာရွည္ေက်ာက္ကပ္ေဝဒနာရွင္မ်ား၊ ေဆးလိပ္၊ အရက္အ လြန္ေသာက္သုံးသူမ်ား၊ အသက္အ႐ြယ္ႀကီးရင့္သူနဲ႔ ငါးႏွစ္ေအာက္ကေလးမ်ား၊ ဆီးခ်ိဳေရာဂါႏွင့္ အစာအိမ္ျဖတ္ ေတာက္ခံထားရသူမ်ားဟာ တီဘီေရာဂါပိုမိုျဖစ္ပြားႏိုင္ပါတယ္။ အိမ္နဲ႔လူေနမမွ်တ မ်ားျပားျခင္း၊ အလုပ္နဲ႔အိမ္အ လင္းေရာင္နဲ႔ေလ ဝင္ေလထြက္ေကာင္းစြာ မရျခင္း၊ လူမႈစီးပြားနိမ့္က်ျခင္းမ်ား ျဖစ္ႏိုင္တယ္။
မယ္ – ေရာဂါျဖစ္ပြားမႈ အေျခအေနရွင္းျပေပးပါဦးဆရာ။
ေဒါက္တာမဂၤလာ – အသက္အ႐ြယ္မေ႐ြး၊ က်ားမ မေ႐ြးေရာဂါပိုးကူးစက္ခံရရင္ ေရာဂါျဖစ္ပြားႏိုင္တယ္။ တီဘီ ေရာဂါဟာအဆုတ္မွာ အမ်ားဆုံးျဖစ္ၿပီး ကိုယ္ခႏၶာရဲ႕အျခားေနရာမ်ားျဖစ္တဲ့ ဦးေႏွာက္အႀကိတ္မ်ား၊ အစာအိမ္၊ အူလမ္းေၾကာင္း၊ ေက်ာက္ကပ္၊ အ႐ိုးအဆစ္မ်ားစတဲ့ ေနရာအႏွံ႔အျပားမွာျဖစ္ပြားႏိုင္ပါတယ္။
ေမာင္ – တီဘီေရာဂါလကၡဏာမ်ားကေရာ ဆရာ။
ေဒါက္တာမဂၤလာ – အဓိကလကၡဏာက ႏွစ္ပတ္မွသုံးပတ္ေက်ာ္ေခ်ာင္းဆိုးျခင္း၊ သလိပ္ထြက္ျခင္း၊ သလိပ္မွာ ေသြးပါျခင္း၊ ေက်ာဘက္၊ ရင္ဘတ္ေအာင့္ ျခင္းစသည္တို႔ျဖစ္ၿပီး ေယဘူလ်လကၡဏာေတြမွာ ညေနခင္းအဖ်ား တက္ျခင္း၊ အဖ်ားတာရွည္ျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ကိုယ္အေလးခ်ိန္ေလ်ာ့ျခင္း၊ ညဖက္မွာေခြၽးထြက္ ျခင္းတို႔ျဖစ္ပါတယ္။
မယ္ – ကိုယ့္မွာ တီဘီေရာဂါျဖစ္ပြားေနတာ သံသယရွိရင္ ဘယ္လိုေဆာင္႐ြက္ရမလဲဆရာ။
ေဒါက္တာမဂၤလာ – တီဘီေရာဂါသံသယရွိရင္ နီးစပ္ရာက်န္းမာေရးဌာနနဲ႔ ေဆး႐ုံေဆးခန္းမွာ သလိပ္ကိုသုံး ႀကိမ္ဆက္တိုက္ တီဘီပိုးရွိ၊ မရွိ စစ္ေဆးရမယ္။ နံနက္အိပ္ယာထမွ ထြက္တဲ့သလိပ္ျဖစ္ရပါမယ္။ အကယ္လို႔သ လိပ္ထဲမွာ တီဘီပိုးေတြ႕ရင္ က်န္းမာေရးဝန္ထမ္းေတြ ၫႊန္ၾကားတဲ့အတိုင္းကုသမႈ ခံယူရပါမယ္။
ေမာင္ – သလိပ္မွာ တီဘီပိုးမေတြ႕ရေပမယ့္ ေရာဂါလကၡဏာအရ (သို႔) အဆုတ္ဓာတ္မွန္အရ တီဘီျဖစ္ႏိုင္မွာ ေပါ့ဆရာ။
ေဒါက္တာမဂၤလာ – အဆုတ္ဓာတ္မွန္အရ အျခားဓာတ္ခြဲစမ္းသပ္မႈအရ တီဘီလို႔သတ္မွတ္ရင္ကုသမႈခံယူရပါ မယ္။
မယ္ – ေဆးကုသမႈခံယူရာမွာဘာေတြ ၾကည့္ရမလဲဆရာ။
ေဒါက္တာမဂၤလာ – တိုက္႐ိုက္ၾကည့္ရႈ အခ်ိန္တိုနဲ႔ကု ႏွင့္ေျခာက္လမွရွစ္လအထိ ဆက္တိုက္ကုသဖို႔လိုပါတယ္။ ေဆးကိုနံနက္အိပ္ယာထ အစာမစားမီ တစ္နာရီခြာၿပီး အစာစားၿပီးပါက သုံးနာရီခြာၿပီးေသာက္ဖို႔လိုပါတယ္။ အ စာနဲ႔ေပါင္းၿပီးေသာက္ရင္ တီဘီေဆးေတြရဲ႕ အာနိသင္ေလ်ာ့က်ေစပါတယ္။ အစာမရွိ ခ်ိန္မွာ ေဆးေသာက္သင့္ တယ္။ ေဆးေသာက္ၿပီး တစ္နာရီၾကာမွ အစာစားဖို႔လိုပါတယ္။ ေဆးေၾကာင့္ဆီး၊ ဝမ္းအေရာင္နီလာရင္ စိုးရိမ္စ ရာမရွိပါ။ တီဘီ ေဆးေသာက္ေနသေ႐ြ႕ ဆီးဝမ္းအေရာင္နီမွာပဲျဖစ္တယ္။
ေမာင္ – ေဆးရဲ႕ ေဘးထြက္အာနိသင္မ်ား ေဆြးေႏြးေပးပါဦးဆရာ။
ေဒါက္တာမဂၤလာ – အေၾကာမ်ားထုံက်ဥ္ျခင္း၊ ပူျခင္း၊ အဆစ္အျမစ္မ်ားနာက်င္ကိုက္ခဲျခင္း၊ ဝမ္းထဲမွပူျခင္း၊ ပ်ိဳ႕ အန္ျခင္း၊ မ်က္လုံး၊ အသားမ်ားဝါျခင္း၊ အေရျပားယားယံၿပီး အဖုအပိမ့္မ်ား၊ အနီကြက္မ်ားထြက္ျခင္း၊ သတိလစ္ ျခင္း၊ ကေယာင္ကတမ္းေျပာျခင္း၊ အသက္ႀကီးသူမ်ား ပိုမိုဆိုးဆိုး႐ြား႐ြားခံစားရပါ တယ္။ ေဒသႏၲရေဆးခန္း (သို႔) ဆရာဝန္နဲ႔သြားေရာက္ေဆြးေႏြးၿပီး လိုအပ္တဲ့ကုသမႈ ခံယူရပါမယ္။
မယ္ – တီဘီေဆးကို မွန္မွန္ၿပီးဆုံးေအာင္မေသာက္ရင္ ဘယ္လိုဆိုးက်ိဳးေတြခံစားရမလဲဆရာ။
ေဒါက္တာမဂၤလာ – အစမွာသိသာထင္ရွားတဲ့ လကၡဏာမျပဘဲေနာက္ပိုင္းအဆုတ္တစ္ခုလုံး ပ်က္စီးသြားႏိုင္ၿပီး တီဘီေရာဂါပိုး ခႏၶာကိုယ္အႏွံ႔ပ်ံ႕ႏွံ႔သြားႏိုင္တယ္။ ခႏၶာကိုယ္ထဲမွာက်န္ရွိေနေသးတဲ့ တီဘီေရာဂါမ်ားကေဆးကို ယဥ္ပါးတဲ့အတြက္ ေပ်ာက္ကင္းေအာင္ထပ္မံကုသရာမွာ ေငြပိုၿပီး ကုန္က်ခက္ခဲသြားတယ္။ မိသားစုမွာေဆး ယဥ္ပါးတီဘီျဖစ္ကာ အသက္အႏၲရာယ္ထိခိုက္ႏိုင္ပါတယ္။
ေမာင္ – တိုက္႐ိုက္ၾကည့္ရႈအခ်ိန္တိုကုက အမွန္တကယ္အေထာက္အကူျပဳပါသလား ဆရာ။
ေဒါက္တာမဂၤလာ – တိုက္႐ိုက္ၾကည့္ရႈမႈကို ဆရာန္ (သို႔) မိသားဝင္ (သို႔) မိတ္ေဆြတစ္ဦးဦးမွ လူနာေဆးမွန္မွန္ ေသာက္ေရး ေန႔စဥ္ေစာင့္ၾကပ္ၾကည့္ရႈအားေပးကူညီကာ ေဆးတိုက္ေကြၽးျခင္းျဖစ္ပါတယ္။ အမွန္အက်ိဳးရွိပါ တယ္။ လူနာကသက္သာလာတဲ့အခါ ေဆးေသာက္ဖို႔ၿငီးေငြ႕လာတဲ့အခါ ေဆးေသာက္ၿပီးမအီမသာျဖစ္တဲ့အခါ မိ သားစု (သို႔) မိတ္ေဆြမွေဆးမွန္မွန္ေသာက္ဖို႔ ကူညီေပးႏိုင္မွာပဲျဖစ္ပါတယ္။
မယ္ – သလိပ္ကို ဘယ္ေတာ့ျပန္စစ္ရမလဲဆရာ။
ေဒါက္တာမဂၤလာ – ႏွစ္လ (သို႔) သုံးလျပည့္ရင္ တစ္ႀကိမ္၊ ငါးလျပည့္ရင္ တစ္ႀကိမ္၊ ေျခာက္လ (သို႔) ရွစ္လျပည့္ ရင္ တစ္ႀကိမ္ သလိပ္စစ္ေဆးဖို႔လိုအပ္ပါတယ္။ ကေလးငယ္မ်ား သလိပ္ထြက္ဖို႔ခက္ေနသူမ်ားကိုမူ မစစ္ေဆး ႏိုင္ပါ။
ေမာင္ – တီဘီေရာဂါမကူးစက္ေအာင္ ဘယ္လိုကာကြယ္သင့္သလဲ ဆရာ။
ေဒါက္တာမဂၤလာ – တီဘီကာကြယ္ေဆးကို ရင္ေသြးငယ္မ်ားမပ်က္မကြက္ ႏွစ္လသားအ႐ြယ္မွာထိုးႏွံရမယ္။ ႏွာေခ်၊ ေခ်ာင္းဆိုးရင္ပါးစပ္နဲ႔ ႏွာေခါင္းကို အဝတ္ (သို႔) လက္ကိုင္ပုဝါနဲ႔လုံၿခဳံေအာင္ အုပ္ၿပီးေခ်ာင္းဆိုးသင့္ပါ တယ္။ သလိပ္၊ တံေတြးမ်ားေတြ႕ရာမေထြးဘဲ အဖုံးပါတဲ့ခြက္အတြင္းေထြးရပါမယ္။ သလိပ္ေတြကို ေရအိမ္အ တြင္း (သို႔) ေျမႀကီးနက္နက္တူးၿပီး စြန႔္ပစ္ရပါမယ္။
အာဟာရျပည့္ဝေအာင္ စားရပါမယ္။ သင့္တင့္တဲ့ကိုယ္လက္ လႈပ္ရွားအားကစားေန႔စဥ္ နာရီဝက္ (အေျပး၊ လမ္းေလွ်ာက္၊ စက္ဘီးစီး၊ ေရကူး) လုပ္ေပးသင့္ပါတယ္။ လူနာအ သုံးျပဳၿပီးတဲ့ အဝတ္အထည္၊ လက္ကိုင္ပုဝါကို ေလွ်ာ္ဖြတ္ၿပီးေနပူလွန္းၿပီးမွ ျပန္လည္အသုံးျပဳသင့္ပါတယ္။ တီ ဘီေရာဂါရွိသူေတြဟာ ေလဝင္ေလထြက္ေကာင္းၿပီး ေနေရာင္ျခည္တိုက္႐ိုက္ရမယ့္ ေနရာအခန္းေတြမွာ ေန ထိုင္သင့္တယ္။ လူနာက်န္တဲ့အစားအစာေတြကို မစားသင့္ဘူး။ တီဘီေရာဂါရွင္ဟာ မုခ်ေဆးကုသမႈခံယူရ မယ္။ တီဘီေရာဂါျပန္ၿပီးေခါင္းေထာင္လာတာဟာ ေအအိုင္ဒီအက္စ္ေရာဂါနဲ႔တြဲေနတဲ့ သူေတြမ်ားလာလို႔ပါပဲ။
Author – ေဒါက္တာမဂၤလာ (Vol-7 / No-47) Healthcare Journal
(Unicode)
ကမ္ဘာပေါ်မှာ တီဘီရောဂါ၊ ကင်းစင်တဲ့နိုင်ငံအဖြစ် ကြေငြာနိုင်တဲ့နိုင်ငံတော့ မရှိသေးပါဘူး။ သည်တစ်ပတ်မင်္ဂ လာမောင်မယ်စကားဝိုင်းမှာ တီဘီရောဂါ ဆေးယဉ်ပါးတီဘီရောဂါအကြောင်း ဆွေးနွေးထားပါတယ်။
မောင် – တီဘီရောဂါဟာ ကမ္ဘာမှာဘယ်လောက်အထိဖြစ်ပွားနေသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာတီဘီပိုး ကူးစက်ခံရပြီး နှစ်စဉ်ရှစ်သန်းခန့် တီဘီရောဂါဖြစ် ပွားကာ လူကြီးလူငယနှစ်သန်းခန့် သေဆုံးလျှက်ရှိပါတယ်။
မယ် – ဘယ်လိုကူးစက်နိုင်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – လေမှတစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်တယ်။ အိမ်တစ်အိမ်မှာ တီဘီဖြစ်ပွားသူရှိရင် အခြားသူ များအလွယ်တကူ ကူးစက်နိုင်ပါတယ်။ တီဘီရောဂါဖြစ်ပွားသူဟာ ဆေးကုသမှုစနစ်တကျ မခံယူရင်မိမိမှတစ် ဆင့်အတူနေမိသားစု ပတ်ဝန်းကျင်ရှိလူများကိုပါ အလွယ်တကူ ကူးစက်နိုင်လို့ကြောက်မက်ဖွယ်ကောင်းလှပါ တယ်။
မောင် – အများအားဖြင့် ကူးစက်နိုင်မှုအခြေအနေရှင်းပြပါ ဆရာ။
ဒေါက်တာမင်္ဂလာ – နှာချေခြင်း၊ တံတွေးထွေးခြင်း၊ ကျယ်ကျယ်လောင်လောင်စကားပြောခြင်း၊ သီချင်းဆိုခြင်းနဲ့ တီဘီရောဂါဟာ လေထဲကိုအလွယ်တကူ ပျံ့နှံ့သွားပြီးပတ်ဝန်းကျင်ရှိသူများ ရှုရှိုက်မိရာမှရောဂါကူးစက်ခံရကာ လူစုလူဝေးနေရာများ၊ ရုပ်ရှင်ရုံ၊ ဗီဒီယို၊ ရထားဂိတ်၊ ကားဂိတ်တို့မှာဝေဒနာရှင်မှ အနီးရှိလူနာများကိုလည်း ကောင်း၊ ဘတ်စ်ကား၊ ယာဉ်ရထား၊ သင်္ဘော၊ လေယာဉ်အတူစီးမိရင် ဝေဒနာရှင်မှပတ်ဝန်းကျင်ရှိ လူများကို လည်းကောင်း၊ စကားပြောရင်းအတူနေရင်း ကူးစက်လွယ်ပါတယ်။
မယ် – တီဘီရောဂါပိုးကူးစက်ခံရတိုင်း တီဘီရောဂါဖြစ်ပွားလေ့ရှိသလား ဆရာ။
ဒေါက်တာမင်္ဂလာ – ဖြစ်ပွားလေ့မရှိပါဘူး။ ကျန်းမာသန်စွမ်းပြီး ခန္ဓာကိုယ်ခုခံအားစနစ်က တီဘီရောဂါပိုးကို တိုက်ဖျက်နိုင်စွမ်းရှိတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စာရင်းအရ တီဘီရောဂါပိုးကူးစက်ခံရသူ ၁၀၀မှာကျန်းမာရေး ကောင်းသူ ၂၅ဦးကတီဘီဆေး သောက်စရာမလိုဘဲကိုယ်ခံအားက အလိုလိုတီဘီရောဂါပျောက်ကင်းတာ တွေ့ ရပါတယ်။
မောင် – ဘယ်လိုလူတွေ တီဘီရောဂါဖြစ်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – အာဟာရချို့တဲ့သူတွေ၊ ခုခံအားကျဆင်းနေသူများ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ကင်ဆာရော ဂါ၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုးရှိသူများ၊ နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက်အ လွန်သောက်သုံးသူများ၊ အသက်အရွယ်ကြီးရင့်သူနဲ့ ငါးနှစ်အောက်ကလေးများ၊ ဆီးချိုရောဂါနှင့် အစာအိမ်ဖြတ် တောက်ခံထားရသူများဟာ တီဘီရောဂါပိုမိုဖြစ်ပွားနိုင်ပါတယ်။ အိမ်နဲ့လူနေမမျှတ များပြားခြင်း၊ အလုပ်နဲ့အိမ်အ လင်းရောင်နဲ့လေ ဝင်လေထွက်ကောင်းစွာ မရခြင်း၊ လူမှုစီးပွားနိမ့်ကျခြင်းများ ဖြစ်နိုင်တယ်။
မယ် – ရောဂါဖြစ်ပွားမှု အခြေအနေရှင်းပြပေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – အသက်အရွယ်မရွေး၊ ကျားမ မရွေးရောဂါပိုးကူးစက်ခံရရင် ရောဂါဖြစ်ပွားနိုင်တယ်။ တီဘီ ရောဂါဟာအဆုတ်မှာ အများဆုံးဖြစ်ပြီး ကိုယ်ခန္ဓာရဲ့အခြားနေရာများဖြစ်တဲ့ ဦးနှောက်အကြိတ်များ၊ အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊ အရိုးအဆစ်များစတဲ့ နေရာအနှံ့အပြားမှာဖြစ်ပွားနိုင်ပါတယ်။
မောင် – တီဘီရောဂါလက္ခဏာများကရော ဆရာ။
ဒေါက်တာမင်္ဂလာ – အဓိကလက္ခဏာက နှစ်ပတ်မှသုံးပတ်ကျော်ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ သလိပ်မှာ သွေးပါခြင်း၊ ကျောဘက်၊ ရင်ဘတ်အောင့် ခြင်းစသည်တို့ဖြစ်ပြီး ယေဘူလျလက္ခဏာတွေမှာ ညနေခင်းအဖျား တက်ခြင်း၊ အဖျားတာရှည်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်း၊ ညဖက်မှာချွေးထွက် ခြင်းတို့ဖြစ်ပါတယ်။
မယ် – ကိုယ့်မှာ တီဘီရောဂါဖြစ်ပွားနေတာ သံသယရှိရင် ဘယ်လိုဆောင်ရွက်ရမလဲဆရာ။
ဒေါက်တာမင်္ဂလာ – တီဘီရောဂါသံသယရှိရင် နီးစပ်ရာကျန်းမာရေးဌာနနဲ့ ဆေးရုံဆေးခန်းမှာ သလိပ်ကိုသုံး ကြိမ်ဆက်တိုက် တီဘီပိုးရှိ၊ မရှိ စစ်ဆေးရမယ်။ နံနက်အိပ်ယာထမှ ထွက်တဲ့သလိပ်ဖြစ်ရပါမယ်။ အကယ်လို့သ လိပ်ထဲမှာ တီဘီပိုးတွေ့ရင် ကျန်းမာရေးဝန်ထမ်းတွေ ညွှန်ကြားတဲ့အတိုင်းကုသမှု ခံယူရပါမယ်။
မောင် – သလိပ်မှာ တီဘီပိုးမတွေ့ရပေမယ့် ရောဂါလက္ခဏာအရ (သို့) အဆုတ်ဓာတ်မှန်အရ တီဘီဖြစ်နိုင်မှာ ပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – အဆုတ်ဓာတ်မှန်အရ အခြားဓာတ်ခွဲစမ်းသပ်မှုအရ တီဘီလို့သတ်မှတ်ရင်ကုသမှုခံယူရပါ မယ်။
မယ် – ဆေးကုသမှုခံယူရာမှာဘာတွေ ကြည့်ရမလဲဆရာ။
ဒေါက်တာမင်္ဂလာ – တိုက်ရိုက်ကြည့်ရှု အချိန်တိုနဲ့ကု နှင့်ခြောက်လမှရှစ်လအထိ ဆက်တိုက်ကုသဖို့လိုပါတယ်။ ဆေးကိုနံနက်အိပ်ယာထ အစာမစားမီ တစ်နာရီခွာပြီး အစာစားပြီးပါက သုံးနာရီခွာပြီးသောက်ဖို့လိုပါတယ်။ အ စာနဲ့ပေါင်းပြီးသောက်ရင် တီဘီဆေးတွေရဲ့ အာနိသင်လျော့ကျစေပါတယ်။ အစာမရှိ ချိန်မှာ ဆေးသောက်သင့် တယ်။ ဆေးသောက်ပြီး တစ်နာရီကြာမှ အစာစားဖို့လိုပါတယ်။ ဆေးကြောင့်ဆီး၊ ဝမ်းအရောင်နီလာရင် စိုးရိမ်စ ရာမရှိပါ။ တီဘီ ဆေးသောက်နေသရွေ့ ဆီးဝမ်းအရောင်နီမှာပဲဖြစ်တယ်။
မောင် – ဆေးရဲ့ ဘေးထွက်အာနိသင်များ ဆွေးနွေးပေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – အကြောများထုံကျဉ်ခြင်း၊ ပူခြင်း၊ အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း၊ ဝမ်းထဲမှပူခြင်း၊ ပျို့ အန်ခြင်း၊ မျက်လုံး၊ အသားများဝါခြင်း၊ အရေပြားယားယံပြီး အဖုအပိမ့်များ၊ အနီကွက်များထွက်ခြင်း၊ သတိလစ် ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ အသက်ကြီးသူများ ပိုမိုဆိုးဆိုးရွားရွားခံစားရပါ တယ်။ ဒေသန္တရဆေးခန်း (သို့) ဆရာဝန်နဲ့သွားရောက်ဆွေးနွေးပြီး လိုအပ်တဲ့ကုသမှု ခံယူရပါမယ်။
မယ် – တီဘီဆေးကို မှန်မှန်ပြီးဆုံးအောင်မသောက်ရင် ဘယ်လိုဆိုးကျိုးတွေခံစားရမလဲဆရာ။
ဒေါက်တာမင်္ဂလာ – အစမှာသိသာထင်ရှားတဲ့ လက္ခဏာမပြဘဲနောက်ပိုင်းအဆုတ်တစ်ခုလုံး ပျက်စီးသွားနိုင်ပြီး တီဘီရောဂါပိုး ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားနိုင်တယ်။ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေသေးတဲ့ တီဘီရောဂါများကဆေးကို ယဉ်ပါးတဲ့အတွက် ပျောက်ကင်းအောင်ထပ်မံကုသရာမှာ ငွေပိုပြီး ကုန်ကျခက်ခဲသွားတယ်။ မိသားစုမှာဆေး ယဉ်ပါးတီဘီဖြစ်ကာ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။
မောင် – တိုက်ရိုက်ကြည့်ရှုအချိန်တိုကုက အမှန်တကယ်အထောက်အကူပြုပါသလား ဆရာ။
ဒေါက်တာမင်္ဂလာ – တိုက်ရိုက်ကြည့်ရှုမှုကို ဆရာန် (သို့) မိသားဝင် (သို့) မိတ်ဆွေတစ်ဦးဦးမှ လူနာဆေးမှန်မှန် သောက်ရေး နေ့စဉ်စောင့်ကြပ်ကြည့်ရှုအားပေးကူညီကာ ဆေးတိုက်ကျွေးခြင်းဖြစ်ပါတယ်။ အမှန်အကျိုးရှိပါ တယ်။ လူနာကသက်သာလာတဲ့အခါ ဆေးသောက်ဖို့ငြီးငွေ့လာတဲ့အခါ ဆေးသောက်ပြီးမအီမသာဖြစ်တဲ့အခါ မိ သားစု (သို့) မိတ်ဆွေမှဆေးမှန်မှန်သောက်ဖို့ ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။
မယ် – သလိပ်ကို ဘယ်တော့ပြန်စစ်ရမလဲဆရာ။
ဒေါက်တာမင်္ဂလာ – နှစ်လ (သို့) သုံးလပြည့်ရင် တစ်ကြိမ်၊ ငါးလပြည့်ရင် တစ်ကြိမ်၊ ခြောက်လ (သို့) ရှစ်လပြည့် ရင် တစ်ကြိမ် သလိပ်စစ်ဆေးဖို့လိုအပ်ပါတယ်။ ကလေးငယ်များ သလိပ်ထွက်ဖို့ခက်နေသူများကိုမူ မစစ်ဆေး နိုင်ပါ။
မောင် – တီဘီရောဂါမကူးစက်အောင် ဘယ်လိုကာကွယ်သင့်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – တီဘီကာကွယ်ဆေးကို ရင်သွေးငယ်များမပျက်မကွက် နှစ်လသားအရွယ်မှာထိုးနှံရမယ်။ နှာချေ၊ ချောင်းဆိုးရင်ပါးစပ်နဲ့ နှာခေါင်းကို အဝတ် (သို့) လက်ကိုင်ပုဝါနဲ့လုံခြုံအောင် အုပ်ပြီးချောင်းဆိုးသင့်ပါ တယ်။ သလိပ်၊ တံတွေးများတွေ့ရာမထွေးဘဲ အဖုံးပါတဲ့ခွက်အတွင်းထွေးရပါမယ်။ သလိပ်တွေကို ရေအိမ်အ တွင်း (သို့) မြေကြီးနက်နက်တူးပြီး စွန့်ပစ်ရပါမယ်။
အာဟာရပြည့်ဝအောင် စားရပါမယ်။ သင့်တင့်တဲ့ကိုယ်လက် လှုပ်ရှားအားကစားနေ့စဉ် နာရီဝက် (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်ပေးသင့်ပါတယ်။ လူနာအ သုံးပြုပြီးတဲ့ အဝတ်အထည်၊ လက်ကိုင်ပုဝါကို လျှော်ဖွတ်ပြီးနေပူလှန်းပြီးမှ ပြန်လည်အသုံးပြုသင့်ပါတယ်။ တီ ဘီရောဂါရှိသူတွေဟာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်တိုက်ရိုက်ရမယ့် နေရာအခန်းတွေမှာ နေ ထိုင်သင့်တယ်။ လူနာကျန်တဲ့အစားအစာတွေကို မစားသင့်ဘူး။ တီဘီရောဂါရှင်ဟာ မုချဆေးကုသမှုခံယူရ မယ်။ တီဘီရောဂါပြန်ပြီးခေါင်းထောင်လာတာဟာ အေအိုင်ဒီအက်စ်ရောဂါနဲ့တွဲနေတဲ့ သူတွေများလာလို့ပါပဲ။
Author – ဒေါက်တာမင်္ဂလာ (Vol-7 / No-47) Healthcare Journal