fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

LASIK – လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်း

738
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/10/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

LASIK – လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်း

ကျွန်တော်တို့မြန်မာနိုင်ငံက မျက်မှန်တပ်ရသူတွေကြားထဲမှာ လေဆာပစ်ပြီး မျက်စိပါဝါဖျောက်တဲ့နည်းဟာ အခုနောက်ပိုင်းတော်တော်ကြီးကို ခေတ်စားလာပါတယ်။

မျက်စိပါဝါကို လေဆာနဲ့ ဖျောက်တဲ့နည်းဟာ ပေါ်နေတာတော့ကြာပေမယ့် ပြည်တွင်းမှာမရဘဲ ပြည်ပသွားလုပ်ရတာရယ်၊ ကောင်းကျိုးဆိုးကျိုး သေချာမသိတာရယ်၊ မျက်စိကို လေဆာပစ်တယ်ဆိုတော့ ကြောက်တာရယ် စတဲ့အကြောင်းတွေကြောင့် အရင်တုန်းကဆိုရင်
ကျွန်တော်တို့ဆီက မျက်မှန်တပ်ရသူတွေဟာ သိပ်စိတ်မဝင်စားကြပါဘူး။

ပိုက်ဆံတတ်နိုင်တဲ့ သူတွေထဲကတောင် တချို့တလေ လောက်ကပဲ နိုင်ငံခြားသွားပြီး မျက်စိပါဝါလေဆာနဲ့ ဖျောက်တဲ့နည်းကို စမ်းကြည့်ကြပါတယ်။

အခုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာပဲ လုပ်လို့ရလာတာရယ၊် လုပ်တဲ့သူတွေရဲ့ Review တွေကို ဖတ်ကြည့်ပြီး လေဆာပစ်တယ်ဆိုပေမယ့် ထင်သလောက် အရမ်းကြောက်စရာမကောင်းကြောင်း သိလာတာရယ၊် လေဆာပစ်ပြီးနောက်ပိုင်း သူတို့ တော်တော်အဆင်ပြေနေကြောင်း သိရတာရယ် စတဲ့အချက်တွေကြောင့် လေဆာနဲ့ မျက်စိပါဝါဖျောက်တာကို
စိတ်ဝင်စားစမ်းကြည့်ချင်တဲ့ သူတွေ အတော်များလာပါတယ်။

ဒါကြောင့် ဒီတပတ်မှာ လေဆာနဲ့ မျက်စိပါဝါဖျောက်ခြင်း အကြောင်းကို မသိသေးတဲ့သူတွေသိစေဖို့ သိသလောက် ရေးသားတင်ပြလိုက်ရပါတယ်။

လေဆာနဲ့ မျက်စိပါဝါဖျောက်တာမှာ

Photorefractive keratectomy (PRK)

Laser-assisted in situ keratomileusis (LASIK)

Laser epithelial keratomileusis (LASEK)

Refractive lens exchange (RLE)

Intraocular lens implants (ICL)

Small incision lenticule extraction(SMILE) စသဖြင့် နည်းတွေအများကြီးရှိပါတယ်။

ဒီလိုနည်းတွေအများကြီးရှိတဲ့ထဲကမှ အသုံးများပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လုပ်လို့ရတဲ့နည်းဖြစ်တဲ့ LASIK (Laser assisted in situ keratomileusis) အကြောင်းကို ပြောပြပါမယ်။

LASIK ဆိုတာ အဝေးမှုန်တာ၊ အနီးမှုန်တာ၊ သူငယ်အိမ်စောင်းတာစတဲ့ Refractive Errors တွေအတွက် မျက်ကြည်လွှာအား လေဆာသုံးပြီး ခွဲစိတ်ပြန်ညှိခြင်းဖြင့် ပြုပြင်ကုသပေးတာဖြစ်ပါတယ်။ Refractive Laser Surgery အမျိုးအစားဖြစ်ပါတယ်။

Surgery လို့ပြောပေမယ့် လူအများစုထင်သလို မေ့ဆေးသုံးတာ၊ ဓါးသုံးပြီးခွဲကာ ချုပ်ကြိုးနဲ့ပြန်ချုပ်တာတွေမပါပါဘူး။

LASIK နည်းဟာ လုံလောက်တဲ့ မျက်ကြည်လွှာအထူရှိပြီး ပါဝါ ၂၀၀ ကနေ ၁၄၀၀ အတွင်းရှိတဲ့ သူတွေမှာပဲ လုပ်လို့ရပါတယ်။ အသက် ၁၈ နှစ်ကနေ ၄၀ အတွင်းပဲ လုပ်သင့်ပါတယ်။

လေဆာနဲ့ မျက်စိပါဝါမဖျောက်ခင်မှာ မျက်ကြည်လွှာလုံလောက်တဲ့ အထူရှိမရှိရယ် မျက်စိပါဝါစစ်ဖို့ရယ် အမြင်အာရုံခံလွှာ ကောင်းမကောင်းစစ်ဖို့ရယ် လိုပါတယ်။

မျက်စိပါဝါ အမှန်ထွက်ဖို့အတွက် မျက်ကပ်မှန်၊ မျက်မှန်တွေကို နှစ်ပတ်လောက်တော့ ချွတ်ထားရပါတယ်။

မျက်ကြည်လွှာပါးတဲ့သူတွေ ပါဝါ ၁၄၀၀ ကျော်ရှိသူတွေ အသက် ၄၀ ကျော်တဲ့သူတွေ ဆိုရင်တော့ LASIK နည်းအစား တခြားနည်းတွေဖြစ်တဲ့ PRK, RLE, ICL, SMILE စတဲ့နည်းတွေကို သုံးရပါတယ်။

လုပ်ပုံလုပ်နည်းအနေနဲ့ အကြမ်းဖျင်း အများနားလည်အောင် သိသလောက်ပြောရရင်တော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။

လူနာဟာ ခွဲခန်း ခုံပေါ်မှာ ပက်လက်အိပ်ရပါတယ်။ တဖက်ချင်းဆီ လုပ်ရတာ ဖြစ်ပါတယ်။

လုပ်မယ့်ဖက်က မျက်လုံး ကိုပြန်မပိတ်အောင် Lid Speculum လေးနဲ့ ထောက်ဖြဲထားပြီး
မျက်လုံးတခုလုံး ကြွတက်လာအောင် စက်ကလေးနဲ့ ဆွဲထားပါမယ်။

ထို့နောက်မှာ ထုံဆေးမျက်စဉ်းခတ်ပြီး မျက်ကြည်လွှာရဲ့ အပေါ်လွှာကို လေဆာသုံးပြီး ဖြတ်ပါမယ်။

ထိုဖြတ်ထားတဲ့ မျက်ကြည်အပေါ်လွှာ (Corneal flap) လေးကို လှန်ပြီး မျက်စိအထူးကုဆရာဝန်ကြီးက လေဆာသုံးကာ မျက်ကြည်လွှာ အနောက်က မျက်ကြည်လွှာတစ်သျှူးတွေကို လေဆာနဲ့ ပြုပြင်ညှိပေးပါမယ်။

ပြီးရင် ဖြတ်ထားတဲ့ မျက်ကြည်လွှာအပေါ်လွှာ (Corneal flap) လေးကို အလိုက်သင့် ပြန်ဖုံးပေးလိုက်ပါတယ်။ ပြန်ချုပ်တာမဟုတ်ပါ။

ကျန်တဲ့ တဖက်ကိုလည်း ထိုနည်းအတိုင်းပဲ လုပ်ပြီးတဲ့နောက်မှာ မျက်စိပါဝါလေဆာနဲ့ ဖျောက်တာ ပြီးသွားပါပြီ။

စုစုပေါင်း ကြာချိန်အနေနဲ့မှ မိနစ်ပိုင်းလောက်ပဲ ကြာပါတယ်။

လွယ်တယ်လို့ ထင်ရပေမယ့် တခုသတိထားရမှာက လေဆာနဲ့ မျက်ကြည်လွှာကို ခွဲစိတ်ပြန်ညှိနေတဲ့ အချိန်ခဏလေးမှာ စိတ်ကို လျှော့ထားပြီး မျက်လုံးကို မလှုပ်မိအောင် ငြိမ်အောင်ထိန်းထားဖို့ လိုပါတယ်။

တအားကြောက်ပြီး လှုပ်တာ မျက်လုံးမှိတ်ဖို့ ကြိုးစားတာတွေလုပ်မိလို့ အခန့်မသင့်ဘဲ မျက်ကြည်လွှာရဲ့ တခြားအစိတ်အပိုင်းတွေပါ ထိခိုက်သွားတဲ့အခါ လေဆာနဲ့ မျက်စိပါဝါဖျောက်တာ မအောင်မြင်တဲ့အပြင် နောက်ထပ်တခါထပ်လုပ်ဖို့ တနှစ်လောက် ထပ်စောင့်ရပါတယ်။

ဒီလိုရေးလိုက်လို့ တအားကြောက်မသွားကြပါနဲ့။ မလုပ်ခင်မှာ လူနာစိတ်ငြိမ်အောင် စိတ်ငြိမ်ဆေးတိုက်ပါတယ်။

LASIK ရဲ့ ကောင်းကျိုးကတော့ မလုပ်ခင်မှာ လုပ်ပြီးမှာရော ဆေးရုံတက်နေစရာမလိုတာရယ် လုပ်တဲ့အချိန်ကလည်း မိနစ်ပိုင်းလောက်ပဲကြာတာရယ် လုပ်ပြီး ၂၄ နာရီလောက်အကြာမှာ မျက်လုံးဖွင့်ကြည့်လို့ရတာရယ်တွေပါ။

သို့ပေမယ့် အမြင်အာရုံ လုံးဝကြည်တောက်ပြီး ကြည့်လို့ကောင်းဖို့ကတော့ ၂လ ၃လ လောက် အချိန်ယူရပါတယ်။

ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲရှိတဲ့အတိုင်း LASIK နည်းရဲ့ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့

– မျက်လုံးခြောက်သွေ့တာ (Dry Eye)

– ညဖက် အလင်းစူးစူးတွေကို မခံနိုင်တာ

– လုပ်နေစဉ်မှာ မျက်လုံးကိုဆွဲဖြဲတာ ဆွဲမ ရတာတွေကြောင့် မျက်သားမှာသွေးခြေဥတာတွေဖြစ်နိုင်ပါတယ်။

အခန့်မသင့်ရင်တော့ မျက်လုံးပိုးဝင်တာ၊ အမြင်အာရုံထိခိုက်တာတွေထိလည်း ဖြစ်နိုင်ပါတယ်။ သို့သော် အဲလောက်ထိဖြစ်တာမျိုးကတော့ အရမ်းရှားပါတယ်။

မျက်လုံးပါဝါ အရမ်းများသူတွေဆိုရင် လေဆာပစ်ပြီးလည်း ပါဝါအနည်းငယ်ကျန်တာမျိုး ဖြစ်နိုင်ပါတယ်။

လေဆာနဲ့ ပါဝါဖျောက်တာဟာ တခါဖျောက်ပြီး တသက်လုံး ပါဝါပြန်မတက်တော့တာမျိုး မဟုတ်ပါဘူး။

အသက် ၄၀၊ ၅၀ အရွယ်လောက်ရောက်ရင် မျက်စိပါဝါပြန်တက်ပြီး အနီးမှုန်ဖြစ်နိုင်ခြေရှိတတ်ပါတယ်။

LASIK လုပ်ပြီးရင် ၂၄ နာရီအတွင်း ရေချိုးလို့မရပါဘူး။ ဒါကြောင့် ခွဲခန်းမဝင်ခင်ကတည်းက
ရေချိုးထားဖို့ လိုပါတယ်။

ခေါင်းလျှော်တာကို တပတ်တိတိ ရှောင်ရပြီး သနပ်ခါးလိမ်းတာ၊ မိတ်ကပ်လိမ်းတာ၊ Skin Care တွေလိမ်းတာ၊ ရေမွှေးသုံးတာ၊ အလှကုန်ပစ္စည်းတွေ သုံးတာတွေကို သုံးပတ်တိတိ ရှောင်ရပါမယ်။

LASIK လုပ်ပြီးတဲ့အခါ ဆရာဝန်ညွန်ကြားထားတဲ့အတိုင်း အရောင်ကျဆေးနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းတွေ ခတ်ဖို့လည်း လိုပါမယ်။

အိပ်နေစဉ်မှာ မျက်လုံးခိုက်မိမှာ စိုးသောကြောင့် မျက်လုံးအကာအကွယ် Eye Shield ကို အိပ်တဲ့အခါ တပတ်တိတိ တပ်အိပ်ရပါမယ်။ အပြင်ထွက်တဲ့အခါမှာလည်း နေရောင်ကိုကာကွယ်ဖို့ နေကာမျက်မှန်တပ်ဖို့ လိုပါတယ်။

မျက်လုံးခြောက်သွေ့တာအတွက် မျက်ရည်တုမျက်စဉ်း ပုံမှန်ခတ်ပေးဖို့ လိုပါတယ်။

တခြား ရှောင်စရာလေးတွေ လိုက်နာစရာလေးတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကိုတော့
လုပ်တဲ့ဆီက ရှင်းပြပြီး စာရွက်အနေနဲ့လည်း ထုတ်ပေးပါတယ်။ အဲ့စာရွက်ထဲကအတိုင်း အတိအကျ လိုက်နာရပါမယ်။

Dr 528

Previous Post

ကြည်လင်ပြီး ကျန်းမာသော အသားအရည် ပိုင်ဆိုင်စေဖို့ နည်းလမ်း ၅ သွယ်

Next Post

အမျိုးသမီးတွေမှာ အရိုးပွတာ ဘာတွေကြောင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
830
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
841
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးတွေမှာ အရိုးပွတာ ဘာတွေကြောင့်လဲ

နေရာလွဲမှားသန္ဓေတည်ခြင်း (Ectopic Pregnancy)

ဓာတ်ကင်တာနဲ့ ဆေးသွင်းတာ ဘယ်ဟာက စိတ်ချရသလဲ။

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.