မျက်စိနာခြင်း ဆိုတာ ဘာလဲ ။
မျက်စိနာခြင်းကို ဆေးပညာ အရ ကွန်ဂျန်တီဗိုင်းတစ် Conjunctivitis
လို့ခေါ်တယ် ။မျက်မြှေးရောင်ခြင်း ၊မျက်စိနာခြင်း လို့ အလွယ်ခေါ်နိုင်တယ် ။
မျက်ကြည်လွှာလို့ ခေါ်တဲ့ မျက်လုံး အပေါ်ယံမှ ဖုံးထားတဲ့ အလွှာပါး
လေး ပိုးဝင်ရောင်ရမ်းသော ဝေဒနာပါ ။
ဘာတွေကြောင့် မျက်စိနာတတ်သလဲ ။
အများအားဖြင့်တော့ ပိုးဝင်ရောက်လို့ ဖြစ်တတ်တယ် ။ဘတ်တီးရီးယား
ပိုးတို့ ၊ဗိုင်းရပ်စ်ပိုး တို့ပေါ့ ။တချို့ ကျတော့ ဓာတ်မတည့်လို့ ဖြစ်တတ်တယ် ။
Allergic Conjunctivitis ရယ်လို့အမည်တွင်တယ် ။ဘာတွေနဲ့ ဓာတ်မတည့်ဘူးလဲ
ဆိုရင် အိမ်ရှိ ပိုးမွှား ၊မှက်တို့ ၊အိမ်မွေးတိရိစ္ဆာန်များရဲ့ အမွှေးအမျှင်တွေ ၊အိုင်းရှဲဒိုး
၊မက်စ်ကာရာ စတဲ့ အလှခြယ်ပစ္စည်းတွေ မတည့်လို့ ဖြစ်တတ်တယ် ။တချို့ကျ
တော့ မျက်စဉ်းမတည့်တာတွေကြောင့် ဖြစ်နိုင်တယ် ။အအေးမိ ၊နှာစေးခြင်းတို့နဲ့
လည်း တွဲတွေ့ရတတ်တယ် ။ရာသီ အလိုက်ဖြစ်တတ်တယ် ။
မျက်စိနာရင် ဘယ်လို သိမလဲ ။
မျက်လုံးနီရဲမယ် ။ယားယံမယ် ။ခိုးလို့ ခုလုနဲ့ နာမယ် ။မျက်ဝတ်ထွက်
မယ် ။မျက်လုံးနှစ်ဖက် အိပ်ရာထတွင် မဖွင့်နိုင်လောက်အောင် စေးကပ်နေသည်
အထိ ထွက်တတ်တယ် ။မျက်စိ ၂ ဖက်စလုံး ပြိုင်ဖြစ်လေ့တော့ မရှိ ။တစ်ဖက်ဖြစ်
ပြီးမှ တစ်ဖက်ဖြစ်တယ် ။
မိမိဘာသာ ဘာလုပ်လို့ ရလဲ။
- နံနက် အိပ်ရာထ မျက်ဝတ်များဖြင့် ပိတ်နေက ညင်ညင်သာသာ သန့်စင်ဆေး
ကြောပါ ။ - နေ့ခင်းဘက်တွင် ရေအေးအေးဖြင့် မကြာခဏ ဆေးပေးပါ ။
- နေပူထဲ မထွက်ပါနဲ့ ။မရှောင်နိုင်က နေကာမျက်မှန်ဆောင်ပါ ။
- မျက်စိ အားစိုက်ရတဲ့ အလုပ်တွေ နားထားပါ ။ဥပမာ-တီဗွီကြည့်တာ ၊ဖုန်းကွန်ပျူ
တာကြည့်တာ ။ - မျက်ကပ်မှန်သမားတွေ မျက်ကန်မှန်ကို မျက်စိနာနေစဉ် ချွတ်ထားပါ ။
မျက်စိနာ အရှင်းပျောက်ပြီး ၂ ရက်ကြာမှ ပြန်တပ်ပါ ။ - မျက်နှာသုတ်ပုဝါ ၊သဘက်ကို မျှမသုံးပါနဲ့ ။
သေချာ ပြုတ်လျှော်ပါ ။ - အိပ်ရာခင်း ၊ခေါင်းအုံးစွပ် ၊စောင်တွေကို သေချာ ပြုတ်လျှော်ပါ ။
- မျက်စိကို အရမ်းမပွတ်ပါနဲ့ ။
- မျက်စိနာခြင်းကို ပိုဆိုးစေသော အရာများ ၊အပြုအမူများကို ရှောင်ပါ ။
ဥပမာ-အလှခြယ်ပစ္စည်းများ ၊အိမ်မွေး တိရိစ္ဆာန်တို့ရဲ့ အမွှေးအမျှင်များ - မျက်စိနာ သက်သာစေရန် မျက်လုံးမှိတ်ကာ မျက်ခွံပေါ်တွင် ရေအေးပတ် ကပ်ပေး
နိုင်တယ် ။ - အယားသက်သာစေတဲ့ ဆေးတွေ Anti-Histamine ပါသော ဘာမီတွန် စတာတွေ
သောက်ပေးနိုင်တယ် ။
ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ ပြမလဲ။
- မျက်စိနာတာအပြင် အမြင်အာရုံ ဝေဝါးက။
- မျက်စိနာ ၂ရက်ကြာသည့်တိုင် မသက်သာက။
- မျက်စိနာ ပိုဆိုးက။
မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါ။ လိုအပ်လျှင် မျက်စဉ်းဆေး ညွှန်း
ပါလိမ့်မယ်။
Author – ခေတ်သစ်ဇီဝက