fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သွယ်သွယ်လျလျ လှလှပပ

46
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/08/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

အမျိုးသမီးများ၏ အလှအပကို ဖျက်လိုဖျက်ဆီးပြုနေသည်မှာ ကိုယ်အလေးချိန်လွန်ကဲခြင်း (ဝခြင်း၊ အဝလွန်ကဲခြင်း) ဖြစ်သည်ဟုဆိုနိုင်သည်။

ရှေးဆိုရိုးစကားတော့ရှိပေသည်။ “လှလို့ဝလို့ဟူ၍” လှခြင်းနှင့် အတူ ဝခြင်းကို လိုက်ဖက်စွာသုံးခဲ့ကြသည်။ သို့သော် ယနေ့ခေတ် အမျိုးသမီးငယ်များသည် သွယ်သွယ်လျလျခန္ဓာကိုယ်ကိုသာပိုင်ဆိုင်လိုကြသည်။ဝခြင်းသည်အလှအပကိုဖျက်ဆီးရုံသာမက ရောဂါဖြစ်စေသောအကြောင်းရင်းဇာစ်မြစ်ဖြစ်နေ ပေသည်။ဝလျှင်နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါတို့မှစ၍ ကင်ဆာရောဂါများပင် ဖြစ်စေနိုင် သည်။ ဤတွင် ကိုယ်အလေးချိန်များသူ (ဝသူ၊ အဝလွန်ကဲသူ) များအဖို့ကိုယ်အလေးချိန်ကျစေရန် ဆောင်ရွက်ကြဖို့လိုအပ်လာပြီဖြစ်သည်။ကိုယ်အလေးချိန်ကျဖို့မှာ ပြောလွယ်အလောက်အလုပ်ခက်သည်ဟုဆိုနိုင်သည်။ကိုယ်အလေးချိန်ကျလိုသဖြင့် နေ့စဉ်ထမင်းတစ်နပ်သာစားသူများရှိသည်။တချို့ဆိုလျှင်“ပိန်ဆေး”ဟုလူသိများသော ဆေးဝါးများသုံးစွဲကြသည်။ ဆေးဝါးများတွင်ဘေးထွက်ဆိုးကျိုးများရှိသဖြင့်အဆိုပါပိန်ဆေးများပြီး ဘေးထွက်ဆိုးကျိုးများမှာလည်းအလွန်ပင်အန္တရာယ်ကြီးသည်။ အခြားသော နိုင်ငံများတွင် အလွန်အကျွံဝသူများကို ခွဲစိပ်ကုသပေးကြသည်။ အတိုင်းအတာ တစ်ခု အထိ အောင်မြင်သည်ဟု ဆိုနိုင်သည်။ အဝလွန်ကဲခြင်းသည် အစားအသောက်ကြောင့်ဟု ဆိုကြသည်။ တချို့ က အဆီဓာတ်ပါသော အစားအစာများကြောင့်ဟု အပြစ်ဖို့ကြသည်။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းသည်အဝလွန်ကဲစေ သောအကြောင်းတစ်ရပ်ဖြစ်သည်။ဇီဝကမ္မဗေဒသဘောအရ အဝလွန်ကဲခြင်းသည်စွမ်းအင်သုံးစွဲမှုထက် လွန်ကဲခြင်းကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်နေ့တာစားသုံးသောအစားအစာမှစွမ်းအင်ရရှိမှုသည်ခန္ဓာကိုယ်မှသုံးစွဲသော ပမာဏထက်ပို နေပါလျှင် ဝလာမည်ဖြစ်ပေသည်။ သို့ဆိုလျှင် စွမ်းအင်ရရှိမှုကို လျော့ချလျှင်ဖြစ်စေ၊ စွမ်းအင်သုံးစွဲမှုကို တိုးမြှင့် ပေးလျှင်ဖြစ်စေ၊ကိုယ်အလေးချိန် လျော့ကျလာနိုင်သည်။စွမ်းအင်ရရှိမှုကို လျော့ချရန်အစားအစာပမာဏကိုလျော့ရုံသာဖြစ်ပေသည်။ ရှောင်ရန်မလိုပါ။ အစားအစာကို အစုံစားနိုင်သည်။ မျှတဖို့အရေးကြီးသည်။ အဓိကမှာ ပမာဏအလွန်ကဲဖို့သာဖြစ်သည်။ ဝသူများ (ပိန်လို) ကိုယ်အလေးချိန်ကျလိုလျှင်စားနေကျပမာဏထက် လေးပုံတစ်ပုံ(သို့မဟုတ်)သုံးပုံတစ်ပုံမျှ လျှော့သင့်ပေသည်။ နံနက်စာ၊ နေ့လည်စာ၊ ညစာစသည်ဖြင့် အကြိမ်အရေအတွက်လျော့ရန်မလိုပါ။ စားသုံး သည့်အခါတိုင်း ပမာဏအနည်းငယ်လျော့ချလျှင် မလွဲအသွေကိုယ်အလေးချိန်ကျပါလိမ့်မည်။ စွမ်းအင်သုံးစွဲမှု မြှင့်တင်ရန်အတွက် တက်တက်ကြွကြွ သွားလာလှုပ်ရှားရပါမည်။ လေ့ကျင့်ခန်း (ဥပမာ – လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီး စီးခြင်း၊ ရေကူးခြင်း) လုပ်နိုင်ပါက ပိုမိုကောင်းမွန်ပါသည်။ အချုပ်အားဖြင့်ဆိုရသော် ကိုယ်အလေးချိန်ကျလိုပါက –
(၁) အစားအသောက်ပမာဏလျော့ပါ။ နှစ်သက်ရာစားနိုင်ပါသည်။ အကြိမ်အရေအတွက်လျော့ရန်မလိုပါ။ စားသောအခါတိုင်းပမာဏကို လေးပုံတစ်ပုံ သို့မဟုတ် သုံးပုံတစ်ပုံခန့်လျော့ပါ။ ပမာဏလျော့ပြီး အကြိမ်အရေအတွက် ပိုမိုစားသုံးခြင်း လုံးဝမပြုရပါ။
(၂) တက်ကြွစွာသွားလာနေထိုင်ပါ။ လမ်းလျှောက်သွားနိုင်သောခရီးအတွက်ကားမစီးပါနှင့်။ အိမ်မှုကိစ္စများ (အိမ်သန့်ရှင်းခြင်း၊အဝတ် လျှော်ဖွတ် ခြင်း၊ချက်ပြုတ်ခြင်း)လုပ်ဆောင်ပါ။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို မှန်မှန် လုပ်ဆောင်ပေးပါ။ ဆေးမလိုပါ။ ခွဲစိတ်ရန်မလိုပါ။

 

AUTHOR – ဒေါက်တာနှင်းကေသီ

Previous Post

ခရမ်းချဉ်သီးရဲ့ အာနိသင်

Next Post

အသက်ကြီးမှ ကလေးရရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
524
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
785

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်ကြီးမှ ကလေးရရင်

သက်ရှည်ကျန်းမာလိုလျှင် ရေများများသောက်ပါ

ကိုယ်အလေးချိန်မြင့်တက်လာခြင်းကာကွယ်ရန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.