အရက်နာကျတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က အိန္ဒိယ ဟိန္ဒူဆေးကျမ်းမှာ စတွေ့ခဲ့ရတယ်။ Paramada လို့ ဖော်ပြထားတယ်။ အဓိပ္ပာယ်က အရက်သောက်ပြီးတဲ့အခါ ရေငတ်ခြင်း၊ ခေါင်းနဲ့ အဆစ်တွေမှာ နာကြင်ခြင်းနဲ့ ခန္ဓာကိုယ်လေးလံနေတယ်။ အဒီတုန်းကဆိုရင် ဘယ်လိုကုသရမှန်းလည်း မသိဘူး။ လွန်ခဲ့တဲ့ ရာစုနှစ်ကမှ အရက်နာကျခြင်းဆိုတဲ့ စကားလုံးဟာ ပြီးခဲ့တဲ့ ရာစုနှစ်ကမှ အရက်နဲ့ ဆက်စပ်ဖြစ်ပေါ်လာတယ်။ ၁၉ ရာစုတွင် အင်္ဂလိပ် ဝေါဟာရထဲမှာ အစည်းအဝေးမှ မပြီးပြတ်သေးတဲ့လုပ်ငန်းတွေလို့ ဖော်ပြခဲ့တယ်။ ၁၉၄၀ ခုနှစ်ကျမှ အရက်သောက်တာနဲ့ ပတ်သတ်တယ်ဆိုတာကို ဖော်ပြလာခဲ့တယ်။
သွေး- အရက်ပါဝင်မှု ပမာဏဟာ သုညပြန်ရောက်သွားတဲ့အခါ အရက်နာကျတာ ဖြစ်ပေါ်လာတယ်။ ခေါင်းကိုက်တာ၊ အော်ကလီဆန်တာ၊ ပူပင်စိုးရိမ်တာ၊ ပါးစပ်ခြောက်သွေ့တာ၊ အူလမ်းကြောင်း အတွင်းပုံမှန်မဖြစ်တာ၊ အာရုံစူးစိုက်ရခက်တာ၊ မူးဝေတာတွေဖြစ်လာတယ်။ သိပ္ပံအရ တာရှည်တည်ရှိတဲ့ သီအိုရီတစ်ခုက ရေဓာတ်လျော့နည်းတာပဲဖြစ်တယ်။ အရက်က anti-diuretic ဟော်မုန်းထုတ်လုပ်မှုကို အရက်က လျော့နည်းသွားစေတာကြောင့် ဖြစ်တယ်။ ခန္ဓာကိုယ်အနေနဲ့ ရေကို ပြန်လည်စုပ်ယူဖို့ ဒီဟော်မုန်းကို လိုအပ်တယ်။ ရနိုင်ချေနည်းသွားတဲ့အတွက် ခန္ဓာကိုယ်ဟာ အရည်ကို ကျင်ငယ်မှ တစ်ဆင့်ကုန်းခန်းတယ်။
အချို့လူတွေမှာ အရက်နာကျတာကို မခံစားရဘူး။ အရက်သောက်သူတွေရဲ့ ၂၈ ရာခိုင်နှုန်းက အရက်နာမကျဖူးဘူးလို့ ဆိုကြတယ်။ တိတိကျကျ နားလည်ကြတဲ့သူတွေ နည်းတယ်။ အရက်နဲ့ ထိတွေ့မှုကို စမ်းသပ်တဲ့ အခြေအနေ အတွင်းမှာ စောင့်ကြည့်ထားပေမယ့် အရက်နာကျတာနဲ့ တုံ့ပြန်မှုဟာ လူတစ်ဦးချင်းအပေါ်မှာ ခြားနားမှုတွေ ရှိကြတယ်။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အကြောင်းတွေနဲ့ ရောစပ်တယ်လို့ ယူဆကြတယ်။ အချို့သုံးသပ်ချက်တွေမှာ မိသားစုအတွင်း အရက်စွဲတဲ့ လူတွေမှာ အရက်နာကျပိုဖြစ်လေ့ ရှိတယ်လို့ ဆိုတယ်။
အရက်နာကျတာ အမြဲလိုလို ဖြစ်နေရင် ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်တယ်။ တက္ကသိုလ်ကျောင်းသားတွေ အပေါ်အမျိုးမျိုးလုပ်ခဲ့တဲ့ သုံးသပ်ချက်တွေမှာ အရက်နာကျတာ မကြာခဏ ဖြစ်တာနဲ့ ဦးနှောက်အရှေ့ဘက်မှာရှိတဲ့ အဖြူ ပစ္စည်းတည်တံ့ခိုင်မြဲမှုကျလာတယ်။ ဒီလိုမျိုးဖြစ်လာရင် မှတ်ဉာဏ်မှာ ထိခိုက်ယိုယွင်းမှုတွေရှိလာနိုင်ပြီး အာရုံစူးစိုက်မှုမှာလည်း လျော့နည်းလာတယ်။
ဒီလို အရက်နာကျတာတွေဟာ အသက်ရလာတာနဲ့ အမျှ ပိုဆိုးလာနိုင်တယ်။ ခန္ဓာကိုယ်အနေနဲ့ အရက်ကို အစီအစဉ်တကျ လုပ်နိုင်ချေ နည်းလာတာန့ သိပ္ပံရှုထောင့်က ကြည့်ရင်တော့ ဒါဟာမှန်ကန်တယ်ဆိုတဲ့ အထောက်အထား အနည်းငယ်သာ ရှိတယ်။
အရက်နာကျတာကို ကုစားတဲ့ နည်းတွေဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ဒုနဲ့ဒေးရှိတဲ့အထဲမှာ ရှေးကျတဲ့ ကုထုံးနည်းတစ်ခုကတော့ ခွေးရဲ့ အမွှေးနဲ့ ကုသနည်းဖြစ်ပါတယ်။ ဒီနည်းကတော့ ဇီဝအခြေခံတဲ့နည်းဖြစ်တယ်။ ရောမခေတ်က ရောမတွေကတော့ ဇီးကွက်ဥအစိမ်းစားတာကို အကြံပြုခဲ့တယ်။ အကျိုးသက်ရောက်မှုတော့ ရှိနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ဥတွေထဲမှာ Cysteine ဆိုတာ ပါဝင်တယ်။ အရက်သောက်တာကြောင့် ကုန်ခန်းသွားတဲ့ အမိုင်နိုအက်စစ်တစ်မျိုး ဖြစ်တယ်။ Genghis Khan လက်ထက်က ဆိုရင် မွန်ဂိုစစ်သည်တွေဟာ သနပ်လုပ်ထားတဲ့ သိုးမျက်စိတွေကို စားခဲ့ကြတယ်။ အလယ်ခေတ်ဥရောပက ဆရာဝန်တွေကတော့ ငါးရှဥ့်အစိမ်း လတ်လတ်နဲ့စားတဲ့ မက်မွန်သီးတို့ကို စားနိုင်တယ်။
အခုခေတ်မှာတော့ သိပ္ပံနည်းအရ လက်ခဲ့တဲ့ အရက်နာကျ ကာကွယ်ဆေးကို ဆေးဝါးကုမ္ပဏီတွေက ထိထိရောက်ရောက် ထုတ်လုပ်နိုင်ခြင်း မရှိသေးဘူး။
Author – Healthcare Journal (vol:8/no:2/ pg:3) မောင်ချမ်းသာ