fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း
အခံရခက်တဲ့ နာတာရှည်အရေပြားရောဂါ(Psoriasis)
336
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/11/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A
အ၀လွန်သူတွေ
Dr 528
Unicode Version
အခံရခက်တဲ့ နာတာရှည်အရေပြားရောဂါ(Psoriasis)
ဆိုရီရေးဆစ် အရေပြားရောဂါကို  မြန်မာလိုခေါ်တဲ့နာမည်တော့မရှိပါဘူး။
ဆိုရီရေးဆစ်အရေပြားရောဂါဟာ အရေပြားဆဲလ်အသစ်တွေကို ပုံမှန်ဖြစ်ပေါ်ရမယ့်အချိန်ထက်စောပြီး လျင်မြန်စွာဖြစ်ပေါ်လာစေတာကြောင့် အရေပြားပေါ်မှာ အရေပြားဆဲလ်တွေဟာရှိသင့်တဲ့ပမာဏာထက်များလာပါတယ်။
အဲ့အခါမှာ ပိုနေတဲ့အရေပြားဆဲလ်တွေကြောင့် အရေပြားပေါ်မှာ အကြေးခွံလိုအဖတ်များ နဲ့ အနီရောင်အကွက်တွေဖြစ်ပေါ်လာပါတယ်။
အဲ့ဒီအကြေးခွံလိုအဖတ်တွေနဲ့အနီရောင်အကွက် နေရာတွေဟာ ယားယံလေ့ရှိပြီး တခါတရံမှာ နာကျင်မှုကိုပါ ခံစားရစေနိုင်ပါတယ်။
ဒီရောဂါဟာအဖြစ်များတဲ့ နာတာရှည်အရေပြားရောဂါတခုပါ။အရှင်းပျောက်ဖို့ခက်ခဲပြီး တောက်လျှောက်ဖြစ်နေတာ သို့မဟုတ် ဖြစ်လိုက် ပျောက်လိုက်နဲ့ ဖြစ်နေတာ မျိုးတွေဖြစ်တတ်ပါတယ်။
အသက်အရွယ်ကျားမမရွေးဖြစ်ပွားနိုင်ပါတယ်။အများအားဖြင့်တော့ အသက်၁၀ နှစ် နဲ့ အသက်၂၀ကြား၊ အသက်၅၀ နဲ့ ၆၀ ကြားအရွယ်တွေမှာ ပိုအဖြစ်များတတ်ပါတယ်။
ခန္ဓာကိုယ်နေရာအနှံ့ ဦးရေပြား၊လက်သည်းခြေသည်းတွေမှာပါ ဖြစ်တတ်ပြီး အမျိုးအစားကွဲတွေအနေနဲ့လည်း Plaque psoriasis,Nail psoriasis,Guttate psoriasis,Inverse psoriasis,Pustular psoriasis ဆိုပြီးစသဖြင့် အများကြီးရှိပါတယ်။
မိမိရဲ့ခုခံအားစနစ်က မိမိရဲ့အရေပြားဆဲလ်တွေကိုပြန်တိုက်ခိုက်ပြီး ဆဲလ်တွေအလျင်အမြန်အသစ်ဖြစ်လာအောင် လုပ်ခြင်းကြောင့် ဒီရောဂါဖြစ်လာရခြင်းဖြစ်ပါတယ်။
ဒီလို မိမိခုခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ မသိသေးပါ။
မိသားစုထဲမှာ တယောက်ယောက်မှာဒီရောဂါဖြစ်ခဲ့ဖူးတဲ့မျိုးရိုးရှိသူတွေ
စိတ်ဖိစီးမှုများတဲ့သူတွေ
အဝလွန်သူတွေ
ဆေးလိပ်သောက်တဲ့သူတွေ
ဗီတာမင်ဒီချို့တဲ့သူတွေ
အရက်အလွန်အကျွံ့သောက်သူတွေ မှာဆိုရင်
Psoriasis အရေပြားရောဂါဟာ ဖြစ်နိုင်ခြေပိုများပါတယ်။
Psoriasis အရေပြားရောဂါဟာ အရေပြားဆရာဝန်နဲ့သေချာပြသနေဖို့လိုတဲ့ရောဂါပါ။
ရောဂါအခြေအနေပေါ်မူတည်ပြီး သောက်ဆေး၊လိမ်းဆေးနဲ့ ကုသတာရှိသလို အလင်းရောင်ခြည်ကုထုံး နဲ့ ကုတာ နှစ်နည်းသုံးနည်းပေါင်းကုသတာတွေလည်းရှိပါတယ်။
ဒီရောဂါဟာ အပေါ်မှာတခါပြောခဲ့တဲ့အတိုင်း နာတာရှည်ရောဂါ သို့မဟုတ် ဖြစ်လိုက်ပျောက်လိုက်နဲ့ဖြစ်နေတတ်တဲ့ရောဂါမျိုးဖြစ်တဲ့အတွက် အရေပြားဆရာဝန်နဲ့ရေရှည်သေချာပြနေဖို့တော့လိုပါတယ်။
လူနာအများစုအနေနဲ့က အရှင်းပျောက်ချင်ဇောအားကြီးတဲ့အတွက် နှစ်ခါ သုံးခါ ကုလို့မပျောက်ရင် သို့မဟုတ် ပျောက်ပြီး ပြန်ပြန်ဖြစ်နေတာမျိုးဆိုရင် ဆက်မပြတော့ဘဲ ဆေးမြီးတိုတွေ စမ်းကြတာများပါတယ်။
ဒါဟာမလုပ်သင့်ပါဘူး။ဒီPsoriasis အရေပြားရောဂါဟာ မိမိခုခံအားစနစ်က မိမိအရေပြားဆဲလ်တွေကို ပြန်တိုက်ခိုက်ပြီး အရေပြားဆဲလ်အသစ်တွေလျင်မြန်စွာဖြစ်ပေါ်စေတဲ့ ခုခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါဖြစ်တဲ့အတွက် အရှင်းပျောက်ဖို့မလွယ်ပါ။
အရှင်းမပျောက်ဘူး။ပြန်ပြန်ဖြစ်တယ်ဆိုပြီး သေချာစနစ်တကျ ဆက်မကုဘဲ နေပါက နောက်ဆက်တွဲအနေနဲ့ Psoriatic Arthritis ခေါ် အဆစ်အမြစ်ရောင်ရမ်းတာ၊Type 2 DM ခေါ် အမျိုးအစား၂ဆီးချိုရောဂါဖြစ်တာ၊သွေးပေါင်ချိန်တက်ပြီးနှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်တာ စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ခြေပိုများလာနိုင်ပါတယ်။
Dr 528
Previous Post
ကလေးနို့ဖြတ်ခြင်းအနုပညာ
Next Post
ရင်ကွဲနာကျတယ်ဆိုတာ တကယ်ရှိလို့လား (Broken Heart Syndrome)
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Vitamin B12 Deficiency and Neuropathy
ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း
1 year ago
2.2k
An eye cloud that should not be neglected
မပေါ့ဆသင့်သော မျက်စိတိမ်
1 year ago
849
UV rays and eye health
ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး
1 year ago
844
Why is memory weak at a young age?
ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?
1 year ago
1.3k
The consequences of a weak immune system
ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
1 year ago
1.3k
နွေရာသီနှင့်မိတ်ပြဿနာ
1 year ago
1.4k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ရင်ကွဲနာကျတယ်ဆိုတာ တကယ်ရှိလို့လား (Broken Heart Syndrome)
တကယ်ဖျားတာဟုတ်ရဲ့လား
အိမ်ထောင်ရေးသုခ ပြည့်စေတယ်ဆိုတဲ့ ဇာတိပ္ဖိုလ်သီး
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.