fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ကျရောဂါ (သို့မဟုတ်) Depression

392
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/10/2018
in ကျန်းမာသောစိတ်, အထွေထွေရောဂါများအကြောင်း
1 min read
A A

ကမ္ဘာ့လူဦးရေ သန်းပေါင်း၇၀၀၀လောက်ရှိတဲ့ထဲက  သန်းပေါင်း၃၅၀လောက်ဟာ စိတ်ရောဂါကိုခံစားနေကြရပြီး  မြန်မာနိုင်ငံမှာတော့ လူဦးရေတထောင်လျှင် ၅၇ဦးခန့်ဟာ စိတ်ရောဂါခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က လေ့လာမှုသုတေသန ရလဒ်တွေအရ သတင်းထုတ်ပြန်ထားပါတယ်။

စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊စိတ်ဓါတ်ကျခြင်း၊စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊စိတ်ဖောက်ပြန်ခြင်းစတဲ့စိတ်ရောဂါအမျိုးအစားတွေအများကြီးရှိတဲ့ထဲက စိတ်ဓါတ်ကျခြင်းဟာ အဖြစ်များသောစိတ်ရောဂါအမျိုးအစားတခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ အန္တရယ်ရှိတဲ့စိတ်ရောဂါအမျိုးအစားဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှာကောက်ယူခဲ့သောစစ်တမ်းများအရ စိတ်ကျရောဂါခံစားနေရသူအရေအတွက်ဟာ လူဦးရေတထောင်မှာ ခြောက်ဦးခန့် ရှိနေကြောင်း သိရပါတယ်။

စိတ်ကျရောဂါကို ဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ ခုထိမသိသေးပါဘူး။

ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေအနေနဲ့ကတော့ စိတ်ဖိစီးမှုများတာ၊အိပ်ချိန်မမှန်တာ၊သိုင်းရွက်ဂလင်းပုံမှန်အလုပ်မလုပ်တာ၊Serotonin၊Dopamine စတဲ့ ဦးနှောက်ထဲက ဓါတ်ပစ္စည်းတွေနည်းတာ စသဖြင့် စိတ်ကျဝေဒနာကိုဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။

ဒါ့အပြင် စိတ်ကျဝေဒနာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ နဲ့ နေထိုင်ရာပတ်ဝန်းကျင် တို့နဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ သုတေသနပညာရှင်များက ပြောထားပါတယ်။

စိတ်ဓါတ်ကျစိတ်ရောဂါကို ဖြစ်စေတဲ့ အကြောင်းတွေအများကြီးရှိတဲ့ထဲကမှ စိတ်ဖိစီးမှုများခြင်းက စိတ်ကျရောဂါကို ဖြစ်စေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။

အခုခေတ်မှာရုပ်ဝတ္ထုအသုံးအဆောင်ပစ္စည်းတွေ တအားတိုးတက်လာပြီး ကိုယ့်အတွက်မဖြစ်မနေအသုံးလိုတာမျိုးမဟုတ်ပေမယ့် လိုချင်စရာတွေများလာပါတယ်။ဒါပေမယ့် ကိုယ်တတ်နိုင်တာနဲ့ ကျ လက်လှမ်းမမှီတာတွေ အများကြီးပါ။

ဒါ့အပြင် လုပ်ငန်းခွင်မှာ၊စီးပွားရေးလုပ်ရာမှာလည်း အပြိုင်အဆိုင်တွေက တအားများလာပါတယ်။

ဒါတွေကြောင့် ခုခေတ်မှာ ကျွန်တော်တို့တွေဟာ ပိုရုန်းကန်လာရပါတယ်။

ပိုရုန်းကန်လှုပ်ရှားရမှုများလာလေလေ စိတ်ဖိစီးမှုပိုများလေလေဖြစ်ပြီး အဆင်မပြေမှုတွေနဲ့ကြုံရတဲ့အခါ ရေရှည်မှာ စိတ်ဓါတ်ကျလာပါတယ်။

စိတ်ကျရောဂါ နဲ့ သာမန်ယာယီ ဝမ်းနည်းစိတ်ညစ်တာမျိုးနဲ့ မတူပါ။

သာမန်ယာယီ ဝမ်းနည်းစိတ်ညစ်တာက စိတ်ညစ်ရမယ့်ကိစ္စ ဝမ်းနည်းရမယ့်ကိစ္စမရှိတော့ဘဲ ပျော်စရာအခြေအနေတခုခုနဲ့ကြုံရင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

စိတ်ကျရောဂါကတော့ အဲ့လိုမျိုးမဟုတ်ပါဘူး။

စိတ်ကျရောဂါဖြစ်ပါက အောက်ပါလက္ခဏာတွေ အချိန်အကြာကြီး(လနဲ့ချီ သို့မဟုတ် နှစ်နဲ့ချီ)ခံစားနေရတတ်ပါတယ်။

ပုံမှန်ဆိုရင်ပျော်ရွင်ရမယ့်ကိစ္စတွေဖြစ်တဲ့ ပျော်ပွဲစားထွက်တာ၊ဂိမ်းဆော့တာ၊အပန်းဖြေခရီးထွက်တာလိုမျိုး စတဲ့ကိစ္စတွေမှာ စိတ်ပါဝင်စားမှုမရှိတော့တာ

စားသောက်ချင်စိတ်မရှိတာ

အသုံးမကျသလို၊အပြစ်ရှိသလိုခံစားရတာ

အရမ်းအိပ်တာ သို့မဟုတ် လုံးဝအိပ်မပျော်တာ

အာရုံစူးစိုက်မရတာ

ဂဏှာမငြိမ်ဖြစ်တာ

တုံ့နှေးနှေးဖြစ်တာ

အားအင်တွေကုန်ခမ်းပြီး နွမ်းနယ်နေတာ

ခဏခဏ သတ်သေချင်စိတ်ပေါက်တာ မျိုးတွေခံစားရနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ အခုဖော်ပြထားတဲ့အချက်တွေထဲက သင့်မှာ ငါးချက်နဲ့အထက်အချိန်အကြာကြီးရှိနေပြီဆိုရင် စိတ်ကျဝေဒနာခံစားနေရပြီလို့ဆိုနိုင်ပါတယ်။

စိတ်ကျဝေဒနာခံစားရပြီလို့သံသယရှိပါက စိတ်ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့လိုပါတယ်။

နောက်ပြီး မိမိရဲ့မိသားစု၊မိမိနဲ့အရင်းနှီးဆုံးသူတွေကိုလည်း ဖွင့်ပြောတိုင်ပင်ဖို့လိုပါတယ်။

တိုင်ပင်ခံရတဲ့ မိသားစု၊အရင်းနှီးဆုံးမိတ်ဆွေတွေအနေနဲ့လည်း စိတ်ကျရောဂါခံစားနေရသူကို ဒီလောက်လေးက စိတ်ညစ်စရာမဟုတ်ပါဘူးကွာ ငါ့တုန်းကဒီထက်ပိုဆိုးတာတွေတောင်ကြုံခဲ့ရပေမယ့် ဒီလိုမျိုးမဖြစ်ခဲ့ပါဘူး။ ပျော့ညံ့မနေစမ်းပါနဲ့ ဆိုတဲ့ကိုယ့်တုန်းကနဲ့နှိုင်းယှဉ်ပြောတာမျိုး၊စိတ်ကျရောဂါခံစားနေရသူကို ပြစ်တင်နှိမ့်ချပြောတာမျိုးတွေကို ရှောင်ပြီး အတတ်နိုင်ဆုံးအားပေးဖို့လိုပါတယ်။

စိတ်ကျန်းမာရေးသုတေသနပညာရှင်များရဲ့အဆိုအရ လူတယောက်ဟာ မိမိမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရတယ်ဆိုတာကို တခြားသူတွေကို ဖွင့်ပြောတိုင်ပင်အကူအညီတောင်းဖို့ဆိုရင် တော်တော်အချိန်ယူ အားယူ စဉ်းစားရပါတယ်။

သူ့အနေနဲ့တအားကို မွန်းကြပ်ပြီး ကြံရာမရတော့မှသာ ဖွင့်ပြောတိုင်ပင်လေ့ရှိပါတယ်။

အဲ့အခါမှာ သူဖွင့်ပြောတိုင်ပင်တဲ့သူက အားမပေးဘဲသူ့ကိုပြစ်တင်တာမျိုးဆိုရင် စိတ်ကျရောဂါခံစားရသူအား အကူအညီမဲ့သလိုခံစားစေရကာ သူကိုယ်သူ အဆုံးစီရင်ဖို့ကို ပိုတွန်းအားပေးသလိုဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့လို သင်ကိုယ်တိုင်စိတ်ကျဝေဒနာမခံစားခဲ့ရဖူးပါက သင့်အားဖွင့်ဟတိုင်ပင်လာသူ စိတ်ကျဝေဒနာသည်အား သင်စိတ်ညစ်နေတဲ့အချိန်တွေနဲ့နှိုင်းယှဉ်ပြောတာမျိုးကိုရှောင်ကြဉ်ပါ။

သူတို့ခံစားနေရတာကို သာမန်ယာယီ ဝမ်းနည်းစိတ်ညစ်တာမျိုးလောက်နဲ့ယှဉ်ပြောလိုက်ရင် စိတ်ကျဝေဒနာခံစားနေရသူတွေအနေနဲ့ ပိုအပြစ်ရှိသလို ခံစားရစေပါတယ်။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ စိတ်ကျရောဂါဟာ ကုသဖို့လိုတဲ့ရောဂါပါ။ သူ့ဘာသာသူပျောက်သွားမှာပါဆိုပြီး သဘောထားလို့မရပါ။စိတ်ကျရောဂါမှန်ရင် သူ့ဘာသာသူ မပျောက်တတ်ပါဘူး။

ဆရာဝန်နဲ့စောစော ပြသပြီးကုသမှုခံယူလေကောင်းလေပါ။သေချာကုသမှုခံယူပြီး မိသားစုနဲ့ဘေးပတ်ဝန်းကျင်သူငယ်ချင်းမိတ်ဆွေတွေကလည်း အားပေးကူညီမယ်ဆိုရင် စိတ်ကျရောဂါဟာ ပျောက်ကင်းသက်သာနိုင်ပါတယ်။

Dr 528

Previous Post

အရေးပေါ်တားဆေးသုံးတော့မယ်ဆိုရင်

Next Post

မုန့်ချိုအိတ်ကင်ဆာ (သို့မဟုတ်) ပန်ကရိယကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
849
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မုန့်ချိုအိတ်ကင်ဆာ (သို့မဟုတ်) ပန်ကရိယကင်ဆာ

အထာကျကျ ဝကြမယ်

အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ရနိုင်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.