အိပ်နေတုန်း ဖြစ်တဲ့ရောဂါ (သို့မဟုတ်) Obstructive Sleep Apnoea
နှစ်ခြိုက်စွာ အိပ်စက်ခြင်း ၊ အိပ်ပျော်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးပါလှပါသည်။
အိပ်ပျော်နေစဉ် ဟောက်တတ်ပါသလား ?
အိပ်နေစဉ် အသက်ရှူမဝခြင်း မကြာခဏဖြစ်တတ်ပါသလား ?
ထိုင်နေစဉ် (သို့) ကားမောင်းနေစဉ် အိပ်ငိုက်တတ်ပါသလား ?
အိပ်ပျော်နေစဉ် ဟောက်ခြင်းမှာ
(၁) မေးရိုးတို၍
(၂) အာခေါင်ပျော့တွဲကျနေ၍ နှင့်
(၃) အခြားသော နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာ တို့ကြောင့်ဖြစ်ပါသည်။
ထိုသို့ဟောက်သဖြင့် အဆုတ်အတွင်းသို့လိုအပ်သော O2 ပမာဏ မရရှိခြင်းကြောင့် နောက်တစ်နေ့ တွင် မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် အာရုံစူးစိုက်နိုင်မှု အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။
ထိုသို့ ရေရှည်အားဖြင့် ခန္ဓာကိုယ်တွင် လုံလောက်သော O2 မရရှိသည့်အတွက် မိမိတို့ ခန္ဓာကိုယ်မှ သွေးကြောများ ခုခံအားမြင့်တက်လာကာ နံရံများထူလာပြီး သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါသည်။
ထိုသို့သော အခြေအနေကို OSA (Obstructive Sleep Opnoea) အိပ်နေစဉ် ပိတ်ဆို့မှု တစ်ခုခု ကြောင့် အသက်ရှူရပ်တန့်ခြင်း ဟုခေါ်ပါသည်။ ထိုရောဂါကို ကုသမည်ဆိုပါက မည်သည့် အဆင့်ထိ ပိတ်ဆို့ နေသည်ကိုသိရှိနိုင်ရန် PSG စက် (Sleep Study) ဖြင့် တပ်ဆင်၍ မှတ်တမ်းယူ စမ်းသပ်ရပါမည်။
ရရှိသောအဖြေ နှင့်လူနာ၏ အခြေအနေပေါ် မူတည်၍
(၁) CPAP (CONTINUOUS POSITIVE AIRWAY PRESSURE) ဟုခေါ်သောစက်ဖြင့် တပ်၍ ကုသခြင်း
(၂) RFA ( RADIO FREQUENCY ABLATION ) ဟုခေါ်သော အပူလှိုင်းပေး၍ တွဲကျနသော အာခေါင်ပျော့အား ကုသခြင်း
(၃) CPAP + RFA ကုထုံးနှစ်ခုပေါင်း၍ ကုသခြင်းစသည်တို့ကို ကျွမ်းကျင်သောနား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကြီးများနှင့် ကုသနိုင်ပါပြီ။
OSA ရောဂါ၏လက္ခဏာများ
• အိပ်နေစဉ် မကြာခဏကျယ်လောင်စွာဟောက်ခြင်း
• အိပ်နေစဉ် အသက်ရှူမွန်းကြပ်ခြင်း
• အိပ်ယာနိုးလျှင် စိတ်မကြည်လင်ခြင်း ၊ ခေါင်းကိုက်ခြင်း
• နေ့အချိန်တွင် အပ်ငိုက်ခြင်း
• အားအင်ကုန်ခမ်းခြင်း နှင့် အာရုံစူးစိုက်မှုအားနည်းခြင်း
နောက်ဆက်တွဲပြဿနာနှင့် ဖြစ်နိုင်သော ရောဂါများ
• အိပ်စက်ခြင်းကို နှစ်ခြိုက်စွာ မရသည့်အတွက်
• စိတ်တိုဒေါသထွက်လွယ်ခြင်း
• လုပ်ငန်းခွင်အတွင်းအိပ်ပျော်သွားခြင်း
• နှလုံးခုန်မမှန်ခြင်း
• သွေးတိုးရောဂါ
• လေဖြတ်ခြင်း
• စိတ်ဓာတ်ကျခြင်း
• အိပ်ငိုက်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ခြင်း ၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုး များကို ရရှိနိုင်ပါသည်။
OSA ဖြစ်နိုင်ချေများသူများ
• အဝလွန်သောသူများ
• သွေးတိုးရောဂါရှိသူ
• ဆီးချိုသွေးချိုရောဂါရှိသူ
• အမျိုးသမီး / အမျိုးသားများတွင် မေးရိုးတိုသူများ/ လည်ပင်းတိုသူများ
• အာသီးကြီးတတ်သူများ
• အိပ်ဆေးများစွဲသောက်သူများ
RFA ကုထုံး၏ ကောင်းကျိုးများ
• ခွဲစိတ်ရန် မလိုအပ်ခြင်း ၊ လွယ်ကူမြန်ဆန်ခြင်း
• ထုံဆေးဖြင့်သာ အသုံးပြု၍ အချိန်တိုအတွင်းပြီးမြောက်ခြင်း
• အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်းကို တားဆီးပေးခြင်း
• အသက်ရှုလမ်းကြောင်းချဲ့ပေးခြင်း
• OSA ရောဂါကို ကိရိယာ တပ်ဆင်ရန်မလိုဘဲ ၊ သက်တောင့်
• သက်သာ အိပ်စက်နိုင်ခြင်း
• ငွေကုန်ကြေးကျသက်သာခြင်းတို့ ဖြစ်ပါတယ်။
Dr. Lynn